ဆိုင်ရှင်ရှိ၏ မရှိ၏ တန်ဘိုးထား၏ မထား၏
“ဆိုင်ရှင်ရှိ၏မရှိ၏ တန်ဘိုးထား၏ မထား၏”
ပြီးခဲ့တဲ့ လေးရက်လောက်က ကိုဇော်အေးနဲ့ကျနော် လက်ဖက်ရည်ဆိုင်ထို်င်ရင်းစကားတွေပြောဖြစ်ကြပါတယ်။
အားနေလို့ပြောတာကတော့ တောရောက်တောင်ရောက် ဗျသနပေါင်းစုံပေါ့။
ကျနော်တို့စကားပြောနေတုန်းအသက်သုံးဆယ်ပါတ်ဝန်းကျင်လောက်ဘဲရှိတဲ့လူငယ်လေး
တစ်ယောက် ကကိုဇော်အေးကို လာနုတ်ဆက်ပါတယ်။
ထုံးစံအတိုင်းအရောင်းအဝယ်ကောင်းလားဘာလားမေးတော့
အဲဒီကောင်လေးက “အရင်လောက်မဟုတ်ဘူးအကို”လို့ပြန်ဖြေပါတယ်။
“အကိုလဲ ကျနော်ဆို်င်ဘက်ကို မလာတာကြာပြီနော်”လို့ပြောတော့
ကိုဇော်အေးက “ငါလာတော့ လဲ မင်းက ဆိုင်မှာမှမရှိတာ။ဆိုင်လဲကပ်အုံးဟ တစ်ချို့က မင်းနဲ့မှညှပ်ချင်တာကွ”လို့ကိုဇော်အေးက ပြန်ပြောလိုက်ပါတယ်။
အဲဒီကောင်လေးထွက်သွားမှ ကိုဇော်အေးက
“အဲဒီကောင်က တော်တယ်ဗျ ဒါပေမယ့်ရေလိုက်လွဲနေတာ”ကအစချီလို့
ကောင်လေးအကြောင်းပြောပြပါတယ်။
“သူ့နာမည်အရင်းတော့မသိဘူးဗျ။
ကျနော်တို့ကတော့ သူ့ကို “အာကြီး”လို့ဘဲခေါ်လိုက်တာကြတာဘဲဗျာ။
သူက အာဆင်နယ်ပရိတ်သတ်စစ်စစ်လေ။
သူ့ကဆံပင်အလှပြုပြင်ရေးလုပ်တာ။
သူနဲ့ကျနော်သိကြတာတော့ဆယ်နှစ်ကျော်ကျော်လောက်တော့ ရှိမယ်ထင်တယ်။
အဲဒီတုန်းက ကျနော်ကလဲမြောက်ပြင်မှာနေတာ။
သူကလဲ ရွာကနေမြို့ရောက်ခါစ။
အဲဒီတုန်းက ဒီကောင်လေးအသက်နှစ်ဆယ် နီးပါးလောက်ရှိပြီထင်တာဘဲ။
ကျနော်ဆံပင်ညှပ်နေကျဆိုင်မှာ “အာကြီး” က ပညာသင်လေးပေါ့။
ဒီကောင် က အလုပ်လုပ်ဘို့ အဆင့်သင့်ဖြစ်နေသူ အမြဲတက်ကြွနေတဲ့သူလေ။
ကျန်တဲ့ပညာသင်တွေက အားရင် တစ်ယောက်နဲ့တစ်ယောက် စနေ ဆော့နေ။
သူကတော့ တံမျက်စည်းလှည်းချင်လှည်း၊စားပွဲပေါ်က ဆံပင်ညှပ်ကိရိယာတွေကို
သပ်သပ်ယပ်ယပ်ဖြစ်အောင် စီချင်စီ။
ဒါမှမဟုတ် ဆံပင်တွေစိုက်နေတဲ့ ပိတ်တဘက်တွေကို နေပူမှာလှန်းပြီးခါချင်ခါ၊
ဆံပင်ညှပ်နေသူဖြစ်ဖြစ်ခေါင်းလျျော်သူဖြစ်ဖြစ်ရှိနေရင်ဖြစ်ဖြစ် အသေအချာရပ်ကြည့်
ကူသင့်ရင်ကူ နဲ့ တကယ့်ကိုအလကားမနေတဲ့သူပေါ့။
အဲတော့လဲ ရောက်လို့မှမကြာသေးဘူး သူ့ဆိုင်ရှင်က ဒီကောင်ကို ဆံပင်ညှပ်သင်ပေးတော့တာဘဲ။
ဒီကောင်ကမြင်လဲမြင်တတ်တော့ ခဏနဲ့ ဆံပင်ညှပ်ခုံကိုင်ရတော့တာဘဲ။
နောက်သူက စကားပြောကောင်းတာတင်မကဘူး အလိုက်အထိုက်လဲပြောတတ်တယ်။
နောက်ပြီးသူက စာလဲဖတ်တော့ ဗဟုသုတရှိတယ် အဲတော့ ဆံပင်ညှပ်နေတဲ့သူမပျင်းအောင်
လဲသူက ဧည့်ခံတတ်။
သူများခေါင်းကိုကိုင်တာကလဲညှင်သာ ညှပ်ပေးတာကလဲ သေသေသပ်သပ် ပုံလဲကျ
ဆိုတော့ သူနဲ့မှညှပ်ချင်သူများများလာတာပေါ့။
များများညှပ်ရတော့ ဝင်ငွေကောင်းသလို များများလေ့ကျင့်ရတော့ လက်ရာလဲ
ပိုကောင်းလာတာပေါ့ဗျာ။
သူဆရာဆိုင်မှာလုပ်လာတာလေးငါးနှစ်လဲရောက်ရော သူ့လက်ဦးဆရာက ဒီအလုပ်ကိုမလုပ်တော့ဘူးဆိုပြီး ဆိုင်ပိတ်မယ်လုပ်တော့ သူက ဒီဆိုင်ကို
ပြန်ဝယ်ယူလိုက်ပါတယ်။
သူမှာငွေရှိလို့တော့ မဟုတ်ဘူး။
သူ့ကိုယုံကြည်တဲ့လူတစ်ယောက်က ငွေစိုက် သူကလူစိုက် အမြတ်အစွန်းကတော့
တစ်ယောက်တစ်ဝက်ပေါ့။
သူကလဲ ကြိုးကြိုးစားစားလုပ်တော့ အောင်မြင်တာပေ့ါ။
ပြီးတော့ သူ့က သူဆိုင်မှာ ဖတ်စရာ ဂျာနယ်လေးတွေလဲထားပေးတော့ ဆံပင်ညှပ်ဘို့စောင့်နေရတာ မပျင်းဘူးပေါ့။
အဲတော့လဲသူ့ဆိုင်လေးက စည်ကားလာ သူကလဲ လူထပ်မွေးဆိုတော့
သူကိုယ်တို်င် တောင်ဝင်ပြီးဆံပင်ညှပ်မပေးတော့ဘူူး။
နောက်တော့ သူက အပေါင်းအသင်းစုံလာတော့ မြေပွဲစားလိုလိုဆိုင်ကယ်ပွဲစားလိုလိုဖြစ်လာပါတယ်။
သွားလိုက်ရင် ဆိုင်မှာသူအမြဲမရှိ။
ပွဲစားတွေနောက် ကိုတကောက်ကောက်လိုက်။
ရှိပြန်ရင်လဲ အရင်လိုဖိဖိစီးစီးနဲ့ဆိုင်ကို မကွပ်ကဲတော့ပါဘူး။
သူက ပွဲစားလိုလို ဘာလိုလိုနဲ့နေရတာကို ဘဲ သူ့ဘဝမြင့်သွားတာလိုလို။
အဲတော့ ဆိုင်မှာအဆင်မပြောတာရှိရင်လဲဖြေရှင်းပေးသူ့မရှိ.။
ဆိုင်က ကလေးတွေကလဲ အထိန်းအကွပ်သိပ်မရှိတော့ ပေါ့ဆဆလုပ်။
နောက်အရင်ကဆို သူဆို်င်ထဲမှာ လောလောဆယ်ထွက်နေတဲ့ ဂျာနယ်တွေက ဖတ်စရာအပုံကြီး။
အခုတော့ သူရှိရင်ဝယ် သူမရှိရင်မဝယ်ဘူးဆိုတော့ အဟောင်းအစုတ်တွေဘဲ
ဖြစ်နေ။
ဆံပင်ညှပ်တဲ့ကောင်လေးတွေကလဲ ဆရာမရှိတော့ အလုပ်လုပ်တာ လေးတိလေးကန်။
သူတို့နဲ့ ခင်တဲ့လူငယ်ချင်းဆို စကားပြောရင်းညှပ်နေတာ အကြာကြီး။
ဆံပင်ညှပ်ချင်လို့ ထို်င်စောင့်နေတဲ့လူကလဲ စောင့်ရတာ တမေ့တမော။
ဆံပင်ညှပ်တဲ့ အခါ ပတ်ပေးထားတဲ့ပိတ်စတွေကလဲ အရင်လိုသစ်သစ်လွင်လွင်မရှိ။
ဒီလိုအဆင်မပြေတာတွေများလာတော့ ကျနော်ကိုယ်တို်င်လဲသွားမညှပ်တော့ဘူးဗျာ။
ညှပ်မိပြန်ရင်လဲ အိမ်ပြန်ရောက်တော့ စိတ်တိုင်းမကျဘူးလေ။
အဲတော့ ကျနာ်လဲသွားမညှပ်ဖြစ်တော့ဘူးဗျ။
တစ်ခါတစ်လေသူ့ဆိုင်ရှေ့ကဖြတ်သွားလို့ကြည့်ရင် ညှပ်တဲ့လူသိပ်မရှိဘူးလေ။
အမှန်ကသူ့အလုပ်ကို သူ ဖိဖိစီးစီးလုပ်ရမှာ။
စိတ်ချရတဲ့လက်ထောက်ရှိမှသူက အခုလိုအပြင်ထွက်လုပ်ရမှလေ”
လို့ပြောပါတယ်။
သူပြောတာကြားမှာ ကျနော်လဲ သတိရစရာတွေပေါ်လာပါတယ်။
ကျနော်တွေ့ဘူးတဲ့ တစ်ယောက်ကတော့ ဆိုင်ကယ်ပြင်တဲ့ကောင်လေးပေါ့။
အစကတော့ကုမ္ပဏီမှာ လခစားလုပ်တာ။
နောက်တော့ ကိုယ်ပိုင်ဆိုင်လေးထောင်ရော။
ပညာကတော့ တော်တယ် စက်နိုးကြည့် စမ်းစီးကြည့်တာနဲ့ဘာပျက်တယ်ဆိုတာပြောနို်င်တယ်။
သူလဲဆို်င်ဖွင့်တော့ လက်မလည်ခြေမလည်အောင်ကို ပြင်ရတာ။
နောက်တော့ သူလဲပွဲစားလိုင်းကူးသွားပြီး ဆို်င်ကို ကလေးတွေနဲ့ပစ်ထားပါတယ်။
အဲတော့ ဆိုင်ကယ်သွားပြင်ရင် တစ်ခါနဲ့မပြီး။
စိတ်တိုင်းမကျတော့ ခဏခဏပြန်သွားရ။
နောက်ကလေးတွေက မကျွမ်းကျင်ဘဲလုပ်တော့ နတ်တွေပြုန်းလို့ပြုန်း။
ဖြစ်တာက တစ်ခြား ပြင်ပေးလိုက်တာက တစ်မျိုး။
ဆိုင်လာပြင်တဲ့ဆိုင်ကယ်ကို ယူစီးချင်သလိုစီး နဲ့ပေါက်လွတ်ပဲစားဖြစ်နေပါတယ်။
ဆိုင်သွားရင် သူအမြဲမရှိ။
ရှိပြန်ရင်လဲ သူကဆိုင်ကယ်အကြီးတွေမှကိုင် ရိုးရိုးစူပါကပ်တို့ တရုပ်ဘီးတိုု့ဆို်စိတ်မဝင်စား။
အဲတော့ သူဆို့လေးလဲကြာတော့လုံးပါးပါးသွားပါတယ်။
ဒီလိုဆိုင်ကိုပစ်ထားတဲ့ဆိုင်ရှင်လေးတွေအကြောင်းကြားရတော့ ငယ်ငယ်တုံးက
့ ဆိုင်ကနေဘယ်မှမခွာဘဲ ဂရိုတစိုက်နဲ့အလုပ်လုပ်တဲ့ ဆံပင်ညှပ်ဆိုင်ပိုင်ရှင် ဦးကျော်သိန်း ကို သတိရမိပါတယ်။
သူ့ဆိုင်ကတော့ “ကျော်သိန်းနှင့်ညီများဆံသ”ပါ။
အဲဒီဆိုင်က လမ်း80နဲ့26ဘီလမ်းဒေါင့်မှာရှိတာပါ။
ဆိုင်အဝင်ပေါက်ဘေးက မှန်အချပ်ကြီးနဲ့ကာထားပါတယ်၊။
ကျုံးနဲ့နန်းတော်ကိုလှမ်းမြင်နေရပါတယ်။
ဆံပင်ညှပ်တဲ့ထိုင်ခုံနဲ့တည့်တည့်မှာ ဘယ်လဂျီယမ်မှန်ကြီးကြီးတွေကို
နံရံမှာထွင်းထည့်ထားပါတယ်။
မှန်တွေကြည့်ရတာကြည်တောက်ရှင်းပါဘဲ။
ဆံပင်ညှပ်တဲ့လူတွေထဲမှာ ဝန်ထမ်းလဲရှိသလို သူ့သားနှစ်ယောက်လဲရှိပါတယ်။
ဒါပေမယ့်သူ့အလှည့်နဲသူညှပ်။
ဖောက်သည်က တောင်းဆိုလာရင် တော့ ဖောက်သည်ရွေးချယ်တဲ့သူနဲ့ညှပ်။
ဆံပင်ညှပ်ရင် ပတ်ထားပေးတဲ့တစ်ဘက်တွေကလဲ သန့်သန့်ရှင်းရှင်း။
ဆံပင်ညှပ်ပြီးတာနဲ့ ဆံသဆရာက တံမျက်စီးလှည်း ဆံပင်ညီတွေကို အမိူက်ပုံးထဲ့ထည့်။
အမြဲသန့်ရှင်းလို့နေပါတယ်။
နောက်ထိုင်စောင့်စရာဆက်တီတွေလဲရှိပါတယ်၊။
စောင့်နေရင်းဖတ်ရအောင် နေ့စဉ်ထုတ်သတင်းစာ၊အားကစားဂျာနယ်တွေကလဲ အဆင်သင့်။
အဲတော့ မန်းလေးမြို့က အကောင်းကြို်က်သူ မှန်သမျှ ကျော်သိန်းဆံသမှာညှပ်ကြပါတယ်။
ဆိုင်ရှင်ကိုယ်တိုင်ကလဲ ညှပ်တဲ့အခါညှပ်။
ဘယ်မှလဲလျှောက်မသွား ဒီအလုပ်ကိုဘဲလေးလေးစားစားနဲ့လုပ်ပါတယ်။
အဲတော့ မန်းလေးမြို့ သမိုင်းပြောရင် ဒီကျော်သိန်းဆံသအကြောင်းမပါရင် မပြီးဘူုးလို့ပြောနိ်င်ပါတယ်။
မန်းလေးမြို့က မြို့မျက်နှာဖုံးတွေ အမြဲညှပ်တဲ့ဆိုင်လေးဖြစ်လို့ပါဘဲ။
(အခုတော့ အဲဒီဆိုင်လဲ ပိတ်သွားပါပြီ။သူတို့ငှားဖွင့်တဲ့နေရာက ဆက်မငှားတော့တာရယ်၊
ဦးကျော်သိန်းကွယ်လွန်သွားတာရယ်ကြောင့်ပါ)
အခုခေတ်လူငယ်များက ဆိုင်တစ်ဆိုင်ကို ဖြစ်အောင်ထောင်နိုင်တဲ့အစွမ်းအစတော့
ရှိကြပါတယ်။
ဒါပေမယ့် ကိုယ်ထူထောင်ထားတဲ့လုပ်ငန်းကို တန်ဖိုးမထားတတ်ကြပါဘူး၊
ကိုယ့်ပင်မအလုပ်ကို ဖိဖိစီးစီးမလုပ်ဘဲ ပစ်ပယ်ပြီး လိုင်းကူး လိုင်းပူးတတ်ကြလို့ပါဘဲ၊
ဆိုင်ပစ်ပြီး သွားချင်ရာသွားလုပ်ချင်ရာလုပ်ကြပါတယ်။
အဲလို ဆိုင်ရှင်မရှိတော့ ဆိုင်ကလဲဖြစ်ချင်ရာဖြစ်ပေါ့။
ဆိုင်ရှင်မရှိတော့ လာတဲ့ဖောက်သည်ကလဲအဆင်မပြေတော့ မလာတော့ဘူး။
ဒါကတော့ ကျနော်စိတ်ကူးထဲပေါ်တာလေးပြောကြည့်တာပါ့။
မိတ်ဆွေတို့ကရော ကြုံဘူးတာလေးကို ပြန်ပြောမပြချင်ကြဘူးလားဗျာ၊
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(5-12-2011)
26 comments
parlayar46
December 5, 2011 at 11:25 pm
ခေတ်ကိုက အဲသလိုဖြစ်လာတာ ကိုပေါက်ရဲ့။
ဒီခေတ် လူငယ်တွေက အောင်မြင်ပြီးသား အခြေကျပြီးသားအလုပ်ကို စွဲစွဲမြဲမြဲလုပ်ဘို့ထက် ပိုတိုးတက်မယ်ထင်ရတာတွေကို လှမ်းလှမ်းမျှော်ရင်း လိုင်းပူးတတ်ကြတယ်။
အဲဒီပိုတိုးတက်မယ်ထင်ရတာတွေ ဆိုတာကလဲ များသောအားဖြင့် အရောင်းအဝယ် ပွဲစား ငွေကစားတဲ့အလုပ်တွေပဲများပါတယ်။
ရေရှည် မှန်မှန်တိုးတက်သွားတယ်ဆိုရင်တော့လဲကောင်းတာပေါ့လေ။
သူတို့သတိမထားမိတတ်တာလေးက-
အစားများတဲ့အလုပ်ဆိုတာ အခန့်မသင့်ရင် အလျော်လဲ များတတ်တယ် ဆိုတာပါပဲ။
padonmar
December 6, 2011 at 1:15 am
လူတွေရဲ့စိတ်က လောဘပိုကြီးလာကြသလိုဘဲ။
နေ့စဉ်လစဉ် မှန်မှန်နည်းနည်းစီရတယ် ဆိုတာထက် တစ်သက်မှာတစ်ခါလောက် ပွသွားတာကိုမှ အားကျကြတယ်။
အမြတ်ကြီးကြီးမှ လိုချင်ကြတယ်လေ။
နေရာတိုင်းမှာဒီလိုပါဘဲ။
မိုးခါးနေတယ် ကိုပေါက်ရေ။
aye.kk
December 6, 2011 at 6:11 am
စားဝတ်နေရေးအတွက်..
လူတစ်ယောက်ရဲ ့အချိန်နဲ ့တန်ဘိုး..
လုပ်အားခတွေညီမျှမှုမရှိတဲ့အတွက်..
ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ်မရှိတဲ့အတွက်ကြောင့်..
လူငယ်တွေဆီမှာမှန်ကန်တော်တည့်သည့်အတွေးအခေါ်တို ့
နည်းပါးပျောက်ဆုံးသွားကြလို့ဘဲဖြစ်ပါတယ်..
ကိုပေါက်ပြောတာလည်းမှန်ပါတယ်..
ခဏခဏအဲလိုအဖြစ်မျိုးကြုံနေရလို ့ပါ..
စနစ်မကောင်းလို ့သာကူးလိုင်းပူးဖြစ်ကြကုန်တာပါလို ့ပြောပြလိုက်ပါရစေ..။
awra-cho
December 6, 2011 at 10:53 am
ခလုပ် တိုက်ရင် တောင် နယ်ချဲ့
ကြောင့် ပဲ
kokoover
December 6, 2011 at 10:50 pm
လမ်းကောင်းကောင်းလျှောက်တက်ရင်ခလုတ်မတိုက်ပါဘူး။
ဘယ်လမ်းပဲမဆိုပေါ့ ကြမ်းရင်းလည်းကြမ်းမယ် ဆိုးရင်လည်းဆိုးမယ် …
kokoover
December 6, 2011 at 10:47 pm
ဟုတ်ဘူးဗျ
ကျနော်တို.ကိုကစနစ်တကျမနေတက်တာ
ပြောရမယ်ဆိုရင်အောင်မြင်ရင်ဘဝင်မြင့်တက်ကြတယ်လေ
ထိန်းကျောင်းပေးမယ့်လူတွေရှိပေမယ့်လည်းလက်မခံတက်ကြဘူးလေ။
ရွှေ မင်း သား
December 6, 2011 at 7:15 am
ဟုတ်ပါတယ်။ အောင်မြင်မှု အတိုင်းအတာတစ်ခု ရောက်ရင် ဟိုယောင်ယောာင်၊ ဒီယောင်ယောင် ဖြစ်သွားကြသူတွေ များပါတယ်။
သူတို့ အတွက် မူလနေရာကနေ၊ တဆင့် တက်လာတဲ့ အချိန်မှာ ပါတ်ဝန်းကျင် အသစ်၊ မိတ်ဆွေအသစ် စတဲ့ အသစ်အသစ်တွေ နဲ့စတွေ့ကြရပါတယ်။ အဲဒီအချိန်မျိုးမှာ လူစိတ်ဆိုတာက အသစ်ဆို စမ်းချင်ကြတယ်လေ။
လူတိုင်းအတွက် သတိထားသင့်တဲ့အကြောင်းလေးပါ။
MaMa
December 6, 2011 at 8:05 am
ကိုပေါက်ရေ-
တိုးတက်မှုနှေးတဲ့ (ကြီးပွားဖို့မလွယ်တဲ့) ပုံမှန်စီးပွားရေးတစ်ခုကို သူတို့အလေးမထားတာကို အပြစ်တင်လို့ မရဘူး။
ပုံမှန်အလုပ်က တနှစ်ရှာမှရမယ့်ပမာဏကို လုပ်ကွက်တစ်ခုက တခဏနဲ့ ပေးနိုင်တာတွေကြောင့် ကြီးပွားလွယ်တဲ့ လုပ်ကွက်တွေကို ပိုစိတ်ဝင်စားသွားကြတာ။
ဒါပေမယ့် ရေရှည်မှာ ပုံမှန်စီးပွားရေးကမှ တသက်လုံးအတွက် ထမင်းအိုးတည်ပေးနိုင်တာမို့ အလေးထားသင့်တယ်။
weiwei
December 6, 2011 at 8:18 am
တချို့လုပ်ငန်းတွေက ခေတ်အခြေအနေအရ ပြောင်းလုပ်ရတာလဲ ရှိသေးတယ် …
တစ်ခုထဲ ဇောက်ကျလုပ်ရုံရင် အဆင်မပြေဖြစ်တဲ့အခါ ဒုက္ခရောက်တတ်တယ်လေ …
amatmin
December 6, 2011 at 9:38 am
လေးပေါက်က လူငယ်တွေ အတွက် တွေးပြီး မေးပေးထားတဲ့အတွက်..
လူကြီးတွေ ဝိုင်းဆွေးနွေးပေးကြမှာ ကို တလေးတစားစောင့်ဖတ်နေပါ့မယ်ဗျာ..
ကိုယ်တိုင်ကတော့ လူငယ်ပဲ ဆိုတော့ ထောင်မြင်ရာစွန့်တာကို သဘောကျပါတယ်..
လှေကားတထစ်ကို စနင်းမိ မှတော့ နောက်ထပ်လှေကားထစ်တွေကိုလဲ ဆက်တက်ရတော့မှာလေ..
အဓိက ကတော့ တက်မထောင်ဘဲ စနစ်တကျ စီမံတတ်ဖို့တော့ လိုမှာပေါ့..
ကြောင်ကြီး
December 6, 2011 at 10:51 am
ကြောင်ကြီးလည်း သမီးလေးတွေမွေးပြီး ဇိမ်ခန်းဖွင့်စားဒယ်ဗျာ၊ အလုပ်ကို ဖိဖိစီးစီး သုံးလေးနှစ်လောက် လုပ်ပါဒယ်၊ လူတွေကဗျာ စားပြီးနားမလည် ဝါးပြီးထွေးထုတ်၊ လာစားတုန်းကတော့ အဆီပြန်မျက်နှာပြဲ နှာခေါင်းနီကြီးနဲ့ လူကိုတွေ့ရင် ကိုကြောင် ကိုကြောင်…သန့်တာလေး အလန်းလေး ရှာပေးပါဆိုပြီး မျက်နှာချိုသွေးလို့… လူကြားထဲကြတော့ အဲဒီကောင်ဖါခေါင်းဘာညာနဲ့ ခွေးသူတော် အမဲရိုးခိုးဒယ်….။ ဒီတော့ ကျနော်လည်း ကောင်းရောင်းကောင်းဝယ် နေရာလေးပဲ ရောင်းစားမယ်ဆိုပြီး တည်းခိုခန်းဖွင့်စားတာ အရင်လောက် မကိုက်ဘူး၊ နာမည်ကြီး ထမင်းငတ်ဖြစ်တယ်။ အဲဒါ အရင်အလုပ်ပဲ ပြန်လုပ်ရင်ကောင်းမလား အကြံပေးပါအုံး ဦးပေါက်ရယ်….. 🙁
blackchaw
December 6, 2011 at 11:07 am
ကိုပေါက်ရေ။
78 မှာ တိုက်ခဲ့တဲ့ ကော်ဖီတစ်ခွက် အတွက် ကျေးဇူးပါ။
ဒီနေ့ ရွာထဲဝင်ဝင်ခြင်း တွေ့ရတဲ့ ဒီပို့စ်လေးအတွက်လည်း ဝမ်းမြောက်မိပါကြောင်းပေါ့ခင်ဗျာ။
eveningstar
December 6, 2011 at 12:21 pm
ဒေါက်တတာခင်မောင်ညိုရေးတဲ့ အမျိုးမျိုးရှိတယ် ထဲကလို သိုးတစ်ကောင်နောက်
မလိုက်ဘူးဆို ကျန်တဲ့ ၉၉ ကောင်အတွက်သေချာတာပေါ့် တစ်ကောင်နောက်
လိုက်မယ်ဆိုလဲ ပြန်မရဘူးလို့တော့်မပြောနိုင်ဘူးလေ
ကိုပေါက်(မန္တလေး)
December 6, 2011 at 12:22 pm
ကျနော်အမြင်ကိုပြောရမယ်ဆိုရင် ပထမ တည်ထားတဲ့အလုပ်ကို အခြေခိုင်အောင်အရင်လုပ်သင့်ပါတယ်။
နောက်ကိုယ် လိုဘဲ လုပ်နိုင်မယ့်လူကို စနစ်တကျသင်ကြားပြီး မှလွှဲ။
ကိုယ်မရှိလဲစိတ်ချရပြီဆိုရင် ကိုယ်က နောက်ထပ်အလုပ်သစ်တစ်ခုကိုရှာ။
ဒါသိပ်ကောင်းမွန်တဲ့ လုပ်ရပ်။
ဒါပေမယ့် ကျနော်တွေ့ဘူးတဲ့ကလေးတွေက ပွဲစားအဖြစ်ကို သေသေချာချာရပ်တည်တာလဲမဟုတ်။
တိုင်ပင်ဖော်တိုင်ပင်ဖက်လိုလို နဲ့ ပွဲတည့်ရင်ဟိုက ခွဲပေးတဲ့ ပွဲခလေးကိုယူပြီး ကျေနပ်နေတာများပါတယ်။
ပြီးရင် ကိုယ့်လက်ရှိအလုပ်ကို သေသေချာချာ မစီမံဘဲနဲ့ ပွဲစားတွေနဲ့လျှောက်လိုက်နေတတ်တဲ့လူငယ်လေးတွေကို ရည်ရွယ်ပြီးရေးတာပါ။
ကိုယ့်ဆိုင်လေးကို အခြေခံထားပြီး ပွဲစားလိုင်းကို တစ်ဖက်တစ်လမ်းက လုပ်ရင်လဲ ရပါတယ်။
ဒါလေးက ကျနော့်အမြင်လေးပါ။
ကိုပေါက်(မန္တလေး)
December 6, 2011 at 12:26 pm
ကိုချောရေ
ကျနော်ကလဲ ကိုချော မောင်ပေနဲ့ပါးလိုက်တဲ့ လက်ဆောင်လေးအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။
တန်ဘိုးပမာဏထက်ပိုသော သဘောကိုဆောင်နေတယ်လို့ ခံစားရမိလို့ပါ။
စကားပြောလို့ မဝသေးဘူးဗျာ။
ထပ်တွေ့ချင်ပါသေးတယ်။
chitlay
December 6, 2011 at 1:51 pm
ဆိုင်ရှင်တောင် ဆိုင်ကိုပစ်ပြီးသွားတာ ဆိုင်ကဝန်ထမ်းတွေက သေချာဖိဖိစီးစီးလုပ်လဲ လကုန်ရင် ရမယ့်လစာက ဒီလစာပဲဆိုတော့ ဘယ်အပင်ပန်းခံပြီးလုပ်ပါ့မလဲ … ဆိုင်ရှင်ကိုယ်တိုင်က ကြပ်ကြပ်မတ်မတ်လုပ်ပြီး ဝန်ထမ်းထဲက ဆိုင်ကိုဦးဆောင်နိုင်မယ့်သူမျိုးကို ရွေးပြီး အုပ်ချုပ်ခိုင်းသင့်တယ် … အဲဒီ့တော့မှ ကိုယ်လဲ တခြားအပြင်အလုပ် လုပ်ချင်ရင် ထွက်လုပ်ရတာအဆင်ပြေမှာပေါ့ …။ အခုဟာက ပိုင်ရှင်ကိုယ်တိုင်က မျက်နှာလွဲခဲပစ်လုပ်တာကိုးးးးး
zaw min
December 6, 2011 at 3:08 pm
ုအောင်မြင်မူကိုရအောင်ယူနိုင်ပြီးရင် ရေရှည်တည်တန့်ခိုင်မြဲအောင်ထိန်းသိမ်းတတ်ဖို့လိုအပ်ပါတယ်၊
လွယ်လွယ်နဲ့ရတဲ့လမ်းကိုရွေးမိရင် လွယ်လွယ်နဲ့ပဲပြန်ကုန်သွားမှာပါ။အောင်မြင်မူတွေကို ဖျက်စီးနိုင်တာကတော့ အပျော်အပါး၊အသောက်အစား။လောင်းကစားမူတွေပါပဲ။
ချမ်းသာချင်ရင်အရက်ရောင်းပါ၊ကိုယ်တိုင်အရက်မသောက်ပါနဲ့။လက်ရှိအထိုက်အလျှောက်အောင်မြင်သောလုပ်ငန်းမှတစ်ခြားပိုမိုပြီးဝင်ငွေတိုးနိုင်သည့် နည်းလမ်းကိုတြွေ့ပီဆိုရင်လည်း လက်ရှိလုပ်ငန်းကို မထိခိုက်စေရန်အထူးဂရုစိုက်ရပါမည်။သို့မှသာ ရှေ့ဆက်တိုးရန်ခက်နေရင် နောက်ပြန်လည်ှ့လို့ရနိုင်ပါမည်။
ကျနော့်ကိုယ်တွေ့ အတွေ့အကြုံအများအရ ရေးသားခြင်းသာဖြစ်ပါတယ်၊ဆရာလုပ်ခြင်း၊ငပိဖုတ်ခြင်းလည်းမဟုတ်ရပါ။
ို်ိ
ဆူး
December 6, 2011 at 3:10 pm
အလုပ်တခု အရှိန်ရတယ်ဆိုပေမဲ့ ခေတ်အချိန်အခါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်သင့်တယ် ထင်ပါတယ်။ အရင်တုန်းက နာမည်ကြီးတဲ့ ဆိုင်တွေဆိုပေမဲ့ နောက်ပိုင်း ပြုပြင် မွမ်းမံမှု မလုပ်ပဲ ဒီတိုင်းထားလျှင် နောက်တိုးတဲ့ ဆိုင်တွေက သူထက်သူ သားနားပြီး သပ်ယပ်နေတော့ စုပ်ပြတ်တဲ့ ဆိုင်ကို မသွားတော့ဘူး။ ဆက်ဆံရေးကလည်း ဒီလိုပဲ.. ရွေးစရာများတဲ့ ခေတ်မှာ ကိုယ်လည်း အပြိုင်အဆိုင် လုပ်နိုင်ကာမှ တော်ကာကျမယ်လို့ ထင်တယ်။
blackchaw
December 6, 2011 at 3:40 pm
ကိုပေါက်ရေ။
ဟိုတစ်နေ့က ဆရာတစ်ယောက် မန်းလေးမှာ ပြောခဲ့တာလေးနဲ့ တိုက်ဆိုင်သလားလို့
နောက်တစ်ခါ ဝင်မန့်ဖြစ်ပါတယ်။
မျက်နှာများတဲ့ မိန်းကလေးတစ်ယောက်က လင်ကောင်းသားကောင်းတစ်ယောက်ကို
ရတတ်ပါတယ်တဲ့။ ဟုတ်မဟုတ်တော့ သိဘူးနော်။ ယောင်္ကျားအကြောင်း နောကြေသွားလို့
ရွေးခြယ်တတ်သွားတာမျိုးလို့ထင်တယ်။
စီးပွားရေးလုပ်ကြရာမှာလည်း မျက်နှာများတာကောင်းပါတယ်တဲ့။
အဲဒါလေးပါဗျာ။ တစ်ခုတည်းကို ဇောက်ချလုပ်နေတာထက် နေရာပေါင်းစုံကို
စီးပွားရေးစစ်မျက်နှာ ဖွင့်ထားတာမျိုးက ပိုကောင်းပါသတဲ့။
windtalker
December 6, 2011 at 8:53 pm
မျက်နှာမများတဲ့ မိန်းကလေး ဆိုရင် လင်ကောင်းမရတတ်ဘူး ဆိုတာများလားဗျ
ဟီဟိ
မျက်နှာအလွန်များခဲ့သော အပျိုကြီးများ ကြတော့ ယောက်ျားမယူတာ ဘာကြောင့်ပါလိမ့်
မျက်နှာလဲမများခဲ့ဘဲ အပျိုကြီးဖြစ်နေသူများကြတော့ ဘာကြောင့် ဖြစ်ရပါသနည်း
ဆြာဘလက် ဖြေပါ
etone
December 6, 2011 at 4:18 pm
လေးပေါက်ရေ … ။
ကိုယ်ကြိုးကြိုးစားစား လုပ်ထားရတဲ့ အလုပ်ကို အချိန်ကြာလာတာနဲ့ … တန်ဖိုးထားတတ်မှုလျှော့နည်းလာတာကြောင့် ဒီလိုတွေ ဖြစ်လာတာလို့ထင်ပါတယ် … … ။ တကယ်ဆို အရမ်းကို နှမျောစရာကောင်းတယ်နော် … အခြေနေတစ်ခုထိ ရပ်တည်ခဲ့ပြီးမှ ပျောက်ပြယ်သွားတယ်ဆိုတာ … ကံမကောင်းဘူး ဆိုတာထက် … အဲ့ဒီလူ ညံ့ဖျင်းလို ့လို့ပဲ ကောက်ချက်ချချင်ပါတယ် …
inz@ghi
December 6, 2011 at 4:56 pm
ပါးပါးလေး တော့ ပါးပါးလေးဘဲ …
ဒါပေမယ့် အချက်၂ခု သွားတွေ့တယ်…
(၂ခုလုံး တကယ့် မလွယ်တဲ့ဟာတွေ …ပါးပါးလေးနဲ့ ကီးအမြင့်ကြီး တီးထားကိုး.)
၁။ အလုပ် အသစ်ကူး တဲ့ကိစ္စ .. (လိုင်းပူး လိုင်းကူး)
ဖြန့်ကျက်တဲ့သဘော
ဒါကတော့ လုပ်သင့်တဲ့ အလုပ်လို့ ယူဆပါတယ်. ..
အမတ်မင်း ပြောထားသလို အောင်မြင်လာတဲ့အခါ ဆက်ဆံရတဲ့ နယ်ပယ်ကျယ်လာလို့
ဒါကို အသုံးချပြီး တက်လှမ်းရပါမယ်။ ကြက်ဥတွေအားလုံးကို ခြင်းတတောင်းထဲမှာပဲ
အကုန် စုပြီး ထည့်မထားနဲ့ ဆိုတဲ့ အဆိုအမိန့် လည်း ရှိပါတယ်။ business အရ ပြောရရင်
Diversification ပါ.. Diversify လုပ်သင့်ပါတယ်။
သည်မှာ Related နဲ့ Non-related ဆိုပြီး မူလ စီးပွားနဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတဲ့အပေါ်မှာ
မူတည်ပြီး ၂မျိုးထပ်ကွဲသွားပါတယ်။ ဝါ့ရှော့ဆရာ ကား/ ဆိုင်ကယ် ပွဲစား ဝယ်ရောင်း
ဆက်လုပ်သွားတယ်ဆိုတာ related business ပါ။ ဆံသဆြာ ဆိုင်ကယ် ပွဲစား
လုပ်တာကတော့ Non-related ဖြစ်ပါတယ်။ လေးပေါက်ပြောတဲ့
ကိုယ့်ဆိုင် မှာ ပွဲစား အလုပ်ခန်းတွဲလုပ်ဖို့ကတော့ non-related ကို related ဖြစ်အောင်
ဆွဲယူတဲ့သဘောပါ။ လိုင်းပူးယူတယ်ပေါ့ ။
၂။ ဒုတိယအချက် က management ကိစ္စ
ဒါက ပိုအရေးကြီးပါတယ် ..ဒါတတ်မှ နံပတ်၁က လိုင်းကူး လိုင်းပူးတဲ့ကိစ္စလုပ်လို့ အောင်မြင်မှာပါ။
လုပ်ငန်းခွဲတွေအများကြီး ထူထောင်ထားပြီး အောင်မြင်နေတဲ့ သူဌေးတွေ အများကြီးပါ။ ဒါ
management တတ်လို့ ဖြစ်ပါတယ်။ ဆိုတော့ သရုပ်ခွဲကြည့်ရရင် ဥပမာထဲက လူ၂ယောက်က
အောက်ခြေက တက်လာတာဆိုတော့ အောက်သက်ကျေ skillful ဖြစ်ပြီးသားပါ။ သူတို့မှာ လိုတာ
ကိုယ့်ဝန်ထမ်းကို ဘယ်လို Check မလဲ အမှားအယွင်း အကျအပေါက်ကို ဘယ်လို Action ယူမလဲ ဒါပါဘဲ
mgmt နိုင်ရင်တော့ လိုင်းကောင်းကောင်း ပူးနိုင်ပါပြီ
diversification နဲ့ ပါတ်သတ်ပြီး နည်းနည်းလေးထပ်ပြောရရင် risk factor အလွန်မြင့်ပါတယ်
(ဘုံ ပူးတွဲ အောင်မြင်ဖို့ ၁၆ဆ အထိ ခက်ခဲတယ် ပြောပါတယ်)
အောင်မြင်ပြန်ရင်လည်း ရမယ့် အကျိုးအမြတ်ဟာ supra-natural profit ပါ
မတူတဲ့အမြင်နဲ့ ဆွေးနွေးသွားပါသည်။
ကျေးဇူးတင်ပါသည်ခင်ဗျ
naywoonni
December 6, 2011 at 5:00 pm
ဘယ်နေရာဖြစ်ဖြစ် သူ့ အထာနဲ့ သူ တော့ရှိတယ်နော်..။ ကိုထီးရဲ့ ရတနာ သီချင်းထဲကလိုပေါ့…….
ကိုပေါက်(မန္တလေး)
December 6, 2011 at 6:10 pm
ကျနော်ဖြစ်စေချင်တာက အင်ဇာဂီရဲ့ ဆန္ဒနဲ့ထပ်တူပါဘဲ။
တစ်ခုအရင်တည်။
ခိုင်ခန့်အောင်ကြိိုးစား။
အခြေခို်ငြ်ပီဆိုရင်စနစ်တကျနဲ့နောက်တစ်ယောက်ကိုလွှဲ။
ဖြစ်နိုင်ရင် ကိုယ့် လိုင်းထဲကနေ ထပ်ခွဲ။
အဆင်ပြေတယ်ဆိုရင်မတူတဲ့လိုင်းကိုထပ်လိုက်။
တိုးတက်သောပြောင်းလဲခြင်းနဲ့သွားစေချင်တာပါ။
ပြောသာပြောရတယ် ကိုယ်ကိုတိုင်က ခုချိန်ထိ သူများဆီမှာလခစားလုပ်နေရတုံး၊
ကြောင်လတ်
December 6, 2011 at 6:16 pm
မဝေပြောတာလေးကိုလက်ခံပါတယ်။ ကိုဘလက်ပြောတာလဲ ဟုတ်ပါတယ်၊အိတုန်ပြောတာလဲမှန်ပါတယ်။
ဘာကြောင်းအားလုံးမှန်ရသလဲ ဆိုရင် အခြေ အနေအမျိုးမျိုးကွဲပြားကြလို့ပါ၊
ကနော့အတွေ့အကြုံ က မဝေပြောတာနဲ့ ကိုက်ညီပါတယ်။ ကျနော်လုပ်နေတဲ့အလုပ်တစ်ခုဟာအောင်မြင်ပါတယ်။ဒါပေမဲ့ နောက် သုံးနှစ်လောက်မှာ ဆက်လုပ်လို့ အခြေအနေမကောင်းနိုင်ဘူးဆိုတာသိလု့ိ အခြား အလုပ်တစ်ခုကိုခြေလှမ်း ပြီးအစပျိုးထားလိုက်တာ၊အခုဆိုရင် အတော်ပါပဲ။ခေတ်အခါအရ အဆင်မပြေတော့တဲ့ အလုပ်ကို တဖြေးဖြေးရှော့လိုက်လို့ရပါတယ်။
ကိုဘလက်ပြောတာမှန်တယ်ဆိုတာက အလုပ်နှစ်ခုသုံးခုလုပ်နေရင် အလုပ်တစ်ခုအဆင်မပြေရင် အခြားအလုပ်တစ်ခုက ထိ်မ်းသွားနိုင်ပါတယ်၊ အားလုံးကိုခြေနိုင်လက်နိုင်အနေအထားဖြစ်ဖို့တော့လိုပါတယ်။
အိတုန်ပြောတာမှန်တယ်ဆိုတာကလက်ရှိအောင်မြင်နေတဲ့အလုပ်ဆက်လုပ်ရင်လဲ အောင်မြင်နိုင်တဲ့အလုပ်ကိုအဆုံးအရှုံးခံလိုက်တာ၊ နောင်လုပ်တဲ့အလုပ်ကလည်းဘာမှ ပီပီပြင်ပြင်ဖြစ်မလာတာ ( ကိုပေါက်အ ပေါ်မှာရေးထား တဲ့အခြေအနေမျိုးပေါ့)မျိုးကျတော့ ကျိုးစားထားခဲ့တာတွေနှမျောဖို့ကောင်းပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
December 6, 2011 at 6:26 pm
တစ်ကယ်တမ်းပြောရမယ်ဆိုရင်တော့
ဆံပင်ညှပ်ဆရာတွေဆိုတာ ဂေါင်းပုံဖြတ်တွေဘဲဗျ
လူတစ်ယောက်မှာ ခေါင်းနဲ့ ဆံပင်ဆိုတာ တော်တော် ထိပ်တန်းကျ
အဆင့်မြင့်တဲ့ နေရာလို့ မှတ်ယူရမှာဘဲ
ခုတော့ ကိုယ့်ခေါင်းကိုလည်းအကိုင်ခံရ ကိုယ့်ဆံပင်လည်းအဖြတ်ခံရတဲ့အပြင်
သူ့ကိ်ုပါ ပိုက်ဆံပေးရဒယ်
….
အရဂါး သူများနဲ့မတူအောင်ပြောကြည့်တာ
မူရင်းဆို့စ်လေးက အင်မတန်တန်ဘိုးရှိပါတယ်