Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပီဒီအက်ဖိုင်တွေကို တစုတစည်းတည်း ထားလို့ရတဲ့နည်း

manawphyulayDecember 6, 20111min56920

ပီဒီအက်ဖိုင်တွေကို တစုတစည်းတည်း ထားလို့ရတဲ့နည်း
PDF Combine Version 1.5
ယခုအသုံးများတဲ့ ဖိုင် format တွေဟာ ဘယ်ဖိုင်တွေ အသုံးများလည်းဆိုတော့ PDF လို့ ပြောရမယ်ထင်ပါတယ်။ အဲ အထူးသဖြင့် ကျွန်မတို့ ဝက်ဘ်ဆိုက်တွေနဲ့ အီးဘုတ်တွေ အွန်လိုင်းမဂ္ဂဇင်းလုပ်ကြတဲ့အခါမှာ PDF (Protable Document Format)ကို သုံးကြတာ သတိပြုမိတယ်မဟုတ်လား။ အဲဒီ PDF ဖိုင်တွေများလာတဲ့အခါ ဒါမှမဟုတ် PDF စာမျက်နှာတွေများလာတဲ့အခါ စုစည်းဖို့လိုလာပါတယ်။ ဒီအခက်အခဲကို Softplicity Research (www.coolutils.com) က PDF Combine ဆော့ဖ်ဝဲကို ထုတ်လုပ်ကူညီပေးထားပါတယ်။ PDF ဖိုင်များကို ပေါင်းပေးပါတယ်။ merge လုပ်ပေးတယ်ဆိုပါတော့လေ။
PDF Combine က e-book များသာမက invoices, bank statements, contracts စတဲ့ စာရွက်စာတမ်းများကိုလည်း ပေါင်းပေးပါတယ်။ PDF ဖိုင် ဘယ်လောက်များပါစေ ပေါင်းပေးနိုင်ပါတယ်။ အကျိုးကျေးဇူးကတော့ မိမိအနေနဲ့ စာအုပ်တစ်အုပ်ချင်းကို ဖွင့်လိုက်၊ ဖတ်လိုက်၊ ပိတ်လိုက် လုပ်ရန် မလိုတော့ဘဲ အကြောင်းအရာတူတဲ့ စာအုပ်အများကြီးကို တစ်ဆက်တည်း ဖတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ စာမျက်နှာတွေကို အစဉ်အတိုင်း ပြန်စီပေးပါသေးတယ်။ PDF Combine ဟာ ဖိုလ်ဒါအလိုက် ပြောင်းပေးခြင်းသာမက subfolder များကိုလည်း ပေါင်းပေးပါတယ်။ E -book အတွက် Table of Contents ကို တည်ဆောက်ပေးပြီး ပေါင်းလိုက်တဲ့ဖိုင်အမည်များကို bookmark အဖြစ် ဖော်ပြပေးပါတယ်။
သင်ကိုယ်တိုင်လည်း bookmark တွေ ပြုလုပ်နိုင်လို့ အသုံးပြုအလွန်လွယ်ကူပြီး ရှာဖွေရ သက်သာစေပါတယ်။ အခမဲ့စမ်းသပ်ခွင့်ပေးထားတဲ့ ဗားရှင်းမှာကိုက အပြည့်အဝ ပေါင်းဖိုး ပေးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒါကိုမှ မကျေနပ်သေးဘူးဆိုရင်တော့ ဝယ်ချင်တယ်ဆို ၃၉.၉ဝ ဒေါ်လာလောက် အကုန်အကျခံပြီး အသုံးပြုလို့ရပါတယ်။

20 comments

  • inz@ghi

    December 6, 2011 at 4:14 pm

    အောင်မယ်ငီး ဒေါ်လာ၄ဝကြီးများတောင် များထှာ …
    ခိုးသုံးလို့ရတဲ့ နည်းလေးများ မရှိဝူးလား ဟင်င်င်င်
    အကျင့်ပါနေလို့ဘာ …

    ဟီး ..ခင် လို့ စ တာပါဗျာ…
    ကျနော်တို့ (Pirate) လုပ်ပြီးသုံးနေတဲ့
    Adobe Acrobat Pro မှာလည်း ပေါင်းလို့ရကြောင်း
    ဖြည့်ဆွက်ခွင့်ပြုပေးပါခင်ဗျား….

    ခိုးမသုံးချင်လို့ CIA အရာရှိကြီးလို ဝယ်သုံးမယ်ဆိုရင်ဖြင့်
    Adobe Acrobat X Suit တခုလုံးတောင်မှ ၇၉၉ဒေါ်လာလေးပဲ ကျသင့်ကြောင်းပါ…

    😀

    • E.T

      December 6, 2011 at 6:49 pm

      ကိုဂီ့ပြောတဲ့ Cloud Computing ကြိုက်သလောက်သုံး ကျသလောက်ရှင်း ဆိုတာနဲ ့သုံးကြည့်ပေါ့။

      • inz@ghi

        December 6, 2011 at 7:46 pm

        အဲ့သည့် အဆင့် က SaaS ဗျ …Cloud လို့တော့ ပြောလို့မရသေးဘူး…
        ကြုံလို့ ပြောရရင် eBook လို့ အလွယ်ခေါ်ကြတဲ့ အမျိုးအစားတွေထဲမှာ PDF ဆိုတာ format တမျိုးပဲဗျ
        သို့သော် သူသည် industrial standard ဖြစ်နေတယ်ဗျ. ..သည်တော့ eBook=PDF
        ဆိုတာမျိုး ဖြစ်နေသည်ပေါ့ …… ကျနော်တို့ search engine လို့ပြောတာနဲ့ Google.comကို ပြေးသလိုပေါ့ဗျာ
        တကယ်က အခြား search engine တွေ အနေနဲ့ ပြောပါဆို Yahoo.com တို့ Bing.com တို့ ရှိသေးတယ်လေဗျာ
        သီချင်း file format မှာ .wav ဖြစ်နိုင်သလို .mp3(industrial standard) လည်းဖြစ်နိုင်သလိုပေါ့….

        ကျနော် media format တွေထဲက international(industrial) standard ဖြစ်လာတဲ့ ဟာတွေအကြောင်း..
        ဖတ်နေ ရေးနေတာဗျ ….. ကစ်သိုတို့ ဘဘ ဘလက်တို့က ကျုပ်ကိုပစ်ထားကြလို့ ရေးအားမရှိဖြစ်ပြီး
        ကြာနေပါကြောင်း ….

        (ဟီဟိ …….ကျပ်လိုက်ပီ …..)

  • Shwe Tike Soe

    December 6, 2011 at 4:25 pm

    Adobe Acrobat 9 Professional မှာလဲ အဲလိုလုပ်လို.ရတယ်.. Combine PDF ဆိုတဲ့ Feature ပါတယ်.. မမနောပြောတဲ့ Software လောက်တော့မစုံဘူးထင်တယ်…
    Installer တင်ပေးချင်ပေမယ့် 335 MB ဖြစ်နေလို. စိတ်လျော့လိုက်ပါတယ်ဗျာ.. 🙁

    • manawphyulay

      December 6, 2011 at 4:30 pm

      အင်းနော် အဲလိုသုံးလို့ရရင် ကောင်းမယ်။ တင်ပေးလို့ရရင် ဆော့ဝဲလ်လေးကို စမ်းသုံးချင်လို့။

  • naywoonni

    December 6, 2011 at 9:42 pm

    တစ်ချို့ PDF တွေက ဒေါင်းလောဒ်ချလို့မရဘူးဗျ….။ တစ်မျက်နှာချင်း ဒေါင်းလောဒ်ဆွဲယူရတာ…။ အဲဒါတွေ ဘယ်လိုပြန်ဆက်ရမလဲ…။

  • အေမီ

    December 6, 2011 at 9:47 pm

    အလကားရတဲ့ ဟာရော မရှိဘူးလားဟင်………..အေမီ သိမ်းထားတဲ့ ebook တွေကများနေပြီ။ အဲဒါတွေကို အစီအစဉ်တကျသိမ်းချင်လို့၊ ပြန်ရှာရင်လည်း လွယ်အောင် ဘယ်လိုလုပ်ရမလဲ မမနောရေ။ ခုတော့ စာရေးဆရာတစ်ယောက်ချင်းစီ ဖိုဒါ တစ်ခုစီနဲ့ သိမ်းနေရတယ်။

    • inz@ghi

      December 6, 2011 at 9:54 pm

      မီလေးရယ် ..စာရေးဆြာတွေ သီးခြား သိမ်းတာကောင်းဘာဒယ်. ..
      ကအင်ဂျီးတို့လို အစွန်းရောက် တွေက ကိုယ့်နဲ့ ဘယ်သူနဲ့မှ တွဲသိမ်းတာ ကြိုက်ဝူးကွယ့် …
      (ကိုယ့်စာ ဖတ်လားမဖတ်လားတောင်မသိဘဲ …သိမ်းသည့်ကိစ္စအထိ ..မထှော်မနန်း ..လျာဝင်ရှည်သွားပါသည်…)

      ခင်လို့နောက်တာပါဗျာ …

      Inz@ghi

      • အေမီ

        December 6, 2011 at 10:18 pm

        အင်းးးးးးးးးးးး…….software တွေဝယ်သုံးဖို့ကလည်း Visa card ဘာကတ်၊ ညာကတ် တွေမရှိတော့လည်း ခက်သားကလား (ရှိလည်း ဝယ်မသုံးနိုင်တာကျနေတာပဲ အဟဲ…. :P) အစီအစဉ်တကျသိမ်းဖို့ အလကားရတဲ့ software မရှိသေးသရွှေ့တော့ ဖိုဒါတစ်ချင်းစီသိမ်းရမှာပေါ့လေ…

        ကအင်ဂျီးရဲ့ စာတွေလည်း ဖတ်ပါတယ် ကအင်ဂျီးရ………….ဝင်ဆွေးနွေး စရာသိပ်မရှိတာနဲ့ ဖတ်ပဲဖတ်တာပါ။ ဒါနဲ့…………စကားမစပ် ကအင်ဂျီးက ဘယ်အစွန်းကိုရောက်တာတုန်း……ပြုတ်ကျဦးမယ်နော… 😛

        • naywoonni

          December 6, 2011 at 10:31 pm

          အင်ကြီးက (အတုကိုပြောတာမဟုတ်ပါ) တောင်စွန်းဆိုပြီး မြောက်ဘက်ရွှေ့တယ်…။ မြောက်စွန်းဆိုရင် အရှေ့ဘက်ရွှေ့တယ်…။ သူ့အစွန်းက မတည်ငြိမ်သေးပါဘူးကွယ်…။ နားခိုရာ ရှာမတွေ့သေးတဲ့ သဘောပေါ့………..။ ကိုကြောင်ကြီးတို့ နေဝန်းနီတို့လည်း အတူတူပါပဲ…။ ဒါနဲ့ အေမီက ဘာစာအုပ်တွေ စုထားလဲ …။လဲဖတ်မလား တို့ဆီမှာလည်း pdf စာအုပ်တွေတော်တော်များများစုမိနေတယ်…။

      • inz@ghi

        December 6, 2011 at 10:53 pm

        ဘယ်တုန်းက အညှိုးနဲ့လဲ မသိ ..
        အဘနီ တားတားကို သမသွား၏ …

        IT field အရ (ဝါ) ရုပ်ဝတ္ထုပိုင်းအရ ပြောရရင် ကအင်ဂျီးက…ရုပ်ဝါဒီ ဖြစ်ကြောင်းပါ…
        လူပီသမှုပိုင်းအရ ကြည့်လျင်တော့ ဟို ဂျာပွန်ဇိမ်ဘုန်းကြီးတို့နှင့် တစ်တန်းထဲ
        မထားအပ်သော မြင့်မြတ်သော မွန်မြန်မာ အမျိုးသားလေးဘာကွယ် …………….

        ခံဇားနားလည်ပေးတော်မူကြပါကုန်..
        ခစ်ခစ်..:P

  • အေမီ

    December 6, 2011 at 11:22 pm

    အေမီ ကြိုက်တဲ့ စာရေးဆရာတွေပဲ ရွေးသိမ်းတာလေ….
    မင်းလူ ရှိတယ်၊ နုနုရည်(အင်းဝ)၊ သမိန်ပေါသွပ် ရှိတယ်။ ဆရာမောင်သာရ လေးအုပ်ရှိတယ်။ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းတော့ မရှိဘူး။ အဲဒါလိုချင်နေတာ။ ကျန်တာတွေကတော့ ဗျောက်သောက်ပဲ
    ဘရာသာနေဝန်းနီမှာရော ဘာတွေရှိလဲ…. 😀

    • naywoonni

      December 10, 2011 at 7:02 pm

      သိန်းဖေမြင့် -အရှေ့က နေဝန်းထွက်သည့်ပမာ (ပ-ဒု) သပိတ်မှောက်ကျောင်းသား (ပ-ဒု) မြသန်းတင့် ၊ ကြည်အေး ဒဂုန်တာရာ…။ နတ်နွယ် အွန်လိုင်းပေါ်မှာ ဖရီးရတဲ့ စာအုပ်တော်တော်များများ ရှိတယ်…။ 100 ကျော်မလားပဲ…။ မင်းလူတို့ တာရမင်းဝေတို့ မင်းသိင်္ခ တို့တော့ သိမ်းမထားဘူး…။ မောင်သာရက မောင်သာရ၏မောင်သာရ ပဲရှိတယ်…။

      • manawphyulay

        December 11, 2011 at 3:53 pm

        ဒီလောက်များနေတာ စက်လေးနေဦးမယ်နော် လေးနီ :P…..

  • ရင်နင့်

    December 7, 2011 at 3:09 am

    သူ့ဆီမှာဘာတွေရှိလဲဆိုတော့ပေါ့နော် ပြောတော့ပါဘူးဂျာ ဟဲဟဲ

  • True Answer

    December 7, 2011 at 10:52 am

    အော် ဒေါ်လာ ၄ဝ တောင် လား။ ဒီအတိုင်းပဲ သိမ်းထားပါတော့မယ်။

  • zawmyothu

    December 7, 2011 at 10:53 am

    အင်တာနက်ရှိရင် လည်း PDF ဖိုင်တွေ အလွယ်တကူ ပေါင်းလို.ရပါတယ်။
    http://www.pdfjoin.com/ ပါ တော်တော် ကောင်းပါတယ်။

  • ပေါက်ဖော်

    December 7, 2011 at 11:06 am

    အပြင်ဆွဲထုတ်ပြီး ကော်နဲ ့ကပ်ပြီး ဆက်လို ့ကော ရပါသလားခင်ည
    🙄

  • naywoonni

    December 11, 2011 at 9:16 pm

    http://minus.com မှာ sing up လုပ်ပြီး ရင် 10G သိမ်းချင်တာတွေသိမ်းဖို့ ပေးပါတယ်…။ ဖရီးပါ…။ အဲဒိမှာ သိမ်းကြည့်ပါလား ….။ ပါစင်နယ် လုပ်ထားရင် ဘယ်သူမှမမြင်ရပါဘူး …..။

  • manawphyulay

    December 16, 2011 at 3:46 pm

    လက်ကြောမတင်းတဲ့သူတွေ အနီလိုက်ပြနေပါရောလား…..

Leave a Reply