“ကြက်ညီနောင်ထဲက ရွှေကြက်ကျ”
“ကြက်ညီနောင်ထဲက ရွှေကြက်ကျ”
4 အရှေ့ဘက်လှေကား အတက် ဒုတိယအဆင့်
“ကြက်ညီနောင်ထဲက ရွှေကြက်ယက်…………………..”
ရွှေကြက်ကျ နဲ့ရွှေကြက်ယက်ဆိုတာကတော့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာထင်ရှားတဲ့ဘုရားနှစ်ဆူဖြစ်ပြီး
မန်းလေးဘက်ကမ်းမှာရှိပါတယ်။
ရွှေကြက်ကျက မြောက်ဘက် ရွှေကြက်ယက်ကတောင်ဘက်မှာရှိပါတယ်။
ရွှေကြက်ကျကတော့ မြစ်ကမ်းနဖူးမှာရှိလို့ လူအလာများပြီး
မြင်ကွင်းတွေကလဲလှပ ပါတယ်။
ရွှေကြက်ကျဘုရားကိုလမ်းတောင်ဘက်စောင်းတန်းကအတက်များပါတယ်။
လှေဆိပ်ရှိတဲ့အရှေ့မြောက်ဘက်ကတော့ ဘုရားဖူးတွေအတက်နည်းပါတယ်၊
ဒီဘုရားအမြင့်ဆုံးမှာစေတီတစ်ဆူ အဲဒီအောက်တစ်ဆင့်မှာစေတီ နှစ်ဆူပေါင်းသုံးဆူရှိပါတယ်။
ဒီစေတီသုံးဆူနဲ့အရံစေတီကို အဝေးကဖူးမြင်ရတာ ထူးခြားတဲ့ အနေအထားရှိပါတယ်။
စေတီကိုတက်ရာမှာလဲ အဆင့်ဆင့်တက်သွားရင်သုံးဆင့်ရှိပါတယ်။
တစ်ဆင့်ထက်တစ်ဆင့်မြစ်ပြင်ကိုမြင်ရတဲ့အလှက မတူပါဘူး။
ရေကြီးချိန်မှာဆိုရင် ဒီဘုရားအောက်တည့်တည့်က ဝဲ က အတော်လေးလှပါပေမယ့် အန္တရာယ်လဲများပါတယ်။
သင်္ကြန်မိုးရုပ်ရှင်ထဲမှာ အဓိကဇာတ်ဝင်ခန်းတစ်ခန်းကို ဒီဘုရားလှေခါးအဆင်းမှာရိုက်သွားတာဖြစ်ပါတယ်။
ကျနော်ကိုယ်တိုင်လဲ ဒီရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူ အနားက အကြိ်မ်ပေါင်းများစွာ ဖြတ်သွားပေမယ့်
ဘုရားပေါါ်ကိုတော့ အမြဲမရောက်ဖြစ်ပါ။
ဒီတစ်ခါတော့ ကျနော့်စိတ်ဆန္ဒတွေပြည့်ဝသွားပါတယ်။
ကင်မရာမကိုင်နိုင်ခင်က စိတ်နဲ့အကြိမ်ပေါင်းများစွာ ရိုက်ခဲ့တဲ့ပုံတွေကို အခု
အကောင်အထည်ဖော်လိုက်နိုင်ပါပြီ/
အခုရက်မှာရွှေကြက်ကျကိုရောက်ပေမယ့် ရွှေကြက်ယက်ပုံကိုတော့မရိုက်ခဲ့ရပါဘူး။
နောင်အားတဲ့ရက်မှာ အသေအချာသွားလို့ မှတ်တမ်းတင်ပါအုံးမယ်နော်။
မကောင်းတဲ့ကော်နက်ရှင်ကို အံတုလို့ အားပေးတဲ့ကျနော့်လက်ဆော့ ပရိတ်သတ်တွေကို
ကျေးကျေးပါခင်ဗျာ……………
နောက်တစ်ချက်က မြစ်ကမ်းနဲ့နီးတာ ကရွှေကြက်ကျ ဘုရားဖြစ်ပေမယ့် အများကတော့ ရွှေကြက်ယက်ဆိပ်ကမ်းကို အခေါ်များတော့ ကျနော်တောင် ပိုစ်တင်တာမှားရေးမိတာကို ကို
pyiminlu ကထောက်ပြလို့ အခုအမှားပြင်ပြီး အမှန်ရောက်အောင် ပြန်ရေးတင်ပေးလိုက်ပါတယ်။
ကျေးဇူးတင်ပါသည်။
မှားတာကိုထောက်ပြပေးလို့ပါ။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(27-12-2011)
13 comments
blackchaw
December 28, 2011 at 8:59 am
ကိုပေါက်ရေ ။
မနက်စောစောစီးစီး
မင်္ဂလာရှိလိုက်တာဗျာ။
အိမ်မှာ ဘုရားမကန်တော့ခဲ့လို့
အခု ကိုပေါက်တင်တဲ့ ဘုရားပုံလေးတွေ
ဖူးသွားပါတယ်ဗျာ။
ကိုပေါက်(မန္တလေး)
December 28, 2011 at 9:01 am
ဒီရွှေကြက်ယက် နဲ့စစ်ကိုင်း ဧရာက ပုံတွေတင်တဲ့အခါ အစီအစဉ်လိုက်လေးတင်မယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။
ဥပမာပြောရရင်
မြစ်ကမ်းနံဘေးကနေ ဘုရားအခြေ။
အဲဒီကမှဘုရားပေါ်တက်။
ပြီးမှ ဘုရားပေါ်ကမြင်ကွင်းပေါ့။
အခုတော့ တင်ရင်းမျက်စေ့လည်သွားတော့ အစီအစဉ်မကျ ဖြစ်သွားပါတယ်။
kyawkoko
December 28, 2011 at 9:39 am
ခုတောင် အဲ့ဒီကို သွားချင်လာပီ 🙁
စုံ စုံ
December 28, 2011 at 9:54 am
လေးပေါက်ရေပုံတွေအတွက်ရှဲရှဲပါနော်
ဒီဘုရားကသေချာတကူးတကသွားမှရောက်ဖြစ်မှာ
အခုလေးပေါက်တင်ပေးလိုက်တော့ကိုယ်တိုင်ရောက်သွားသလိုပါဘဲ
ငပေါက်ဖော်
December 28, 2011 at 10:09 am
မန်းလေး သွားစရာမလိုတော့ဘူး.
မန်းလေး တစ်မြို ့လုံးကို မစ်ချတာပေါက်က လိုက်ဖ် ပြပေးနေတယ်.
pyiminlu
December 28, 2011 at 10:21 am
ကိုပေါက်ရေ
ဘုရားမုဒ်ဦးမှာ ရေးထားတဲ့ ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရား ကိုတွေ့တော့ ကိုပေါက် တကယ်ရိုက်ခဲ့တာ ရွှေကြက်ကျဘုရားဆိုတာ သိလိုက်ရပါတယ်။ ရွှေကြက်ယက်၊ ရွှေကြက်ကျကို တမင် ငြင်းနေတာ မဟုတ်ပါ။ အမှတ်မမှားစေလိုတဲ့ အတွေးနဲ့ပါ။ ကျွန်တော်လည်း ရွှေကြက်ကျကို ရွှေကြက်ယက်လို့ ထင်ခဲ့မိတာပါ။ ခေါ်ကြတာကိုက ရွှေကြက်ယက် ဆိပ်ကမ်းဆိုတော့လေ။
windtalker
December 28, 2011 at 11:48 am
ဘုရားက အပြန် ၊ အဲဒီဘက် က နာမည်ကြီး ထမင်းဆိုင် မှာ ဝင်မဆွဲ ခဲ့ဘူးလား ဗျို ့
ကိုပေါက်(မန္တလေး)
December 28, 2011 at 12:12 pm
ဟုတ်ပါ့ ကျနော်သတိလက်လွတ်ဖြစ်သွားတာကိုထောက်ပြတဲ့ pyiminlu ကိုကျေးဇူးပါ။
တစ်ချိန်လုံး ရွှေကြက်ကျ ကို ရွှေကြက်လို့ အမူ့မဲ့အမှတ်မဲ့နဲ့ပြောနေမိတယ်။
ကျေးဇူးပါ။
ကဲ နောက်ရက်အကုန်ပြင်ပေးပါမယ်နော်။
ကိုပေါက်(မန္တလေး)
December 28, 2011 at 12:37 pm
ပြင်ပေးပြီးပါပြီခင်ဗျာ။
ကျေးဇူးအထူးတင်ပါ၏.
water-melon
December 28, 2011 at 1:09 pm
မန်းလေးမှာနေပြီး တစ်ခါမှမရောက်ဘူးသေးဘူးဗျ။
လေးပေါက် နောက်တစ်ခါဆို အင်းဝ သွားအုန်းမှာလား
အင်းဝလည်း မရောက်ဖူးလို့။
ကျေးဇူးပါ။
ကိုပေါက်(မန္တလေး)
December 28, 2011 at 1:19 pm
အင်းဝက ပုံတွေ တစ်ခါတင်ဘူးတယ်ဗျာ။
မယ်နုအုဌ်ကျောင်းကို လဲတင်ဘူးတယ်.
ထပ်သွားအုံးမယ် ပဟိုရ်စင် ကို ဓါတ်ပုံမရိုက်ခဲ့ရလို့ ။
လိုက်ချင်ရင်ခေါ်မယ်လေ။
မောင်ပေနဲ့ချိန်းလိုက်ပေ့ါ။
“ဘီလူးကြီး”ogre
December 28, 2011 at 7:16 pm
မရောက် မဖူးဘူးပါ
အကိုပေါက်ကျေးဇူးကြောင့်
မန်းလေနေရာတော်တော်စုံစုံမြင်ရတာ
ကျေးဇူးပါဗျို့
ကိုပေါက်(မန္တလေး)
December 28, 2011 at 9:29 pm
ကျနော်သွားနိုင်လာနိုင်တုံး
သွားတဲ့အခွင့်အရေးရတုံး
လက်လွတ်မခံတဲ့သဘောပါ။
မသွားမလာနို်င်တော့မှ ငါမလုပ်ခဲ့ရလေခြင်းလို့ နောင်တမရခြင်လို့
ရတုန်း တွန်းလုပ်ထားတာပါဗျာ။