“စန္ဒာမုနိ……ကုသိုလ်တော်……..ဓါတ်တော်တိုုက်ပေါ်ကရူ့ခင်း”
“စန္ဒာမုနိ……ကုသိုလ်တော်……..ဓါတ်တော်တိုုက်ပေါ်ကရူ့ခင်း”
“စန္ဒာမုနိ……ကုသိုလ်တော်……..ဓါတ်တော်တိုုက်ပေါ်ကရူ့ခင်း”
မန်းလေးမြို့မှာတရုပ်ပြည်ကစွယ်တော်ရောက်နေတဲ့ရက်တွေက မန်းလေးတောင်ခြေမှာ
လူစည်ကားပါတယ်။
မန်းလေးတောင်ခြေနဲ့မနီးမဝေးမှာရှိတဲ့ အတုမရှိကျောင်းမှာ စွယ်တော်ကိန်းဝပ်တာကြောင့်ပါ။
စွယ်တော်ပြန်မကြွခင်ဥပုဒ်တစ်ရက်မှာတော့ မန်းလေးကျုံးပါတ်ပါတ်လည်က မြင်ကွင်းနဲ့
ပြအိုးတွေပစ္စင်တွေကိုမှတ်တမ်းတင်ရင်း မန်းလေးတောင်ခြေကိုရောက်သွားပါတယ်။
မန်းလေးတောင်ခြေရောက်တော့ အဲဒီမှာ ကိုယ့်နဲ့အလုပ်အတူလုပ်နေတဲ့ကောင်လေး
ကိုတွေ့ပါတယ်။
သူတို့ကမန်းလေးတောင်ခြေမှာစားသောက်ဆိုင်ဖွင့်ထားတာပါ။
သူကိုတွေ့တော့ မန်းလေးတောင်ပေါ်ကနေပြီး စန္ဒာမုနိတို့ ကုသိုလ်တော်တို့ကို အပေါ်စီးကနေဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာပါတယ်။
သူကလဲမန်းလေေးတာင်နားမှာကြီးပြင်းသူဆိုတော့ ဘယ်နားကနေရိုက်ရင်ဘယ်လိုလှမယ်ဆိုတာကိုအတိအကျသိပါတယ်။
အဲဒါနဲ့သူဆိုင်မှာဖိနပ်တွေချွတ်။
မန်းလေးဘိုးဘိုးကြီးနန်းဘက်ကို ဖိနပ်မပါဘဲလမ်းလျှောက်ထွက်ခဲ့ကြပါတယ်။
စတက်တက်ခြင်းမှာတော့ စွယ်တော်တို်က် ဘုရားအဲဒီကနေဆက်တက်ရင်တော့
ဓါတ်တော်တိုက်ကိုရောက်ပါတယ်။
မန်းလေးတောင်ကို အဝေးကလှမ်းကြည့်တဲ့အခါ အရင်ဆုံးမြင်ရတာကတော့
ထူးခြားတဲ့ အပေါက်အကြီးကြီးတွေရှိနေတဲ့ အဆောက်အဦပါဘဲ။
မန်းလေးတောင်အလည်နားလောက်မှာရှိပါတယ်။
အဲဒီအဆောက်အဦကိုတော့ ဓါတ်တော်တိုက်လို့ခေါ်ပါတယ်။
တောင်ပေါ်တက်လိုက်တာ တော်တော်နဲ့အပေါ်မရောက်ပါဘူး။
အောက်ကြည့်လိုက် ကင်မရာလေးနဲ့လက်ဆော့လိုက်
ငေးမောပြိး အလှအပတွေကိုခံစားလိုက်နဲ့မို့ပါ။
အပေါ်ရောက်လေလေ မြင်ကွင်းကလှလေလေ။
လူကဝတော့ ချွေးတွေအရမ်းထွက်ပါတယ်။
ဆောင်းဆိုတော့ ဂျာကင်အထူဝတ်လာတာမိတာလဲပါ ပါတယ်။
ကို်ယ်လိုချင်တဲ့ပုံလေးတွေရတော့ ပျော်မိပါတယ်။
ဒါတောင် ရို်က်နေကျ ကင်နွန်က ဓါတ်ခဲကုန်သွားတော့ ဆမ်ဆောင်းနဲ့ရိုက်ခဲ့ရတော့
သိပ်တော့ စိတ်တိုင်းမကျ။
ဘယ်တော့ မှ ဖြည့်လို့ မပြည့်နိုင်တဲ့ လူဆန္ဒဆိုတာ ဒါမျိုးဖြစ်မယ်ထင်ပါရဲ့နော်၊
မောလဲမော ညောင်းလဲညောင်း။
ဒါပေမယ့် ကျနော်စံသတ်မှတ်ချက်အရပြောရရင်
မောရတာ တန်ပါတယ်။
လူတွေကို စိတ်ကြည်နူးစေမယ့် မြင်ရခဲ့တဲ့ပုံလေးတွေကို မျှဝေပေးနိုင်လို့ပါ။
မြင်ရခဲတယ်လို့ပြောရတာ အခုမန်းလေးတောင်တက်မယ်ဆိုရင် ကားလမ်းကတက်ချင်တက်။
ခြင်္သေ့ကြိးနှစ်ကောင်က တက်တဲ့အခါတက်။
ဒီစောင်းတန်းဘက်က လူပြတ်တော့ တက်သူသိပ်မရှိလိုပါဘဲ။
တကယ်တန်းပြောရရင် ဒီပုံလေးတွေက ရွှေကြက်ယက်မသွားခင်(18-12-2011)ကတည်းက
လက်ဆော့ထားပေမယ့်ရိုက်ထားတာအများကြီးထဲကနေ မရွေးနိုင်တာကြောင့်အခုမှတင်ဖြစ်တာပါ။
ကဲကြည့်ပြီး ကြည်နူးလိုက်ကြပါအုံး။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(28-12-2011)
10 comments
ကိုပေါက်(မန္တလေး)
December 28, 2011 at 8:58 am
အခုရက်မှာ ဓါတ်ပုံအတော်များများရိုက်ဖြစ်လက်ဆော့ဖြစ်ပါတယ်။
အဲတော့ပုံတွေဘဲ ဆက်တိုက်တင်ဖြစ်နေတာကိုတော့ သည်းခံခွင့်လွှတ်ကြပါတော့နော်။
နီကီတာ
December 28, 2011 at 10:43 am
မန္တလေးတောင်ပေါ်တော့ ရောက်ဖူးတယ်
ဒါပေမယ့် ကိုပေါက်ကြောင့် အလွမ်းပြေ ပြန်ကြည့်လို့ရတာပေါ့ … 😀
ငပေါက်ဖော်
December 28, 2011 at 11:11 am
ဒီမှာလွမ်းဒယ်……….လွမ်းဒယ်….လွမ်းဒယ်.
အိမ်ရှေ့မင်း ထန်းတောကို လွမ်းဒယ်..
😆
windtalker
December 28, 2011 at 11:30 am
ကိုပေါက် ရဲ ့ဒါပုံတွေ ကို အမည်မဖော်လိုသူ ငပေါက်ဖော် မှ တစ်ပုံလျှင် မြန်မာကျပ်ငွေ တစ်သိန်းဖြင့် ဝယ်ယူရန် စီစဉ်နေကြောင်း သိရှိရသည် ။ ဘာကြောင့်ဝယ်တာလဲ ဟု ဗျူးဖြစ်သောအခါ ၊ ယူအက်စ် မှ အူးကိုင် အား တစ်ပုံလျှင် ဒေါ်လာ ငါးထောင် ဖြင့် ပြန်ရောင်းမည် ဖြစ်ကြောင်း ဖြေသွားခဲ့ပါသည် ။
ကိုပေါက်(မန္တလေး)
December 28, 2011 at 2:45 pm
ဖြစ်နေပါအုံးမကွယ်။
အင်တာနက်တင်ထားတဲ့ပုံဆိုရင်……………………….
အများသိတော်မူတဲ့အတိုင်းပါဘဲ။
ကိုပေါက်(မန္တလေး)
December 28, 2011 at 9:39 pm
(ဖြစ်နေပါအုံးမကွယ်။
အင်တာနက်တင်ထားတဲ့ပုံဆိုရင်……………………….
အများသိတော်မူတဲ့အတိုင်းပါဘဲ။)
လို့ ရေးထားတာကို အနီဝင်ပေးထားတော့
ဘယ်အဖေ့အတွက်များဝင်ပြီးနာပေးနေသလဲလို့ စဉ်းစားလို့မရဘူးနော်။
တကယ်လို့ရေးထားတဲ့အချက်အလက်အကြောင်းအရာကို မကျေနပ်မနှစ်သက်ဘူးဆိုရင် အကောင့်ဝင်ပြီး ကိုယ်စိတ်ထဲရှိတာကိုယ်ဝင်ပြီးဆွေးနွေးလို့ရပါတယ်။
ချေပလို့ရတယ်။
မန်းလေးဂေဇက်ဆိုတာ ပွင့်လင်းစွာပြောဆိုဝေဖန်လို့ရတဲ့နေရာပါ.။
အနီပေးလောက်အောင်မှားယွင်းနေတယ်ဆိုရင်ပေးလို့ရပါတယ်။
အခုဟာက အလကားနေရင်း ခိုးကြောင်ခိုးဝှက်လက်ဆော့ နေသလိုပါဘဲ။
လျှိုဝှက်စွာလုပ်ရတဲ့ခေတ်ကကုန်သွားပြီ အနီပိုင်ရှင်ရေ………………………
inz@ghi
December 28, 2011 at 9:52 pm
အားပေးသွားပါတယ်လေးပေါက် ..အနီ ကိုလည်း ချေဖျက်သွားခဲ့ပါတယ်..
2 တောင်တက်လမ်းတစ်နေရာကနေမြင်ရတဲ့စွယ်တော်တိုက် ကိုတော့ Facebookမှာ
မြင်ကတည်း က နှစ်သက် တာဖြစ်ပါကြောင်း…
ခင်တဲ့ ဂီ
yaungchikha
December 29, 2011 at 9:38 am
ဦးပေါက်ရေ……… ကျနော်တို့ငယ်ငယ်ကတော့ ကုသိုလ်တော်ဘုရားမှာ မြက်ထိုးပွဲဆိုတာ ရှိတယ်၊ နန်းရှေ့က ရပ်ကွက်သူား တွေက တစ်နှစ်တစ်ခါ ကုသိုလ်တော်ဘုရားပွဲနီးရင် ဘုရားမှာ ရှိတဲ့မြက်ပင်တွေ၊ ခြုံတွေကို ရှင်းလင်းကြတာပေါ့၊ ကုသိုလ်ရှင်ကျွေးတဲ့ ထမင်းတွေကို အင်ဖက်တွေခင်းပြီး ပျော်ပျော်ပါးပါးစားကြတာ၊ မိန်းကလေးတွေက မြက်သယ်၊ ယောက်ျားလေးတွေက မြက်တွေ ပေါက်တူးနဲ့ပေါက်လို့ စကြနောက်ကြနဲ့ ကျနော်တို့က အဲ့ဒီအချိန်က ကလေးအရွယ်ဆိုတော့ သူငယ်ချင်းတွေနဲ့ဂူတွေကြားထဲ တူတူပုန်းတမ်း ကစားခဲ့ကြတာ ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရတွေပေါ့၊ အခုတော့ ဘုရားမှာ ကျောက်ပြားတွေခင်းလိုက်တော့ အဲ့ဒီအလေ့အထလဲ မရှိတော့ဘူးထင်ပါတယ်…………. 🙂
ဦးပေါက်ပုံတွေကြည့်ရင်း သတိရသွားလို့…………….. 😛
ကိုပေါက်(မန္တလေး)
December 29, 2011 at 9:42 am
အဲဒီမြက်ထိုးပွဲကိုတော့ ကျနော်လဲမဆုံဘူးသေးဘူးဗျ။
အမှတ်တရအနေနဲ့ ပို့စ်လေးရေးတင်မယ်ဆိုရင် မှတ်တမ်းလေးဖြစ်သွားမယ်ထင်ပါရဲ့။
M-Lulin
December 30, 2011 at 11:43 am
မြက် တော့ ပြောမနေ နဲ့ တောင်ကွဲ စေတီ ရောက်တာ . ဘာမြက်ခင်း၊ ဘာမြေနီလမ်းမှ မရှိတော့ဘူး .အကုန် ကွန်ကရစ် တွေပဲ ဖြစ်ကုန်တာ… အတူပါတဲ့ ဆရာကြီးဆို တောက်တခေါက်ခေါက် နဲ့ ….. သဘာဝ တွေပျက်ကုန်တာ လေ .တစ်ဖက်ကပြန်ကြည့်တော့လဲ .. မိုးရွာရင် ဗွက်မထ ဘူးပေါ့ ……