သားသား ဖိနပ်ချွတ်ထားတယ်
သားသားက ဘုန်းကြီးကျောင်းသားပေါ ့။ သားသားနေတဲ ့ ဘုန်းကျောင်းက မြိ ု ့ကလေးကို အထက်စီးကမြင်နေရတဲ့
တောင်ကုန်းပေါ်ဆောက်ထားတဲ ့ အစိုးရရဲ ့တောင်တန်းသာသနာပြ ုကျောင်းပေါ ့။ ဒီကျောင်းမှာ သားသားရယ်၊ဘုန်းဘုန်းရယ်
နှစ်ယောက်တည်းနေတာ။ ဘုန်းဘုန်း ရန်ကုန်က အစိုးရလွှတ်လို ့ ဒီမှာကျောင်းလာထိုင်တယ်လို ့ပြောတာပဲ။
သားတို ့နေတဲ ့မြိ ု ့ကလေးမှာ ဗုဒ်ဓဘာသာဝင်ဆိုလို ့ အစိုးရဝန်ထမ်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါးနဲ ့ ဒီမှာအနေကြာနေပြီးဖြစ်တဲ ့
ဗမာလက်သမား မိသား ၂စုပဲရှိတာ။
သားသားလား….ကျောင်းနေတာပေါ ့။ ဘုန်းကျောင်းနေ အစိုးရကျောင်းတက်…
ဒီနှစ်ဆို ၅တန်းတက်နေပြီး။
သားသားက မနက်၄နာရီဆို အိပ်ယာကထ ဆွမ်းထမင်းချက်၊မနေ ့ညကတည်းက မြိ ု့ထဲကကြိ ုတင်ယူထားတဲ ့ ကြိ ုတင်ဟင်းတွေကိုနွှေးပြီး
အာရုဏ်ဆွမ်းအတွက်ပြင်ရတယ်။ ကြိ ုတင်ဆွမ်းယူရတာက ဒီလိုပါ။ သားသားတို ့မြိ ု့က ဆွမ်းဟင်းပို ့တာက အလှည် ့ကျနဲ ့ပါ။ အာရုဏ်ဆွမ်းပို ့အလှည် ့ကျတဲ ့ ဝန်ထမ်းတွေ အချိန်မရကြတော ့ သားသားကပဲ ညနေကျောင်းဆင်းပြီး ဘုန်းကျောင်းပြန်ရောက်
သန် ့ရှင်းရေး၊ ဟိုအရေးဒီအရေး အကုန် ကမန်းကတန်းလုပ်… စုပေါင်းဟင်း(ဟင်းလေးအိုး)ကိုနွှေးထားရင်း ရေချိုး..ပြီး ညနေစာ
ခပ်မြန်မြန်လေးစား အားလုံးပြီးပြီဆိုတော ့မှ စတီလ်ချိုင် ့နှစ်လုံးဘယ်ညာကိုင်ပြီး နောက်တစ်နေ ့မနက်အာရုဏ်ဆွမ်းအလှည် ့ကျတဲ ့
အိမ်တွေဆီကိုပြေးရတာပေါ ့။
တချို ့အိမ်တွေကဘုန်းကျောင်းအောက်နား နီးနီး၊ တချို ့ကမြိ ု ့လယ်ပိုင်းလောက်၊ တချို ့က ဟိုး မြိ ု ့တဖက်ထိပ်၄မိုင်လောက်ဝေးတဲ ့နေရာ
ဒီနေရာတွေကို သားသားညနေတိုင်း ခြေတိုလောက်အောင်ကို သွားနေကြလေ။ နေ ့ဆွမ်းဆိုရင် မိသားစုရှိတဲ ့အိမ်က တာဝန်ယူပြီး သူတို ့ကိုယ်တိုင်
လာပို ့ကြတယ်။ တခါတလေစစ်တပ်က ရဲဘော်လေးတွေက သွားယူပေးပြီး နေ ့ဆွမ်းကပ်တာကိုလည်း ဒီရဲဘော်လေးတွေကပဲ ကပ်ပေးပါတယ်။
သားသား နေ ့ခင်းပိုင်းဆိုကျောင်းတက်နေတာကိုး။ သားသားတို ့ဘုန်းကျောင်းနဲ ့စစ်တပ်ကနီးနီးလေးပါ။
သားသား မနက်မနက်ဆွမ်းထချက်ရတဲ ့ မီးဖိုချောင်နှင် ့ ကျောင်းကြီးကမဆက်ပဲ သီးသန် ့ခြားပြီးဆောက်ထားတာ။ ကျောင်းကြီးနဲ ့မီးဖိုချောင်ကြား
ဆယ် ့ငါးပေလောက်ကျယ်တဲ ့မြေပြောင်ပြောင်ပေါ်ကနေ ကျောင်းကြီးပေါ်လှေကားသုံးထစ် မီးဖိုချောင်ပေါ်လှေကားသုံးထစ် တက်ရပါတယ်။
သားသားက မီးဖိုချောင်နှင် ့ကျောင်းကြီးပေါ် တက်လိုက်ဆင်းလိုက် ဝင်လိုက်ထွက်လိုက် တရစပ်နဲ ့ မျောက်မျက်စိနောက်လောက်အောင်ကို
အလုပ် လုပ်နေရတာ။
ဘုန်းကျောင်းဝင်းထဲ ဖိနပ်မစီးရဘူးတဲ ့ လူကြီးတွေကပြောဖူးတော ့ သားသားလည်း ဖိနပ်မပါခြေပြားနဲ ့မြေပြောင်ပြောင်ကိုနင်း မီးဖိုဝင်လိုက် ကျောင်းကြီးပေါ်ခြေသုတ်တက်လိုက်၊ တခါတလေ အလျင်လိုရင်ပြီးစလွယ်သုတ်၊ တခါတလေကျတော ့လည်းမသုတ် ဒီတော ့ကြမ်းပြောင်ပြောင်လက်လက်တွေက သားသားခြေခဖဝါးမှာကပ်ပါလာတဲ ့ သဲတွေမြေတွေနဲ ့ ညစ်ပေလာတယ်။ ဒါတွေလည်း
သားသားကပဲ ပြန်သုတ်ရတာပါပဲလေ။ စနေ၊တနင်္ဂနွေလို ရုံးပိတ်ရက် လူအလာများတဲ ့ရက်တွေဆို သားသားစိတ်ညစ်ရပြီ။ ကျောင်းပေါ်
တစ်ခုလုံးဖွေးနေတော ့တာပဲ။ သားသားရဲ ့တာဝန်ပဲပေါ ့။ ဒီလိုနဲ ့ သားသားတစ်ယောက် တက်လိုက်ဆင်းလိုက် သုတ်လိုက်ဖျက်လိုက်လုပ်နေတာကို
ဘုန်းဘုန်းက သတိထားမိပြီး…. တစ်နေ ့တော ့
” ဟဲ ့! တောတွင်းပျော်.. ဖိနပ်မစီးထားဘူးလား..” တဲ ့မေးတယ်။
” ကျောင်းဝင်းထဲ ဖိနပ်စီးရင် ငရဲကြီးမယ်လို ့ပြောကြပါတယ်ဘုရား”
“အင်း! ခက်တော ့တာပဲ ဒီကျောင်းသား.. စီးသာ စီး၊အခုနင် ့ဟာက တက်လိုက်ဆင်းလိုက် သုတ်လိုက်ဖျက်လိုက်နဲ ့၊ မြေကြီးတွေကလည်း
အေးက အေးသနဲ ့!
အခုလို ဘုန်းဘုန်းက စီးပါ ခွင် ့ပြ ုလိုက်တော ့ သားသား ဝမ်းသာတာပေါ ့နော်။ ဒီလိုဆောင်းတွင်းဆို သားသားတို ့နေတဲ ့တောင်ပေါ်မှာ ညညဆို
ရေခဲမတတ်အေးနေတာ။ အသားတွေပတ်၊နှ ုတ်ခမ်းတွေခြောက်၊ ခြေဖနောင် ့တွေကကွဲနဲ ့။ ခြေဗလာသက်သက် မြေပေါ်နင်းလိုက်ရင် ခြေချောင်း
ခြေဖျားလေးတွေက ကျဉ်ပြီး ကိုက်လာတော ့တာ။ နေ ့ခင်းပိုင်းနေနည်းနည်းပူလာပြီဆို အပေါ်ကပူ ခြေဖဝါးကအေးနဲ ့ သားသား မကြာခဏ
ခေါင်းကိုက်တာပေါ ့။ အခုဆိုသားသားလည်း ကျောင်းဝင်းထဲ ဖိနပ်စီးနေပြီပေါ ့။
ဒါပေမယ် ့လေ၊ ပြီးခဲ ့တဲ ့တနင်္ဂနွေနေ ့ကပေါ ့
ထုံးစံအတိုင်း ရုံးပိတ်ရက်အားတော ့ မြိ ု ့ထဲက ဒကာကြီးတွေ၊ဒကာမကြီးတွေ ဘုန်းကျောင်းကိုရောက်လာကြတယ်။
အဲဒီအချိန် သားသားကဖိနပ်စီးပြီး အလုပ်လုပ်နေတာ ကို မြင်သွားတဲ ့ ဒကာကြီးတစ်ယောက်က
” မောင်တောတွင်းပျော်! ကျောင်းဝင်းထဲ ဖိနပ်မစီးကောင်းဘူးလေ၊ ငရဲကြီးမယ် ” တဲ ့
သူ ့အနားပါလာတဲ ့ နောက်ဒကာကြီးတစ်ယောက်က
” ဘုန်းကျောင်းသားဆိုရင် သိရမှာပေါ ့ ” တဲ ့။ သားသားငိုချင်စိတ်ပေါက်လာတယ်။
သားသားက နေစရာမရှိလို ့စားစရာမရှိလို ့ ဘုန်းကျောင်းရောက်နေတာမှ မဟုတ်ပဲ။ ဘုန်းဘုန်းမှာ အကူကပ္ပိယ ကျောင်းသားလိုလို ့
လာနေပေးနေတာ။ မြိ ု ့ထဲကအိမ်မှာနေရင် သူငယ်ချင်းတွေနဲ ့ကစားလို ့ပျော်နေပါသေး။ ဒီမှာ တစ်ယောက်တည်း ပျင်းခြောက်ခြောက်နဲ ့။
သားသားလည်းဘာမှ ပြန်ပြောချင်စိတ်မရှိဘဲ သားသားရဲ ့ဖိနပ်လေးကို ချွတ်ပေးလိုက်ပါတယ်။ သူတို ့က လူကြီးလူကောင်းတွေဆိုတော ့
သားသားကပဲ ခွင် ့လွှတ်နားလည်ပေးရမှာပေါ ့။ ဟုတ်ဖူးလား……….
ဘုန်းဘုန်းက စီးတဲ ့၊ ဒကာကြီးတွေက မစီးနဲ ့တဲ ့။ သားသားတော ့ စိတ်ရှ ုပ်လာပြီ။ အိမ်မှာပဲ ပြန်နေချင်ပြီ။
သားသားခြေထောက်တွေလည်း အအေးဒဏ်ကြောင် ့ခြေဖဝါးတွေကွဲ၊ ဖနောင် ့တွေက စပ်ဖျဉ်းဖျဉ်းနဲ ့သွေးတွေတောင်စို ့နေပြီ။
ဒကာကြီးတွေလာတိုင်းအခုလိုချွတ်ခိုင်းနေရင် သားသားလည်းအိမ်ပြန်ဖို ့စဉ်းစားရတော ့မယ်။ သူတို ့တွေပဲ
သားသားကိုယ်စား ဘုန်းကျောင်းသားလုပ်ကြပေါ ့။ မကောင်းဘူးလား……..
သားသား ဒီမှာဆက်နေရမလား အိမ်ပြန်ဖို ့ကိုပဲစဉ်းစားရမလားဆိုတာ သားသားတစ်ယောက်တည်းမတွေးတတ်လို ့
ဒီရွာထဲက ဖိုးဖိုး၊ဖွားဖွား၊ဦးဦး၊ဒေါ်ဒေါ်၊ကယ်ကယ်၊တီတီ၊ကိုကို၊မမတို ့လည်း ဝိုင်းစဉ်းစားပေးကြပါအုံးလို ့။
ဒီလောက်ပါပဲနော်…သားသားအိပ်တော ့မယ်.. မနက် ၄နာရီထိုးရင် ဆွမ်းထမင်းချက်
ကြိ ုတင်ဟင်းနွှေးရအုံးမှာမို ့…
ဘိုင် ့ဘိုင်……..တာ ့တာ………………..
ိ
10 comments
ငပေါက်ဖော်
December 31, 2011 at 9:13 am
အင်း..
အာရုံစားသွားတာပဲ
တစ်ကယ်တော့
အဟမ်း(ချောင်းဟန် ့သည်)
ခေါ (ချွဲ..သလိပ် ညှစ်သည်)
ထွီး(ထွေးထုတ်သည်-ဖင်ကုန်းနေတဲ့အဒေါ်ကြီးကို သွားစင်ရင် မတတ်နိုင်)
ဘုန်းကြီးကျောင်းကို
ဘုန်းကြီးက ပိုင်သကွဲ ့
ဘုန်းကြီးက ဒါဆို အကုန် ဒါပဲဖြစ်ရမယ်
ဘုန်းကြီးခွင့်မပြုရင် ပြိတ္တာ.တစ္ဆေ.အိုကဝေတောင် နေခွင့်မရှိ
ဘုန်းကြီး ခွင့်ပြုရင် ဖိနပ်ပဲစီးစီး..ကားပဲစီးစီး..ဆိုက်ကားပဲ စီးစီး ချားပဲ စီးစီး ကြိုက်ရာစီးခွင့်ရှိသကွဲ ့
ဒါကြောင့် ..
အမောင် တာဇံအနေဖြင့် လုံးလုံးမျှအပြစ်မရှိ
ဘုန်းကြီးထက် တတ်တဲ့ ဘုန်းကြီးလူတတ်တွေပြောတာ နားယောင်စရာ မလို အဲသလိုပါ
ဒါ့အပြင်
သဂျီးကျေနပ်အောင်
မတူတဲ ့အတွေးနဲ ့ ထွေးရလျင်ဖြင့်
ဖိနပ်ဆိုတာ အိမ်ထဲမှာနေယုံကလွဲပြီး ဆူး.ညှောင့်.ခလုတ်ရှိတတ်တဲ့နေရာအစုံမှာ စီးသင့်ပါကြောင်း
ပုံ/
အဂ္ဂမဟာဂန္တ ဝါစက္က ပန္တိတ ဘိဝံသ အဘိဓဇ အဘိဓမ္မာ ဓမ္မာစရိယ ဘဒ္ဒန္တ ဂုရုပုလု ဦးဘဇင်းပေါက်
Thel Nu Aye
December 31, 2011 at 9:26 am
တဘက်ဝတ်ပြီးတဘက်ချွတ်ထားပေါ့။
kai
December 31, 2011 at 10:15 am
လူတွေကလည်း.. ဖိနပ်ကို.. ဖိနပ်လို့ပဲမြင်သင့်ပါတယ်..။
ဖိနပ်ရဲ့စွမ်းဆောင်ရည်..စွမ်းဆောင်နိုင်တာ ဆိုတဲ့.. အမှုကိုကြည့်ပြီး.. အကောင်းဆုံးအသုံးချတာထက်ပိုပြီး.. ဘာကိုချော်တောငေါ့..တွေးကြသလည်း ဆိုတော့ကာ…
…
မသိစိတ်ထဲကနေ.. တဆုံးတွေးတွေးနေကြလို့.. လို့.. ထင်မိတယ်..။ 🙂
ဆူး
December 31, 2011 at 10:31 am
ဘုန်းကြီးကျောင်းသားလေး ရဲ့ အဖြစ်က တော်တော် ဆိုးနေပါလား။
ကျောင်းပေါ်မှာ ညစ်ပတ်ပေရေတာ မရှိရလေအောင် ဖိနပ်မစီးတာ ပိုကောင်းပါတယ်။
တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ကျန်းမာရေး အတွက်ကတော့ ဖိနပ်စီးကို စီးသင့်ပါတယ်။
htoosan
December 31, 2011 at 12:45 pm
တောတွင်းပျော်ရေ.. မင်း ပြောချင်တာလေး နောက်ကွယ်မှာ ရှိနေတယ်ထင်တယ်နော် ………….
မှန်မှန်ပြော … လူကြီး က ဒါလုပ်နိုင်တယ်ပြောပြီး အောက်ခြေကမလုပ်နဲ့ဆိုတာ ပြောချင်တာ မှတ်လား …
😀
တောတွင်းပျော်
December 31, 2011 at 8:44 pm
ရှ ူး ! တိုးတိုး……. ကို htoosan
windtalker
December 31, 2011 at 1:24 pm
တောတွင်းပျော် က တာဇံ မဟုတ်ဘူး ဗျ
ဂေါ်ဇီလာ ပုံဂျီး တင်ထားတာ
ခြင်ကိုက်ရင် အတော်ဘဲ …
ဖိနပ်စီးတဲ့ ကိစ္စမှာ
ကျောင်းပေါ်မှာ မစီးနဲ ့
ကျောင်းဝင်းထဲမှာ စီး ၊ အပြင်သွားရင်စီး
ဒါဘဲ
ပုံ
ကိုးဆယ့်ကိုးစားနေသော
မစ်စတာပေ
pooch
December 31, 2011 at 2:01 pm
အိမ်နားက ဘုန်းကြီးကျောင်းမှာလည်း ကျောင်းဝင်းကကျယ်တော့ အပင်တွေလည်း များ ခဲသေးသေးလေးတွေလည်း ရှိတော့ ကျောင်းထိုင်ဆရာတော်က ဝင်းထဲကို ဖိနပ်စီးဖို့ ခွင့်ပြုထားပါတယ်… …. …….
ကိုယ်က မစီးရင်တောင် စီးဖို့ တိုက်တွန်းပါတယ်.. …. ကျောင်းပေါ်ကိုတက်တဲ့ လှေကားရင်းမှာ ခြေသုတ်ခုံ ခပ်ထူထူ ရှိပါတယ်.. အပေါ်ရောက်လို့ ကျောင်းပေါက်ဝမှာ နောက်ထပ် ခြေသုတ်ခုံ လှူထားကြပါတယ်…
ငယ်ငယ်က ကြီးဒေါ်နဲ့ အတူတူ မကြာမကြာ ဘုရားပန်းကပ် ၊ ပန်းအိုးလဲ ၊ ဆွမ်းဟင်းပို့မို့ ဘုန်းကြီးကျောင်းကို ရောက်ဖြစ်တယ်….
ခွင့်ပြုရင် စီးလို့ ရပါတယ်… ဒီဘုန်းကြီးကျောင်းဆို အဲ့လို စီးခွင့်ပြုတာ မှတ်မိသလောက် ကျမခပ်ငယ်ငယ်ထဲကပါ….ဆရာတော်က သက်တော် ၈ဝ ကျော် ငယ်ဖြူဆရာတော်ဖြစ်ပြီး ဝါတော် ၇ဝ နီးပါး ရပါပြီ…………
naywoonni
December 31, 2011 at 5:03 pm
သားသားရေ ဖိနပ်ပြန်စီးထားနော်…။ လာပြောတဲ့သူတွေကိုလည်း ဘုန်းဘုန်းက ခွင့်ပြုထားလို့စီးတယ်လို့ပြန်ဖြေပေါ့…။ ဒီကျောင်းမှာ သားသားမရှိရင် သားသားကိုယ်စား ဘုန်းကြီးကျောင်းသားလာလုပ်မဲ့သူရှိဟန်မတူပါဘူး…။ အဘလည်း လာမလုပ်နိုင်ဘူးနော်…။
တောတွင်းပျော်
December 31, 2011 at 9:34 pm
ကျနော် ဒီရွာထဲစာစဖတ်လာတာ ၂လကျော်လောက်ပဲရှိပါသေးတယ်။
သူများရေးတဲ ့စာတွေ ဖတ်ရင်းဖတ်ရင်းနဲ ့ စာရေးချင်စိတ်ပေါက်လာတယ်။
ရင်တွင်းဖြစ် ကျလိကျလိတွေပေါ ့။
ဘယ်တုန်းကမှ စာတစ်ပုဒ်တောင်အဖြစ်တောင်မရေးဘူးတဲ ့ ကျနော်
၂၀၁၁ရဲ ့နောက်ဆုံးရက်ကလေးမှာ အမှတ်တရလေး အနေနဲ ့
ပြ ုပြင်ပြောင်းလည်းသင် ့တဲ ့(ကျနော် ့တစ်ဦးတည်းအမြင်)အရာကို
ကျနော် ့ငယ်ဘဝ ဘုန်းကျောင်းသားအတွေ ့အကြံ ုလေးနဲ ့ ယှဉ်ပြီး
ကြိ ုးစားရေးကြည် ့လိုက်တာပါ။ ။
အားပေးတဲ ့ ကွန်မန် ့တွေကြောင် ့လည်း ဝမ်းသာအားတက် ရပါတယ်။
ကျေးဇူးလည်း အထူးတင်ပါတယ် ခင်ဗျာ……