ရွာသူ ၊ ရွာသားများရဲ့ အမှတ်တရ စာကြောင်းလေးများ
အလုပ်ကိုယ်စီနဲ့ မအားမလပ်တဲ့ ရွာသူ ရွာသားတွေ တစ်ခါတစ်ခါ ဆုံဖို့ ခက်ခဲပါတယ် … အားလုံး အားမယ့် အချိန်ကို ညှိကြရတယ် ..ရှိသမျှ အချိန်လေးစုပြီး ခဏဆုံကြတဲ့အခါ အမှတ်တရ စာကြောင်းလေးတွေ ရေးဖြစ်ခဲ့တယ်ပေါ့…. ။ …… ဘယ်သူတွေ ဘာရေးခဲ့လဲ … သိချင်လျှင်တော့ စာဆုံးတဲ့ အထိ ဖတ်ကြည့်ကြပါနော် …. ။
ပျော်တတ်ပြီး စိတ်ထားကောင်းကြတဲ့ အဖွဲ့သားတွေပါဆိုတဲ့ ဦးဦးပါလေရာ ….
အမှတ်တရရှိနေမယ့် ရွာသားတွေပါ …
အဆင်ပြေကြလျှင် ခဏခဏတွေ့ကြတာပေါ့ …
အလှူတန်းတွေလည်း ထပ်လုပ်ရင်းနဲ့ပေါ့ဆိုတဲ့ …. nozomi
အားလုံးမင်္ဂလာပါ ..
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကံကောင်းမှုတွေ များစွာနဲ့ အောင်မြင်မှူတွေ ရရှိပိုင်ဆိုင် နိုင်ကြပါစေဆိုတဲ ့…….. ဆူး
online ပေါ်မှာလည်း ပျော်ပျော်ပါးပါးပါပဲ ။
အပြင်မှာလည်း အရမ်းခင်ဖို့ကောင်းတဲ့ ရွာသူရွာသားတွေပါ ။ အခုလို အပြင်မှာဆုံတွေ ့ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ် ခင်ဗျာ ဆိုတဲ့ …. ET
ဒီနေ့တွေ့ဆုံရတာ ကြည်နူးစရာပါ ….
အလှူကိစ္စအတွက်လည်း စီစီဖြစ်ကာ အရမ်းမုဒိတာဖြစ်မိပါတယ် ဆိုတဲ့ ….. AKKO
MG ရွာသားများတွေ့ဆုံပွဲ အမှတ်တရ….
ပျော်ပျော်ပါးပါး စည်းစည်းလုံးလုံးပေါ့နော် … ဆိုတဲ့ … မမ
လေထဲမှ မိတ်ဆွေ အဖြစ်မှသည်
မျက်မြင်မိတ်ဆွေ အဖြစ်သို့
ထိုမှ တဆင့် ထာဝရမိတ်ဆွေအဖြစ်သို့ ရောက်နိုင်ကြပါစေ….ဆိုတဲ့ …. ပဒုံမ္မာ (နာမည်လေး note pad ပေါ်က ဆေးဗူးကြီးပေါ်ရောက်နေလို့ … ဆေးဗူးကြော်ငြာသလိုဖြစ်မှာ စိုးလို့ …ကွယ်ထားလိုက်တယ် … )
ကျွန်တော်ရန်ကုန်ရောက်တဲ့အခိုက် … ညီလေးအင်ဇာဂီမွေးနေ့တိုက်ဆိုင်ပြီး မန်းဂေဇက်မိသားစုများ ပျော်ရွှင်စွာ တွေ့ဆုံ ၊ ကြုံတောင့်ကြုံခဲ ပျော်ရွင်စရာကောင်းသောနေ ့ရက် ၊ မေ့မရသော နေ့ရက် …. ဆိုတဲ့ ….. ကိုပေါက်
MG ရွာသားတွေ တွေ့ဆုံပွဲက ပျော်ရွှင်စရာတွေ အတိပါပဲ …. စည်းစည်းလုံးလုံး ညီညီညွတ်ညွန်နဲ့ပေါ့ …လေလှိုင်းပေါ်က ခင်မင်မှုကနေစခဲ့တဲ့ … MG ရဲ့ အမှတ်တရလေးပေါ့ … ဆိုတဲ့ …. နွယ်ပင် …
ဒီအဖွဲ့တွေ ဆုံဖြစ်လျှင် ဒီလောက ်ပျော်စရာကောင်းမယ်လို့ တခါမှ မတွေးခဲ့မိဘူး … နာဒယ်… ဆိုပြီး … ဝိတ်ချဖို့လည်း အရွန်းဖောက်ရေးသွားတဲ့ ……….. ချာတူးလန်
ဒီနေ့တွေ့ဆုံပွဲရောက်မှပဲ သိရတော့တယ် …
ရွာသူရွာသားတွေ အားလုံးဟာ လူသိမများချင်လို့ ရုပ်ရှင်မရိုက်ခဲ့တာကိုး
ရုပ်ရှင်ရိုက်လျှင် အောင်မြင်နိုင်လောက်အောင် ရုပ်ချောတဲ့သူတွေချည်းပဲ ဆိုတဲ ့……. Foreign Resident …
တွေ့ဆုံကြုံကွဲ ဓမ္မတာ မမှန်ခင်လေး .. စည်းလုံးကြတာပေါ့ ဆိုတဲ့ ….. M- lulin
32 comments
windtalker
January 16, 2012 at 4:30 pm
အမှတ်တရများသည် နောက်တစ်ချိန်ကြ ရွှေထက်အဖိုးတန်လာမည် ။
zaw min
January 16, 2012 at 4:44 pm
တွေ့နိုင်သူတွေ တွေ့ကြပါ၊တွေ့ကြပါ…
စောင့်လို့တော့ နေလိုက်အုံး မမုန်းသရွှေ့တော့ စောင့်လိုက်အုံး…
စိန်ပေါက်ပေါက်
January 16, 2012 at 4:46 pm
သများလဲ ရေးပေးမယ်..လှလှဂလေးရေးပေးမယ်..
မောင်ပေကျောက်အောင်ရင် ဘီယာလာတိုက်ပါ
mandalarthu
January 16, 2012 at 4:52 pm
အခုလို စာလေးတွေရေးထားခဲ ့ ကြတာ အမှတ်တရနဲ ့ပျော်စရာကြီးဘဲ။
တို ့လဲ တကြောင်းလောက်တော ့ရေးထားခဲ ့ချင်လိုက်တာ…..နော်။
ကိုပေါက်(မန္တလေး)
January 16, 2012 at 4:53 pm
ကျနော်၏ မပီမသလက်ရေးကိုဖတ်ပြီးဘာသာပြန်ုနိုင်သော တုံမမတို့အား
ချီးကျုးပါ၏။
manawphyulay
January 16, 2012 at 5:09 pm
နာလည်း ပါဘူး။ အမှတ်တရတွေပါပဲ။ ပထမ တွေ့ဆုံပွဲတုန်းက ရေးပေးထားတာတွေ သိမ်းထားပါတယ် ရွာသူရွာသားအပေါင်းတို့ရှင်….
etone
January 17, 2012 at 10:11 am
အစ်မ မနောရေ … နီးစပ်ရာကို ဖုန်းနဲ့လှမ်းပြီး ချိတ်ကာ ကမန်းကတန်း ကွန်ဖမ်းဖြစ်သွားတာမို့ ပါ … ။ အဲ့နေ့ မနက်ကမှ … နေရာနဲ့ အချိန်ကို သေချာ ကွန်ဖန်းပြန်လုပ်ကြရတာမို့လို့ .. လက်လှမ်းမမှီလိုက်တာ… ဖုန်းနံပါတ်ပေးထားပါ .. နောက်တကြိမ်ဆုံကြလျှင် လှမ်းချိတ်လို့ရအောင်ပေါ့ … ။
ကိုပေါက်(မန္တလေး)
January 16, 2012 at 5:14 pm
ကျနော်လာစဉ်အခို်က်
တွေ့ဆုံနိုင်အောင်
စီစဉ်ပေးသော
ရွာထဲမှ မိတ်ဆွေများကို ကျေးဇူးတင်ပါ၏
ကိုပေါက်လာရင် ရွာက လူတွေစုဖြစ်အောင်စုမယ်နော်။
ရွှေဘိုသား
January 16, 2012 at 5:29 pm
အင်း ဒို့များလည်း တစ်ခါလာလည်း မလာနိုင် တွေ့ဆုံပွဲဆိုနောက်ရောက်ရောက်နေတာ
အလှူကျရင်တော့ သွားနိုင်မယ်လို့ မျှော်လင့်ပါရဲ့
MaMa
January 16, 2012 at 5:39 pm
စိတ်ကူးကောင်းတဲ့ အီတုံး။ ဒီလိုမှန်းသိရင် ကိုယ်ကအရင်ဦးအောင် ရေးခိုင်းပြီး တင်ပါတယ်။ 😀
မတင်ထားတဲ့ ပါစင်နယ်ရေးပေးထားတဲ့ စာတွေရှိနေတယ်ဆိုတာ သိနေတယ်နော်။
(နှုတ်ပိတ်ခ မပေး၍ဖော်ကောင်လုပ်လိုက်သည်။)
htet way
January 16, 2012 at 6:20 pm
ကျွန်တော်လည်းအဲ့ဒီနေ့က…တက်ခဲ့..ပါတယ်
စာသား..လေ..မပါ သွား…ဘူး..နော်..။အင်းကံဆိုးပေစွ
fatty
January 16, 2012 at 7:01 pm
တို့လဲမရေးလိုက်ရပါလားဟေ့ ကံဆိုးပေစွ
etone
January 17, 2012 at 8:27 am
ဦးဖက်နဲ့ ကိုထက်ဝေးရေ …. စာအုပ်က တပတ်တော့လည်သွားတော့ .. အားလုံးရေးလိုက်ပြီးပြီမှတ်လို့ … ပြန်ရောက်မှ ကြည့်လိုက်တော့ …. တချို့လူတွေ မပါဘူးဖြစ်သွားတယ် ….. ။ ဆောရီးပါနော့ … ။ 🙁
အတိသဉ္ဇာ နာဂရ ချစ်သူ
January 16, 2012 at 7:08 pm
မမအိတုံရဲ့(၇၇၇)မြောက်ပို ့စ်သည်လဲ မှတ်မှတ်ရရ ပိုဖြစ်သွားတာပေါ့ဗျ။ကျနော်လဲ အလှုူငွေထည့်ဝင်ရင်း
လာမယ့် မတ်လလောက်မှ မိတ်ဆွေ၊မောင်နှမများနဲ ့တွေ ့ဆုံချင်ပါတယ်ဗျာ။
water-melon
January 16, 2012 at 7:32 pm
တိမ်ခြေ ငယ်ရှင်းပါလို့
မြူနှင်းငယ်စိုစို
လပြာသိုမှာ
နွယ်ခွါညိုမြိုင်မြိုင်နှင့်
လှိုင်လှိုင်သင်းတဲ့လ-မှာ ရွာသူရွာသားတွေနဲ့အတူ အလှူတစ်ခု ပြုခဲ့မိတဲ့ ဖရဲကျေးဇူးတင်ပါတယ်။
ဖရဲဘဝမှာ ခင်မင်မှု နွေးထွေးမှု တို့ကို MG မှာရရှိခဲ့ပါတယ်။
နောက်လည်းစုံပါအုန်းမယ်။ မန်းလေးလာရင် ဖရဲသီးကျွေးမယ်။
(အပေါ်က ကဗျာက မဟာအတုမင်းကြီး စပ်ထားတာပါ)
ကိုပေါက်(မန္တလေး)
January 16, 2012 at 9:10 pm
မန်းလေးလာရင်ကျွေးမယ်ဆိုတော့ မန်းလေးမှာနေတဲ့သူတွေကိုတော့ မကျွေးဘူးပေါ့။
အဲဒီနေ့ကဖရဲသီးတွေ အများကြီးရိုက်လာတယ် ။
သဘောပေါက်။
weiwei
January 16, 2012 at 9:39 pm
အဲဒီနေ့က မအားဖြစ်တာ ကံကောင်းသွားတယ် … နို့မို့ဆို လက်ရေးမလှတာ လူတွေသိတော့မှာ … 😛
တွေ့ဆုံပွဲတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်းရင်းနှီးနှီးဖြစ်ကျန်ခဲ့တာ အမှတ်တရတွေပါပဲ …
စာကြောင်းနဲ့မရေးပဲ ရင်ဘတ်နဲ့ပဲ ရေးလိုက်တယ် …
၇၇ရ ပို့စ်တောင်ရှိသွားပြီဆိုတော့ မနဲဘူးပဲ … အပုဒ်ပေါင်း ထောင်သောင်းမက ရေးနိုင်ပါစေ …
ကိုဘလက်တစ်ယောက် အီးတုံးကို မတူးရဲဘူးမဟုတ်လား … ၇၇ရ ပုဒ်ဖတ်ရမှာ ကြောက်လို့လေ … 🙂
အတိသဉ္ဇာ နာဂရ ချစ်သူ
January 16, 2012 at 10:50 pm
ဟုတ်တယ်နော် မမဝေရေ.. ကိုဘလက်ချောကြီးကတော့ မမအိတုံရဲ့ပို ့စ်တွေကို
ဆက်လက်တူးဖော်ရမှာ။ကြောက်နေတယ်ထင်ပေါ့နော် များလွန်းလို ့။ဟီးးး
etone
January 17, 2012 at 8:33 am
အဟဲ မဝေ …. ဘောပင်နဲ့ စာအုပ်အမြဲဆောင်ထားတယ် ….. ။ ထင်းခွေမကြုံတော့ရေခတ်ကြုံဦးမှာပေါ့ …. ဟဲဟဲ … ဘယ်ပြေးမလဲ မိဝေသဲ
ကိုပေါက်(မန္တလေး)
January 16, 2012 at 9:50 pm
ကျနာ်လည်းဖတ်မရတဲ့လက်ရေးကြိးနဲ့ရေးလိုက်မိတယ်မဝေ။
ဝဋ်ပြန်လည်တာဘဲနော်
ဦးဦးပါလေရာ
January 16, 2012 at 11:04 pm
အော် .. ဒီလိုရေးကြတယ်လား..။
မသိပါဘူးဗျာ ၊ အဘဖေါက သူရေးပြီးသားကို ရေးဦးမလားမေးပြီးလာထိုးပေးတော့
ခပ်တိုတိုခပ်မြန်မြန်ရေးလိုက်တယ်။
ကိုယ်နဲ့ သူနဲ့ နှစ်ယောက်ပဲ ရေးတယ်မှတ်တာ
သူများရေးတာတွေ သတိတောင်မထားမိလိုက်ဘူး။
တွေ့တဲ့လူ ဖမ်းဆွဲပြီး လေပစ်နေတာနဲ့ ပတ်ဝန်းကျင်တောင်မေ့တယ်..:)
Burmese or Chinese
January 17, 2012 at 7:24 am
တွေ့ကြပါ၊တွေ့ကြပါ…………
Novy
January 17, 2012 at 9:11 am
မနိုလဲ မရေးလိုက်ရဘူး
နောက်တစ်ခေါက်တွေ့မှ တစ်မျက်နှာလောက်ရေးလိုက်မယ်
ဝလုံးတွေ
ဂျက်ကီချီးပေ
January 17, 2012 at 9:58 am
ခင်ဗျားတို့မျက်နှာလဲ ကျုပ်မကြည့်ခြင်ဘူး
ကျုပ်မျက်နှာလဲ ကျုပ်မကြည့်ခြင်ဘူး
ဂျက်ကီချီးပေ
January 17, 2012 at 9:58 am
ဂျက်ကီချီးပေ
etone
January 17, 2012 at 10:05 am
အမှန်ကလေ …. အဲ့ဒီစိတ်ကူးကို ကျွန်မရတာမဟုတ်ဘူး ….. AKKO ကရတာ …
သူပဲ စာအုပ်ထုတ် ၊ ဘောလ်ပင်ထုတ်ပြီး … သူအရင်ရေးတာ …. 😆
ကျွန်မက သူ့စာအုပ်ကိုယူ….ဓါတ်ပုံရိုက်ပြီး ပို့စ်တင်ရုံပဲ .. ဟီးဟီး … ။
M-Lulinရွှေ
January 17, 2012 at 10:27 am
အန်တီ အိတုံ .. အနော် ရေးထားတာ လဲ မပါဘူး 🙁
etone
January 17, 2012 at 1:39 pm
စိန်တွေ ရွှေတွေ ဇယ်တောက်တမ်းကစားနေတဲ့ ရွာထဲက ဒါ့ပုံဆြာကြီးရေ .. မှားတာရှိလျှင် ဝန္ဒာမိပါ ….. ဟီး …….. တင်တုန်းက တယောက်ကျန်ခဲ့မှန်း အခုမှ သိတယ်… 😀
နွယ်ပင်
January 17, 2012 at 12:32 pm
လက်ရေးမလှတာတွေ လူတွေသိကုန်ပါပြီ … 😛
နောက်တစ်ခါတွေ့ရင် လက်ရေးလှလှလေးနဲ့
ရေးဖို့ အခုတော့ အလုပ်မှာ လက်ရေးလှအောင်
“ဝ” လုံးအရေးကျင့်နေလို့ မအားဘူးဖြစ်နေတယ် ဟီး 😀
Moe Z
January 17, 2012 at 1:23 pm
မမနွယ်ပင်ရေ လက်ရေးလှကျင့်ဖို့စာအုပ်လေးတွေ ပို့ပေးရမလား 😛
Shwe Tike Soe
January 17, 2012 at 1:15 pm
ဘာမှန်းလဲမသိဘူးဗျ မအိတုံကြီးကလဲ ကျွန်တော်တောင်မရေးလိုက်ရဘူး.. အဟင့်
ကိုဂီအတွက်ရေးခိုင်းတာမှတ်ပြီးတော့ ထပ်မရေးဖြစ်တာ.. ဒီကလက်ရေးကအလှနော့ ဟိဟိ
awra-cho
January 17, 2012 at 3:44 pm
ဒို့ တွေက အေရိယာ ပြင်ပလေ၊ ငေးနေရုံပဲ။ နိုင်ခြံဂါး တော့မ ထင်ကျနဲ့။