“အလွမ်းည’’ ရဲ့ကုန်ဆုံချိန်
……………………………………..
ပုထုဇဉ်လူသားမှန်ရင်သံယောဇဉ်ကြီးတက်စမြဲဟူသောအဆိုသည်ငြင်းဆိုဖို့ရန်အလွန်ခက်သောစကား
ပင်ဖြစ်သည်။ မိမိနှင့်နီးစပ်ရာပတ်ဝန်းကျင်တွေမှာသံယောဇဉ်ရှိကြစမြဲပင်။
ကိုယ်တွယ်တာစရာ၊မက်မောစရာတွေကိုတွေးတောပြီးသံယောဇဉ်တွယ်တာနေခဲ့သည်။
လွမ်းဆွေးခြင်း၊အောက်မေ့ခြင်းတွေဟာပုထုဇဉ်လူသားတွေရဲ့
သာယာမှုဖျော်ဖြေရာစံရိပ်တစ်ခုဖြစ်ခဲ့ပေသည်။
နေ့စဉ်လုပ်နေကြသွားလာခဲ့သမျှတွေကိုအေးငြိမ်းသာယာတဲ့နေရာလေးတွေမှာ
လွမ်းဆွတ်ဖွယ်တွေးတောအောက်မေ့ခြင်းဟာပျော်စရာအလွန်ကောင်းလှပေသည်။
ယ္ခုလည်းကျွန်ုပ်တို့မမေ့နိုင်ဖွယ်ရာ ည လေးတစ်ညမွေးဖွားလာခဲ့ပေသည်။
လူတိုင်းလူတိုင်းမှာသူ့ဘဝလေးသူ မေ့ပျောက်ဖို့မလွယ်ကူသောအတိတ်ရဲ့အကြောင်းအရာလေးတွေ
ရှိနေခဲ့သည်မဟုတ်ပါလား။ ကျွန်ုပ်တို့ရဲ့”အလွမ်ည”
ကလေးမှာတော့ထိန်းလင်းတဲ့လမင်းကြီးအောက်မှာပျော်ရွှင်ဖွယ်
ကစားဖွယ်ကိုယ်စီဖြင့်ဆော့ကစားနေတဲ့
ကလေးသူငယ်တစ်သိုက်ပြေလွှားဆော့ကစားနေလေရဲ………..
“ညောင်ပင်တစ္ဆေ ဝေလေလေ
နင်ဘယ်ကိုင်းမှာနေ..
ညောင်ကိုင်းမှာနေ..။
နင်ဘာသီးစား…
ညောင်သီးစား….။
နင်ဘာရေသောက်…
ညောင်ရေသောက်…စသည်ဖြင့်
စီခနဲပွက်ခနဲကျွတ်ကျွတ်ထအောင်ဆော့ကစားနေတဲ့ကျွန်ုပ်တို့ကလေးသူငယ်
တစ်သိုက်ပျော်စရာချည်းဖြစ်နေခဲ့သည်။
ရေနွေးချမ်းခရားအလယ်မှာချပြီးဝိုင်းဖွဲ့နေတဲ့လူကြီးတွေရဲ့
ပုံရိပ်တစ်ခုဟာလည်းမေ့ပျောက်ဖို့ရာလွယ်ကူသောအရာမဟုတ်ပေ။
လွမ်းမောဖွယ်ညတွေဟာနာရီသံစည်းချက်တိုင်းနေ့စဉ်နှင့်အမျှတိုးပွားလာခဲ့ပေသည်။
အချိန်ဆိုသောအရာဟာလုပ်စရာမရှိသောအခါမှာ(သို့)ကိုယ်စိတ်မဝင်စားသောအရာတစ်ခု
လုပ်နေသောအခါတွေမှာကြာမြင့်သောအချိန်တစ်ခုလို့ထင်ရပေမဲ့၊ကိုယ်နှစ်သက်သောအခါတွေမှာ
တော့ကုန်မှန်းမသိကုန်ဆုံးခဲ့ပေသည်။ လူကြီးမိဘတွေရဲ့” ပြန်ကြရအောင်ကလေးတွေတော်ကြတော”့
ဆိုတဲ့သတိပေးစကားကြားရတော့မှအချိန်တွေရဲ့ကုန်ဆုံးမှုကိုသတိထားမိခဲ့ပေသည်။
ညတညရဲ့ခွဲခွာမှုကနောက်တစ်နေ့မှာမတွေ့တော့သူပမာတစ်ယောက်နဲ့တစ်ယောက်
ကျွန်ုပ်တို့နုတ်ဆက်ရတာလည်းလွမ်းမောဖွယ်”အလွမ်းည”တစ်ခုအဖြစ်ပါဝင်ခဲ့ပေသည်။
အော်……..အချိန်တွေရဲ့လည်ပတ်မှုတွေကြောင့်အလွမ်းညတွေရဲ့ကုန်ဆုံးမှုတွေကိုကျော်ဖြတ်ခဲ့ရပြီး…
ညောင်ပင်တစ္ဆေ..ဝေလေလေ..အစားဘဝရဲ့စာမျက်နှာတွေမှာအလှတရားတွေဖန်တီးဖို့အတွက်
အော်ကြ ဟစ်ကြနဲ့ ပွက်ပွက်ညံအသံတွေကကျွန်ုပ်တို့ရဲ့နားတွေဆီမှာနေရာဝင်နေကြပြီပေါ့..။
ထို့အတူကျွန်ုပ်တို့ရဲ့လူကြီးမိဘတွေဝိုင်မှာတော့ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊
စိုးရိမ်ခြင်းစသည်တွေရောင်ပြန်ဟက်မှုများစွာဖြင့်သားသမီးတွေရဲ့ရှေ့ရေး၊မိသားစုရဲ့ရှေ့ရေး၊
ကိုယ့်ဘဝရှေ့ရေးတွေအစားယူကာအတိတ်ရဲ့လွမ်းမောဖွယ်ရာ”အလွမ်းည”ကိုကျော်လွန်ခဲ့ကြရပြီပေါ့။
ဘဘဦးသုခရဲ့”ဘဝသံသရာ”သီချင်းစာသားထဲကလိုရှည်လျှားလှတဲ့သံသရာကြီးထဲမှာတစ်ယောက်
ဆင်းတစ်ယောက်တက်နဲ့ကျွန်ုပ်တို့ငယ်စဉ်အခါကပြန်ခါနီးနုတ်ဆက်တဲ့လွမ်းမောဖွယ်”အလွမ်းည”
လေးပမာတစ်ယောက်နဲ့တစ်ယောက်နုတ်ဆက်ကြတာလည်းအကုန်ဆုံးနိုင်အောင်ပါပဲ။
ကျွန်ုပ်တို့နုတ်ဆက်တာမရပ်သ၍သံယောဇဉ်အကုန်သေးသ၍လွမ်းမောဖွယ်”အလွမ်းည”တွေဟာ
လည်းကုန်ဆုံးသေးမည်မဟုတ်ပါ။ ထို့နောက်ကျွန်ုပ်တို့သားသမီးမျိုးဆက်တွေကလည်းကျွန်ုပ်တို့ရဲ့
“အလွမ်းည”လေးတွေကိုအမွေခံအဖြစ်ခံယူကြမှာမလွဲဧကန်ပင်။
ဒါကြောင့်ကျွန်ုပ်တို့”အလွမ်းည”
ရဲ့ကုန်ဆုံးချိန်ကိုတွေကိုသက်မှတ်ခြင့်ဖြင့်ဘဝသံသရာမှထွက်မြောက်ကြဖို့ရာလိုအပ်လှပါကြောင်း
ဆန္ဒပြုရေးသားလိုက်ရပါသည်…..။
ဇွဲမာန်(အင်းဝ)
Post Views: 156
3 comments
စိန်ပေါက်ပေါက်
January 18, 2012 at 10:09 am
အလွမ်းရဲ့ည မကုန်ဆုံးခင်လေး..
ရသလောက် ကဲသွားပါရစေဦးချင့်..
တစ်နေ ့ကလေးတင်စဉ်းစားနေတာ..
ဘဝ..အာမခံချက်မရှိ.
.ပြီးတော့..
တစ်နေ ့တစ်ခြား သင်္ချိုင်းကုန်းဆီပိုပိုနီးလာလို ့..
ချိတ်ညစ်ဒယ်..ချိတ်ညစ်ဒယ်..
windtalker
January 18, 2012 at 12:35 pm
စစ်စစ်ပေါက်ပေါက်တွေးကြည့်မယ် ဆိုရင် အားလုံးဟာ လွမ်းစရာတွေချည်းပါဘဲ
ဟူး….ငယ်ရည်းစားလေးကိုတောင် သတိရမိသွားဘီဗျာ… ရွှတ်
ကိုပေါက်(မန္တလေး)
January 18, 2012 at 1:24 pm
ဒီပိုစ်ဖတ်တော့ ကောင်းဘွိုင်ကြီးရဲ့
တို့ငယ်ငယ်တုန်းအရွယ် ရောင်ပေစူးလေးတွေနဲ့ရယ် ပုဆိုးကို စလွယ်သိုင်းရွာဝိုင်းပါတ်လည်
ပြေးလွှားဆော့ကစားတယ်……………………….ဆိုတဲ့သီချင်းလေးကို ပြန်သတိရမိပါကြောင်း
ကဗျာဆရာကောင်းတွေထွက်တဲ့အင်းဝက ဇွဲမာန်ရေ……………………