Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရောက်တတ်ရာရာဟာသ( လက်တိုလက်ရှည်)

htet wayJanuary 19, 20121min45915

နှင်းဆီ ပင်သည် အရွက် အခက်တို့က တွန့်လိမ်၍ ကြည့်မကောင်း အရွက် မလှရသည့် ကြားထဲ ဆူးတွေကရှိနေသေးသည်။ ဆူးဆိုသည်မှာအနက်အရ ချွှန်ထက်သော သဘောဆောင်သော်လည်း ဥပစာအနက်အရ
ရက်စက်တတ်သော၊ နာကျင်စေတတ်သောဟု အနက်ရှိလေသည်။ကျွှန်တော်ဆိုလိုချင်သည်မှာ ကျွန်တော်ချစ်သူလေးမှာ နှင်းဆီပန်းကဲ့ သို့ လှပပြီး ကျွန်တော်သည်ကား နှင်းဆီပင်၏အရွက်ကဲ့ သို့ ရုပ်ဆိုးလှပါသည်။
လောက၌ ဆန့်ကျင်ဘက်တို့ဖြင့်ဖွဲ့ စည်းထားသော်လည်း ဆန့်ကျင်ဘက်ခြင်းညီညွတ်တတ်သည်များလည်းရှိပါသည်။
ချစ်သူသည် ဆံပင်ရှည် ရှည် အသားဖြူဖွေးသောအဆင်းလှသော ရူပကာရှိသည်။ လူမျိုးကို ပြောရလျှင် ပန်းသေးတရုတ်မလေးဖြစ်ပါသည်။တခါတရံ လူပုံ အလယ်တွဲသွားရလျျှင် ကျွန်တော်မှာ လှပသောချစ်သူလေးဖြင့် လမ်းတွဲလျှောက်ရသည်ကို ဂုဏ်ယူရမည့် အစားကြောက်နေခဲ့ မိပါသည်။ အဘယ့်ကြောင့်ဆိုသော် လူများ၏အကြည့်ဒဏ်ကို ခံရလွန်း၍ဖြစ်ပါသည်။တစ်ချို့က အံကြိတ်ကြသည်၊ တစ်ချို့က လက်သီးဆုပ်ပြီး တောက် ခေါက်ကြသည်။
တစ်ချို့က ပါးစပ်ဟောင်းသားဖြင့် အံဩနေကြသည်။ ဒီကောင်မလေးနှယ် ဒီလို မည်းမည်းသည်းသည်းကြီးကို ဘယ်နှာကြောင့် ကြိုက်ရသနည်း ဟု မေးချင်ကြလိမ့်မည်။
တကယ်တန္တု ကျွန်တော်သည်မည်းခြင်းမဟုတ် နန်းထက်ကဖွားသော လူညို ထွားသားဖြစ်မည်ထင်ပါသည်။ ချစ်သူလေးကို အမည်နှင့်တကွ ဖေါ်ပြပါဆိုလျှင်..မြတ်ကြည်သာပင်ဖြစါပါသည်။ ဆရာကြီးမင်းသိင်္ခ နာမည်ပေးထား၍ ထင်
ကျွန်တော်ကဲ့ သို့ သဘောမနောကောင်းသူနှင့်ဆုံတွေ့ခဲ့ ရခြင်းပင် နာမည်စွမ်းအားဖြစ်မည်ထင်ပါသည်။တရုတ်သွေးပါသည့်အတွက် အသားဖြူလွန်းပါသည်။ပုံပမာခိုင်း၍ပြောရပါလျှင် ရေခဲတိုက်ထဲက ထုတ်လာသော လူကဲ့ သို့ ဆွတ်ဆွတ်ဖြူပါသည်။ဤ အသားအရောင်ကိစ္စပင် ကျွန်တော်အတွက် စိတ်ပျက်စရာများဖြစ်ခဲ့ ရလေသည်။
အခါတစ်ပါး၍ ကားပေါ်တွင် နှစ်ကိုယ်ယှဉ်တွဲ၍ စီးနင်းလိုက်ပါလာခဲ့ ရာ နောက်ခုံ၍ထိုင်နေသော အမျိုးသမီးကြီးက တဟင်းဟင်းဖြင့် နတ်ပူးသလို ဖြစ်နေခဲ့ ရာ အဘယ့်ကြောင့်နည်းဟု လေ့လာသော် ချစ်သူကို မကျေနပ်ခြင်း၊နှမျောခြင်းကြောင့် ဖြစ်ရသည်တဲ့..။
တစ်ခါကလည်း ကန်တော်ကြီး ၌လမ်းလျှောက်ကြရာ လူငယ်တစ်ယောက်က ကြီးကန်က ဘဲဥ ချီလာသည်ဟု ပြောင်ပြောင်တင်းတင်းပြောကာ မကျေနပ်ချက်ကို ရင်ဖွင့်ခဲ့ပါသည်။လူစည်ကားရာ အရပ်ကို မသွားရဲလိုတော့ ၊
အခါတပါး၌ ညနေရီတွင် လမ်းလျှောက် ထွက်ရာဒုတ်ကိုင်ထားသော လူငယ် လေးယောက်က နောက်ကလိုက်လာခဲ့ပါသည်။ ကျွန်တော်က ချစ်သူလေးရေ အခြေအနေမကောင်းဘူးဟု ဆိုရာတွင် မောင်ကလည်း နွားကျောင်းသားတွေနေမှာပါဟု ပြန်ပြောခဲ့ သေး၏။သို့သော် ..ထို့နေ့က အသားဖြူဖြူ ကောင်းမလေးတစ်ယောက်ကို ရုပ်ကြမ်းကြီးနှင့်လူတစ်ယေက်က တို့ဆေးဖြင့်ခေါ်သွားသည်ဟူသော သတင်း ရပ်ကွက်
ထဲ၌ ထွက်ခဲ့ လေသည်။ခက်ပါလေစွ။
တခါကလည်း အမျိုးသမီးတစ်ယောက်က ညီမလေးရယ် ဒီလို အသားမည်းမည်းကြီးကို ဘာလို့ကြိုက်တာလဲ မိန်းမချင်းမို့ ပြောတာပါ ညီမလေးရုပ်ရည်နဲ့ မလိုက်ပါဘူးဟု ချစ်သူကို ပြောရလောက်အောင် ဖြစ်ခဲ့ ဖူးသည်။
ထိုမှ စ၍ ကျွန်တော်သည် ချစ်သူနှင့်တွေ့ရမှာ ကြောက်ခဲ့ရပါသည်။လေကလေးချွန်လို့ လက်ကလေးချိတ်လျှောက်ချင်သော်လည်း ဖြစ်ပေါ်လာသော စိတ်ကို လျှော့ချခဲ့ ရပါသည်။
သို့သော် တရုတ်မလေး တစ်ယေက်၏ချစ်သူဖြစ်ခဲ့ ရသောကျွန်တော်ကို သချာင်္ တင်အောင်စိုးဆိုသော သူငယ်ချင်းကတော့ အထင်ကြီးလေးစားခဲ့ပါသည်။ ဤမှစ၍ လက်တိုလက်ရှည်ဟူသော ဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်ခဲ့ ရပါသည်။
(လက်တိုလက်ရှည်)
ပုသိမ်မြို့ ဈေးရှေ့လက်ဖက်ရည်ဆိုင်တွင် တင်အာင်စိုးနှင့် တွေ့စဉ် သူ၏ရင်တွင်း စကားတစ်ချို့ ကြားခဲ့ ရသည်။တင်အောင်စိုးကားပုသိမ်တက္ကသိုလ်က တရုတ်မလေးတစ်ယောက်ကို စိတ်ဝင်စားနေခဲ့ သည်။ တင်အောင်စိုးကားကရင်လူမျိုး လက်ဝှေ့ရေးကျွမ်းကျင် သူ ဖြစ်သည်။ဗလကောင်း၏။အလေးမ ကျင့်စဉ်ကြောင့်
ဗလက ြကြည့်ကောင်းလှသည်။သူမကျေနပ်လျှင် လက်သီးနှင့်ပဲဖြေရှင်းတတ်သူက အခုတော့ နှလုံးသားရေးရာကိုဖွင့်ဟနေသည်။
သူငယ်ချင်းရယ် .. ငါ့ချစ်သူလေးက တရုတ်မလေးမို့ မင်းကိုပြောပြရတာ မင်းက တရုတ်လူမျိုးတွေနဲ့ လည်းခင်၊ဒီအပြင် တရုတ်သွေးစပ်ထားတဲ့ ချစ်သူလေး
တစ်ယောက်လည်းရထားတော့ ငါက ဆရာတင်ပါတယ်။
“ တစ်ဘဝလုံးအတွက်ချစ်တာနော် သူနဲ့ ဝေးရင်ငါသေရလိမ့်မယ် သူငယ်ချင်း”
ထိုနေ့က တင်အောင်စိုး စကားတွေကို အလေးအနက် ထားပြီးနားထောင်ခဲ့ပါသည်။တင်အောင်စိုးကား အဖေ ကရင် အမေ ကရင် ဖြစ်သော ကရင်လူမျိုးစစ်စစ်ပါပေ။
သူ၏ ချစ်သူလေးကားကရင်ကို တရုတ်လူမျိုးမှတ်ထင်နေသည်။နှစ်ကူးလုပ်သလား မေး၏၊ တင်အောင်စိုးက ခပ်တည်တည်ပင် အဖေတို့ကတော့လုပ်တာပဲ ..ဟု
ပေါ့ပေါ့တန်တန်ပြောခဲ့သည်။
ကောင်မလေးကားသူ့ကို တရုတ်အမျိုးသားထင်မှတ်ပြီး တရုတ်ရိုးရာကိစ္စတွေ ပြောသည်။ဘုရားတရားကိစ္စတွေ ပြောတော့ တင်အောင်စိုးအခက်တွေ့ရသည်။
တစ်နေ့တင်အောင်စိုး ကျွန်တော်ဆီရောက်လာပြီး ရေးကြီးသုတ်ပြာမေးသည်။“ ဟေ့သူငယ်ချင်း ငါ့ကို ကောင်မလေးကမေးနေတယ်ကွ”
“ တရုတ်ဆို ဘာအမျိုးလည်းဒီနေ့ဖြေရမယ် ပြောပါကုံး ကွာ”ဟု အားကိုး တကြီး မေးလ၏။ ကျွန်တော်ကားတရုတ်အကြောင်း နားကန်းတစ်လုံးမှ မသိ။သို့သော် ဆရာလုပ်တတ်သော အကျင့် ကမနေ “အေးကွာ လူတိုင်းဟာ အမျိုးတူတာကို ကြိုက်သကွ သူ့ကို မင်းက အရင်မေးလိုက် လက်တို ဆိုရင် လိုက်ပြီးလက်တိုလိုက်
လက်ရှည်ဆိုရင်လည်း လက်ရှည်လိုက်ပေါ့ကွာ” အေး တရုတ်မှာ စင့်စော၊ စင့်ဂေါ် ဆိုတာရှိတယ် မင်းကောင်မလေးက စင့်စောဆို မင်းလည်းစင့်စောလိုက်ကွာ ”
ဟု ဆရာလုပ်သင်ပေးလိုက်မိသည်။
အနိ္ဒယလူမျိုးသွေးနှောသူများ၊ပါကစ်စတန်သွေးနှောသူများက အမျိုးတူချင်းသာ ကြိုက်ကြသည်။ကျွန်တော် အကြံပေးချက်ကား အောင်မြင်ရချိမ့်မည်။
နောက်နေ့ တင်အောင်စိုးရောက်လာသည်၊နှာခေါင်းတွေနီလာသည်၊နဂိုကုန်းသော လက်ပြင်က ပိုကုန်းလာသည်။လက်သီးကို တင်းတင်းဆုပ်လာ၏
သေရောကွာ..ကောင်မလေးကမေးတယ်ကွ အကို ကဘာအမျိုးလည်းဆိုတော့ ရှောင်မေ့ က ဘာအမျိုးလည်းလိုမေးလိုက်တယ်“့ စင့်စော”တဲ့
အဲ့ဒီတော့ငါကလည်းစင့်စောပေါ့ အဲ့ ဒီမှာကောင်မလေးက မျက်ရည်တွေကျပြီ မောင်နှမတွေပဲ မောင်နှမလိုနေကြတာပေါ့တဲ့…။မင်း မကောင်းတာလေ”
ကျွန်တော်ကို စားတတ်ဝါးတော့မတတ်ကြည့်နေတဲ့ တင်အောင်မိုးကို မျက်နှာချင်းမဆိုင်ဝံ့တော့။မင်းကွာ တရုတ်တွေက အမျိုးတူရင် မယူရဘူးကွ မောင်နှမလို
နေရတယ်။ဒါတောင်မင်းမသိဘူးလား ဘာကောင်းလဲကွာ …..။ဟင်း မင်းနော်……
တင်အောင်စိုးကား ကြေကွဲနေလေ၏။ကျွန်တော်မှာသာ….။အင်း ဒီကိစ္စကို ဆရာအီကြာကွေးကို မေးထားရင် ကောင်းလေစွလေ။

15 comments

  • thit min

    January 19, 2012 at 5:22 pm

    ဖြစ်ရပ်မှန်———————
    လူနာမည်ကျင်စွိ အလွန်အသားမည်းသော သူငယ်ချင်းတယောက်ရှိပါ၏။
    သူကြိုက်သောကောင်မလေးကား တရုတ်ခေါက်ဆွဲဆိုင်ပိုင်ရှင်သမီးဖြစ်၍ ရုပ်ရှင်မင်းသမီး
    စိုးပြည့်သဇင်လိုမျက်နှာမျိုးလေးနှင့်ပါ။
    ဈေးသွားရင်လိုက်ပြော၊ ဟိုကချောင်း ဒီကချောင်းနှင့် နောက်ဆုံး ဆိုင်ကိုနေ့တိုင်းသွား၍
    ညစာစားပါသည်။
    တရုတ်အစစ်ဖြစ်သောကိုကျင်စွိကဝက်သားကိုအသားကုန်ဆွဲသည်ကိုကောင်မလေးက
    “ဒီကုလား ငါ့ကိုချစ်ရှာလွန်းလို့ ဝက်သားတွေတောင်စားရှာတယ်” ဟုထင်ပြီး ချစ်သည်အဖြေ
    ပေးကာ သမီးရည်းစားဖြစ်ကြလေကုန်သတည်း။

  • htet way

    January 19, 2012 at 5:38 pm

    ကောင်းတယ်ဗျာ ဆရာသစ်မင်းရေ
    ကျွန်တော်ကတော့ ကံကောင်းတာက စားစရာမလိုပဲကို ရလိုက်တာပါ
    ဒီတစ်ခါ ကံဆုံတာက လည်းတရုတ်ပါပဲ
    ကိုယ်က ဘယ်လောက်ပဲသေချာနေပါစေ ကံကြမ္မာကရှိနေသေးတော့
    မမြဲတရားသာ မြဲတဲ့ လောကမှာ အသေအချာတော့ ပြောမရပါဘူး။
    အင်း ကံ တရားက ကျွန်တော်ဘက်ပါနေတယ်ဗျာ။အခုတရုတ်မလေးက
    သက်သတ်လွတ်ဝါဒီလေးဗျ။မဟုတ်လို့ကတော့ ကျွန်တော်ကိုဆွဲခိုင်းရင်
    ကိုကျင်စွိလို့ မဖြစ်ပဲ …ကျွန်တော် ………..။အသည်းကွဲသွားနိုင်ပါတယ်။

  • water-melon

    January 19, 2012 at 5:51 pm

    ပန်းသေးက တရုုတ်နဲ့ကုလားစပ်တာမလား
    တစ်ချို့က ပန်းသေးကိုမယူကြဘူး
    ဘာလို့လဲလို့ မသိ
    ရှမ်းတရုတ်မလေး တစ်ယောက်လောက်တော့ လိုချင်ပါကြောင်း :mrgreen:

  • ဦးဦးပါလေရာ

    January 19, 2012 at 6:44 pm

    ဒီနေ့ကတော့ ထူးထူးခြားခြား ပိုစ့်တပုဒ်ဖတ်ရင်း
    ဟာသဝတ္ထု နှစ်ပုဒ် တပြိုင်နက်ဖတ်ရပါတယ်
    ကိုထက်ဝေး နဲ့ ကိုသစ်မင်းရေ….. 😀 😀

  • manawphyulay

    January 19, 2012 at 7:36 pm

    အင်း ဒါဆို ဦးဦးထက်ဝေး ကောင်မလေးနဲ့ ဦးဦးထက်ဝေးက စင့်စောလား အဟိ…
    အင်း သင်တန်းထဲကလည်း တရုတ်ကောင်လေးနဲ့ ကုလားမလေးနဲ့ တွဲမိသွားတာ ထူးဆန်းနေသလိုတော့ အရင်က ဖြစ်ဖူးတယ် ခုတော့ မဖြစ်တော့ပါဘူးလေ။

  • ဟီး ကောင်းပါ၏ဗျား။
    အနော်မှာလဲ ချစ်သူကောင်မလေးက တရုတ်ဆိုတော့ ခက်နေတာက
    သူတို ့တရုတ်တွေက ကျနော်တို ့လို တိုင်းရင်းသားတွေအတွက်တော့
    မိဘတွေကသဘောမကျလောက်ဘူးထင်တယ်။ဒါပေမယ့် သူကတော့
    ဘာမှ မပြောရှာသေးဘူး။ကျနော်လဲ သူနဲ ့ဝေးရမှာကြောက်နေတယ်ဗျာ။

  • htet way

    January 19, 2012 at 8:45 pm

    တူမလေးမနောရေ……ဦးဦးကစင့်ရန်ပါကွာ တခါမှ မတည့်တဲ့ ရန်ဘက်ဖြစ်နေလို့
    စစ်ဘက်ရန်ဘက်ပါကွယ်။အခုဆို သူကြိုက်တဲ့ ဟင်းသူချက် ကိုယ်ကြိုက်တာကိုယ်ချက်နဲ့
    တကယ်ကို စစ်ဖြစ်နေပါတယ်ကလေးမလေးရယ်။
    နာဂရချစ်သူ ရေ…
    ဝေးရမှာကြေက်တယ်လား တကယ်တော့ ဝေးတာကပိုကောင်းမယ်ထင်ပါတယ်အကို ဆို
    အခု ဝေးဝေးကသာ လွမ်းနေပါတယ်။
    ပန်းသေးက ကုလားစပ်မဟုတ်ပါဘူးဗျာ။တရုတ်ပါပဲ ဘာသာသာ အစ္စလာမ်ဘာသာပါ
    အခုတော့ ဝေးသွားပါပြီဗျာ။ တပွင့်ကြွေ တစ်ပွင့်သစ် ပန်းပွင့်လိုနှလုံးသားလေးမဖြစ်ချင်ပဲ
    ဖြစ်နေရပါတယ်။ဟဲ.ဟဲ .။ရှမ်းတရုတ်လိုချင်ရင် အကို ဆီကိုနည်းလမ်းတောင်းသင့်တယ်နော်
    water-melonရေ။

  • water-melon

    January 19, 2012 at 9:27 pm

    ကိုထက်ဝေရေ ရှမ်းတရုတ်မလိုချင်ရင် မူဆယ်သာသွား
    ကိုယ်တွေ့ကိုယ်တွေ့ တော်ကီ တောင်မလိုဘူး
    တရုတ်တွေက များသောအားဖြင့် လူတို့လူမျိုးဘဲယူတာများတယ်
    ကျနော်တို့လို လူကိုတော့စိတ်မဝင်စားလောက်ပါဘူး
    အကြောင်းအမျိုးမျိုးကြောင့် ညှိသွားရင်တော့ မသိဘူး 😀

  • amatmin

    January 20, 2012 at 10:01 am

    ကိုရင်ထက်ဝေး အင်မတန်ကံကောင်းပါသည်ဟု ဝင်အားကျရင်း..
    ကိုကင်းစကားကို ဝင်ဖြည့်ပေးရရင်တော့..
    တရုတ်မတွေကလေ..တရုတ်ချင်းတူရင်တောင်မှ ဒေါင်ဒေါင်မြည်တရုတ်စစ်စစ်မှနော်…
    ကျနော်လည်းတရုတ်မလေးတယောက်ကိုကြိုက်မိပါတယ်..တရုတ်မစစ်လို့ဆိုပြီး အကို၅ယောက်ဝင်နှောက်လိုက်တာ
    လူပျိုဂျီးဖြစ်ရတာဖြစ်ကျန်ခဲ့တာ ကိုယ်တွေ့ပါပဲ.. 🙁

    တရုတ်သွေးတဝက်လောင်း ထားတဲ့အမတ်လောင်း 🙂

  • weiwei

    January 20, 2012 at 1:36 pm

    တရုတ်မျိုးရိုးနဲ့ပတ်သက်ပြီး သိသလောက်နဲနဲရွှီးလိုက်အုန်းမယ် …
    စင့်စော ဆိုတဲ့ တကယ့်အဓိပါယ်က စင့်ဆိုတာ မျိုးရိုး (အများဆိုင်နာမ်ပေါ့) တရုတ်သံအစစ်ကတော့ ရှင့် ပါ .. စော ဆိုတာကမှ လူမျိုးနံမည် … တရုတ်စာလုံးတစ်လုံးပေါ့ … ဘာမျိုးလဲလို့မေးလာရင် ရှင့်တန် … ရှင့်စွမ် စသဖြင့် ပြောကြပါတယ် …
    မျိုးရိုးစာလုံးတူနေရင် ဆွေမျိုးရင်းတယ်လို့ သတ်မှတ်ပြီး မယူကြပေမယ့် ဇာတိတွေက တစ်နယ်ထဲ မဟုတ်ရင် ယူလို့ရပါတယ် … မန္တလေးက စင့်စော နဲ့ ရန်ကုန်က စင့်စော ယူလို့ရတယ်ဆိုတဲ့ သဘောပေါ့ …

    တရုတ်ပြည်မဘက်မှ ပန်းသေးတွေကို အထင်သေးကြပါတယ် …. တရုတ်လိုအသားဖြူပြီး မျက်နှာပေါက်က ကုလားဆင်ဖြစ်ပြီး မူလဆင်ဘာသာကို ကိုးကွယ်ကြတယ် … ဦးထုပ်ကလေးတွေအမြဲဆောင်းထားတဲ့ ပန်းသေးတွေက ပန်းသေးခေါက်ဆွဲဆိုင်တွေဖွင့်လေ့ရှိတယ် … တရုတ်ပြည်က ပန်းသေးခေါက်ဆွဲနှင့် မြန်မာပြည်က ပန်းသေးခေါက်ဆွဲ လုံးဝမတူပါ …

    လက်တိုနဲ့လက်ရှည်မှာလဲ လက်ရှည်က ပိုပြီးမျိုးရိုးကောင်းတယ်လို့ ယူဆကြပါသေးတယ် ..

  • awra-cho

    January 20, 2012 at 3:09 pm

    အ နော်လဲ ပန်းသေး ပါဂျာ။ အားငယ်တယ် ဂျာ၊ ခေါက်ဆွဲရောင်းမကောင်း ရို့ ပါ ဂျာ၊

  • nature

    January 20, 2012 at 3:54 pm

    ရှေ့နေငှားကာမှ ထောင်လုံးလုံးကျတဲ့ကိန်းပဲ ဆရာထက်ရေ။
    ဒါများ လွယ်လွယ်လေးပဲ လက်ဇကလို့ပြောလိုက်ရင် ကိစ္စပြတ်ကရော။ 🙂

  • htet way

    January 20, 2012 at 7:56 pm

    ထိုးဇာတ်တစ်ခုပါ မဝေဝေ
    တကယ်တော့ တရုတ်မလေးက စိတ်ကူးထဲက တရုတ်မလေးပါ
    တရုတ်အကြောင်း ကျျွန်တော် ဘာမျှမသိသူမို့ ခွင့်လွှတ်ပေးပါ။
    တကယ်တော့ ကျွန်တော်ဟာ ဟာသလေးတွေကို မဖြစ်ညစ်ကျယ်ရေးနေသူပါ
    ဒါပေမယ့် ကျွန်တော် တရုတ်စကားတော့ သင်ချင်ပါသေးတယ်။
    အခုလိုသိအောင်ရှင်းပြပေးတာ တကယ့်ကို ကျေးဇူးတင်ပါတယ်။
    ကိုနေချားရေ နောက်ဆို လက်ဇက လို့ ပြောမယ်ဗျာ ခင်ဗျားသင်ပေးတာနော်။
    အကိုလေးရေ ရှမ်းတရုတ်မလည်းမလိုချင်ပါဘူးဗျာ။ကျွန်တော်ပြောရင်ခင်ဗျားယုံမယ်
    မထင်ဘူး အချစ်ဆိုတာတွေ အိမ်ထောင်ရေးတွေ ကျွန်တော်စိတ်မဝင်စားပါဘူး
    အနုပညာဖန်တီးမူအနေနဲ့ သာရေးနေ အငှားခံစားနေတာပါ။တခါတလေ ကိုယ့်ကို ကိုယ်
    စိတ်နောက်နေသူလို့သာခံယူထားပါကြောင်း။

  • ဆူး

    January 24, 2012 at 1:44 pm

    မဝေ ပြောတဲ့ တရုတ် စာလုံး ကိစ္စ ဆက်ပေးလိုက်အုန်းမယ်။
    စင့်စော.. ရှင့်စူး ဖြစ်လိမ့်မယ်။
    အဲလို ထွက်ပါတယ်။

    ကိုထက်ဝေး အဖြူအမဲ မောင်နှမ တော်လိုက်ပေါ့။

Leave a Reply