ယနေ့ည ၁၂ နာရီကျော်ခန့်က
ယနေ့ည ၁၂ကျော်ခန့်က ရန်ကုန်မြို့ အလုံဆင်မင်းဈေးမှတ်တိုင် အောက်ကြည်မြင်တိုင်လမ်းမကြီးပေါ်ရှိ CCG contruction မှဆောက်လုပ်သော မြကန်သာစားသောက်ဆိုင်ဘေးရှိ ၈ထပ်တိုက်မှာ အောက်ဘက်သို့မြေနိမ့်ဆင်းသွားတဲ့အတွက် နေအိမ်မှလူများရွှေ့ပြောင်းပေးခဲ့ရပါသည်။ တာဝန်ရှိသူများ မီးမောင်းများထိုးပြီးစောင့်ကြည့်နေခဲ့ရသည်။
17 comments
Khin Latt
January 20, 2012 at 6:40 am
ဒီအတိုင်း ဘဲ ရှိသေးလား။ ပြိုမသွား ရင်တောင် ဖြိုပြစ် ရမှာပါဘဲ။
ဒီလိုမျိုး တွေ အများကြီး ထပ်ဖြစ် လာနိုင်သလားပါဘဲ။
သတင်း ဓာတ်ပုံ အတွက် ကျေးဇူးပါ ချစ်ရင်ထူး ရေ။
မှော်ဆရာသိန်း
January 20, 2012 at 8:22 am
သတင်းဦး ၊ သတင်းထူးပါပဲ
ကျေးကျေးပါ ..။
MaMa
January 20, 2012 at 8:38 am
သတင်းဦး သတင်းထူးပါပဲ။ ဓာတ်ပုံနှင့်တကွ တင်ပေးနိုင်တာ ချီးကျူးစရာပါ။ အဲဒါကြောင့် မနက်က ဖြတ်လာတုန်းက အဲဒီနားမှာ လမ်းပိတ်ထားတာကိုး။
fatty
January 20, 2012 at 9:29 am
သတင်းထူးတပုဒ်ပါဘဲဗျို့ ချီးကျုးပါတယ်။
eipu
January 20, 2012 at 9:54 am
သတင်းထူးပါဘဲ
စုံ စုံ
January 20, 2012 at 10:22 am
ဒီတိုက်ကြီးဆိုရင်တော့နှမြောစရာကြီးဘဲနော်
ဒီတိုက်ကိုအရမ်းအဘောကျတာ တိုက်ခန်းက
ကျယ်လဲကျယ်တယ် အနောက်လဲအရမ်းရှည်တယ်
လမ်းမတန်းလဲဖြစ်လို့စိတ်ဝင်စားနေတာ
ခုတော့ ခုတော့
နွယ်ပင်
January 20, 2012 at 10:24 am
ဓာတ်ပုံနှင့်တကွ အခုလို သတင်းဦးလေး တင်ပေးတာ ကျေးဇူးပါ ………..
Khin Kha
January 20, 2012 at 10:42 am
အဲဒါကန်ထရိုက်နဲ့ဆောက်တာလား။ ဒါဆို-
တိုက်ဆောက်တုန်းက စနစ်မကျခဲ့တာလား၊
စနစ်မကျအောင် တိုက်ဆောက်ခဲ့တာလား။
စိန်ပေါက်ပေါက်
January 20, 2012 at 10:56 am
တော်သေးတာပေါ့ ပြိုကျပြီး လူတွေဘာမှမဖြစ်တာ..
သတင်းအတွက် ကျေးဇူးအထူးရှယ်..
လူတွေတော့ဘုံပျောက်လို ့.စိတ်မကောင်း
manawphyulay
January 20, 2012 at 11:25 am
ခုကော ဘယ်လိုဖြစ်နေသေးလဲ မြေကျွံသွားရင်တော့ မတွေးဝံ့စရာပဲနော်။ တော်တော်ကို ခိုင်ခံ့တဲ့ဖောင်ဒေးရှင်းပဲဖြစ်မယ်။ ကြောက်စရာကြီး ညရေးညတာ ဘယ်လိုနေကြမလဲ…
kyeemite
January 20, 2012 at 11:27 am
သတင်းထူးတပုဒ်ပါဘဲဗျို့ ချီးကျုးပါတယ်။
Khin Kha says:
အဲဒါကန်ထရိုက်နဲ့ဆောက်တာလား။ ဒါဆို-
တိုက်ဆောက်တုန်းက စနစ်မကျခဲ့တာလား၊
စနစ်မကျအောင် တိုက်ဆောက်ခဲ့တာလား။
ဟုတ်တယ်..ကျွန်တော်တွေ့နေသလောက်ကတော့..ကန်ထရိုက်တိုက်တော်တော်များများ..
အင်ဂျင်နီယာကြီးကြပ်တာမရှိဘူး..ပန်းရံဆရာနဲ့လက်သမားဆရာတွေဦးစီးပီးဆောက်တာဘဲ..
ကန်ထရိုက်ဆိုတာလဲ အင်ဂျင်နီယာ တော်တော်ရှားပါတယ်..အဆိုးဆုံးက မြေအမျိုးအစားကိုမစမ်း
တာဘဲ..ထဲ့တဲ့ သံချောင်းကလဲ စည်ပင်တင်ဘို့ဆွဲတဲ့ အင်ဂျင်နီယာတွက်ထားတဲ့အတိုင်းဟုတ်မဟုတ်
ဘယ်သူ့မှမသိဘူး..စစ်မဲ့လူမှမရှိတာ..
အတိသဉ္ဇာ နာဂရ ချစ်သူ
January 20, 2012 at 11:40 am
ကိုကြီးမိုက်ပြော သလိုစစ်ဆေးမယ့်သူများကလဲ ငွေပေးရင်
မျက်စိမှိတ် လက်မှတ်ထိုးနေတာက အကျင့်ပါနေသလားလို ့။
bluerose
January 20, 2012 at 12:03 pm
ကန်ထရိုက်တွေမှာနေရမှာတောင်ကြောက်လာပြီနော်
နိမ့်ဆင်းရုံမို့လို့တော်သေးတာပေါ့ရှောင်ချိန်ရလိုက်သေးတယ်
လုံးဝကျွံဝင်သွားရင်တော့မတွေးရဲစရာပဲနော်
ခုလိုသတင်းထူးလေးကိုတင်ပေးလို့ကျေးဇူးတင်ပါတယ်
ကန်ထရိုက်တိုက်များဆောက်ရင်စစ်ဆေးတာကိုတင်းကျပ်သင့်တယ်လို့ထင်ပါတယ်
ပေးတာယူနေရင်တော့ဒီလိုမျိုးတွေပဲထပ်ဖြစ်နေအုံးမှာပဲ
chityimhtoo
January 20, 2012 at 1:36 pm
ကျွန်တော်တို့အရင်မီးလောင်တုန်းကပေါက်ကွဲမှူ့ဖြစ်ပြီး မြေကြီးတွေတုန်ခါသွားတဲ့ဒါဏ်တွေခုမှခံရတာလား
မသိပါဘူး။တည့်တည့်ကိုပြိုကျရင်ကိစ္စမရှိဘူး ဘေးကိုလဲကျရင် ဘေးကအိမ်တွေထိမှာစိုးရိမ်ရတယ်။
TTNU
January 20, 2012 at 2:32 pm
ချစ်ရင်ထူးရေ
တီချာသတိထားမိနေတယ်။
သတင်းထူးတွေ တော်တော်စောစောတင်တာ မောင်ရင် တော်လိုက်တာ။
ဒီသတင်း ဘယ်မှာမှမဖတ်ရသေးဘူး။ ကျေးဇူးတင်ပါသည်နော်။
etone
January 20, 2012 at 3:44 pm
ကိုချစ်ရင်ထူးရေ … ဓါတ်ပုံနဲ့တကွတင်ပြပေးတာ ကျေးဇူးပါနော့ …
မနေ့က ညဘက် ဆယ်နာရီခွဲကျော်ခန့်မှာ အိမ်က ဂျာနယ်လစ်ကြီး ကင်မရာတလုံးနဲ့ လစ်ခနဲပျောက်သွားလိုက်တာ …. ။ အတင်းမေးမှ … ဖုန်းဝင်လာလို့တဲ့ .. တိုက်ကြီးစောင်းသွားတယ်ကြားတယ် သတင်းသွားယူမလို့ဆိုပဲ … ။ ကျွန်မလည်း အားကိုးတကြီးနဲ့ … ဒီကင်မရာလေးပါယူပြီး ရိုက်ခဲ့ပါဟယ် … ရွာထဲကလူတွေကို ပြန်ပြပေးမလို့ပါဆိုတာကို … စိတ်ပုတ်စွာနဲ့ .. ကင်မရာနှစ်လုံးကိုင်ထားလျှင် ဘယ်လို ရိုက်လို့ အားရပါ့မလဲ ….သတင်းလိုချင်လျှင် သတင်းလိုက်တဲ့… ကိုယ်တိုင်လည်း သတင်းလိုက်တာမဟုတ်ပဲနဲ့… ရိုက်မလာဘူးဆိုပြီး .. လစ်သွားလို့ … ကျွန်မဖြင့်အိမ်မှာပွစိပွစိ မေတ္တာပို့ပြီး ကျန်ခဲ့ရပါတယ် … ။
အိမ်နဲ့လည်း သိပ်မဝေးတော့ လိုက်သွားချင်ပေမယ့် … ညတိုင်း 11ခွဲကနေ 12နာရီအတွင်းအိပ်တတ်တဲ့ အကျင့်ပျက်မှာ စိုးလို့ … လိုက်မသွားဖြစ်ခဲ့ဘူး … ။
etone
January 20, 2012 at 4:00 pm
ဒီသတင်းလေးကြားကြားချင်း ခေါင်းကြီးသွားခဲ့ပါတယ် ….. ။ တိုက်ပြိုတယ်ဆိုတော့ … ကန်ထရိုက်ကပဲ စားတာလား ဆိုတဲ့ အတွေးကတော့ ပထမဆုံးဝင်မိသွားတယ် … နောက်တစ်ခါ .. အရမ်းများ အိုဟောင်းနေလို့လားဆိုတာမျိုးလည်း တွေးမိတယ် … ( တခြားမီဒီယာတွေမှာရေးထားတာ 2007လောက်ကမှ ဆောက်တဲ့ တိုက်သစ်ပါတဲ့လေ … ) … ထင်တာကတော့ … ရန်ကုန်တမြို့လုံး တုန်ဟီးသွားစေတဲ့ … မင်္ဂလာတောင်ညွှန့်က ပေါက်ကွဲမှုကြီးရဲ့ အကျိုးဆက်လည်းပါမယ်လို့တော့ ထင်မိပါတယ် … ။