Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သဘာဝ ပန်းချီ

ေမွာ္ဆရာJanuary 24, 20121min97230

မမြရေလှောင်တမံကို ဓါတ်ပုံကိစ္စ ရောက်ရင်းနဲ့ ရှုခင်းလှလှတွေတွေ့လို့ ရိုက်ခဲ့လိုက်ပါတယ် …
ဓါတ်ပုံဆိုတာထက် ပန်းချီပိုဆန်နေလို့ သဘာဝ ပန်းချီလို့ပဲ အမည်တပ်လိုက်ပါတယ် …

သဘာဝပန်းချီ

လှည်းယဉ်ကျော့

အိပ်တန်းတက်ချိန်

မှော်ဆရာ နဲနဲ တိုင်ပတ်နေလို့ ရွာထဲကို ခဏတဖြုတ်ပဲ အလည်ရောက်နှိုင်တာ ကြာခဲ့ပါပြီ .. ဒါကြောင့် ရွာသူားတွေရဲ့ ပိုစ်တွေမှာ ကွန်မန်းတွေ မပေးဖြစ်ခဲ့တာကိုလဲ ဒီနေရာမှ တောင်းပန်လိုက်ပါတယ် ခင်ဗျား .. နောက်ပိုင်းတော့ ရောက်ဖြစ်မယ် ထင်ပါရဲ့. …

30 comments

  • windtalker

    January 24, 2012 at 1:58 pm

    အားလုံး ရှယ်တွေပါလား ဟ…။ အောက်ဆုံးက ပုံလေးကို အကြိုက်ဆုံး ဖြစ်ပါကြောင်း ရယ်ပါလေ

  • နွယ်ပင်

    January 24, 2012 at 2:45 pm

    ပုံလေးတွေက လှလိုက်တာ မှောဆရာရဲ့ ရိုက်ချက်တွေက ကောင်းလို့ထင်ပ
    အောက်ဆုံးပုံလေး သဘောကျတယ် …………..

  • စိန်ပေါက်ပေါက်

    January 24, 2012 at 2:47 pm

    မိုက်လှချည်လား ကမှော်ချာရဲ့
    ဗဲဒီးဂွတ်ပဲ

  • ဖားသက်ပြင်း

    January 24, 2012 at 2:54 pm

    ကမှော်ရီးရေ….

    မဟာဖေ့စဘုတ်တော်ဂျီးမှာ တွေ့လိုက်လို့ …ရွာထဲ ဘာလို့ မတင်သလဲ
    မေးမလို့ဟာ… ခုတော့ ဖြေပြီးသားဖြစ်သွားပါပြီဗျာ…

    မိုက်တယ်ဗျို့ ….လက်မ၂ချောင်းထောင် ဇွန်း၂ချောင်းတပ် ရှယ် ပါပဲ လို့

    ခင်တဲ့
    ဖားသက်ပြင်း

  • etone

    January 24, 2012 at 2:55 pm

    လှလိုက်တာ အရမ်းပါပဲ .. ဓါတ်ပုံမဟုတ်ပဲ ပန်းချီကား ကြည့်နေရသလိုပါပဲ .. ရွာထဲက ဓါတ်ပုံဆြာတွေရဲ့ ပညာကတော့ … ကြောက်ခမန်းလိလိပါပဲ … ပုံကောင်းတွေချည်းတွေ့တွေ့နေရတယ် …

  • weiwei

    January 24, 2012 at 2:58 pm

    အရမ်းလှတာပဲ … ပန်းချီလို့ထင်ရလောက်အောင် သဘာဝက လှလွန်းတယ် …

  • eipu

    January 24, 2012 at 3:20 pm

    အောက်ကပုံလေးကအရမ်းအသက်ဝင်လွန်းလှတယ်……..
    ပန်းချီကားအစစ်လေနဲ့တူတယ်နော်

  • ရွာစားကျော်

    January 24, 2012 at 3:24 pm

    လှလိုက်တာဗျာ
    မှော်ဆရာ အစွမ်းနဲ့ ဖန်တီးထားသလားမှတ်ရ
    တိမ်အရောင် တောင်စွယ်
    တောတန်း တဲငယ်လေးတွေနဲ့
    အိပ်တန်းရှာတဲ့ ငှက်များ..
    စေတီလေးဘေးမှာ လှည်းယာဉ်ကျော့ ကလည်းသဘာဝကျလိုက်တာ
    သေချာ စီစဉ်ပီး ရိုက်ထားသလားမှတ်ရတယ်ဗျာ

  • kyeemite

    January 24, 2012 at 3:46 pm

    သဘာဝပန်းချီနဲ့အတူဆုံးဓါတ်ပုံတွေဘဲ…တော်တော်လှအောင်ရိုက်နိုင်ပါပေရဲ့..
    အားပေးနေပါတယ်..

  • pooch

    January 24, 2012 at 4:00 pm

    လှလိုက်တာ တကယ့်ကို ပန်းချီကားတွေ ကျနေတာပဲ သဘာဝတရားကြီးရဲ့ အလှက တော်တော်လေးကို အသက်ဝင်တာပါ

  • water-melon

    January 24, 2012 at 4:06 pm

    photoshop ပါလားဟင်
    စိတ်မဆိုးကျေး 😀
    မိုက်တယ်ဗျာ မသိရင် ပန်းချီထင်နေမှာ

  • fatty

    January 24, 2012 at 5:04 pm

    လှလွန်းလို့ ကာလာများတင်ရိုက်ထားတာလားဟင် ….
    အချိန်ရရင်လဲရိုက်ချက်လေးအကြောင်းရှင်းပြပါအုံး ။

  • blackchaw

    January 24, 2012 at 5:14 pm

    အခုမှ မှော်ဆရာ အစစ်ကို ပြန်တွေ့ တော့တယ်။
    ပထမတော့ မသိပဲနဲ့ ဘယ်သူ့ပန်းချီကားကို ရိုက်လာတာလဲလို့
    ကွန်းမန့်ရေးတော့မလို့
    စာဖတ်ကြည့်တော့မှ ဓါတ်ပုံလေးတွေဖြစ်နေတာ သိရတယ်။
    တကယ်ကို အလေးပြုခဲ့ပါတယ် ညီလေးရေ။
    အဲဒီလို ဓါတ်ပုံမျိုးလေးတွေ ကို
    ရိုက်နိုင်တဲ့ လူတစ်ယောက် ဖြစ်ချင်ပါသေးတယ်။
    ဆက်ရိုက်ပါဦး။ ဆက်ကြည့်ချင်သေးလို့။

  • Thel Nu Aye

    January 24, 2012 at 6:29 pm

    စာမဖတ်ပဲပုံအရင်ကြည့်တာ။ ပန်းချီမှတ်လို့။ စာဖတ်မှ ဓါတ်ပုံဖြစ်နေတာ။ တော်တော်လှတယ်နော်။

  • ကိုမှော်ဆရာရေ တကယ်ပါ အိပ်တန်းတက်ချိန်ပုံလေးက တော်တော်လေးကို
    ပန်းချီဆန်ပါပေတယ်။အရမ်းလှပါတယ်ဗျာ။အကိုတော် အလုပ်တွေရှုပ်နေတယ်
    ထင်ပါတယ်။ပေါ်လိုက်၊ပျောက်လိုက်နဲ ့မို ့ပါဗျာ။

    • မှော်ဆရာ

      January 24, 2012 at 8:59 pm

      ဟုတ်ပါ့ဗျာ .. အလုပ်တွေ ရှုတ်နေလို့ပါ …

  • မှော်ဆရာ

    January 24, 2012 at 8:58 pm

    ကွန်မန်းပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူး တင်ပါတယ်ဗျာ …
    ဘာမဟုတ်တဲ့ ကျွန်တော့ရဲ့ ဓါတ်ပုံပိုစ့်လေးမှာ အားလုံးက အချိန်ကုန်ခံပြီး ကွန်မန်းတွေ ပေးတာ မြင်ရတော့ တကယ့်အကျိုးပြုပိုစ့်တွေမှာ ကွန်မန်းမရေးဖြစ်ခဲ့တဲ့ ကိုယ့်ကိုကိုယ် အားမလို အားမရနဲ့ ရွာသူားတွေကို တဖန် အားနာရပြန်ပါတယ် ..။ကျွန်တော် အလုပ်ရှုတ်နေလို့ ရွာထဲကို မဝင်ဖြစ်တာပါဗျာ …
    အခုတင်ထားတဲ့ ဓါတ်ပုံလေးတွေက မမြရေလှောင်တမံကို ကျွန်တော် ဓါတ်ပုံကိစ္စနဲ့ ရောက်သွားရင်း ရိုက်ခဲ့တဲ့ ပုံလေးတွေပါ …။ ရေလှောင်တမံကအပြန် လမ်းမှာ ငှက်တွေ ထပျံတာ ဆိုင်ကယ်ပေါ်ကနေပြီး မြင်ရတော့ ချက်ချင်းဆိုင်ကယ်ကို ရပ်ပြီး ရိုက်ခဲ့လို့ မထင်မှတ်ပဲ ရလာတဲ့ ပုံလေးတွေပါ ..။မိုးဖွဲဖွဲရွာနေတုန်းဆိုတော့ တိမ်တွေကလဲ လှနေတယ် .. နေလေးကလဲ နဲနဲပွင့်နေတဲ့အခိုက်အတန့်ဆိုတော့ အဆင်ပြေသွားတာပေါ့ခင်ဗျာ …။ကျွန်တော် contract နဲနဲ ပြန်ချိန်တာပဲ လုပ်လိုက်ရပါတယ် .. ။
    လှည်းနဲ့စေတီလေးကတော့ တာရိုးနှစ်ရိုးအပြိုင်ဖောက်ထားတဲ့အပေါ်မှာ ကျွန်တော် ဓါတ်ပုံရိုက်နေတုန်း ကျွန်တော့ဘေးက လှည်းဖြတ်သွားတာ မြင်တော့ စေတီနဲ့ လှည်းနဲ့ဆိုတာ ပနံရမှာပဲဆိုပြီး လှည်းက ဟိုဘက်တာပေါ်မှာမောင်း ၊ ကျွန်တော်က ဒီဘက်တာရိုးပေါ်ကနေ ခြေကုန်သုတ် ၊ လှည်းကိုကျော်အောင်ပြေးပြီးတော့ စေတီနားကနေစောင့်ရိုက်ခဲ့တဲ့ပုံလေးပါ ..လှည်းနဲ့ ကျွန်တော့ကြားမှာ ၁၅ပေ ရေနှုတ်မြောင်းကြီး ခံနေပါတယ် …။ တော်တော်လဲ မောခဲ့သလို မောရကြိုးလဲ နပ်ခဲ့တဲ့ ပုံလေးပေါ့ ..
    ကင်မရာက nikon D3000 နဲ့ပါ .. မှန်ဘီလူးကတော့ Tamron 18-200 နဲ့ပါ …
    ငှက်ပျံတာကို အမှီရအောင် Exposure time 1/200 , F 7.1 နဲ့ ရိုက်ခဲ့ပါတယ်ခင်ဗျား…..

  • လှည်းယဉ်ကျော့ ကိုမြင်မိတော့
    အလည်တစ်ခေါက်
    အရောက်ခေါ်ဖို့
    ကြံရွယ်ခဲ့တဲ့
    တစ်စုံတစ်ယောက်သောသူကို
    သတိရမိလျှက် ……. ( ! _ ! )
    ပုံလေးတွေက ဆွဲဆောင်မှုရှိလို့ တတိယအကြိမ်မြောက်မှာ
    comment ပေးခဲ့ပါတယ်ဗျ
    လက်ရာမွန် တွေကို စောင့်မျှော်လျှက်

  • ဖားသက်ပြင်း

    January 24, 2012 at 9:09 pm

    ဒုတိယအကြိမ် ပြန်မန့်ပြီဗျာ …
    ပုံ ၁-နဲ့ ၃ မှာ မြူတွေထင်ရဲ့ ….long exposure ရိုက်ချင်သော အခင်းအကျင်းပါပဲဗျား ….
    လာလည်မယ်ဗျာ …. ရိုက်ကြ နှက်ကြတာပေါ့….
    လိုက်ပို့ပေးမယ် မလား ဟင်င်င်င်င်…

    ခင်တဲ့ ….
    ဖားသက်ပြင်း…

    • မှော်ဆရာ

      January 25, 2012 at 4:40 pm

      တကယ်လာမှာလား …. တကယ်လာမယ်ဆို တကယ်ကို လိုက်ပို့မယ် … 🙂

  • koyinmaung

    January 24, 2012 at 9:28 pm

    ကောင်းလိုက်တဲ့ဓါတ်ပုံတွေပါလား….
    ရေးပြမထားရင်ပန်းချီကားကိုရိုက်ထားတာလို့ထင်ရတယ်
    အရမ်းတော်တဲ့မှော်ဆရာပါဘဲ……

  • Khin Latt

    January 24, 2012 at 9:29 pm

    ပန်းချီ ဆွဲ သူက ပုံကို ဓာတ်ပုံ ရိုက်တယ် လို့ ထင်ရအောင် ကို ဆွဲ၊
    ဓာတ်ပုံ ဆရာ တွေ ကလဲ ပုံကို ပန်းချီ လို့ ထင် အောင်ရိုက်။
    ဟုတ်ပါ့။ ဒါ သဘာဝ ပါဘဲ။ 😉
    တော်ပါပေ့ ဟယ်ရီပေါ်တာရယ်။
    ပုံလေးတွေက အမေ နဲ့ ရွာကို လွမ်းစေပါတယ်။
    သင်းခရုပါ။

  • kai

    January 25, 2012 at 2:36 am

    မြေနီ..လယ်စိမ်း..တောင်ပြာ.. နဲ့..ဆေးစက်ချထားလားထင်ရတယ်..။

  • Diamond Key

    January 25, 2012 at 9:33 am

    တကယ်ပန်းချီကားလေးကို ကြည့်နေရသလိုပါပဲဗျာ… လက်စွမ်းထက်ပါ့ ဆြာမှော်ရေ၊

  • fatty

    January 25, 2012 at 9:51 am

    ဓာတ်ပုံလေးတွေကဖမ်းစားနိုင်လွန်းလို့ ဒုတိယအကြိမ်မြောက်ပြန်ကြည့်ဖြစ်ပါတယ်။
    ရိုက်ချက်ေလေးတွေရှင်းပြတာကျေးဇူးပါ။

  • စုံ စုံ

    January 25, 2012 at 10:09 am

    ပထမဆုံးပုံကိုစကြည့်မိတဲ့အချိန်မှာ စိတ်ထဲက
    ဟယ် လို့တောင်ဖြစ်မိတယ်
    တော်တော်လှတဲ့ပုံတွေပါဘဲ ကိုမှော်ဆရာရယ်
    လှချက်က မပြောပြတတ်တော့
    ကိုမှော်ဆရာကို အရမ်းတော်တာဘဲလို့ဘဲ ချီးမွမ်းတော့မယ် 😛

  • manawphyulay

    January 25, 2012 at 11:06 am

    ဓာတ်ပုံလို့ မထင်မိပဲ သဘာဝပန်းချီကားတစ်ချပ်ကို မိုးလင်းလင်းမှာ ကြည့်မြင်ရသလိုပဲ ခံစားမိတယ်။ အေးလည်းအေးချမ်းသွားတယ်။ မိုက်တယ် ဓာတ်ပုံပညာလည်းသင်ရဦးမယ် ဆြာတို့ရယ်…

    • မှော်ဆရာ

      January 25, 2012 at 4:37 pm

      မိုးလင်းမဟုတ်ဘူး မ မနောရဲ့
      ညနေ ၄ နာရီ ကျော်နေပြီ …
      မိုးရွာပြီးစမို့ အုံ့နေတာ …

  • char too lan

    January 25, 2012 at 2:30 pm

    အိပ်တန်းပြန်တဲ့ငှက်အမဲတွေရယ် တောင်တန်းအပြာရယ် မြေကြီးနီနီတွေရယ် အစိမ်းရင့်ရောင်သစ်ပင်ကြီးရယ် မီးခိုးငွေ ့ငွေ ့ထွက်နေတာလေးရယ် ကြည့်လိုက်တာနဲ့ ချမ်းသွားတယ်………..
    လှည်းယာဉ်အပေါ်ကပုံလေးကိုကြိုက်တယ် အညွှန်းမပါလို့ ပြန်ညွှန်းပေးထားတာ …………
    တော်လိုက်တဲ့ ကမှော် 🙂

  • Phaung Phaung

    January 25, 2012 at 5:27 pm

    အပေါ်ဆုံးကပုံလေးက မှောင်ရီသန်းနေတော့ ပိုပြီးပန်းချီဆန်သလိုပဲ… ဒီမြင်ကွင်းလေးတွေကိုမြင်လိုက်တာနဲ့ တကယ်ရောက်သွားပြီး ကျေးလက်ရဲ့အေးချမ်းမှုကိုရလိုက်သလိုပဲ … တောကိုတောင်သတိရသွားပြီ

Leave a Reply