နိုဗွီရဲ့ကင်မ်ချီ
နှစ်ကူးရုံးပိတ်တော့ အိမ်မှာ ငြိမ်ငြိမ်နေလို့ မရတဲ့သူဆိုတော့
သီရိမင်္ဂလာဈေးသစ်ကို သွားပြီး ကင်မ်ချီ လုပ်ဖို့ ဟင်ရွင်တွေသွားဝယ်တာပေါ့
ပုံလေးတွေ အရင်ပြမယ်နော်နောက်နေ့မှ လုပ်နည်းတင်ပေးမယ်
မြည်းချင်ရင်တော့ စာရင်းကြိုပေးနော်
မုန်ညှင်းထုပ်
မုန်ဥနီ / မုန်လာဥဖြူ
ကြက်သွန်ဖြူ/ နီ / ဂျင်
မုန်ညှင်းဆားနယ်ထားတာ
ကင်မ်ချီတွေ ဘူးထဲ ထဲ့သိမ်းလို့ရပြီနော်
21 comments
Novy
January 24, 2012 at 4:52 pm
နောက်5 ရက်ဆို စားလို့ရပြီနော်
မကြွေးဘူးတော့ မေပြောနဲ့
etone
January 24, 2012 at 4:54 pm
ယုံဘူး .. ယုံဘူး… ဟိုတစ်ခါ ဖယောင်းတိုင်လေးတွေလို … လက်တွေ့ပြမှ ယုံမယ် ..ဟဲဟဲ … ။
နောက်တစ်ခါ ဆုံလျှင် ကင်မ်ချီပါဆယ် ထုတ်လာပါဗျို့ .. ဟီ ဟီ ..
etone
January 24, 2012 at 4:58 pm
http://myanmargazette.net/60961/health-fitness/food-drink#comments မှာလည်း တစ်ခါက တင်ဖူးတယ် … ကိုယ်တိုင်လုပ်စားတာတော့ မဟုတ်ဘူး .. ရုံးက ကကြီးမလုပ်နေတာကို ဓါတ်ပုံရိုက်ထားတာ …
htet way
January 24, 2012 at 5:55 pm
အချက်အပြုတ်အသုတ်အလုပ်ဝါသနာကလည်းစွဲတယ်နော်
တချို့က နားနားနေနေမနေတတ်ဘူး။
ဆရာမလေး နည်းသစ်တွေဆက်တင်ပေးပါ
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 24, 2012 at 7:23 pm
ဆရာလေး ဆရာမလေးတို့

ဟင်းချက်နည်းတွေ သင်လည်း တုံးလွန်းအလွန်းလို့မတတ်မြောက်ပါ
ထို့အတွက်
လာရောက် ချက်ပြုတ် ကျွေးမွေးမည် ဆိုပါက ကျေးဇူးအထူးတင်ရှိပါ၏ …
(စာကြွင်း။ ကျွေးမွေးဆိုတဲ့ စကားလုံးမှာ ကျွေးဆိုတဲ့ စကားလုံးကိုသာယူပါရန် … တော်ကြာ ဖြိုးတို့အုပ်စု တက်လာမှဖြင့်လန့်လို့) …
naywoonni
January 24, 2012 at 8:16 pm
ဆရာဝန်ကမှာထားတယ်…။ လက်လုပ်ချဉ်နဲ့ မတည့်ဘူးတဲ့..။
windtalker
January 24, 2012 at 8:32 pm
အဟမ်း…လက်လုပ်ချဉ်နဲ ့မတည့်ဘူး ဆိုရင်တော့ ဒုတ်ခ တော့မှာဘဲ
အချဉ်အားလုံး က လက်နဲ ့ဘဲ လုပ်ရတာ ကလား
ကိုပေါက်(မန္တလေး)
January 24, 2012 at 9:34 pm
ရန်ကုန်နဲ့မန်းလေးအလှမ်းဝေးပေမယ့် စားစေချင်ရင် မန်းလေးက မိတ်ဆွေများဖြစ်တဲ့ ပေါက်ပေပုတို့ဆီကို
မြတ်မန္တလာထွန်းကနေ ပါဆယ်နဲ့ပို့ရင် ညနေ6နာရီပို့ရင် မနက်ငါးနာရီဆိုရောက်တယ်နော်။
Novy
January 25, 2012 at 12:01 pm
ဦးပေါက်ရေ
ရန်ကုန် မှာ ဆိုဂျူးနဲ့ဆုံမယ်လေ
nigimi77
January 24, 2012 at 10:18 pm
အလိုရှိသည် ။
၁ ။ ကင်မ်ချီ ကျွမ်းကျင်ပိုင်နိုင်ရမည် ။
၂ ။ အိမ်နေ အိမ်စား မဟုတ်ပဲ အလုပ် အတက်အဆင်း ပြုလုပ်နိုင်ရမည် ။
၃ ။ ပါ့ကညော ဖြစ်လျင် ပိုကောင်းသည် ။
၄ ။ ဟိုကို ခေါ်သွားမှာလားဟု မေးခွန်းမထုတ်တတ်လျင် အထူးဦးစားပေးရွေးချယ်မည် ။
အဟွတ်…..အဟွတ်……..
ခင်လို ့စတာနော…………
အဲသည် ချည်ဖတ်များ ပြောပါတယ် ။ ရှင်းလာမြောန် နဲ ့များဆို အလွန်လိုက်ဖက်ပ ။
မူးမူးနဲ ့ မိုးလင်းတဲ့ မနက်ဆိုလဲ သူတို ့အတွဲ ။
ညမိုးချုပ် ချက်ပြုတ်ဖို ့ ပျင်းရင်လည်း သူတို ့အတွဲ ။
ကိုယ်ပိုင် ဘာညာ ကလေးနဲ ့ အဝှာနေရာကို သွားရင်လည်း မြိန်ကောင်းသက်သာ သူတို ့အတွဲ ။
ကြက်တုပ်ကွေးဖြစ်စဉ်ကာလက ကင်မ်ချီဟာ ကာကွယ်နိုင်တယ် ဆိုပြီး စိနတိုင်းမှာ ကင်မ်ချီ စက်ရုံတွေ
အပြိုင်းပြိုင်း ခါတော်မှီ တည်ထောင်ကြသတဲ့ ။ စိန ချည်ဖတ်တွေ ငပေါဖြစ်တဲ့ ကာလပေါ့ ။
……………………………
ဟိုက ကင်မ်ချီတွေကတော့ ဘယ် အရပ်ဒေသက ဟာပဲ ဖြစ်ဖြစ် အလွန်စားလို ့ကောင်းသကိုး ။
သူတို ့ဆီမှာ ပြုလုပ်နည်း အပြင် ကျက်အောင် နှပ်တဲ့ နည်းစနစ်တွေကလည်း ရာသီဥတုနဲ ့ သိပ်ပြီး
ကိုက်ညီသဗျ ။ နောက်ပိုင်းတော့ ကင်မ်ချီ နိင်ဂျာန်င်းဂို (ဟောဟဲဟောဟဲ မောလိုက်တာ…)
လို ့ခေါ်တဲ့ ကင်မ်ချီရေခဲ သေတ္တာတွေ ပေါ်လာတော့ ကင်မ်ချီကို အကောင်းဆုံး အရသာ အနေအထား
ဖြစ်အောင် ချိန်ညှိပေးနိုင်တဲ့ စနစ်တွေ ပေါ်လာတော့ အတိုင်းထက်အလွန်ပေါ့ ။
ဒီမှာကတော့ ရောစပ်ပြီးရင် Plastic Box ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရင် ပြီးပြီဆိုတော့
တကယ့် ကင်မ်ချီရဲ ့ အရသာ အစစ်ကို ခံစားရဖို ့ ဆိုတာက ကကြီး စားသောက်ဆိုင်တွေမှာ သွားပြီး
စားတာတောင်မှ အေးရင်ပြီးရောပေါ့ ဆိုတဲ့ ဒေသခံ ဝန်ထမ်းတွေကြောင့် သူ ့ရဲ ့ အရသာနဲ ့
ဂုဏ်သတ္တိက ထိထိမိမိ မခံစားရတာများတယ် ။
Novy က ကကြီး အစားအစာတွေနဲ ့ ရင်းနှီပုံရတယ် ။
တခုလောက် အကူအညီတောင်းချင်လို ့ ။
ဟိုဟာလေ……..ဘိုရှင်ထန်င်း…..ဆိုတဲ့ စွပ်ပြုတ်လုပ်နည်းလေး တချက်လောက်…..
Khin Latt
January 25, 2012 at 5:03 am
တူလေး နိ၇ရ ရေ့
အိုးတစ်လုံး ထဲမှာ –
ရေ ထည့်၊ ပွက်ရင်
ကျောက်ခဲ တစ်လုံး ထည့်
အာလူးထည့်
ကြက်သွန် ထည့်
ဆားထည့်
ငြုပ်ကောင်း ထည့်
ဒါဘဲ။
ခင်လို့ နည်းပေးတာ။ ဘိုရှင်ထန်င်း ထက်ပိုကောင်းတယ်။
ဘူသူ့မှ မပြောနဲ့။
ခင်တဲ့
အရီး
နိုဗွီ ရေ ကင်မ်ချီ လုပ်နည်း အတွက် သင်းခရုပါ။
Novy
January 25, 2012 at 10:02 am
အိတုံရေ..ယူခဲ့အုံးမှာ နောက်တစ်ခါတွေ့ဆုံပွဲကျရင်
ဘူးလိုက်သယ်လာမယ်နော်
etone
January 25, 2012 at 10:52 am
မနိုရေ .. နောက်တခါဆုံလျှင် တူကိုင်ပြီးစောင့်နေမယ် ..ဟဲဟဲ
pooch
January 25, 2012 at 10:18 am
အများကြီးတော့ မဟုတ်ဖူး နည်းနည်းလေးတော့ စမ်းကြည့်မယ်။
ကျေးဇူးပါနော်။
Novy
January 25, 2012 at 10:23 am
နိ77 ရေ..
ဘိုရှင်ထန်င်းစွပ်ပြုတ်ကတော့ ခွေးသားနဲ့ချက်တာမို့လို့
မနို လုပ်မစားပါဘူး ။ ဒါကြောင့်မို့ မချက်တက်ပါ
စိတ်ဝင်စားရင်တော့ You Tube မှာ Boshintang ဆိုပြီး ဝင်ရောက်ရှာဖွေချက်ပြုတ်ပါရှင်
http://www.youtube.com/watch?v=zB_f3_LbUss
https://www.google.com/search?q=boshinhtan&ie=utf-8&oe=utf-8&aq=t&rls=org.mozilla:en-US:official&client=firefox-a
etone
January 25, 2012 at 10:50 am
မနိုရေ … အဲ့လူဂျီးက သပ်သပ်လိုက်ကြပ်တာ … ။အလကား … ။
တကယ်ဆိုသူက ခွေးသားစွပ်ပြုတ်မပြောနဲ့ … ခွေးတောင် မြင်ချင်တာမဟုတ်ဘူး … ။ ကကြီးမှာ ဆယ်နှစ်နေခဲ့တုန်းက … ခွေးသားစားချင်လို့ သူများအိမ်ကခွေးသွားဖမ်းတာ … ကိုက်ခံရဖူးပါသတဲ့လေ … ။ အဲ့ဒီအချိန်ကတည်းက ခွေးဆိုတဲ့ အသံကြားလျှင် အိမ်သာထဲဝင်ဝင်ပုန်းတတ်တာ .. အခုထိပါပဲတဲ့ …
ဟီးဟီး .. ငယ်ကျိုးငယ်နာတွေတော့ .. ဖွလိုက်ပြီ
Novy
January 25, 2012 at 10:30 am
နေဝန်နီရေ..
မနိုရဲ့ ကင်မ်ချီက လက်အိတ် စွပ်ပြီးလုပ်တာဆိုတော့
လက်လုပ်ချဉ်မဟုတ်ဘူး
လက်အိတ်လုပ်ချဉ်ပေါ့နော်
ဟီးးးးးးး နောက်တာနော်
နွယ်ပင်
January 25, 2012 at 10:39 am
နောက်တစ်ခါ မနိုနဲ့ ဆုံမယ့်နေ့ကို စောင့်နေမယ်
ဒီနေ့ကစလို့ လက်ချိုးရေထားပါပြီ ကင်မ်ချီဘူးလိုက်သယ်ခဲ့မယ်ဆိုလို့ …………..
Moe Z
January 25, 2012 at 10:40 am
မနိုရေ မိုးစက်တို့အိမ်မှာလုပ်စားတဲ့ပုံစံလေးပြောပြမယ်နော်
မုန်လာဥဖြူ/နီ၊ ပန်းဂေါ်ဖီ၊ မုန်ညင်းဖြူ၊ ဂျူးမြစ်၊ ငရုတ်သီးစိမ်းတောင့်အရှည် တွေကိုရေစင်စင်ဆေး လိုချင်တဲ့ပုံစံလှီးဖြတ်ပြီး နေ့တစ်ဝက်လောက် နေလှန်း၊ ပြီးရင် ဆား၊ သကြား၊ ငရုတ်သီးမှုန့်အရောင်တင်
ဂျင်းကိုတော့ထောင်းထည့်တယ်၊ မုန်လာဥဖြူနဲ့ အနီကိုတော့ အနှစ်ရွှဲရွဲလေးဖြစ်အောင် နည်းနည်းဆီခြစ်ပြီးထည့်တယ်၊ ပြီးရေခဲသေတ္တာထဲထည့်လို့ရပြီ၊ မြန်မြန်စားချင်ရင်တော့ ကော်ဗူးထဲထည့်ပြီး ၁ရက်လောက်နေပူထဲမှာထားလိုက်ရင် မြန်မြန်ချဉ်တယ် (အဲဒါကိုယ်ပိုင်ကင်မ်ချီစိမ်တဲ့နည်း)
Novy
January 25, 2012 at 11:58 am
MG တွေဆုံပွဲလေးမြန်မြန်လုပ်နော်
ကင်မ်ချီတွေ အရမ်းချဉ်သွားရင်တော့ မသိဘူးနော်
ထမင်းလိပ်ပါလုပ်ကြွေးဖို့ ဆန်ဒတော့ ရှိနေပါတယ်
ကြောင်ကြီး
January 25, 2012 at 12:25 pm
နိုဗွီ
မပိုပြီ
လိုသည်
တကိုယ်ရည်
ဆိုမြည်
ပျိုအတည်…။