Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ နှင့် ချဉ်ဖတ် (၁)

nigimi77January 26, 20121min63816

ပထမဦးဆုံး အနေနဲ ့ Novy ရဲ ့ ကင်မ်ချီ ပိုစ့်ကို ဖတ်ပြီး ဒီပိုစ့်ကို ရေးဖြစ်တယ်လို ့ ဝန်ခံပါရစေ ။

မြန်မာတွေ စားတဲ့ ဟင်းလျာအမယ် အထဲမှာ ချဉ်ဖတ်ပါဝင်တယ် ။

ချဉ်ဖတ်လို ့ ဆိုရာမှာ အချဉ်ဖောက်ထားတဲ့ အသီးအရွက်တွေကို မှတ်မိသလောက်ပြောရရင်

၁ ။ ကဒက်ချဉ်

၂ ။ မုန်လာဥ ချဉ်ရေစိမ်

၃ ။ ပဲပင်ပေါက် ချဉ်ရေစိမ်

၄ ။ ဒညင်းသီး ဆားရေစိမ်

အစရှိတာတွေပါ ။

ကျွန်တော် အပါအဝင် မြန်မာတွေ အလွန်ခံတွင်းတွေ ့တဲ့ အဲဒီ အစားအစာတွေဟာ

တို ့စရာ စာရင်းထဲမှာ ပါဝင်တယ်။ ငါးပိရည် ဒါမှမဟုတ် ငါးပိထောင်းနဲ ့ အလွန်လိုက်ဖက်တဲ့

တို ့စရာတွေပါ။ တခြားဟင်းမရှိရင်တောင် အဲဒါတွေပါရင် ထမင်းစားလို ့ဖြစ်တာ မြန်မာတွေပါ ။

တကယ်တမ်းပြောရရင် မြန်မာ အစား အစာတွေ အရံဟင်းလျာ တို ့စရာတွေကို

တိတိကျကျ အဟာရ တန်ဖိုး ခွဲထုတ်ဖော်ပြမှုကို ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် တတ်သိ

နားလည်သူတွေ အထဲကနေ ပြည်သူတွေကို အသိပညာပေးမှုကလည်း လိုအပ်ချက် ရှိနေဆဲပါပဲ။

လူတစ်ယောက် တစ်နေ ့တာအတွက် ဘယ်အဟာရဓါတ်က ဘယ်လောက်လိုအပ်ပြီး ဘယ်မြန်မာ

ဟင်းလျာကတော့ဖြင့် ကောင်းကျိုး ဘယ်နှစ်ဖုံ ဆိုးကျိုး ဘယ်နှစ်ပါး ဆိုတာကို မသိမဖြစ် အခြေခံ

အဆင့်အနေနဲ ့ သတ်မှတ်ပြီး ပညာရေးစနစ်အထဲမှာ ထည့်သွင်းဖို ့လိုအပ်ပါလိမ့်မယ် ။

နှုတ် အဝင်ကောင်းသော်လည်း မိမိစားသုံးတဲ့ အစားအစာ မှာ မိမိခန္တာကိုယ် အတွက်

တနေ ့တာ လိုအပ်တဲ့ အဟာရဓါတ်ကို တွက်ချက်စားသုံးရမှန်း မသိတာရယ် ၊ တွက်ချက်မှုကို

နားလည်တဲ့ အသိပညာရှိသော်လည်း အမျိုးမျိုးသော အကြောင်းတရားတွေကြောင့် အဆင်ပြေသလိုပဲ

ဗိုက်ပြည့်ဖို ့ရာအတွက် အဟာရမဟုတ်တဲ့ အရသာကိုပဲ စားသုံးနေကြရတာရယ် ၊ ဘယ်တုန်းက စတင်

လာခဲ့သလဲ ဆိုတာ မသိနိုင်တဲ့ ရိုးရာ စားစရာ ဆိုတဲ့ အစွဲရယ် ၊ သုံးမျိုး ပေါင်းစပ်လာတဲ့ အကြောင်းတရား

နောက်ကွယ်မှာ ကျွန်တော်တို ့မြန်မာတွေဟာ အလွန်တရာ ကျုံလှီ သေးကွေးနေလာတာ ငြင်းလို ့မရတဲ့

လက်တွေ ့အကြောင်းတရားပါ ။ ချွင်းချက် အနေနဲ ့တော့ ရှိပါတယ် ။ ပြည့်စုံတဲ့ မိသားစုက ပေါက်ဖွားလာတဲ့

လူငယ် တချို ့ဟာ တန်းဝင် အနေအထားမျိုး ဖွင့်ဖြိုးကြတယ် ။ ဒါဟာ ဘာကြောင့်လဲ ဆိုရင် ပြည်စုံမှု အပေါ်မှာ

မူတည်ပြီး စိတ်ဖိစီးမှု ကို လျှော့ချပေးနိုင်တာတွေ၊ အစားအသောက် အနေအထိုင် အစရှိတာတွေ ပြုပြင်ပြောင်း

လဲ ပေးနိုင်တာတွေကြောင့် ဒီကနေ ့လမ်းပေါ်မှာ မြင်တွေ ့နိုင်တဲ့ လူငယ် တချို ့ရဲ ့ ထွားကြိုင်းမှုကို မြင်ရတာပါ။

ဒါဟာ ပုံသေ သတ်မှတ်ချက်တခု အနေနဲ ့တော့ ယူဆလို ့မရပါဘူး ။

သဘောတရား အနေအထားအရ ပြောတာပါ ။

ငယ်စဉ်က ကြားဖူးခဲ့တာ ဂျပန်နိုင်ငံသားတွေကို မြန်မာတွေက “ငပု” လို ့ခေါ်တာကိုပါ ။

မြန်မာတွေက “ငပု” လို ့ ခေါ်ရလောက်အောင် ဂျပန်တွေ ပုသလား ဆိုတာက အဲဒီ အချိန်က လူတွေ

မှတ်မိကြမှာပဲ ။ ဒါဆိုရင် ဆန် ့ကျင်ဖက် အတွေးအနေနဲ ့ ပြန်ကြည့်မယ် ဆိုရင် မြန်မာတွေဟာ အတော်ရှည်ပြီး

ထွားကြိုင်းခဲ့သလားဆိုတာကတော့ မှန်ကန်တဲ့ သမိုင်းမှတ်တမ်း မရှိလို ့ မသိနိုင်ပါဘူး ။ ကျွန်တော်က မသိတာ

လည်း ဖြစ်နိုင်ပါတယ် ။ မင်းသိင်္ခ ဝထ္တု အထဲကလို သိုးဆောင်းလူမျိုးများကပင် မော်ကြည့်ရသော အရပ်အမောင်း

ရှိတဲ့ ကြေးနီရောင် အသားအရေနှင့် မြန်မာကြီး ဆိုတာ တကယ်များလားပေါ့။

“ဟုတ်မှ ဟုတ်ပါ့မလား” ဆိုပြီး မေးခွန်းထုတ်တတ်တဲ့ ခေတ်လူငယ်တွေရဲ ့ စကားကို မခံထိမခံသာ ဖြစ်ကြတဲ့

ရှေးလူကြီးတစ်ချို ့ကတော့ နှုတ်သီးကောင်း လျှာပါးနဲ ့ ” ဟဲ့…ကောင်နာလေးတွေရဲ ့ ခုခေတ်က ဆုတ်ခေတ် ။

လူတွေမှာ တရားမရှိကြတော့လို ့ လူ ့သက်တမ်းတွေ တိုကုန်ကြသလို…ခန္တာကိုယ် တွေလည်း သေးကွေးလာကြ

တာ…” ဟု ဆိုတဲ့ ယုတ္တိ မတန်တဲ့ စကားရပ်များ နဲ ့ ဦးဏှောက်ဆေးကြော ပုံသွင်း လက်ဆင့်ကမ်းလာလိုက်တာ

ဒီနေ ့ အချိန်အထိပါပဲ…..။ ဒါက တပိုင်းပေါ့ ။

ဒီနေ ့ ဂျပန်တွေကို “ငပု” လို ့ ကျွန်တော်တို ့တွေက နာမ်နှိမ်ပြီး ခေါ်ချင်တယ် ဆိုရင် အရင်ဆုံး ကုလားမ ခြေထောက်

ကို စီးထားပါလို ့ အကြံပေးပါရစေ ။ သူတို ့တွေ အတော်ကြီးကို ထွားကြိုင်း မြင့်မားလာကြပါတယ် ။

အစားအသောက်ပုံစံကို ပြောင်းလဲ ကြတာကြောင့်လို ့ သိထားပါတယ် ။ နားလည်သိရှိသူများ ပါဝင်ဆွေးနွေးကြပါ ။

ဘယ်လိုပြောင်းလဲ လိုက်တာကြောင့်လဲ ဆိုတာကတော့ ဂျပန် အကြောင်းအလှမ်းဝေးတဲ့ ကျွန်တော်ဟာ ရေးသား

ခြင်း အမှုကို မပြုတာ သင့်တော်မယ် ထင်ပါတယ် ။ အထက်မှာ ဆိုခဲ့သလိုပဲ ချွင်းချက်ဆိုတာ ရှိတာကြောင့် ဂျပန်ဆို

တိုင်း လူထွားကြီးတွေ မဟုတ်ကြပေမဲ့ ရာခိုင်နှုံးနဲ ့ကြည့်မယ် ဆိုရင် မြန်မာတွေ သိခဲ့ကြတဲ့ “ငပု” တွေ စာရင်းထဲကနေ

ဖယ်ထုတ်ပေးရမဲ့ အနေအထားပါ ။

ကဲ..ကဲ….

ပြောရင်းဆိုရင်း လမ်းကြောင်းကလွဲတော့မယ် ။ ဒီ ပိုစ့်မှာ လိုအပ်ချက်ရှိတယ် ဆိုရင်တော့ စာရေးသူ ကျွန်တော့်ရဲ ့ အပြစ်ပါ ။

ဒီပိုစ့်ကိုရေးရတဲ့ ရည်ရွယ်ချက်ရှိပါတယ် ။

၁ ။ မြန်မာတွေ ဆွေစဉ်မျိုးဆက် စားသုံးလာတဲ့ ရိုးရာ အစားအစာကို ပုတ်ခတ်လိုရင်း မဟုတ်ပါ ။

၂ ။ လူတိုင်းသိသလိုလိုနဲ ့ သတိမမူ ဂူမမြင် ဖြစ်နေတဲ့ အဟာရ တန်ဖိုးတွက်ချက်မှုကို သတိပြုမိအောင် ။

၃ ။ ခေတ်အရ လူကြိုက်များနေတဲ့ ကိုရီးယား အစားအသောက်နဲ ့ ပါတ်သတ်ပြီး ခေတ်ထလို ့ ကိုယ်ပါကြိုက်

နှစ်သက်ပြီး စားတယ် ဆိုတာမျိုးမဟုတ်ပဲ ” ဘာကြောင့်” စားသင့်တယ် ဆိုတာကို သိစေချင်တာရယ် ။

၄ ။ သူတို ့ နိုင်ငံသားတွေရဲ ့ ရိုးရာအစားအစာတွေကို မြန်မာတွေ စားသောက်ကြတဲ့အခါ အဲဒီအစားအသောက်မှာ

မှာပါရှိတဲ့ အဟာရ တန်ဖိုးနဲ ့ ကောင်းကျိုးတွေကို သိစေချင်တာရယ် ။ (ဆိုးကျိုးကတော့ တန်ဆေးလွန်ဘေး

အဆင့်ထက် မပိုပါဘူး ..သဘောကတော့ Side Effect မရှိပါဘူး )

၅ ။ အဓိက ဖြစ်တဲ့ ကုန်ကျစားရိတ် နည်းပါးစွာနဲ ့ ပြုလုပ်စားသောက်နိုင်တဲ့ ကျန်းမာရေး ဓါတ်စာဖြစ်တာကြောင့်ပါ။

ကင်မ်ချီ……

ကင်မ်ချီလို ့ ဆိုလိုက်တာနဲ ့ အခုအချိန်မှာ မြန်မာတွေ (မြန်မာနိုင်ငံသားတွေ) မသိသူ မရှိသလောက်ပါပဲ ။

ကျွန်တော် မြန်မာပြည် ပြန်ရောက်တဲ့ နေ ့က လှည်းတန်းမှာ နေတဲ့ မိတ်ဆွေက အလွမ်းပြေအောင်ဆိုပြီး

မြန်မာပိုင်(မိမိ အထင်) ကိုရီးယား အစား အသောက်ဆိုင်ကို ခေါ်သွားပါတယ် ။ လှည်းတန်းဈေး မျက်စောင်းထိုး

အခု အိပ်မက်စိမ်း ဖိနပ်ဆိုင်ရဲ ့ နဘေးလို ့ မှတ်မိပါတယ် ။ အခုတော့ မရှိတော့ပါဘူး ။

အဲဒီမှာ ကင်မ်ဖာ့ပ် လို ့ ခေါ်တဲ့ ရေညှိ ထမင်းလိပ် မှာကျွေးပါတယ် ။ ထုံးစံအတိုင်း မပါမဖြစ် ပါလေရာ မင်းသားကြီး

ကင်မ်ချီ ရောက်လာပါတယ် ။ အမြင်အာရုံနဲ ့တင် စားဖို ့ မဝံ့မရဲ ဖြစ်နေတုန်း စားလေ ဆိုတဲ့ မိတ်ဆွေစကားကြောင့်

ဝါးတူ နဲ ့ ညှပ်ပြီး စားလိုက်တဲ့ အခါမှာ …..ဟန်မဆောင်နိုင်လောက်အောင်ကို မျက်စိမျက်နှာ ပျက်ခဲ့တယ် ။

ခေတ်ထစ အချိန် နည်းစနစ်ကို သေချာနားမလည်ပဲ ခါတော်မှီ ဆိုင်ဖွင့်လိုက်တာကြောင့်ပဲလား….။

ဖက်ရှင် အနေနဲ ့ကလည်း ကိုရီးယား ဖက်ရှင် ဘက်ကို ကူးပြောင်းလာသလို လူငယ်တွေကြားမှာ

” မနေ ့က အိမ်မှာ ကင်မ်ချီလုပ်စားတာ စားလို ့ကောင်းလိုက်တာ”…….

” သယ်ရင်းတွေ ဆုံတုန်း ညက ဆိုဂျူးနဲ ့ ကဲလိုက်တာ လန်ထွက်နေတာပဲ…”

” ညက အိမ်မှာ စားစရာ ဘာမှ မရှိတာနဲ ့ ဖြစ်သလို ကိုရီးယား ခေါက်ဆွဲပဲ ပြုတ်သောက်လိုက်တယ်..”

ဆိုတဲ့ အကြောင်းအရာတွေက လူငယ်တွေ အတွက် လူငယ်တွေကြား ပါးစပ်အရသာတွေ ့စေပါတယ် ။

တစ်ချို ့ ကောင်မလေးတွေများ ” ဘဲနဲ ့ပြတ်သွားတာ စိတ်ညစ်ညစ်နဲ ့ ကင်မ်ချီထမင်းသုတ် လုပ်စားလိုက်
တာ နည်းနည်း စိတ်သက်သာရာရသွားတယ် ..”
ဆိုတာမျိုးက ပါလိုက်သေး …။ 🙂 🙂

စကား ပလ္လင်က သိပ်ရှည်သွားပါပြီ ။

ကင်မ်ချီ လို ့ ဆိုတဲ့ ကိုရီးယား ချဉ်ဖတ်ကို အခုက စပြီး ပွဲထုတ်ပါတော့မယ် ။

ကိုရီးယား နိုင်ငံမှာ ရာသီဥတု ၄ မျိုးရှိပါတယ်။

၁ ။ (ဘုံမ်) လို ့ခေါ်တဲ့ Spring Season

၂ ။ (ယောရုမ်း) (ရ ကို Ya သံမထွက်ပဲ Ra သံထွက်ပါ) လို ့ခေါ်တဲ့ Summer Season

၃ ။ (ဂါအူးလ်) လို ့ခေါ်တဲ့ Autumn Season

၄ ။ (ဂယောအူးလ်) (ဂယောကို အမြန်ဖတ်ပါ) လို ့ခေါ်တဲ့ Winter Season တွေပါပဲ ။

ရာသီ အလိုက် ပြုလုပ်စားသုံးကြတဲ့ ကင်မ်ချီ အမျိုးအစား နဲ ့အရသာကလည်း စုံလင်လှပါတယ် ။

သူတို ့နိုင်ငံမှာ ဒေသတွေကို အပိုင်းကြီး သုံးပိုင်းခွဲခြားထားပါတယ် ။ ဒေသအပေါ် မူတည်ပြီး

ရာသီဥတု တူညီတာတောင်မှ ပြုလုပ်စားသုံးကြတဲ့ ကင်မ်ချီ အမျိုးအစားက မတူညီပါဘူး ။

အမျိုးအစားက မတူညီပါဘူး ။

အပေါ်က ဇယားဟာ ကျွန်တော် လေ့လာမိသလောက်ပါ ။ ဒီထက်လည်း ပိုနိုင်ပါတယ် ။

အလယ်ပိုင်းဒေသနဲ ့ မြောက်ပိုင်းဒေသတွေမှာ ပြုလုပ်စားသုံးကြတဲ့ အရသာကတော့….

၁ ။ အငန်လျှော့ပြီး သိပ်လည်းမစပ်အောင် ပြုလုပ်ပြီး ဟင်းခတ်အမွေးအကြိုင်(Seasoning) အစာသွပ်

ကို အများကြီး မထည့်ပဲ ပေါ့ပေါ့ပါးပါး စားလို ့ရအောင် ပြုလုပ်ပါတယ် ။

တောင်ပိုင်းဒေသ ကတော့

၂ ။ ငရုပ်သီးမှုန် ့ နဲ ့ ဆားကို ခပ်များများသုံးလို ့ ငန်ပြီး စပ်တဲ့ အရသာ ခပ်ပြင်းပြင်းကိုမှ ထပ်ပြီး

စုံလင်လှတဲ့ ပင်လယ်ထွက် သတ္တဝါငယ် အငန်ဖောက် တွေနဲ ့ ရောစပ်ပြုလုပ် စားသုံးကြတယ် ။

ကင်မ်ချီကို ပြုလုပ်ချိန်မတိုင်ခင်က ပါဝင် ထည့်စပ်ရမည့် ရောစပ်ပစ္စည်းတွေမှာ နဂိုက မရှိခဲ့တဲ့ ဂုဏ်သတ္တိတွေဟာ

ကင်မ်ချီဆိုတဲ့ အမည်ရဲ ့အောက်မှာ အရသာအသစ် အနံ ့သစ်တွေ မွေးဖွားလာခဲ့ကြတယ် ။

၁ ။ ဂေါ်ဖီထုပ် ရဲ ့ လပ်ဆတ်စိမ်းမြတဲ့ အရသာ

၂ ။ ပေါင်းစပ်ဂုဏ်သတ္တိရဲ ့ နောက်ကွယ်က အချဉ်ဖောက်တဲ့ အရသာ

၃ ။ ဆိုဒါလို စူးရှ လပ်ဆတ်တဲ့ အရသာ

၄ ။ ပါဝင်တဲ့ ရောစပ်ပစ္စည်းတွေရဲ ့ ထူးခြား အရသာ

၅ ။ ပင်လယ်ထွက် သတ္တဝါတွေရဲ ့ ချိုမြိန်တဲ့ အရသာ

တွေပေါင်းစပ်ပြီး ထူးခြားတဲ့ အရသာပေါင်းစုံ ကျန်းမာရေး ဓါတ်စာကတော့ ဒီ ကင်မ်ချီ ပါပဲ ။

ကင်မ်ချီရဲ ့ အဓိက တန်ဖိုးကတော့ သူ ့အထဲမှာပါတဲ့ ဓါတ်သဘာဝတွေနဲ ့အတူ Dietary Fiber တွေက

အစာခြေ အင်ဇိုင်မ်းတွေကို နိုးဆွပေးပြီး အစာအိမ် အတွင်းမှာရှိတဲ့ ကပ်ပါးပိုးတွေရဲ ့ ပြန် ့ပွားဖြစ်စဉ်ကို

ထိမ်းချုပ်ပေးတယ်လို ့ ဆိုပါတယ် ။ ဒီ အကြောင်းပြချက် တခုနဲ ့တင်ပဲ ပြီးခဲ့တဲ့ နှစ် အနည်းငယ်က

ဖြစ်ပွားခဲ့တဲ့ H1N1 ပြန် ့ပွားမှုမှာတောင် ကာကွယ်စွမ်း သတ္တိရှိတယ် ဆိုပြီး နာမည်ကျော်ခဲ့ပါတယ် ။

ကင်မ်ချီ ရဲ ့ ကောင်းကျိုး နဲ ့ အဟာရဓါတ်ပါဝင်ဖွဲ ့စည်မှု

ကင်မ်ချီ ရဲ ့ အဟာရဓါတ်ဖွဲ ့စည်းမှု လုပ်ဆောင်ချက်ဟာ ထည့်သုံးတဲ့ ကုန်ကြမ်းပစ္စည်း အပေါ် မူတည်ပြီး

ကွဲပြားခြားနားနိုင်ပေမဲ့လည်း အခြေခံအားဖြင့် အောက်ပါ အတိုင်း အစီအစဉ်ချနိုင်ပါတယ် ။

၁ ။ အဓိက မပါမဖြစ်ပါရမည့် စိမ်းလန်း အသီးအနှံတွေမှာ ပါဝင်တဲ့ Calcium ၊ Copper ၊ Phosphorus ၊

Iron ၊ Salt အစရှိတာတွေမှာ လူခန္တာကိုယ် အတွက် လိုအပ်တဲ့ ဆားဓါတ် ၊ အော်ဂန်နစ်ဖွဲ ့စည်းမှုတွေ ပါဝင်ပါတယ် ။

၂ ။ ရေသတ္တဝါ ရဲ ့ အသား ပါဝင်တာကြောင့် Amino acid ဓါတ်ကို ရရှိစေပြီး ဆန်အစရှိတဲ့ နှံစားသီးနှံတွေမှာ

ချို ့တဲ့သော Protein ဓါတ်ကို ထောက်ပံ့ပေးပါတယ် ။ ကင်မ်ချီ ကောင်းကောင်းကျက် သွားတဲ့အခါမှာ အထဲမှာ

ပါဝင်တဲ့ ပုဇွန်ဖြူပေါက် လေးများ ၊ ငါးနီတူခြောက်လေးများ မှာ ပါတဲ့ Protein ဓါတ်ဟာ Amino acid အနေနဲ ့

ဓါတ်ပြုသွားပြီး အရိုးအခွံများပါ ပျော်ဝင်သွားတာကြောင့် Calcium ဓါတ်ရဲ ့ ရင်းမြစ် ကို ဖြစ်ပေါ်စေပါတယ် ။

၃ ။ ဆန်ကို အဓိကထားပြီး စားသုံးတဲ့အခါ ချို ့တဲ့ဖို ့ရာ လွယ်ကူတဲ့ Vitamin B1(thiamin) စုပ်ယူမှုကိုလဲ

အထောက်အကူပြုပါတယ် ။

၄ ။ စိမ်းလန်းသီးနှံ တွေရဲ ့ပေါကြွယ်ဝလှတဲ့ (Fiber) အမျှင်ဓါတ်တွေကြောင့် ဝမ်းချုပ်ခြင်း ဒုက္ခကိုလည်း

ကင်းဝေးစေသလို ၊ Enteristis ၊ Colonitis အစရှိတာတွေကို လည်း တွန်းလှန်ပေးပါတယ် ။

၅ ။ ကောင်းကောင်းကျက်သွားပြီဖြစ်တဲ့ ကင်မ်ချီမှာ Organic acid ၊ Alcohol ၊ အစရှိတာတွေ ထုတ်လုပ်ပေးပြီး

Lactic acid ဓါတ်စာ အနေနဲ ့ အစာကြေ နှုတ်မြိန်စေပါတယ် ။

၆ ။ ကင်မ်ချီ ဘယ်လောက်ကျက်သွားပြီလည်း ဆိုတာကို မူတည်ပြီး တိုးပွားဖွဲ ့စည်းလာတဲ့ lactic acid bacteria ဟာ

အူသိမ်ကို ဒုက္ခဖြစ်စေတဲ့ ရောဂါပိုးမွှားတွေကို တွန်းလှန်ပါတယ် ။

ရ ။ Vitamin ဓါတ် အတော်များများကို ထောက်ပံ့ပေးသလို ၊ အထူးသဖြင့် Vitamin C များပြားပြီး ၊ အစိမ်းရောင်

အသီးအနှံတွေကြောင့် Vitamin A ပါဝင်မှု ပမာဏဟာလည်း မြင့်မားလှတယ် ။

ကင်ဆာ ရောဂါ ဖြစ်ပွားခြင်းအား ကာကွယ်နိုင်မှု

ကင်မ်ချီဟာ ကင်ဆာ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်တယ် ဆိုတာ နိုင်ငံ အတော်များများမှာ တရားဝင် လက်ခံထား

ကြတယ် ။ ကင်မ်ချီရဲ ့ အဓိက ကုန်ကြမ်းဖြစ်တဲ့ ဂေါ်ဖီထုတ် အစရှိတဲ့ စိမ်းလန်း သီးနှံတွေဟာ အူမကြီး ကင်ဆာ

ကို ကာကွယ်နိုင်ပြီး ၊ ကင်မ်ချီပြုလုပ်ရာမှာ မပါမဖြစ် ထည့်ဝင် ပစ္စည်းဖြစ်တဲ့ ကြက်သွန်ဖြူဟာလည်းပဲ အစာအိမ်ကင်ဆာ

ကို ကာကွယ်ပေးပါတယ် ။ ကြက်သွန်ဖြူကို ကိုရီးယားနိုင်ငံမှာ မည်သည့် အစားအသောက်မှာ မဆို ထည့်ချက်ကြတယ် ။

ကြက်သွန်ဖြူကို ပြုလုပ်မည့် ကင်မ်ချီ အမျိုးအစားပေါ် မူတည်ပြီး ထောင်းထည့်တာပဲဖြစ်ဖြစ် ၊ လှီးထည့်တာပဲဖြစ်ဖြစ် ၊

အလုံးလိုက်ထည့်တာပဲဖြစ်ဖြစ် ရောစပ်ကြပါတယ် ။ ကင်မ်ချီမှာ Beta-Carotene ဓါတ်ပါဝင်မှု မြင့်မားတာကြောင့်

အဆုပ်ကင်ဆာကိုပါ ကာကွယ် နိုင်စွမ်းရှိပြီး ငရုပ်သီး ရဲ ့ အစပ် သဘာဝဟာ Endorphin မှ အစပြုပြီး ၊ ဟိုမုန်းကွဲပြား

စေမှုမှ တဆင့် အဆုပ်ရဲ ့မျက်နှာပြင်ပေါ်မှာ ကပ်နေတဲ့ နီကိုတင်း ဓါတ်တွေကို ဖယ်ရှားပေးပါတယ် ။

16 comments

  • nigimi77

    January 26, 2012 at 2:51 pm

    ရာသီနဲ ့ ဒေသအလိုက် ဇယားကွက်က ဘယ်လိုမှလဲ တင်လို ့မရဘူး ။

    Capture လုပ်ပြီး JPEG နဲ ့ ပြန်တင်ပေးပါမယ် ။

  • စိန်ပေါက်ပေါက်

    January 26, 2012 at 2:59 pm

    အင်္ဂလိပ်တွေထွက်သွားပြီး
    ဂျပန်တွေရောက်လာတော့ အင်္ဂလိပ်နဲ ့ နှိုင်းပြီး ဂျပန်ကို ငပုလို ့ခေါ်တာဖစ်မယ်
    ကိုယ်တွေနဲ ့ နှိုင်းပြီး ခေါ်တာတော့ မဖစ်နိုင်
    😆
    သများကတော့ ရသာရှိရင် အာကုန်ကြိုက်ဒယ်…
    လာထားလာထား.
    ခုတောင် ဗိုက်ဆာနေပြီ

  • kai

    January 26, 2012 at 3:55 pm

    ပြောရရင်.. ဟိုမှာဖက်.. ကင်မ်ချီအကြောင်းတွေ့ရကတည်းက.. မြန်မာချဉ်ဖတ်အကြောင်းရေးချင်နေတာ… ကိုရင်နီဂီမိက.. ကြိုသိသွားသလားတောင် ထင်ရတယ်…။
    ပုပ်စပ်/ချဉ်ဖတ်လုပ်တာ/စားတာမှာ.. မြန်မာဟာ..ကမ္ဘာတန်းပထမအဆင့်များလို့တောင်ထင်မိတယ်..။
    အဲဒီစာရင်းထဲ..
    လက်ဖက်၊ မျှစ်ချဉ်၊ သရက်ချဉ်၊ တမာချဉ်၊ ပုန်းရည်ကြီး၊ ..အများကြီးပဲ..
    (ပြောရင်း..ဗိုက်တောင်ဆာလာပြီ.. သိတာတွေထပ်ရေးကြပါဦ်း…)

    သေသေချာချာ ဓါတ်ခွဲခန်းသွင်း.. စံနစ်တကျထုတ်ပိုးပြုပြင်လိုက်ရင်.. ကမ္ဘာကို တင်ပို့လို့တောင်ရမယ်ထင်တာပဲ…။

    ဆိုတော့..
    ဂျပန်ဖက်လှည့်မယ်နော..
    ဒုကမ္ဘာစစ်လောက်.. ကာလက ဂျပန်တွေတကယ်ပုတာပါ..။ လူမျိုးလိုက်ကို ပုသေးညှက်ကြတယ်..။
    အဲဒါကြောင့် မြန်မာတွေက.. ဂျပန်ငပုခေါ်တာဖြစ်ပါတယ်..။

    နောက်ပိုင်းစစ်ရုံးပြီးတော့ ..ပြာပုံကနေပြန်ထအောင်လုပ်ကြတာမှာ… အစိုးရကနေပြီး..ကလေးတွေကို.. ကျောင်းမှာအစားအသောက်တွက်ချက်ကြွေးတဲ့စံနစ်လုပ်လိုက်တာနဲ့.. အဲဒီကလေးတွေရှည်လာပြိး.. နောက်အနှစ်၆ဝလောက်ဂျန်နရေးရှင်းပြောင်းလာတော့.. ဂျပန်ငရှည်တွေမြင်ရတယ်ဆိုပါစို့..။
    ပြုပြင်ပြီး လုပ်ယူလိုက်တာပါလို့…။
    ဒီလိုအစားအသောက်ကို.. ကျောင်းမှာတင် တွက်ချက်ပြီးကြွေးတာမျိုးက.. မြန်မာနိုင်ငံမှာလည်း လုပ်သင့်ပါတယ်..။
    .. ဒီအကြောင်း ဒီရွာထဲပဲ..ကျုပ်ရေးခဲ့ဖူးတယ်..။ 🙂

    • ဖားသက်ပြင်း

      January 26, 2012 at 5:11 pm

      အဓိက က ကယ်လစီယမ် ဗျ … အရိုးကို သူနဲ့ လုပ်ထားတာကိုး ..
      ကျောင်းတွေမှာ နွားနို့ ၁ခွက် မသောက်မနေရ စနစ်နဲ့ တိုက်လိုက်တာ…

      အဲ့ကလေးတွေ အရွယ်ရောက်လာတော့ ရွယ်တူ ကွမ်ကျိုးက ချီးနား လေးတွေထက်
      ပျမ်းမျှ အရပ် ၁လက်မ ပိုမြင့်တယ် လို့ ဖတ်ဖူးပါကြောင်း ….

      ကျောင်းက ကျွေးတဲ့ စနစ်တော့ ကြိုက်တယ်ဗျာ…
      (ကန်ထရိုက်ယူပီး ချက်ရောင်းစားချင်ရဲ့ …..)

  • windtalker

    January 26, 2012 at 4:05 pm

    တစ်ခါတစ်လေ များ ဝမ်းချုပ်ခဲ့ရင်
    လမ်းဘေး လက်သုပ်စုံလေး နဲ ့အဆင်ပြေသွားတာကလား ဗျ…..

  • awra-cho

    January 26, 2012 at 4:40 pm

    ဒီအကြောင်းကိုတောင် အချက်အလက် စုံစုံ နဲ့ အားထုတ်ထားတာ အတော်လေ့လာ ထားတာ တွေ့မိ ပါတယ်။ လေးစားမိ ကြောင်းပါ။

  • etone

    January 26, 2012 at 4:46 pm

    ကဏန်းကြီးရေ .. ကျွန်မကတော့ မြန်မာချဉ်ဖတ်ဆို ..ဘာချဉ်ဖတ်မှ မစားပါဘူး… ။ အိမ်မှာ အဖွားက အချဉ်စိမ်ရတာ အရမ်းဝါသနာပါတယ် … ။ တို့စရာဆိုလည်း အစုံနဲ့ပေ့ါ … ။ သူ့ကျေးဇူးနဲ့.. မြင်ရတာတောင် အီလည်လည်ဖြစ်ပြီး .. စားချင်စိတ်ကုန်နေတယ် … ။
    ကြံမဆိုင်ကိုလည်း ကိုယ်တိုင်လုပ်ပါသတဲ့… ။

    နောက်တစ်ခုက .. မြန်မာတွေ အချဉ်စိမ်လျှင် ဆန်ဆေးရည်ထည့်တယ် … ။ အဲ့ဒီဆန်ဆေးရည် ချဉ်သွားတဲ့ အနံ့ကြီး ရှုရတာ အန်ချင်းလွန်းလို့ … ချဉ်ဖတ်မစားမိတာလည်းပါတယ် … ။ စိတ်ထဲ မသန့်သလိုလည်း ခံစားရတယ် … နေ့ကူးပြီးထားတဲ့ အစားစာတွေမို့လို့လေ … ချဉ်ဖတ်တွေက အနည်းဆုံး သုံးရက်ကနေ ငါးရက်မှ နည်းနည်း နွမ်းသွားပြီးစားလို့ရတာ … ။
    ဒညင်းသီးဆားရေစိမ်ဆို ပိုမုန်းသေး 🙁

    • naywoonni

      January 26, 2012 at 7:16 pm

      ဟုတ်တယ် အိတုန်ရေ တို့မြန်မာတွေလုပ်တာက မြင်ရင်စားချင်စရာမရှိတော့ဘူး…။ တို့အိမ်ကနေ ဈေးသွားတဲ့လမ်းမှာ အကြော်ဆိုင်ရှိတယ်ဟ …။ သိပ်ကောင်းတယ်လို့ ပြောတယ်…။ လက်မလည်ဘူး…။ လူတွေနေ့တိုင်းဝိုင်းအုံနေတာပဲ…။ တစ်ရက်ပေါ့…။ မိုးကလည်းဖွဲဖွဲလေးရွာနေတယ်…။ လူရှင်းလို့ အကြော်ဝင်ဝယ်လိုက်ပါတယ်…။ စားချင်စိတ်ကို ကုန်ရောဆိုတာလိုပဲ…။ သူလုပ်နေတာကိုကြည့်ပြီးတော့လေ………..။ မုန့်ရည်နဲ့ ဘူးသီးနဲ့ နယ်နေရင်းက ပြာထဲရောက်နေတဲ့ မီးပြောင်းကိုယူပြီး မီးမှုတ်…။ လက်မဆေးတော့ဘူး …။ နယ်လက်စမုန့်ဆက်နယ်…။ ပြီးတော့ ထင်းချောင်းယူပြီးမီးထိုး…။ မီးခိုအူလို့ ထွက်လာတဲ့ နှာရည်ကို လုံချည်ဖြည်ပြီးညှစ်လိုက်သေး….။ မုန့်နယ်နေတာမပြီးသေးဘူး…။ မီးက မိုးရွာထားလို့ ကောင်းကောင်းမတောက်ဘူးလေ………။ မီးပြောင်းယူပြီး ပြန်မှုတ် …။ သူ့ဟာသူ အလုပ်ရှုပ်နေတာ မကြည့်ရက်လို့ အဲဒိနေ့က ဘာမှမဝယ်တော့ပဲ ဒီအတိုင်းပြန်လာခဲ့ရတာပေါ့……………။

  • water-melon

    January 26, 2012 at 7:16 pm

    နွားနို့ဆို ရေရေလည်လည်ကြိုက်တယ်
    ရွာထဲက ပြိုင်သောက်ချင်တဲ့လူ မန်းလေးလာခဲ့ 😆

  • zaw min

    January 26, 2012 at 8:35 pm

    သူကြီးရေ..ကျနော်တို့ငယ်ငယ်ကအိမ်မှာ စဉ့်အိုးငယ်တွေနဲ့ရာသီအလိုက် အသီးအနှံတွေကိုချဉ်ဖက်အဖြစ်စိမ်ပါတယ်…သရက်ချဉ်၊ကတက်ချဉ်၊မုန်လာချဉ်၊…အင်းပြောရင်း ဗိုက်တောင်ဆာလာပြီ…Home Made အစစ်တွေကို လွမ်းလာပြီ…အမေသုပ်တဲ့ ကတက်ချဉ်မှာ ကြက်သွန်စိမ်းပါးပါးလှီးထဲ့၊ငရုတ်သီးစိမ်းပါးပါးလှီးထဲ့၊မြေပဲထောင်းပြီးထဲ့။ဆီစိမ်းလေးစမ်း…လွမ်းလိုက်ဗျို့…

  • Khin Latt

    January 26, 2012 at 10:03 pm

    This is not just Food, This is နိခွန်ခွန် Food.
    This is not just ချဉ်ဖတ်, This is နိခွန်ခွန် ချဉ်ဖတ်.
    အရီး ကတော့ သံပုရာသီးချဉ် လုပ် ပြီးလှောင်ထားတယ်။ မနောက်ဘူး။ တကယ်။ 😉
    ချဉ်ဖတ်ဗဟုသုတ အတွက် သင်းခရု။

    ခင်တဲ့
    အရီး

  • padonmar

    January 27, 2012 at 12:07 am

    Nigimi77
    ချဉ်ဖတ်အကြောင်းစုံနေတာပဲနော်၊ဖတ်လို့ကောင်းလိုက်တာ
    ဒီလိုလည်းရတာပဲလို့ လက်စွမ်းပြလိုက်သလိုပါပဲ၊:D
    ကင်မချီ ဗဟုသုတလည်းစုံနေတာပါလား။
    ပင်လယ်စာတွေထည့်တယ်ဖတ်ရလို့ ဒီကင်မချီဆိုတာ ခေတ်မစားခင်က ကိုရီးယားကပြန်လာတဲ့သူတစ်ယောက်ပြောပြတဲ့ ကင်မချီလုပ်တာ ဂဏန်းတွေပုဇွန်တွေ ထောင်းထည့်တယ်လို့ ကြားဖူးတော့ မနိုတို့၊တုံတုံတို့ရေးပြနေကြတဲ့ထဲလည်း ဒါတွေမပါပါလားလို့ တွေးမိသေးတယ်။

    မြန်မာချဉ်ဖတ်တွေထဲ ပဲပင်ပေါက်ချဉ်၊မုန်လာပင်ပေါက်ချဉ်၊ ဟင်းဂလာချဉ်၊နှမ်းဖတ်ချဉ် တွေလည်းရှိသေးတယ်။

    မလတ်က သံပုရာချဉ်လုပ်တယ်ဆိုလို့ အဒေါ်တစ်ယောက်လုပ်တဲ့နည်းလေး ဖောက်သည်ချပေးချင်ပါတယ်။
    သံပုရာရည်ညှစ်ပြီးကျန်တဲ့ အခွံလေးတွေ သူကလွှင့်မပစ်ပဲ ဆားလေးနဲ့နယ်ပြီး ဗူးထဲထည့်သိမ်းထားပါတယ်၊ရက်ကြာတဲ့အခါ မပုပ်ပဲ သူ့ဖာသာ အခွံလေးအိသွားပြီး သံပုရာချဉ်ဖြစ်သွားပါတယ်။ စားလို့လည်းကောင်း၊သံပုရာသီးသနပ်လုပ်ချင်လည်းရပေါ့။
    ချွေတာရေးနည်းပါ။

  • comegyi

    January 27, 2012 at 3:29 am

    ကိုနိဂိမိရေ့ …….
    ခင်ဗျားရေးမှပဲ ရိုးရာအစားအစာအပေါ်
    အစွဲကြီးခြင်းတို့ ……တန်းတူညီ မဖွံ့ဖြိုးနိုင်ခြင်းတွေကို
    ပြန်စဉ်းစားကြည့်မိတယ် ဟုတ်တော့လည်းဟုတ်သားဗျာ
    အစ်ကိုတွေးသလို မြင်သလို ယထာဘူတကျတဲ့အဖြေတစ်ခုလို့
    မပြောနိုင်ရင်တောင်မှ ကျွန်တော်က ထောက်ခံပါတယ်
    အစားအသောက်စနစ်ကိုပြောတာပါ…..
    နောက် အစ်ကိုပြောသလို
    ပြည်တွင်းဖြစ်ကင်ချီကတော့ဗျာ
    ကျွန်တော်တို့က ပေါ်ပြူလာအဖြစ်မစားချင်ရင်တောင်
    ကိုယ်နဲ့ပါလာတဲ့ ဘေးလူက ချွန်ပြီးမှာလို့စားကြည့်တဲ့အခါ
    လက်ရှိကျွန်တော်တို့စားနေတဲ့ တရုတ်စာလို့ခေါ်တဲ့ ဟာနဲ့သိပ်မကွာဘူးလို့တောင်
    ထင်မိတယ် ဟုတ်ပ
    ကျွန်တော်စားတဲ့ဆိုင်ကလည်း ပုလဲကွန်ဒိုက ( . … .)သူမတွေ ရောင်းတဲ့ဆိုင်ကိုးဗျ
    ခင်ဗျားတစ်ရက်လောက်လာစားလှည့်ပါ ကျွန်တော်ဒကာခံပါ့မယ် ခင်ဗျားလည်း
    ထပ်ရေးစရာရအောင်လို့ ဟဲဟဲ
    ခင်တဲ့……..
    ကမ်းကြီး

  • pooch

    January 28, 2012 at 12:13 am

    ကိုနိဂိမိရေ ဗဟုသုလေးတွေအတွက်ကျေးဇူးပါ။ စားသာစားနေကြတယ် တကယ်ကလည်း ဝါးတားတားရယ် ခုလို ပြောပြတဲ့သူရှိတော့လည်း ကောင်းတာပေါ့။

Leave a Reply