N+ 260112 3×3 မက်ထရစ်ကိုဘယ်လိုပေါင်းပေါင်း ရလာဒ်တူအောင်
ငယ်ငယ်တုန်းက တွက်ခဲ့ဘူးတဲ့စိတ်တွက်ကလေးတခုပါ။ 3×3 မက်ထရစ်တခုကို အလျှားလိုက် ဒေါင်လိုက် ကန့်လန့်ဖြတ် ဘယ်လိုပေါင်းပေါင်း ရလာဒ်တူအောင် ဂဏန်းတွေကို ဘယ်လိုဖြည့်မယ်ဆိုတာစိတ်တွက်ကလေးတွက်ကြည့်ကြရအောင်။
ပေါင်းတဲ့ရလာဒ်ဟာ ၃နဲ့စာ းလို့ပြတ်တဲ့ဂဏန်းဖြစ်ရပါမယ်။ ဥပမာ- 15,18,21,24,….,30,…….. (၁၅ထက်သေးတဲ့ဂဏန်းကိုလိုချင်ရင်တော့ ပေါင်းရမဲ့ဂဏန်းမှာ အနှုတ်ဂဏန်းတွေပါလာပါလိမ့်မယ်။
ဥပမာအားဖြင့် ဘယ်လိုပေါင်းပေါင်း ၁၅ ရဖို့ပေါင်းမယ်ဆိုပါစို့။
၁။ ကိုယ်လိုချင်တဲ့ဂဏန်းကို ၃နဲ့စားပါ။ ၁၅ ကို ၃ နဲ့စားရင် ၅ ရပါတယ်။ ၁၅/၃=၅
၂။ ရတဲ့ ၅ကို မက်ထရစ်ရဲ့ ဗဟိုမှာထည့်ပါ။ matrix no-22
၃။ အကွက်ကိုးကွက်ဖြစ်တဲ့အတွက်ဂဏန်းကိုးလုံးရှိရပါမယ်။ ၅ဟာအလယ်တဲ့တဲ့ဂဏန်းဖြစ်ပြီးတော့
အသေးဆုံး အစဂဏန်းကတော့ — > ၅ – ၄ = ၁ ဖြစ်ပါတယ်။
အကြီးဆုံးဂဏန်းကတော့ ———-> ၅ + ၄ = ၉ ဖြစ်ပါတယ်။ (၂၄ဆိုရင် ၂ဝမှ ၂၈ ပေါ့။)
၄။ ပြီးရင်အလယ်ဗဟိုက ၅ ရဲ့ အပေါ်ဒေါင့်ဖြတ်အကွက်ကို +၁ (တခုတိုးပြီး ) ၆ကိုဖြည့်ပါ။ Matrix no-13
၅။ ၅ရဲ့အောက်ဒေါင့်ဖြတ်အကွက်ကို -၁ (တခုလျှော့ပြီး) ၄ကိုဖြည့်ပါ။ Matrix no- 31
အောက်ပါအတိုင်းရပါမယ်။
X X 6
X 5 X
4 X X
၆။ အောက်ဆုံးက ၄ ရဲ့ ညာဘက်အကွက်ကို -၁ (တခုနှုပ်) ပြီး ၃ကိုဖြည့်ပါ။
အပေါ်ဆုံးက ၆ရဲ့ ဘယ်ဘက်အကွက်ကို + ၁ (တခုတိုး ) ပြီး ရကိုဖြည့်ပါ။
X 7 6
X 5 X
4 3 X
၇။ အလယ်ဗဟိုက ၅ ရဲ့ ဘယ်ဘက်မှာ အကြီးဆုံးဂဏန်း ၉ ကိုထည်h။
ညာဘက်မှာ အသေးဆုံးဂဏန်း ၁ကိုထည့်။
X 7 6
9 5 1
4 3 X
၈။ ၂ နဲ့ ၈ ဂဏန်း ၂လုံးပဲကျန်မယ်။ ကျန်တဲ့အပေါ်ဆုံးအကွက်မှာ အသေးဆုံးဂဏန်း ၂ကိုထည့် ၊ အောက်ဆုံးမှာ အကြီးဆုံးဂဏန်း ၈ကို ထည့်။
အောက်ပါအတိုင်းရပါမယ်။
2 7 6
9 5 1
4 3 8
ထို့နည်းတူစွာ ၂ရအတွက်
6 11 10
13 9 5
8 7 12
ဒါကိုမရှင်းသေဘူးဆိုရင်ဒိထက်ရှင်းအောင်နောက်တနည်းပြပါမယ်။
၁၅ ကိုပဲဥပမာပြသွားပါမယ်။ အကွက်၃ကွက်ရှိတဲ့အတွက် ၁ကွက်စီမှာ ၅ ထည့်ရင်၁၅ ရပါတယ်။
5 5 5 =15
5 5 5 =15
5 5 5 =15
အလယ်မှာ ၅ဂဏန်းထည့်ထားလို့ဘေးနှစ်ဘက်ပေါင်း ၁ဝ ရှိ ရပါမယ်။ ဗဟိုရဲ့ ဘယ်ဘက်ဂဏန်းမှာ ၁ တိုးရင် ညာဘက်ဂဏန်းမှာ ၁လျှော့ရပါမယ်။ ၂တိုးရင်၂ လျှော့ရပါမယ်။
5 5 5+1
5 5 5
5-1 5 5
5 5+2 5
5 5 5
5 5-2 5
ဗဟိုဂဏန်းနဲ့ပေါင်းရ နှုတ်ရမဲ့ဂဏန်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
-3 +2 +1
+4 C -4
-1 -2 +3
https://myanmargazette.net/90448/creative-writing
One comment
ကြောင်ကြီး
January 29, 2012 at 11:04 am
ဦးနေးချားအား မန်းဂေဇက်တက္ကသိုလ်ဂျီးမှ သင်ချာပါမုန့်ဂ ရာထူး ပေးအပ်ချီးမြှင့်လိုက်သည်။ နှစ်လုံး သုံးလုံး ဝါသနာရှင်များ အမြန်ဆက်သွယ်ဂျပါ..။ 😮