Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဆီကျအသားကျစ်ဆေးနည်း

htet wayJanuary 26, 20121min82130

အဆီကျအသားကျစ် ဆေးနည်းနဲ့ ကုသတဲ့ ဆရာတစ်ဦးနဲ့ ရင်းနှီးခဲ့ဖူးပါတယ်။သို့သော် ဆေးနည်းတောင်းတာမရခဲ့ပါ။ ပိန်ချင်သူတွေက ဆရာရယ် တိုင်းရင်းဆေးနည်းနဲ့ ပိန်ဆေးလေးပေးပါ
ကျွန်တော်ကိုတောင်းတဲ့ အမျိုးသမီးက ဆိုက္ကားမဆန့်အောင်ဝသူပါ။ကျွန်တော်ကလည်းဆေးနည်းပေးလိုက်ပါတယ်။နံနက်ကို တိုင်းရင်းဆေးအမှတ် ၁ မက်လင်ချဉ်လျှက်ဆားသောက်ပေါ့၊ နေ့လည်အပူငြိမ်းဆေး
အမှတ်၁၆သေက်ပေါ့၊ ညကိုတော့ အမှတ်၁ဝ ဆီးရွှင် ဝမ်းနုတ်ဆေးသောက်ပါပေါ့။
နောက်ရက်တွေ့တော့ ဆရာရယ် မထူးပါဘူးတဲ့ သူကတစ်နေ့ကို ၁၂နာရီကျော်ရင် ထမင်းသုံးဆင့်ချိုင့်ကို တဝစားတယ်။ ပြီးတရေးတမောအိပ်တယ်။စားတာကလည်းအဆီအဆိမ့်၊ ပျင်းတာကလည်းတအား
ဟုတ်ကဲ့ မပိန်နိုင်ပါဘူး။
အဆီကျ အသားကျစ်ချင်ရင်တော့ မနက်စာကို ၁၂နာရီမထိုးမည်စားပါ။ ၁၂နာရီနှင့်၂နာရီအတွင်း မနက်စာစားခြင်းရှောင်ပါ။နေ့ခင်းနေ့လည်အိပ်တာမလုပ်ပါနဲ့။
ညနေစားကို လျှော့စားပါ ဟင်းချိုလို အရေသောက်လေးနဲ့ စားပါ။ စောစောမအိပ်ပါနဲ့ စောစောထပါ။လေ့ကျင့်ခန်းအနေနဲ့ တခုခုလုပ်ပါ ပြင်းပြင်းထန်ထန်လုပ်စရာမလိုပါ။
ညအိပ်ရာဝင်ကို ရေကျက်အေး (ကျိုပြီးသားရေ) ကို ဖန်ခွက်တစ်လုံး+ ပျားရည်ဟောင်းစတီးဇွန်းတစ်ဇွန်း+ရှောက်သီးလေးပုံ ပုံတစ်ပုံ ညစ်ထည့်ပြီးသောက်ပါ။
ဝမ်းပျော့ပျော့သွားမည် ခန္ဒာကိုယ် ပေါ့ပါးမည်။ အဆီကျမည် အထူးသဖြင့်ဗိုက်ချပ်မည်။
ထို့နောက် ညအိပ်ရာဝင်ချိန် အပူဆေးတစ်မျိုးကို ဥပမာ ထွန်းရွှေဝါကဲ့သို့ ဆေးကို သံပုရာတစ်ခြမ်းညစ်ကာဆေးကို မန်ကျည်းစေ့ ၂စေ့လောက် ခန့်ရောစပ်ကာခါး၊ ဝမ်းဗိုက်နှင့်ကျောကိုလိမ်းပါ။ပြီးလျှင် အဝတ်ကို တင်းတင်းစည်းကာအိပ်ပါ
ဗိုက်ချပ်ပါလိမ့်မည်။ ၁၅ရက်ခန့်ပြုကြည့်ပါ။
ကျွန်တော်သိသလောက် တင်ပြခြင်းပါ ရှေက်ရည်သောက်တာကို ၁၅ရက်ပဲသောက်ပါ ဝမ်းတအားသွားရင်ဖြင့် ခေတ္တ ရပ်ထားပါ အခြားဘေးထွက်ဆိုးကျိုးမရှိပါ။ ပုံမှန်လုပ်သူတွေဗိုက်ချပ်ပါကြောင်း။
၎င်းဆေးဆေသာက်စဉ်တွင် ဖေါ်ပြပါ စနစ်အတိုင်း စားသောက်နေထိုင် ကြရမည် ဖြစ်ပါသည်။လမ်းလျှောက်လေ့ကျင့်ခန်းလုပ်တာကိုလည်းပြုပေးပါ။
မရှင်းသည်များရှိက ဖုန်း 0973234101 ဆရာထက် ထံရင်းနှီးစွားမေးမြန်းနိုင်ပါကြောင်း စေတနာရှေ့ထား၍တင်ပြလိုက်ရပါသည်ခင်ဗျား။

30 comments

  • water-melon

    January 26, 2012 at 9:09 pm

    ကျေးဇူးဆရာထက်ရေ
    ဗိုက်ထွက်နေလုုို့ရှက်နေတာ
    လုပ်ကြည့်အုန်းမယ်

  • htet way

    January 26, 2012 at 9:14 pm

    ကျွန်တော် တင်ပြထားသလို လုပ်ကြည့်ပါ
    အနည်းအများတော့ အကျိုးထူးခံစားရမှာပါ နောက်ထပ်နည်းလမ်းတွေလည်းရှိပါတယ်
    ဆက်လက်တင်ပြပေးပါ့မယ်။ မြဲဖို့တော့လိုပါတယ် ။

  • ကိုရင်စည်သူ

    January 26, 2012 at 9:35 pm

    ဆရာကိုရင်ထက်ဝေရေ… ရွာထဲမှာ ရေးအားတက်လာတာရော…။
    ဆေးနည်းပညာတွေကိုပါ အမြစ်ဖော် အစစ်ပေါ်အောင် ဖော်ပြပေးနေတဲ့အတွက်
    ကျနော်ကတော့ ဝမ်းသာ ဂုဏ်ယူနေပါတယ်ဗျာ…
    ကိုရင် ရှေ့ဆက်လျှောက်ပါဗျာ…
    နောက်လှည့်ရင် ကိုရင့်မျက်နှာပြဲပြဲကြီးနဲ့ အားပေးနေတယ်လို့သာ
    ရင်ထဲမှတ်ထားလိုက်ပါလေတော့….

    လေးစားစွာဖြင့်

    • comegyi

      January 27, 2012 at 12:32 am

      ကိုထက်ရေ့
      ကိုရင်စည်တို့ ကျွန်တော်တို့အတွက်
      ဟဲလ်ပါလပ်ကီးသောက်စရာမလိုတဲ့
      ဆေးနည်းလေးများ ဖော်စပ်ပေးလို့ရမလားဗျ…..
      ကျန်းမာရေလိုက်စားချင်သူ…..
      ကီးဂျမ်း….

  • weiwei

    January 26, 2012 at 9:54 pm

    ပိန်ချင်တဲ့သူတွေ တော်တော်များတယ်နော် …
    ပိန်ဆေးဆိုရင်လဲ သိပ်လိုချင်ကြတယ် … ဒါပေမယ့် အစားနဲ့ အအိပ်ကျတော့ မလျော့နိုင်ကြဘူးလေ …

    • မှော်ဆရာ

      January 27, 2012 at 10:06 pm

      မဝေဝေရော ပိန်ချင်လို့လား … 🙂

  • Thel Nu Aye

    January 26, 2012 at 10:06 pm

    ကျေးဇူးပါ။ လုပ်ကြည့်လိုက်အုံးမယ်။ မလုပ်မှီပုံရိုက်ထားမယ်။ လုပ်ပြီးပုံရိုက်လိုက်မယ်။ ပြီးရင်မန်းဂေဇက်မှာကြေငြာပေးမယ်။ ဆရာထက်ဝေးနာမည်ကြီးအောင်။

    မဝေဝေရေ ပိန်ချင်လို့အစားရောအအိပ်ရောလျော့ပြီးလေ့ကျင်ခန်းလုပ်တာတောင်ဘယ်လိုကနေ ဘယ်လိုဝလာတယ်မဆိုနိုင်ပါဘူး။ ဝဝနေလို့အမရေ။ ပိန်ဆေးတွေတော့မသောက်ရဲဘူး။

    • etone

      January 27, 2012 at 9:19 am

      ဟုတ်ပါရဲ့ မသဲနုအေးရေ .. ကျွန်မလည်း … အရင်ထက် နည်းနည်း ပိုဝိတ်တက်လာတာကြောင့် (ဝလွန်းတဲ့ အချိုးစားတော့မဟုတ်သေး) နည်းနည်း ပြန်ထိန်းရင်းလျှော့နေတာတောင် .. ဆက်တိုက်ကို တက်လာတော့တာပဲ … ။ အိပ်တာဆိုလည်း .. တနေ့ 6နာရီလောက်ပဲ .. စားတာလည်း … သိပ်မများ …. နေဝင်နေထွက်အလုပ်လုပ်ရလို့ စိတ်ဖိစီးမှုများလို့ ပင်ပန်းတာမျိုးလားပဲ … ။

      ကိုထက်ဝေးနဲ့ အန်ကယ်နေချားတို့ ပြောနေတဲ့ ပိန်ဆေးပို့စ်ကို ဖတ်မိလို့ ကိုထက်ဝေးဆီ ဖုန်းဆက်ပြီး ပိန်ဆေးအကြောင်းမေးကြည့်သေးတယ် … အစာအိမ်ခဏခဏယောင်တတ်လို့ .. ရှောက်ရည်ညှစ်သောက်ဖို့ အဆင်မပြေပေမယ့် … ဆေးလိမ်တာတော့ … စမ်းလုပ်ကြည့်ဦးမယ် .. တကယ်ကျသွားလျှင် … ရွာထဲလှည့်ပြီး မောင်းခတ်ဦးမယ် … ။

      အခုတီဗွီမှာကြောငြာနေတာက .. ဆီးသီးအနှစ်ရေသောက်ရမယ်ဆိုပဲ ….. အဲ့ဒီတစ်ပုလင်းက သူများ မိသားစုတွေ .. ထမင်းစရိတ်တရက်စာလောက်ရှိတယ် .. မွဲကိန်းပဲ 🙄

      • Thel Nu Aye

        January 27, 2012 at 1:33 pm

        ဟုတ်ပဟုတ်ပ။ အဲဒီဆီးသီးအနှစ်သာနေ့တိုင်းသောက်ရရင်တော့တပုလင်းသောက် ရင်တအိမ်လုံးပိန်မှာ။ ဘာကြောင့်လဲဆိုတော့တအိမ်လုံးနေ့တိုင်းဆန်ပြုတ်ပဲသောက် ရတော့မှာ။ ဈေးဖိုးထဲကဆီးသီးအနှစ်ရည်ဖိုးနှုတ်လိုက်လို့။

      • water-melon

        January 27, 2012 at 7:50 pm

        မအီးတုံးပြောတာ vita မလား
        အမလေးမသောက်နဲ့ တစ်ပုလင်း ၁၅၀ဝ
        တစ်ပါတ်တိတိဝယ်သောက်ဖူးတယ်
        ဘာမှမထူးခြားဘူး အစ်မ
        ပိုက်ပိုက်ကုန်တယ် 😀

  • nature

    January 26, 2012 at 10:23 pm

    ဆေးတွေကို နောက်နေ့မှ သွားဝယ်လိုက်ဦးမယ် ဆရာထက်ရေ။ ကျေးဇူးတင်ပါတယ်။

  • ဦးဦးပါလေရာ

    January 26, 2012 at 11:05 pm

    မပိန်ရင်လဲ ရှိပါစေတော့…
    လူကို ပုံဖျက်နေတဲ့ ဗိုက် ကိုတော့
    ဖြစ်နိုင်ရင် လှီးကို ထုတ်ချင်တာ…။
    ခက်တာက ဒီအသက်အရွယ်အထိလဲ
    အစားအသောက် အအိပ်အနေ မဆင်ခြင်နိုင်သေးဘူး။
    တရုတ်စကားပုံ(လို့ထင်တယ်)တခုကြားဘူးတယ်။
    အကျင့်(နေထိုင်မှု့ပုံစံ)မကောင်းတဲ့သူအတွက် ဆေးမရှိဘူးတဲ့…။
    ကျုပ်လိုလူတွေပေါ့ …. 🙂

  • padonmar

    January 27, 2012 at 12:24 am

    ဆရာထက်ရေ
    ဆရာစားမချန် ဆေးနည်းအကုန် ပွင့်ပွင့်လင်းလင်းပေးထားတာ ချီးကျူးပါတယ်။

  • Khin Latt

    January 27, 2012 at 4:36 am

    ဆရာထက်ရေ – သိပ္ပံနည်းကျ ခေါ်မလား၊ လက်တွေ့ကျတယ်ခေါ်မလား။
    အဲဒါ တကယ် နည်းလမ်းမှန်တယ် ထင်ပါတယ်။
    လွတ်နေတာလေးတွေ ကို ဖြည့်ပြီး ကျင့်ကြည့်လိုက်ဦးမယ်။
    တကယ်ကို ကျေးဇူးပါ။ 🙂

  • htet way

    January 27, 2012 at 9:57 am

    နောက်ထပ်ဆေးနည်းတွေရှိပါသေးတယ် တဆင့်ပြီးတဆင့်ပေါ့
    စမ်းကြည့်ပါ အန္တရယ်မရှိပါဘူး

  • နွယ်ပင်

    January 27, 2012 at 10:19 am

    ဆရာထက်ရေ .. ဗိုက်ချပ်နည်းလေး သိရလို့ ကျေးဇူးပါ
    လူကမဝပင်မယ့် တစ်နေ့တစ်နေ့ အထိုင်များလို့ ဗိုက်ပူလာတယ်ဆိုပြီး
    စိတ်ညစ်နေတာ အခုတော့ ဆေးနည်းလေးရသွားလို့ လုပ်ကြည့်လိုက်ပါ့မယ် …..

  • kokothandar

    January 27, 2012 at 11:00 am

    ညစာစားအပြီး တစ်နာရီအတွင်း မအိပ်ဖို့လည်း အကြံပြုလိုပါတယ် ဖြစ်နိုင်ရင်လမ်းလျောက်ပေးပါ
    ညစာကို အညိုရောင်အသားဆိုရင် ထမင်းကို ထမင်းပန်ကန်လုံး တစ်လုံးထက် ပိုမစားပါနဲ့ အရွက်ဟင်း
    အရည်သောက်ဖြစ်ရင် သင့်တော်ပါတယ် ဒိန်ချင်ကိုသကြားမပါ (သကြားလျှော့)ထမင်းစားပြီးရင်သောက်ပါ

  • စိန်ပေါက်ပေါက်

    January 27, 2012 at 11:33 am

    အူးအူးထက်ရေ
    သများကောင်မလေး ပိန်ချင်နေတာ.
    ဆေးနည်းတွေလဲစုံ..ပလုံ..လေ့ကျင့်ခန်းလဲလုပ်
    ဒါပေမဲ့..နဲနဲစားလိုက်တာနဲ ့ ဝ.ဝ လာတယ်..
    အဲဒါ
    ဒီနည်းလေးပေးကြည့်လိုက်ဦးမယ်
    တိုင်းကျူးဗဲထီးမတ်ချ်

  • manawphyulay

    January 27, 2012 at 12:28 pm

    ဆရာရေ… အဆီလည်း မကျချင်ဘူး အသားလည်း ဒီထက် မကျစ်ချင်ဘူး။ နည်းနည်းလေး ဝအောင်သာ ဘာဆေးသောက်ရမလဲ ဆိုတာ ညွှန်ကြားပေးပါဦး…. ခုဆေးနည်းသာ သောက်ရရင်တော့ မနော တစ်ယောက် အဟိ 😛

  • aungnng87

    January 27, 2012 at 2:00 pm

    ကျေးဇူးဘဲကိုထက်ဝေးရေ….။ဒါပေမဲ့ပြသနာတခုကမလေးရှားမှာရှောက်သီးမရနိုင်ဘူး..။ အဲဒီရှောက်သီးနေရာမှာဘာကိုအစားသုံးလို့ရမလဲ။ သံပုရာသီးဆိုရင်ကောရနိုင်မလား။ ဖြေပေးပါဦး။

  • htet way

    January 27, 2012 at 7:58 pm

    ဆေးညွှန်းကတော့ ရှောက်သီးပါ
    သံပုရာသီးဆိုရင်တော့ မနက်ထဲက ၂လုံးကို လေးစိပ် မပြတ်စေနဲ့ စိပ်ပြီး
    ပြုတ်ပါ။ ညနေကျရင်သောက်ပါ နည်းနည်းခါးတယ် ပျားရည်ရရင်ထည့် မရရင်မထည့်နဲ့
    ဒါကသွေးပေါင်နည်းနည်းကျတတ်တယ်။
    ၃ရက်သောက်ပြီးရင် တစ်ရက် နှစ်ရက်နားပါ။သံပုရာရည်နဲ့ အပူဆေးတစ်မျိုးရောစပ်လိမ်းပါ
    ဗိုက်ကိုအဝတ်စည်းပါ။
    ကျွန်တော်ကို လိုအပ်တာတွေဖုန်းနဲ့မေးပါ။
    0973234101

  • htet way

    January 27, 2012 at 8:01 pm

    ညီမလေးမနော အကို ပြောထားတဲ့ အဆီကျ အသားကျစ်နဲ့ ပြောင်းပြန်နေပေါ့ကွာ
    အဟဲ…စတာပါ ။ဆရာမလေးက ကြိတ်မှန်ရွက်နဲ့ တောကြက်ဥကြော်စားရမယ် ၃ရက်
    ဆက်တိုက်ပေါ့။နောက် ဈေးမှာရောင်းတဲ့ ရှားဇောင်းလက်ပတ်ချက်ဆေး စားရမယ် တစ်နေ့
    ၃ဇွန်း။ ဝလာစေသတည်း။

  • eipu

    January 28, 2012 at 10:39 am

    ဆရာထက်ရေ
    ကျေးဇူးပါ။ ပိန်ချင်နေတာနဲ့အတော်ဘဲ။ အရမ်းလည်းမခက်ဘူးဆိုတော့ လုပ်လိုက်မယ်နော်။

  • linnlinnn

    January 28, 2012 at 10:43 am

    ကိုထက်ဝေးရေ ပျားရည်ဟောင်းဆိုတာ..ရှာရခက်တာမို့… ရိုးရိုးပျားရည်ဆိုရင်ရော..ဖြစ်ပါသလားရှင်..

  • aungnng87

    January 28, 2012 at 10:52 am

    ကျေးဇူးဘဲကိုထက်ဝေး…။ phone နံပါတ် ယူသွားပါတယ်။

  • htet way

    January 28, 2012 at 8:11 pm

    ရိုးရိုးပျားရည်ပဲသုံးပေါ့ဗျာ၊ခက်တာက ပျားရည်စစ်ဆိုတာကလည်းမရှိသလောက်ရှားတော့
    အာနိသင်တော့ နည်းနည်းလျှော့တာပေါ့နော်။ကောင်းတာက ပျားရည်စစ်စစ်ကို မှာထားပြီး
    သိမ်းထားရင်တော့ ပိုကောင်းတာပေါ့နော်။ မရှင်းတာရှိရင် မေးပါဗျာ။

    • linnlinnn

      January 30, 2012 at 10:35 am

      ကျေးဇူးတင်ပါတယ် ကိုထက်ဝေးရေ… လောလောဆယ်တော့ ရိုးရိုးပျားရည်နဲ့ပဲ သုံးရတာပ… ပျားရည်စစ်စစ်ကိုသာ စောင့်ရရင် ကျမ သောက်ဖြစ်မယ် မထင်ပါကြောင်း… 🙂

  • ရင်နင့်

    January 29, 2012 at 2:23 am

    ကျနော်က မျက်နှာနည်းနည်းဖောင်းနေလိုု့ မျက်နှာကျချင်တာ လူကမဝဘူး ဗိုုက်လေးပဲနည်းနည်းထွက်တယ် မျက်နှာကလူနဲ့မလိုုက်ဖူး ဖောင်းနေတာ 🙁

  • htet way

    January 29, 2012 at 9:41 am

    ခင်ဗျားမျက်နှာက ဖေါင်းနေတယ်ဆိုတာက မွေးရာပါလား ဒါမှမဟုတ်
    နောက်မှဖြစ်လာတာလား။
    သေသေချာချာဆွေးနွေးရင် နည်းလမ်းပေးနိုင်ပါတယ်။
    ဖြစ်နိုင်ရင် ဖုန်းဆက်ပါဗျာ။သေချာသိရင် ဆေးရှိပါတယ်နော့

  • G H

    February 19, 2012 at 7:02 pm

    Dear Sayar Htet,

    Please advise how to make some areas of dark skin purify and get healthy skin if you have an idea.

    Thanks
    GH

Leave a Reply