မယုံရ
ကျမတို့မိသားစုတွင် “ကိုယ်ကကျူးကိုယ်ဒူးတောင်မယုံရ”……….. “လူယုံသတ်မှသေရသည်”………
“ကျွန်ယုံတဖက်ကန်း၊သားသ္မီးယုံစုံလုံးကန်း”…….ဟု ဆိုကာအဖေကလက်သုံးစကားအဖြစ်အမြဲတစေအသုံးနှုံးကာပြောဆိုဆုံးမတတ်ပါသည်။
အဘယ်ကြောင့်ဆိုသော်……….. မိသားစုတို့ခံစားထားကြရသည့်အဖြစ်သနစ်များစွာရှိခဲ့၊ကြုံတွေ ့ထားရသည့် သင်္ခန်းစာအများအပြားရှိခဲ့ကြ၍ဖြစ်ပါသည်။ အဖေပြည်သူပိုင် အသိမ်းခံရစဉ်တုံးက မိသားစုများထိုင်သည့် ကျွန်းကုလားထိုင်ခုံ(၁၄)လုံးတို့အား အိမ်ဘေးနီးချင်းမိတ်ဆွေထံ ခေတ္တအပ်နှံထားခဲ့သော်လည်း ကာလကြာသည်အထိ မသိချင်ယောင်ဆောင်နေကာ ၊ ပြန်လည်းမပေး တောင်းလဲမရဖြစ်ခဲ့ဘူးပါသည် ။ကိုယ့်ဒူးကိုယ်၊ကိုယ်ယုံကြည်၍လမ်းလျှောက်လျှင် တောင်ဒူးမခိုင်ပါကလဲတတ်သည်။ကိုယ့်ကိုကိုယ်မယုံရပါက အဘယ်သူများအားယုံကြည်၍ဖြစ်သနည်းဟု အဖေကပြောဆိုဆုံးမခဲ့ပါသည်။ ကျမက အဖေ့ကိုယ်တွေ့ ခံစားထားရသည်ဖြစ်၍ အရမ်းကာရောနှင့် ဘယ်သူ့ ့ ့ကိုမှဘယ်သောအခါမျှ ယုံကြည်ခြင်းမရှိခဲ့သည်ကား အမှန်ပင်ဖြစ်ပါသည် ။
ထိုအဖြစ်မျိုးမသိရသေးခင်ကတည်းကလည်း ထိုထက်မကဆိုးရွားသည့် အဖြစ်မျိုးအဖေတို့ကြီးကြီးမားမားရင်ဆိုင်ရသည့် အဖြစ်မျိုးလည်းကြုံတွေ ့ခဲ့ပါသည်။ ဗဟုသုတအဖြစ်ရရှိနိုင်ရန်အတွက်ပြောပြချင်သည်မှာ………………………ကျမတို့မိသားစုအတွင်းယူယုံ၊ဒေါ်ယုံအကြောင်းပင်ဖြစ်ပါသည်။ သူ့နာမည်ကဒေါ်ကျင်ယုံဖြစ်ပါသည် ။ တစ်မိသားစုလုံးကယုံကြည်၍အလွန်ချစ်ခင်ရကာ နာမည်ပင်မခေါ်ပဲအဖျားဆွတ်တလုံးတည်းသာ ဒေါ်ယုံဟုချစ်စနိုးခေါ်ဆိုကြပါသည် ။ ကျမတို့မိသားစုနှင့်လက်ရည်တစ်ပြင်တည်း နေထိုင်စားသောက်ကြခါ အမေကဒေါ်ယုံ၏ မိသားစုအားလုံးတို ့၏ အရေးအရာကိစ္စအဝဝတို့အားလုံးအားတာဝန် ယူထားပေးခဲ့ကြပါသည်။ အဖေတို့ပြည်သူပိုင်သိမ်းခံရပြီးနောက်ပိုင်း နှစ်အတော်ကြာသည်အထိ တာဝန်ယူပေးခဲ့သော်လည်း ကျမတို့ကြီးပြင်းလာသဖြင့် အဖေကဒေါ်ယုံအား ကိုယ်ပိုင်လုပ်စားနိုင်စေရန် အရင်းအနှီးတစ်ချို ့အားထုတ်ပေးကာလုပ်စား ခိုင်းခဲ့ပါသည် ။ တစ်ခါလည်းမဟုတ်၊နှစ်ခါလည်းမဟုတ်၊သုံးခါမျှဖြစ်လာရာတွင် အဖေကဒေါ်ယုံအားမိသားစုပမာဖြစ်ကြ၍ ဆုံးမပြောဆိုကာအဖေဆူပါသည်။ထိုစကားကိုကျမတို့အား လုံးကြားပါသည်……… အဖေပြောဆိုဆုံးမသည့်စကားမှာ….ဒေါ်ယုံအား၊ငါတို့ကမိသားစုတဖြေးဖြေးစားအိုးကကြီးလာပြီ ယ္ခင်ကလိုလေသေးမရှိထောက်ပံ့ခဲ့တာမှန်သော်လည်း ၊ အခုငါတို့ကရွှေတွေထုခွဲစားသောက်ကာနေထိုင်ရသည်ဖြစ်၍ အရင်လိုပေးဘို့ကားမလွယ်ကူတော့။ကိုယ့်အားကိုယ်ကိုးကာနေထိုင်စားသောက်နိုင်ရန်ဆုံးမပြောဆိုပါသည်။
ဒေါ်ယုံကပေးသမျှမလောက်၊ယောက်ကျားကဖဲရိုက် အရက်သောက် မလောက်သမျှငါတို့က ဘယ်မှာထုတ်ပေးနိုင်ပါတော့မလဲ၊သူများနှာခေါင်းပေါက်နဲ့ တသက်လုံးအသက်ရှူဘို့စဉ်းစားရင် ကိုယ်ကျိုးနဲရတတ်တယ်ပြောဆိုပြပြီး ဒီတခါနောက်ဆုံးအနေနဲ့အရင်းအနှီးထပ်ထုတ်ပေးလိုက်မယ်။ နောက်ကိုလာမတောင်းပါနဲ့တော့ဟုအဖေက ဆုံးမကာပြောလွတ်လိုက်ပါသည်။ ထိုကတည်းကဒေါ်ယုံပေါ်မလာတော့၊ကျမတို့က စိတ်မကောင်းဖြစ်ကြသောအခါ အဖေက သူ့ယောက်ကျားအတွက်ဘယ်လောက် ်တောင်းတောင်းလောက်နိုင်မှာမဟုတ်ဘူး။ ဖဲသမား(လောင်းကစား)ဖြစ်၍ငါကအားမပေးနိုင် ၊ အဆိပ်ပင်ရေလောင်းတာနဲ့အတူတူပဲ….. စိတ်ဆိုးသွားလည်းကောင်းတယ်၊သူယောက်ကျားနဲ့ပြတ်ရင် ငါတသက်လုံးကျွေးထားမယ်ဟုအဖေကဆိုပါသည်။ ထိုအခါအမေက..အိုမဖြစ်နိုင်တာဘိန်းစားအရက်သမား၊ ကြားဘူးတာကမယားပိုချစ်သတဲ့၊သူ့ယောက်ကျားကိုအလွန်ချစ်သည်၊ဖြစ်နိုင်တာပဲပြောစမ်းပါဟု…… အဖေ့အားပြောပါတော့သည်။
(၂)နှစ်ခန့်ကြာမြင့်သောအခါ…..၊ဒေါ်ယုံကကျမတို့မိသားစုအားသူ့ယောက်ကျား၏ အကြံပေးချက်အရဟုထင်မိပါသည်။မြေခွေးပမာ အလွန်ယုတ်မာကောက်ကျစ်သည့် အကြံအစည်အားပြုမူကြံစည်ခဲ့ပါသည် ။ ပြောပြရလျှင်ကား တစ်ရက်တွင်အဖေမရှိခိုက် ဒေါ်ယုံအိမ်ရောက်လာကာ၊ အမေ့အား အမေပြည်သူပိုင်အသိမ်းမခံရခင်က ပြုလုပ်ထားပေးသောရွှေဘီး(၇)ကျပ်ခွဲသားခန့်အား ယူဆောင်လာခဲ့ပြီး သားလူပျိုဖြစ်လာ၍ ပုံနှိပ်စက်ထောင်ပေးချင်သည်ဟုပြောဆိုကာ အရင်းအနှီးအား အတိုးမဲ့ထုတ်ချေးဌားထားပေးပါရန် အသနားခံတောင်းဆိုလာခဲ့ပါသည် ။အမေကအဖေ့အား သနားအောင်ထပ်မံပြောဆိုပေးခဲ့၍ အဖေကသဘောတူကာ ထုတ်ချေးပေးခဲ့ပါသည်။ ဒေါ်ယုံကဘယ်လောက်မှမကြာပါပေ။ အမေ့အားမျက်နှာကြီးပိုင်းမင်္ဂလာဆောင်သွားချင်သည် ရွှေဘီးအားခဏဌားပေးပါရန် ဟုပြောဆိုကာ အဖေမရှိသည့်အချိန်၌ပင် အမေ့အားသနားအောင်ပြောဆိုပြီး လာပြန်တောင်းယူသွားခဲ့ပါသည်။ အမေကယုံကြည်ကာပေးလိုက်ပါသည် ။ ဒေါ်ယုံကားရွှေဘီးအား ပုံစံတူပြုလုပ်ကာ ရွှေအစားကြီးဖြင့်အစားထိုးကာ ရွှေရည်စိမ်ပြုလုပ်ပြီး ရက်သတ္တပတ်ကြာမြင့်သောအခါ အမေ့အားလာပြန်ပေးပြီး လမ်းတဝက်အရောက်တွင်ပြန်လှည့်လာခါ အမေ့အားရွှေရည်စိမ်နှင့်အစားထိုးကာပြန်ပေးသည်ဟု စွပ်စွဲပြောဆိုကာပိုက်ဆံအားပြန်ပေးရန် တောင်းဆိုပါသည်၊အမေကအံ့အားသင့်ကာ ချေမကိုင်မိလက်မကိုင်မိ ဘာပြောရမှန်းအောင်ပင် မသိဖြစ်သွားကာ ကြက်သေသေလျှက်က၊ရုတ်တရက်အသိပြန်ဝင်လာကာ အမေကဒေါ်ယုံအား…. နင်ဒီလိုမလုပ်သင့်ပါ ၊ မရှိ၍တောင်းစားတာငါလက်ခံပါသည် ။ အခုနင့်ယောက်ကျားဖဲသမားအကြံနဲ့ငါတို့ကိုမ ကောင်းလာကြံရသလားဟု အမေကဒေါ်ယုံအားပြောပါတော့သည် ။ ဒေါ်ယုံကအမေတို့၏သိက္ခာသမာဓိအား ခုတုံးလုပ်ကာရုံး၊ဂါတ်တိုင်မည်ဟု လိမ်လည်ခြိမ်းခြောက်ကာ မရမကပြောဆိုပြီး လိုချင်သည့်ပိုက်ဆံအားတောင်းယူခဲ့ပါသည်။ အမေကအော်…ငါတို့ကလူယုံသတ်လို့မသေ၊ ဒေါ်ယုံသတ်မှသေတော့သည်ဟုပြောဆိုခဲ့ပါသည်။ အရှက်သိက္ခာမဲ့သူနှင့်တော့ငါတို့ဖက်ပြိုင်ကာဖြစ်ရတာမတန်ပါ..။ဒီမျှလောက်နှင့်သေခန်းပြတ်နိုင်မှတော့ကိစ္စမရှိတော့ ဟုဆိုကာ၊တောင်းသောငွေအားပေးကာ ဒေါ်ယုံနှင့်ကသေခန်းပြတ်ခဲ့ကြပါတော့သတည်း ။
အဖေကအမေ့အားသင်ခန်းစာယူတတ်ရန်ပြောသည်မှာ…… ကျွန်ယုံတော့တဖက်ကန်း၊သားသ္မီးယုံကစုံလုံးကန်းဟုဆိုကာ သတိထပ်မံပေးပါသည်။ထိုအခါအမေကဒါကြောင့်လည်းအုန်းတွေချထားခဲ့တာပေါ့ဟု ပြောကာ သားသ္မီးအားကိုးယုံစား မရတာသိပါသည်၊ကျွန်လည်းမယုံရ၊သားသ္မီးလည်းမယုံရ၊အုန်းကတော့ယုံရပါသည်ပြောဆိုကာ…….အဖေအမေတို့၏လက်သုံးစကားဖြစ်ခဲ့ရပေတော့သတည်း။
12 comments
pooch
February 2, 2012 at 12:08 am
ကျမတို့ မိသားစုထဲမှာလည်း ကြုံဖူးပါတယ် အန်တီအေးရယ် ။ တော်တော်လေး အထိနာခဲ့လို့ အခုဆို ဘာလုပ်လုပ် နှုတ်တရာ စာတလုံးဆိုပြီး ရှေ့နေရှေ့ရပ်နဲ့ပဲ စနစ်တကျလုပ်ပါတော့တယ်။ အတွေ့အကြုံများက သင်ပေးခဲ့လို့ပါ။
Khin Latt
February 2, 2012 at 4:06 am
အစ်မအေး ရေ –
ငွေကြေး နဲ့ ပါတ်သက်လာရင် လူတွေကို မယုံရဘူး လို့ အရင်ရှေးလူ တွေ ပြောတဲ့ စကားကို လက်မခံချင်ပေမဲ့ တစ်ခါတစ်ခါ ဝမ်းနည်းစွာဘဲ လက်ခံရပါတယ်။
သနားတတ်၊ အားနာတတ် တဲ့ အပေါ် အခွင့်ကောင်းယူသွားတတ်ကြတာပါ။
ဒီတော့ အမြဲတမ်း ကိုယ့်စည်း၊ သူ့စည်းထားပြီး နေတာက ပိုကောင်းပါတယ်။
အနောက်တိုင်းမှာတော့ လူတွေဟာ အားမနာတတ်ဘူး လို့ ဆိုရမယ်။
အမှန်တော့ ကိုယ့်စည်းလဲ မကျော် နဲ့ သူ့စည်းလဲ ကိုယ်မကျော်ဘူးပေါ့။
တကယ်တော့ အဲဒါက နေ လို့တကယ်ကောင်းတာဘဲ။
အတွေ့အကြုံ ဟောင်း တွေဆိုတာ ယူတတ်ရင် သင်ခန်းစာတွေ ပါဘဲ။
Pooch ပြောတာမှန်တယ်။ လူကိုယုံတာ၊ မယုံတာ အပထား၊ စံနစ်ထား လုပ်ရမှာ အမှန်ပါဘဲ။
အတွေ့အကြုံလေးတွေ မျှလို့ ကျေးဇူးနော် အစ်မအေး။
ခင်တဲ့
မလတ်
MaMa
February 2, 2012 at 9:22 am
မအေးတို့ အတွေ့အကြုံတွေက သင်ခန်းစာအများကြီးရစေလို့ ကျေးဇူးတင်ပါတယ်။
အားနာတတ်လွန်းလို့ ခံရတာဖြစ်မယ်။
ကျမကတော့ ကိုယ့်ဆီလာချေးငှားရင် ကိုယ်အဆုံးရှုံးခံနိုင်မလား အရင်ဆုံးစဉ်းစားလိုက်တယ်။
အဆုံးရှုံးခံနိုင်တဲ့ ပမာဏလောက်ဆိုရင်တော့ ပေးလိုက်တယ်။
မဟုတ်ရင်တော့ တခါတည်းပဲ အမုန်းခံလိုက်တော့တယ်။ 🙁
ကောင်းမြတ်သူ
February 2, 2012 at 10:24 am
အဲဒိခေတ်က လိမ်လည်မှုပိုများတယ်လို့ထင်တယ်။ ကျွန်တော့်အဖွားဆို ကျွန်တော်ငယ်ငယ်ကလေးထဲက အဲဒိအကြောင်းမျိုး သူခဏခဏပြောတယ်။ လက်တွေ့လည်းမြင်ခဲ့ဘူးတယ်လေ။ အဖွားက ရင်းနှီးတဲ့သူဆို အပေါင်နည်းနည်းခံတယ်။ တနေ့ အဖွားနဲ့ညီမလို့နေတဲ့ အဖွား(အပျိုကြီး)တစ်ယောက် ရောက်လာတယ်။ အဲဒိအဖွားက တော်တော်ရိုးသားတာဗျ။ သူ့ဆီမှာ ဘယ်ပစ္စည်းဘယ်လောက်သားရှိတယ်ဆိုတာအစ အဖွားကအကုန်သိတယ်။ အဖွားဆီကပစ္စည်းတွေလည်း သူအကုန်သိတယ်။ အဲလောက်ရင်းနှီးတာ။ အဲဒိနေ့က အဖွား(အပျိုကြီး)က လက်ကောက်တစ်ကွင်းလာပေါင်တယ်။ မမလေးရေ ညီမတူမ အရင်းအနှီး လိုတယ်ဆိုလို့ ဒီလက်ကောက်လေး ခဏထားချင်တယ်ဆိုပြီး လက်ကောက်တစ်ကွင်းပေးတယ်။ အဲဒီခေတ်က လက်ကောက်ကို အဝတ်ကလေးပတ်ထားတတ်တယ်ဗျ။ ကျွန်တော်အဖွားလည်း အဲဒီနည်းနဲ့ ပစ္စည်းသိမ်းတတ်တယ်။ ခါတိုင်းဆိုအဖွားက သူ့ပစ္စည်းဆို ဘယ်တော့မှဖြေမကြည့်ဘူး။ အဲဒီနေ့က ကျွန်တော် အမေက မရီ…ကျွန်မအဲဒိလက်ကောက်လေးကြည့်ချင်တယ်ဆိုတော့ အဲဒိအဖွားအပျိုကြီးက ကြည့်လေ ညီမလေးဆိုတော့ ကျွန်တော့အမေဖွင့်လည်းကြည့်တော့ ကြေးကွင်းကြီးဖြစ်နေတယ်။ အဖွားအပျိုကြီး ထိုင်ငိုတော့ဒါပဲ။ ငါ့လက်ကောက်ကို ကောင်မ(သူ့တူမ)လုပ်သွားရက်တယ်။ ထပ်ပြီးလည်း ငါ့ကိုအရှက်ခွဲတယ်ဆို ပြီး ငိုတော့တယ်။ တကယ်တော့ အဖွားအပျိုကြီးကတော်တော်ရိုးသားတယ်။ သူ့တူမလုပ်လိုက်တာ။ အဲဒါတော့ အဖွားလည်းယုံတယ်။ ကျွန်တော်တို့လည်းယုံတယ်။ အဲဒိအဖွားအပျိုကြီးက အခုဆို (၉၀)လောက်ရှိမယ်။ အခုထိကျန်းကျန်းမာမာပဲ။ ကျွန်တော်တို့ကို အခုထိမြေးတွေလိုချစ်တယ်။
ကြောင်ကြီး
February 2, 2012 at 10:39 am
စိတ်ဝင်စားစရာ ကောင်းပါ၏။ အတိတ်ဘဝမှာသူများဆီက ယူထားခဲ့လို့ ပြန်ပေးရတယ် မှတ်တာ စိတ်အသက်အသာဆုံး ဖြစ်ပါမည်။ aye.kk ရေးသလို ခဏခဏ အခိုး၊ အလိမ်၊ အတိုက် ခံရတယ်ဆိုရင် အဲသည်လို ဖြစ်ဖို့များတယ်။ ရှောင်မရတဲ့ သဘောပေါ့…။ သိထားတော့ စိတ်ထားတတ်ပါသည်။
စိန်ပေါက်ပေါက်
February 2, 2012 at 11:26 am
ငွေနဲ ့ပတ်သတ်ရင် တော်တော်ကြောက်ဖို ့ကောင်းတဲ့လူတွေပါလားဗျာ
အူးကြောင်ကြီးပြောသလို အတိတ်က ကံကြောင့်လဲ ခုလို အလိမ်ခံရနိုင်တယ်လို ့စိတ်ဖြေရမှာပဲ
အဓိကကတော့ သနားတတ်တာ..အားနာတတ်တာ..မစေ့စပ် မသေမချာ လုပ်မိတာလဲ ပါမယ်ထင်ပါတယ်..
အို..
ထီပေါက်ရင် ငွေတွေဘယ်မှာ ဖွက်ထားရပါ့ 🙄
ကောင်းမြတ်သူ
February 2, 2012 at 7:40 pm
ရေးရေးပေါက် တားတားကိုပေးထား။
ဘောရုံးပွဲဒွေတောင်းနေတယ်… တားတားပွားပေမယ်နော်
AKKO
February 2, 2012 at 11:55 am
ဟုတ်တော့ ဟုတ်ပါတယ် အစ်မအေးရေ ။ ဒါပေမယ့် တချို့နေရာတွေမှာ လူမှုရေးအရ စည်းမျဥ်းတွေ ၊ စာချုပ်တွေနဲ့ လုပ်လို့မရတာတွေလည်းရှိတယ် ။ အဲ့ဒီလိုအခါမျိုးမှာတော့ ကံကိုကြိတ်ပြီး ဆုတောင်းတောင်းယုံကလွဲလို့ အားကိုးစရာမရှိဘူးလေ 🙁
aye.kk
February 2, 2012 at 7:00 pm
pooch,ရေ..ကျေးဇူးပါ။
မလတ်,…ရေ
အမငယ်ငယ်ထဲကမိဘတို့နဲ့ပတ်သက်ပြီးလူတွေကို
အတော်နဲ့ယုံကြည်နိုင်တဲ့သတ္တိမရှိတော့တာခုချိန်ထိပါ…
သားနဲ့ယောက်ျားကသူတို့ဘဝမှာဒီလိုအဖြစ်မျိုးမခံစားဘူးတော့..
အမကလူတွေအပေါ်မှာသံသယထားလွန်းတယ်လို့စွပ်စွဲခံရတယ်..
အမရဲ ့သဘောထားကပြင်းထန်တယ်ဆိုပြီးပြောပြန်တယ်..
အမရဲ ့ခံစားချက်တွေကလူတွေနဲ ့ကင်းကွာသလိုဖြစ်လာတယ်..
အမေပြောသလိုသည်းခံယုံကလွဲပြီးရှင်းပြလေရှုတ်လေဖြစ်တော့ပိုဆိုးပြန်တယ်..
အမေကစာမတတ်ခဲ့တော့၊အပေါင်ခံစားလုပ်တာစံနစ်မကျခဲ့ဘူးပေါ့နော်..
မလတ်ပြောပြတာလေးလည်းမှတ်သားသွားပါတယ်လို့ပြောပြလိုက်ပါရစေနော်။
မမ,ရေ…အဖေကချစ်သူမုန်းဆေးအကျွေးပေး..
မပေးသော်ကားမုန်းရာ၏တဲ့၊မမပြောတာမှန်ပါတယ်လို့ပြောပြလိုက်ပါရစေ။
ကောင်းမြတ်သူ,..
အမေကဒေါ်ယုံမလုပ်ရင်တောင်၊ယောက်ျားဖြစ်သူစံနက်လို့ထင်ခဲ့တယ်။
ယောက်ကျားကဖဲသမားဖြစ်နေတော့၊သူတို့မိသားစုနဲ့က
အခုထိတိုင်အမတို့နဲ့ပါသေခန်းပြတ်ခဲ့ရပါတယ်မောင်လေးရယ်။
ကိုကြောင်ကြီး,..ရေ
အမဘဝဇတ်ကြောင်းကဒီထက်မျှမကစိတ်ဝင်စားစရာကောင်းပြီးဆန်းကျယ်လွန်းခဲ့ရပါတယ်..
ခုခေတ်နဲ့ကပြောပြဘို့ဟာလုံးဝမကိုက်ညီတော့ပါဘူး၊လက်ခံကြနိုင်မှာမဟုတ်ဘူး..
ရင်ထဲမျိုသိပ်ကာထားသွားရမလိုဖြစ်နေတယ်၊အဖေ့ကိုဓားမြတွေတစ်ကြိမ်တိုက်သွားပြီးကာ
မအောင်မြင်လို့နှစ်ကြိမ်ပြန်တိုက်ယူခဲ့ရပါတယ်၊အဲဒီဓားမြက
အလင်းပြန်ဝင်လာပြီး၊မဆလခေတ်ဆိုတော့လူကြီးဖြစ်ခဲ့ပြန်ပါတယ်၊သူတို့က..
ကရင်တွေဆိုတော့အမှန်တိုင်းဝန်ခံရဲတဲ့သတ္တိကတော့အပြည့်ပါပဲ..
ဓားမြတိုက်တဲ့လူကြီးရဲ ့သားကကျမကိုမှချစ်မိတော့အဖေက
နောက်ကြောင်းတွေပြန်လှန်ပြီးပြောတော့ဘယ်လိုမှ
မဖြစ်နိုင်တော့ပဲ၊နောက်ပြန်ဆုတ်ပြီးဇတ်ကြောင်းလှန်ရတဲ့
အဖြစ်မျိုးကြုံတွေ ့ခဲ့ရတယ်။(ဒါဟာတကယ့်အဖြစ်မှန်ပါဘဲ)
စိန်ပေါက်ပေါက်,ရေ
အဖေကသူခေတ်ကောင်းစဉ်ရှာဖွေထားတဲ့ငွေတွေကိုနည်းမျိုးစုံနဲ့ဖွက်ခဲ့တာက..
စိတ်ဝင်စားစရာတွေချည်းပါပဲ..
ရေတွင်းမျက်နှာပြင်ရေအနက်တပေခန့်အုတ်ချပ်ကြားထဲလျှို ့ဝှက်မြုပ်ခဲ့တယ်..
ရွှေငွေရတနာတွေကိုဗူးနဲ့မြေကြီးထဲထည့်မြုပ်ပြီး၊အပေါ်ကသစ်ပင်ပြန်စိုက်ခဲ့တယ်..
ကျမတို့ကြီးလာတော့၊သစ်ပင်အမြစ်ကနေလှဲခုတ်ပြီးကျမတို့ကိုပြန်ဆင်မြန်းတယ်။
နောက်တခုကမြေအောက်ထည်းမှာ၊ကျောက်စရစ်တစ်ထပ်၊မီးသွေးတထပ်၊
ချောင်းကဆည်တဲ့သဲတထပ်၊သုံးထပ်မြုပ်နှံတယ်၊မြေနေရာရွေ ့သွားလို့အကြီးကျယ်ဆုံးရှုံးခဲ့ရတယ်..
အားလုံးကသံဝေဃတရားကျစရာတွေချည်းပါပဲ။
ထီပေါက်ရင်တော့မဖွက်ပါနဲ့၊သေရင်ကိုယ့်နောက်ပါအောင်လှူလိုက်ပါလို့ပြောပြလိုက်ပါရစေ။
akko,ရေခုတော့ကံတရားကိုသာယုံကြည်မိပါပြီလို့ပြောပြလိုက်ပါစေ။
အတိသဉ္ဇာ နာဂရ ချစ်သူ
February 2, 2012 at 7:32 pm
အဖေသည်ရွှေသွားများပြုလုပ်စဉ်က စိတ်ချရမည့်သွားစိုက်ဆရာဝန်တစ်ဦးအား
စိတ်တိုင်းကျရွေးခြယ်၍ ရွှေဒင်္ဂါးတစ်ပြားလျှင်ငါးမတ်သားရှိသည့် အပြားပေါင်း
(၃၆)ပြားအားပေးကာ ရွှေသွားတစ်ချောင်းလျှင် အလျှော့တွက်လက်ခအဖြစ်
တစ်မတ်သားပေးကာ ၊ တစ်ချောင်းလျှင်(၁)ကျပ်သားနှုံးနှင့် အသားတင်ဖြင့်
ပြုလုပ်ခိုင်းခဲ့ကာ ရွှေသွားများအဖြစ်စိုက်ယူကာထားရှိခဲ့ပါသည်။ သွားစိုက်ဆရာ
ဝန်ကလည်း သူ့အတွက်ကျန်သည်ဖြစ်၍ သဘောတူကာ ပြုလုပ်ပေးခဲ့ခြင်းဖြစ်
ပါသည် ။ ၎င်းဆရာဝန်သည် ကြေးရေတက်လူချမ်းသာ လူကုံတန်အသိုင်းဝိုင်း
ကဖြစ်ကာမျိုးရိုးကောင်းမွန်ပြီး ပညာတတ်လည်းဖြစ်၍ အဖေကစိတ်ချယုံကြည်
ရသည်ဟုဆိုကာ အပ်နှံခဲ့ခြင်းဖြစ်ပါသည် ။
အဲလိုမျိုးတွေ ့ရတာနည်းနည်းစဉ်းစားသွားသေးတယ်။နောက်ဆက်ဖတ်ကြည့်မှ
အန်တီအေး ရဲ ့ဆိုလိုရင်းကိုသဘောပေါက်ရပါတယ်။လူတွေအကြောင်းကတော့
နော်ပေါင်းကြည့်မှသိတော့တာပေါ့။ကိုယ့်မိသားစုအပေါ်အရမ်းကောင်းတဲ့ အိမ်ဖော်
တွေလဲရှိပါတယ်နော်။“မြင်းမှာ အုန်းခွံ၊ကျွန်မှာ ကုလား၊ဓါးမှာ မိုးကြိုး၊ယွန်းပုဆိုး”
လို ့ဆိုထားပြန်တယ်လေ။
aye.kk
February 2, 2012 at 7:58 pm
အတိသဉ္ဖာနာဂရချစ်သူရေ,..
အန်တီရေးတဲ့“အပြစ်ဖြစ်မိသည်”ထဲမှာဖတ်ကြည့်ပါကွယ်..
အဖေကအိမ်ခြံစောင့်ဒရဝမ်ကိုကုလားလူမျိုးစစ်စစ်ကိုသာအသုံးပြုခဲ့တဲ့သူပါ..
သူတို့ကပြည်နှင်ဒဏ်ပေးခံရကာအိန္ဒိယပြည်ပြန်သွားခဲ့ရပါတယ်..
အဖေကမယားတောသူ၊ကျွန်ကုလားဆိုပြီးအန်တီတို့ကိုအမြဲဆုံးမခဲ့ပါတယ်ကွယ်…
အန်တီရဲ ့အစ်ကိုကပညာတတ်ဖြစ်တာတောင်အဖေ့စကားနားထောင်ကာ
တောင်ပေါ်သူတောသူစစ်စစ်ရှာယူခဲ့ပါတယ်။(အမှန်ဖြစ်ကြောင်းပါ)
အခုဟာက၊အန်တီတို့မိသားစုအတွင်းအပြင်သိထားတဲ့လူရင်းလူယုံကသစ္စာဖောက်ခဲ့လို့ပါ..
တစ်ခြားအကြောင်းအရာတွေတစ်ချို ့ကို၊အန်တီချန်လှပ်ထားခဲ့ရတာတွေရှိနေခဲ့ပါတယ်…
အန်တီကမင်းကိုကျေးဇူးတင်ပါတယ်။(မင်းသိတာလေးကိုပြောပြပေးလို့ပါ)
နေဝန်းနီ
February 2, 2012 at 10:25 pm
ဟုတ်…. သွားလေသူ ဖခင်ရှိစဉ်က ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းမှာ ငွေရေးကြေးရေး အပြောင်းအလဲမှာ သားအဖချင်းလည်းရှေ့တင်စစ်ဆေးပြီးမှလက်ခံတဲ့……………။