Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


alinsettApril 17, 20162min81219
  ”မှားမှာကြောက်၍ ဘာမျှ ထ,မလုပ်ခြင်းကမှ ကြီးစွာသောအမှား” ————————   အမှားတစ်ခုခု လုပ်မိတယ် ဆိုပါစို့။  ဒါက အမှားဆိုပေမဲ့ တစ်နည်းအားဖြင့် သင်ခန်းစာပါ။ မှားရာကနေ မှန်ရာကို ရှေ့ရှု သွားဖို့ . . . လမ်းစ ရှိပါတယ်။   ဘာအမှားမှ မလုပ်မိဘူးဆိုတဲ့သူတွေကတော့  ဘာမှလည်း အပြောင်းအလဲမရှိ/ ဘာအတွေ့အကြုံမှလည်း မရဘူးဆိုတဲ့ စွဲချက်နဲ့ ”ညံ့တယ်”လို့ တံဆိပ်နှိပ် ခံရမယ့် ခေတ်ပါ။   ဆိုလိုတာက ”ဘာအမှားမှ မလုပ်မိတာကိုက ကြီးမားတဲ့ အမှား ကျူ းလွန်တာ” လို့ စွပ်စွဲခံရမယ့် ကိန်း။   ဆရာနေဇင်လတ်ရဲ့ စာအုပ်တစ်အုပ်ကတော့ ”မှားပြီးမှ ပညာဖြစ်လျှင် ဤခေတ်တွင် ညံ့၏”တဲ့။ သူကတော့. . […]


alinsettApril 14, 20161min55114
သပြေခက်နဲ့ချည်း ရေပက်ကြမှလို့ မဆိုလိုပါဘူး။ . . . . . . မီးသတ်ပိုက်နဲ့ စူးရှနာကျင်အောင် မပက်ဘူး ဆိုပါစို့. . . ကျောကော့အောင် ခွက်စောင်းခုတ်တာတွေ မလုပ်ကြဘူးဆိုပါစို့. . . ခေါင်းကနေရေလောင်းတာတို့ မျက်စိတွေ နားရွက်တွေထဲထိ ခံရခက်အောင် ပက်တာတို့ မလုပ်ဘူးဆိုပါစို့။ အမူးအရူးတွေရဲ့ ရိုင်းပြခက်ထန်တဲ့ လှုပ်ရှားမှုတွေ မရှိဘူး ဆိုပါစို့. . . ယာဉ်မတော်တဆမှုတွေ. . .ရန်ပွဲတွေ. . . မရှိဘူးဆိုပါစို့။ အဲ့ဒါလေးတွေ မရှိဘူးသာ ဆိုရင်ပေါ့ဗျာာာာ ကျနော် ဒီသင်္ကြန်မှာ လမ်းပေါ် ထွက်လာမှာ. . . အခုတော့ . . . ဟောဒီ ဟေးလားဝါးလားသင်္ကြန်တွင်းမှာ လမ်းပေါ် […]


alinsettApril 11, 20161min140921
ဘာသာပြန် စာရေးဆရာမ ဝင့်ပြုံးမြင့်၏ လက်ရာ ”လူလည်းတထွေ ရေလည်းတခြား”စာအုပ်ကို ခံစားခြင်း (စာပေခံစားမှုဆောင်းပါး) ——————————– ဝတ္ထုစာအုပ်လို့ အမည်တပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရင်း ‘ရသ’ဆိုတာကြီးကို ခံစားမိဖို့ မေ့သွားတာမျိုး သင်တို့ ဖြစ်ဖူးပါသလား။   ကျွန်တော် ဖြစ်ဖူးပါသည်။ ကျွန်တော်ဖတ်လိုက်မိသော စာအုပ်တစ်အုပ်ကတော့ ကျွမ်းကျင်သောစာရေးဆရာတစ်ယောက်ယောက်၏ အတတ်ပညာ အနုပညာဖြင့် ဖန်တီးထားသည့် ဝတ္ထုတစ်ပုဒ် မဟုတ်ပါဘဲ တကယ်ကြုံတွေ့ခဲ့ရသမျှ အဖြစ်မှန်ကို ကြုံတွေ့သူကိုယ်တိုင်က မှတ်တမ်းတင်ထားသည့် စာအုပ်တစ်အုပ် ဖြစ်နေသောအခါ. . . ကျွန်တော်သည် ‘ရသ’ ခံစားဖို့ထက် အဲ့သည် တကယ့်အဖြစ်အပျက်ထဲကို စိတ်အာရုံက စီးမျောပါဝင်သွားပြီး စာရေးသူကြုံခဲ့ရသမျှကို ဘေးကနေ လိုက်ပါကြည့်ရှုနေရသူလို ဖြစ်သွားသည်။   ထို့နောက် စာမျက်နှာတွေသာ ဖတ်၍ ပြီးဆုံးသွားသည်။ ကျွန်တော့် အတွေးစဉ်ကတော့ […]


alinsettApril 2, 20161min4735
”ကျ ု ပ်”. . . ”ကျ ု ပ် ”ဆိုပါတော့ဗျာ လွန်ခဲ့တဲ့တစ်နှစ်လောက်က . . . သွားကိုက်ဝေဒနာ ခံစားရတယ်။   ဘယ်အရာကမှ အဲ့ဒီဝေဒနာလောက် သောက်ရေးမကြီးတော့ဘူးလို့ ယူဆမိတဲ့ မိနစ်ပိုင်းအတွင်းမှာပဲ. . .   ကျုပ်ဟာ. . . သွား/ခံတွင်း ဆရာဝန်ဆီ ပြေးပြီး. . . ဒုက္ခပေးနေတဲ့ အခေါင်းပေါက်နဲ့သွားတစ်ချောင်းကို နှုတ်ပေးသင့်ပါကြောင်း…တောင်းဆိုပစ်လိုက်တယ်။     ”နှုတ်ခ”နဲ့”နှုတ်ပေးအပြီး” ”ကိုယ့်အင်္ဂါအစိတ်အပိုင်း သွားဖုံးမှာ”ကွက်လပ်ဖြစ်သွားချိန်မှာပဲ . . . ကျုပ်ရဲ့ဝေဒနာဟာ . . .               ယူပစ်သမျှ သက်သာသွားတယ်။ […]


alinsettMarch 31, 20161min170831
”ကျမ ပြည်ပခရီးစဉ်တွေ စ သွားလို့ရချိန်က စပြီး ကျမ နိုင်ငံအချို့ကို သွားခဲ့ပါတယ်။ အင်မတန်မှ တိုးတက်နေပါတယ်ဆိုတဲ့နိုင်ငံတွေထဲ ရောက်တဲ့အခါတိုင်း ကျမ ကိုယ့်ကိုကိုယ် ပြန်မေးပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ကျမ အထင်ကြီးသလား . . .မက်မောသလားဆိုတာ။   ကျမ ဟာဝိုင်ရီ ရောက်တုန်းကဆိုရင် ကမ်းစပ်မှာ ထိုင်ပြီး ပစိဖိတ်သမုဒရာကို ကြည့်ပြီး စဉ်းစားဖူးတယ်။ ဟာဝိုင်ရီဟာ ပထဝီအနေအထားအရလည်း အင်မတန်မှ လှပသာယာတယ်။ လူမှုအသိုင်းအဝိုင်းကလည်း တစ်ယောက်ကိုတစ်ယောက် ချစ်ခင်လေးစားမှုတွေနဲ့ အပြန်အလှန် တည်တည်ငြိမ်ငြိမ်ရှိတယ်။ အင်မတန်မှ နေချင်စရာကောင်းတဲ့ နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျမ နေရရင် ကျေနပ်မလား. . . ပျော်မလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တဲ့အခါကျတော့ ကျမ […]


alinsettMarch 28, 20161min3642
”ကဝေတစ်ကောင်ရဲ့ သီချင်း”                               ——————————————–   ”ဖြောင်းဖြောင်းဖြောင်း” လက်ခုပ်သံတွေ မပြီးသေးခင်မှာပဲ… တချို့လက်တွေ ကွေးကောက်သွားတယ်… ရေတွင်းထဲက လမင်းတစ်စင်း ငေါက်ခနဲ ထပျံပြီး မိုးပေါ် တက်ချိတ်သွားတာကို မြင်ရတာ… လက်ဖဝါးတွေ ယားလို့တဲ့။     ဝိဉာဉ်ဆိုတာ ရင်ဘက်တိုင်းမှာ ရှိပေမဲ့ ရင်ဘက်တိုင်းနဲ့ လက်ဆွဲ နှုတ်မဆက်ဖူးကြပါဘူးတဲ့… သချင်္ ိုင်းကြီးက မီးခိုးတလူလူနဲ့ ဝှါးခနဲ သန်းပြီး ပြောတယ်။ တချို့တချို့ကတော့ သွေးစာမျက်နှာပေါ်မှာ ဓါးမှတ်စုကိုရေးပြီး ဒဏ်ရာအဟောင်းတွေကို အတောင်ပံလုပ် ခပ်သုတ်သုတ် ထ,ပျံတာတော့ မြင်ဖူးလား…မြင်ဖူးရဲ့တဲ့။ […]


alinsettMarch 26, 20161min11499
                                      ဟိုနေ့တွေက ဝန်ကြီးဟောင်းတွေရဲ့ ” အပင်ကအစ နှုတ်ယူမယ်”ဆိုတဲ့  သဘောထား သတင်းတွေ ဖတ်မိပြီး အုန်းအုန်းကြွက်ကြွက် ဖြစ်ခဲ့ကြ. . .   ဟောာာာ ဒီနေ့ကျတော့ တက်လာတဲ့ သတင်းက ဟာခနဲ ဟှင်ခနဲ ဖြစ်ကုန်ရော. . .   လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ဝန်ကြီးအသစ်တွေကို ညွှန်ကြားလိုက်တာ။ ဘာတဲ့ ”ဝန်ကြီးနေအိမ်ထဲမှာ ပရိဘောဂ အသုံးအဆောင်ပစ္စည်းတွေကို ကိုယ့်ငွေနဲ့ကိုယ် ဝယ်ရမယ်။ နိုင်ငံတော် ဘဏ္ဍာငွေကို အဲ့ဒီအတွက် […]


alinsettMarch 24, 20161min101725
                          မယုံမရှိနဲ့ဗျိ ု့. . . မနေ့(တပေါင်းလပြည့်နေ့)က မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုက ကျ ုပ်ဖြင့် ကိုယ့်မျက်စိတောင် ကိုယ် မယုံနိုင်လောက်အောင်ပဲ။ . . .   ဒါမဲ့ တကယ်ရေးချ တကယ်ကြီးဗျ။   . . . . . . . . . . . . . . ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်(ဗန္ဓုလပန်းခြံဘေး)မှာ. . . ကားကလေးရပ်ပြီး ဗေဒင်ဟောစားတဲ့သူတစ်ယောက် ရှိနေတာ တွေ့ဖူးမပေါ့. […]


alinsettMarch 22, 20161min93419
G = Grasp                           ——————– လွန်ခဲ့သောတစ်နှစ်က ကျွန်တော့်ဆီမှာ ကြိုးငါးပင်သာ ရှိခဲ့သည်။ ယခုနှစ်အရောက်မှာတော့ . . . နောက်ထပ် ကြိုးတစ်ပင် ပိုတိုးပြီး ကြိုးခြောက်ပင်တိတိ ရှိသွားပြီ။   ထိုကြိုးများသည် ကျွန်တော့်အား တစ်ရစ်ပြီးတစ်ရစ် တိုးကာ ရစ်ပတ်တုတ်နှောင်ထားသော ကြိုးများဖြစ်သော်လည်း ”မောင်သူရရေ မင်းကိုယ်တိုင်ကလည်း အဲ့ဒီကြိုုးတွေရဲ့ နွယ်ငင်ရစ်ယှက်မှုကို လိုလားနှစ်သက်နေတယ်မဟုတ်လား”ဟု အသင်မေးလျှင်. . .ကျွန်တော် မငြင်းဆိုချင်ပါ။   အဲ့ဒါ သိပ်တော့ မကောင်းပါ။ ”လောကမှာ ရှိရှိသမျှ ချစ်ခင်နှစ်သက် မက်မောစွဲလမ်းရာဟူသမျှသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် […]


alinsettMarch 10, 20161min75310
                  မနက် ၈း၄၅ ထက် နောက်မကျဘဲ ရုံးကိုရောက်အောင် ဘတ်စ်ကား ၂ဆင့်ဖြင့် သွားရပြီး ညနေ ရုံးဆင်းချိန် ၅း၃ဝ မှ ဘတ်စ်၂ဆင့်ဖြင့် ပြန် / ညပိုင်းထိ ရောင်းနေသော ဈေးကိုသွား/ ညစာအတွက် ချက်ပြုတ်ကြော်လှော်ရမှာတွေကို ဝယ်/အဆောင်ကို ပြန်ရောက်မှ ချက်ပြုတ်/ လျှော်ဖွတ်/စသည်ဖြင့် လှုပ်ရှားရသည့် ရုံးဝန်ထမ်းတစ်ယောက်သည် မနက် ၆နာရီအတိမှာ မျှော်လင့်ချက်အပြည့်ဖြင့် အိပ်ရာမှ နိုးထခဲ့ပါပြီ။   မနေ့ညတုန်းက ရုံးမှ ပြန်ရောက်ကာမှ ညစာအတွက် ချက်ပြုတ်ကြော်လှော်ပြီး ရေမိုးချိုး၍ ကွန်ပြူတာရှေ့ရောက်သည့်အချိန်မှာ ည ကိုးနာရီ ဖြစ်သည်။   ညကိုးနာရီမှ စကာ ဆယ်နာရီခွဲလောက်အထိ […]


alinsettFebruary 26, 20161min67810
                              ဝက်သားဒုတ်ထိုးဆိုင်ကို တွေ့တယ်။   ညစ်ညစ်ပတ်ပတ်မဟုတ် သပ်သပ်ရပ်ရပ်လည်း ရှိလို့ စားကောင်းမယ့်ပုံလည်း ပေါက်တယ်။   အားရပါးရ တမုန်းဝင်ဆွဲမယ်ကွ လို့ တွေးပြီး ထိုင်ခုံကို ဆွဲထိုင်ဖို့လုပ်တယ်။ ထိုင်ခါနီးမှ ဖျတ်ခနဲ စဉ်းစားမိတာက. . .     ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံဘယ်လောက် ရှိလဲ?       ဘုရားရေ. .  . ပိုက်ဆံအိတ်ထဲမှာ အကြွေ ခြောက်ရာ(မြန်မာငွေ ၆၀ဝ တိတိ)ပဲ ရှိတော့ပါလား။   ဟုတ်သားပဲ။ ငါ့နှယ်. […]


alinsettFebruary 18, 20161min5087
                                        ဘူတာအိုထဲမှာ ရထားအိုကို စောင့်နေသူများ ———————————————————————————— အဲဒီနှင်းဆီဟာ… တစ်စချင်း တစ်ရွက်ချင်း ပြန်လည်တည်ဆောက်ပြီး လန်းဆန်းတောက်ပပြတော့မှာလား။ ဒါမှမဟုတ်… တစ်စချင်းတစ်ရွက်ချင်း ကြွေဆင်းနိမ့်ကျသွားပြီး .ရော်ဝါညှိုးခြောက်သွားတော့မှာလား။ ဘယ်လိုမှ ဝေခွဲမရတဲ့ အဖြစ်မျိုးဆိုပါတော့… အချိန်အတော်ကြာ ငတ်မွတ်တောင့်တနေရတဲ့ ရထားကြီးတစ်စင်း .ဟောဒီဘူတာဆီ ဆိုက်ရောက်ဖို့ လာနေပြီဆိုလို့ လိုက်ချင်လွန်းသူတို့ရဲ့ အထုပ်အပိုးပြင်သံတွေ  ညံထွက်သွားတယ်။ ဒါပေမဲ့… သိပ်မကြာခင်မှာပဲ … .စောင့်ဆိုင်းရခြင်းနဲ့ အသားကျခဲ့သူတွေပီပီ အထုပ်အပိုးတွေပေါ်မှီတွယ်ရင်းပဲ  တရေးတမော ပြန်အိပ်ပျော်သွားကြလေရော… ဘူတာအိုကတော့… အရာအားလုံးကို […]


alinsettFebruary 2, 20164min105616
ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်                                 ======================== DASSK -ဟလို…. RFA -အစ်မရေ…နေကောင်းလား… DASSK -ဟုတ်ကဲ့ နေကောင်းပါတယ်။ RFA -အခုကျင်းပနေတဲ့ ငြိမ်းချမ်းရေး  ညီလာခံအပေါ် အစ်မရဲ့ သဘောထား …သိပါရစေခင်ဗျ ။ DASSK – ဒီငြိမ်းချမ်းရေး ညီလာခံကပေါ့နော်… ၊ NCA ပြီးတာကို အသိအမှတ်ပြုတဲ့သဘာပါပဲ။ ဒီလိုပဲ အစ်မ နားလည်တယ်။ တကယ့်ငြိမ်းချမ်းရေး ညီလာခံကတော့ နောက်အစိုးရကမှ ဆက်ပြီး လုပ်ရမှာပေါ့နော်။ ငါးရက်ထဲနဲ့တော့ ဘယ်လိုလုပ် ငြိမ်းချမ်းရေး ယူနိုင်မလဲ […]