alinsettJune 23, 20121min2624
ဝေဖန်ခြင်း ။ ။ ၁ ။။ ။။ ဝေဖန်ခြင်း ဆိုသည်မှာ…. အရာဝတ္ထု တစ်ခု၏ ကောင်းခြင်း ၊ ဆိုးခြင်းဆိုင်ရာ ဂုဏ်သတ္တိများ ၏ တန်ဖိုး ကို ခွဲခြား..သတ်မှတ် စိတ်ဖြာ..ခြင်း ဖြစ်သည်..ဟု ဆိုလျှင် မမှားနိုင်ပါ ။။ တန်ဖိုးနှင့် အကောင်း အဆိုး ဆိုင်ရာ စံ / သတ်မှတ်ချက်များ…ပါဝင်လာသောကြောင့် … အရေးကြီးသော အလုပ် ဖြစ်ပါသည် ။ ဆုံးဖြတ်ချက် တစ်ချက် မှားသွားလျှင်… တစ်သက်စာ နောင်တ ရ ဖွယ် ဖြစ်၏ ။ သတ်မှတ်ချက် တစ်ခု လွဲချော် သွားလျှင်… ဘာနဲ ့မှ မတူသော အရှက် ရစရာ အဖြစ် အနုပညာသမိုင်းမှာ […]


alinsettJune 22, 20121min2763
”အစ်ကိုအေမားပေါ် ငါဘာလုပ်ခဲ့မိမှန်း မသိဘူး။ ငါ့ကိုပြောပြပါလား။ ဘာဖြစ်လို့ အတူမဆော့တော့တာလဲ” ”မင်း ငါ့ကို ဘာမှမလုပ်ပါဘူး၊ ဟက်ဆန်။ သွားမှာသာသွားကွာ” ”ပြောပြပါလား၊ ဒါဆို နောက်မလုပ်တော့ဘူး” ကျွန်တော် ပေါင်ခွင်ပေါ် ခေါင်းမှောက်ချပြီး ပြုတ်တူညှပ်သလို နားသယ်ကို ဒူးနှစ်လုံးဖြင့် ညှပ်ထားသည်။ ”မင်းနောက်မလုပ်ဖို့ကိစ္စကို ငါပြောပြမယ်” ဟုဆိုကာ မျက်စိများ တင်းတင်းမှိတ်ထားသည်။ ”ဘာဖြစ်ဖြစ် ပြောပါ” ”ငါ့ကိုနှောက်ယှက်နေတာတွေ ရပ်စေချင်ပြီ။ ငါနဲ့ဝေးဝေးနေ” ________________________________________ ”ငါ့ကိုနှောက်ယှက်နေတာတွေ ရပ်စေချင်ပြီ။ ငါနဲ့ဝေးဝေးနေ” ဟု ကျွန်တော် ငေါက်ထည့်လိုက်သည်။ ကျွန်တော့်နည်းနာအတိုင်း သူကျွန်တော့်ကို ပြန်လုပ်စေ ချင်သည်။ တံခါးဆောင့်ဖွင့်ပြီး ပြန်အော်စေချင်သည်။ ဤနည်းဖြင့် ကျွန်တော်တို့ ကြားမှ အဖုအထစ်ကိုရှင်းရန် ပိုလွယ်ကူသွားလိမ့်မည်။ သို့သော်ဟက်ဆန်သည် ဘာဆိုဘာမျှ မလုပ်ဘဲ အတန်ကြာမှ ကျွန်တော်တံခါးဖွင့်ကြည့်လိုက်ရာ သူမရှိတော့။ […]


alinsettJune 21, 20121min6089
”မေးစရာရှိ မေးလေ” ”စွန်ပြိုင်ပွဲပြီးကတည်းက သူအိမ်ပြန်လာတော့ သွေးနည်းနည်းထွက်နေ တယ်။ ရှပ်အကျႌပြဲနေတယ်။ ဘာဖြစ်ခဲ့သလဲ အလီမေးတော့ သူက ဘာမှမဟုတ်ပါဘူး တဲ့။ စွန်လုရင်း ကလေးအချင်းချင်း ရန်ဖြစ်ကြတာပါတဲ့” ကျွန်တော် စကားမပြန်။ ကြက်ဥသာ ခေါက်မြဲခေါက်နေသည်။ ”သူတစ်ခုခု ဖြစ်ခဲ့သလား။ အလီ့ကို မပြောဘဲ အုပ်ထားတာရှိသလား၊ အေမား” __________________________________________________ ”သူတစ်ခုခု ဖြစ်ခဲ့သလား။ အလီ့ကို မပြောဘဲ အုပ်ထားတာရှိသလား၊ အေမား” ကျွန်တော် ပခုံးတွန့်ပြသည်။ ”ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ” ”အေမား အလီ့ကို ပြောမယ်မဟုတ်လား။ တစ်ခုခုဖြစ်ခဲ့ရင် ပြောမယ် မဟုတ်လား” ”သူဘာဖြစ်နေမှန်း ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ။ သူဖျားချင်ဖျား နေမှာပေါ့။ လူဆိုတာ ဖျားတတ်တာပဲဟာ။ ကဲ၊ ကျွန်တော် အခုချမ်းလွန်းလို့ ခဲပြီး သေတော့မယ်။ ‘ဒီနေ့မီးမွှေးဦးမှာလား” […]


alinsettJune 20, 20121min2516
လမ်းမြှောင်တစ်ခုလုံး အုတ်ကျိုးအုတ်ပဲ့ သံတိုမယ်နတွေ ပွစာကျဲနေသည်။ စက်ဘီးတာယာဟောင်းများ၊ ပုလင်းပတ်ကွာနေသော ပုလင်းများ၊ စုတ်ပြတ်မဂ္ဂဇင်း စာစောင်နှင့် အထိတ်တလန့် ပြူးတူးပြဲတဲ သတင်းစာများ၊ အားလုံးဗြဲလရမ်း ပျံ့ကျဲနေသည့်အလယ်တွင် အုတ်နှင့်အင်္ဂတေပြားအပုံကြီး။ သံချေးကိုက် သံကြွပ် မီးလင်းဖိုတစ်လုံး နံရံကိုမှီလျက်ရှိသည်။ အစုတ်ပလုတ်ပုံကြီးထဲမှ ကျွန်တော်မကြည့်ဘဲ မနေနိုင်သော အရာနှစ်ခုမှာ …………………………………… …………………………………………………………. …………………………………………………………… ___________________________________________ အစုတ်ပလုတ်ပုံကြီးထဲမှ ကျွန်တော်မကြည့်ဘဲ မနေနိုင်သော အရာနှစ်ခုမှာ တစ်ခုက နံရံကိုမှီထောင်ထားသော အပြာရောင်စွန်။ သံကြွပ်မီးလင်းဖိုအနီးတွင် ရှိသည်။ နောက်တစ်ခုမှာ အုတ်ကျိုးပုံပေါ် ပစ်တင်ထား သော ဟက်ဆန်၏ အညိုရောင် ချည်ကတ္တီပါဘောင်းဘီ။ ”မသိတော့ဘူးကွာ။ အဖေပြောတော့ အပြစ်ရှိတယ်တဲ့” ဟု ဝေလီပြောသည်။ ဝေလီ့စကားသည် မရေရာခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ထိတ်လန့်ခြင်း သုံးမျိုးစလုံး တစ်ပြိုင်တည်းပေါင်းထားသော စကားဖြစ်သည်။ […]


alinsettJune 19, 20121min2124
အမေ ့အတွက်..စကားရိုးရိုး ကိုသာ ဆိုပါမည် ။ အရိုးရှင်းဆုံးနှင့် အရိုးသားဆုံးစကားဖြင့်သာ..အမေ့ကို ဂုဏ်ပြုချင်ပါသည်။ ယနေ့ ့ 19 .6 .2012 သည် ကျွန်တော်တို ့ချစ်သော အမေစု ၏ 67 နှစ်မြောက် မွေးနေ့ ့ ဖြစ်သည် ။ ကမ္ဘာမြေကို ကောင်းကျိုးများ ပေးအပ်ရန် ရောက်ရှိ မွေးဖွား လာခဲ့သော အမေစု… ကျွန်တော်တို ့၏ နိုင်ငံနှင့် လုူူမျိုး တိုးတက် ရေးကို အစဉ်အမြဲ ဦးစားပေး ရွက်ဆောင်ခဲ့သော အမေစု…. အန္တရာယ်တွေ ဘယ်လိုကြုံ ကြုံ အမေ ရည်ရွယ်ရာ ပန်းတိုင်ဆီ….မလျှော့သော ဖွဲလုံ ့လ ဖြင့် …တစ်လှမ်းချင်း……လှမ်းလာနေသော အမေ..စု…. အမေ…ကျွန်တော်တို ့ အားလုံး..ချစ်သော […]


alinsettJune 18, 20121min2555
”ဟက်ဆန်ရေ … ” ဟုကျွန်တော်အော်ခေါ်သည်။ ”ရအောင်ယူခဲ့နော်” ဟက်ဆန် လမ်းချိုးကိုပင်ရောက်တော့မည်။ ရာဘာဖိနပ်က နှင်းတွေ ကန်ထုတ်နေသည်။ သူရပ်ပြီး လှည့်ကြည့်၊ ပါးစပ်နား လက်ဝါးနှစ်ဖက်ကာ၍ အော်လိုက်သောစကားမှာ ”မင်းအတွက်ဆိုရင် … အခေါက်ပေါင်း ထောင်ချီသွားပစေ” ထို့နောက် ဟက်ဆန်သည် ဟက်ဆန့်အပြုံးကိုပြုံးပြပြီး လမ်းချိုးထဲ ကွေ့ဝင်သွားသည်။ ခက်ခက်ခဲခဲ အားထုတ်စရာမလိုသောအပြုံး … မရှက်တတ် သောအပြုံး … ဤအပြုံးကို နောက်တစ်ကြိမ် ကျွန်တော်ပြန်မြင်ရချိန်သည် _______________________________ ဤအပြုံးကို နောက်တစ်ကြိမ် ကျွန်တော်ပြန်မြင်ရချိန်သည်…………… နောင်နှစ်ဆယ့်ခြောက်နှစ်အကြာမှ မှုန်အက်နေသော ပိုလာရွိုက်ဓာတ်ပုံထဲတွင် ဖြစ်သည်။ လူတွေ ကျွန်တော့်ထံ အပြေးအလွှား ဝမ်းသာစကားလာပြောချိန်တွင် ကျွန်တော် စွန်ကိုပြန်သိမ်းသည်။ ကျွန်တော် လက်ဆွဲနှုတ်ဆက်သည်။ ကျေးဇူးတင် စကားပြောသည်။ ကျွန်တော့်ထက်ငယ်သော ကောင်လေးများက ကျွန်တော့်ကို အံဩတကြီး […]


alinsettJune 16, 20121min50110
”မင်းမှ ရေမကူးတတ်တာ၊ ဟက်ဆန်” ဟက်ဆန်ရယ်သည်။ ”အိပ်မက်ပါဆိုမှ၊ အစ်ကိုအေမားရာ … အိပ်မက်ထဲ ကြိုက်တာလုပ်နိုင်တာပေါ့။ အဲဒါထားဦး။ ငါတို့ရေဆင်းကူးတော့ ‘ပြန်တက်၊ ပြန်တက်’ ဆိုပြီး လူတွေအော်ကြတာ ဝက်ဝက်ကွဲပဲ။ ငါတို့ကတော့ ဆက်ကူး၊ ကန်အလယ်ကိုတောင် ရောက်နေပြီ။ ရေတွေကလည်း အေးလို့။ ကမ်းဘက်က လူတွေကိုလက်ပြတော့ လူတွေကသေးသေးလေး။ပုရွက်ဆိတ်လေးတွေလိုပဲ။ ဒါပေမယ့် လက်ခုပ်သံကိုတော့ အကျယ်ကြီးကြားရတယ်။ ရေထဲမှာ ဘာမိစ္ဆာမှမရှိဘူး၊ ရေပဲရှိ တယ်ဆိုတာ လူတွေသိသွားကြရောတဲ့။ နောက်တော့ ရေကန်ကို နာမည်ပြောင်း လိုက်တယ်။ ကဘူးမြို့ရဲ့ ပသီဘုရင်များ – အေမားနဲ့ဟက်ဆန်ရဲ့ကန် တဲ့။ လူတွေ ကန်ထဲရေဆင်းကူးရင် ငါတို့ကို ပိုက်ဆံပေးရတယ်တဲ့” ”ဒီအိပ်မက်က ဘာအဓိပ္ပါယ်လဲ” __________________________________________________ ”ဒီအိပ်မက်က ဘာအဓိပ္ပါယ်လဲ” ကျွန်တော်စားဖို့မုန့်ကို ဟက်ဆန်က ယိုသုတ်၍ ပန်းကန်ပြားထဲထည့်ပေး […]


alinsettJune 15, 20121min2113
ဟိုမှာ ကျလာပြီ” ဟု ဟက်ဆန် မိုးပေါ်လက်ညှိုးထိုးပြသည်။ မတ်တပ် ထရပ်ပြီး ဘယ်ဘက်ကို သုံးလေးလှမ်းသာလျှောက်ရသည်။ ကျွန်တော် မော့ကြည့် လိုက်တော့ စွန်က ကျွန်တော်တို့ဆီ ဇောက်ထိုးစိုက်ဆင်းလာနေသည်။ တဆက်တည်း မှာပင် စွန်လိုက်သူတစ်စု၏ ခြေသံအော်သံများ။ သူတို့ခမျာ အချိန်ကုန်ရုံသာ အဖတ်တင်သည်။ ကျလာသည့်စွန်ကို ခံယူရန် ဟက်ဆန်သည် လက်နှစ်ဖက် ဆန့်ကား၍ ပြုံးပြုံးကြီးစောင့်နှင့်နေပြီ။ ……………………………………… ___________________________ ၁၉၇၅ ခု ဆောင်းဥတုတွင် ဟက်ဆန်တစ်ယောက် နောက်ဆုံးအကြိမ် စွန်လိုက်သည်ကို ကျွန်တော်ကြည့်ခဲ့ရသည်။ ပုံမှန်အားဖြင့် ရပ်ကွက်များသည် ကိုယ့်ရပ်ကွက်အတွင်း၌သာ စွန်တိုက်ပွဲ ဆင်နွှဲကြသည်။ ထိုနှစ်ကတော့ ရပ်ကွက်ပေါင်းစုံ တံခွန်စိုက်စွန်တိုက်ပွဲကို ကျွန်တော်တို့နေထိုင်သော ဝဇီရာအက္ခဘာခန်ရပ်ကွက်ထဲတွင် ကျင်းပသည်။ ကာတာချား၊ ကာတာပါဝမ်၊ မီခရိုရေယန်၊ ကိုတာရှန်ဂီ စသောမြို့နယ်များကို ပြိုင်ပွဲဝင်ရန် ဖိတ်ကြားထားသည်။ […]


alinsettJune 14, 20121min3976
မေလ 28 ရက်နေ့တွင် ဖြစ်ပျက် ခဲ့သော အဖြစ်ဆိုးတစ်ခုအကြောင်းကြားသိရသောအခါ… ကျွန်တော် အံ့ဩရုံမျှမက.. တုန်လှုပ် ချောက်ချားခဲ့ရသည် ။ ရခိုင်ပြည်နယ် ၊ ကျောက်နီမော် ကျေးရွာ အုပ်စု ၊ သပြေချောင်းကျေးရွာမှ ရခိုင် အမျိုးသမီးငယ်. (မသီတာထွေး .) ကြုံခဲ့ရသော အဖြစ်သည် သွေးပျက်ဖွယ်ရာပင်..ဖြစ် ၏။ မသီတာထွေး..၏ အလောင်းကို ပြန်တွေ ့ရချိန်တွင်..အဝတ်အစားများ စုတ်ပြဲလျက်..၊ မုဒ်ိမ်းအကျင့် ခံထားရပါသည် ။ လည်ပင်းနှင့် နားရွက် နှစ်ဖက်ကို လှီးဖြတ်ခံထားရသည် ့ အပြင်… ညာဘက် ပုခုံးမှာ ဓါးဒဏ်ရာ…တစ်ချက်..၊ ရင်အုံ တစ်ဖက် တစ်ချက်စီ မှာ ဓါးဒဏ်ရာ တစ်ချက်စီ…၊ အဲဒါ အပြင်… ခါးအနောက်ဘက်မှာ ဓါးဒဏ်ရာ..တစ်ချက်….၊ ဘယ်လောက်များ..နာကျင် လိုက်လေမလဲ..၊ […]


alinsettJune 13, 20121min3258
အချိန်နှင့်အမျှ နှုတ်ခမ်းဒဏ်ရာ အရောင်ကျလာသည်။ မကြာခင်မှာပင် နှုတ်ခမ်းအပေါ်ဘက်၌ ပန်းနုရောင် ချုပ်ရိုးကြောင်းလေး ကောက်ကောက်ကွေးကွေး ပေါ်လာသည်။ သည်လိုနှင့် ဆောင်းဝင်လာချိန်၊ ဟက်ဆန့်ဒဏ်ရာကလေးလည်း ရေးရေးမျှသာ ကျန်တော့ချိန်၊ အထင်နှင့်အမြင် ပါစင်အောင်လွဲခဲ့ရသည်။ အဘယ် ကြောင့်ဆိုသော် ထိုနှစ်ဆောင်းရာသီတွင် ဟက်ဆန်တစ်ယောက် အရယ်အပြုံး နားသွားခဲ့သည်။ …………………………………………….. ……………………………………………. ________________ အခန်း(၆) ဆောင်း။ နှစ်စဉ်နှစ်တိုင်း ပထမဆုံးနှင်းကျရက်၏ ကျွန်တော့်လုပ်ငန်းဆောင်တာ များကို ပြောပြပါမည်။ နံနက်စောစော ချမ်းချမ်းစီးစီးထဲ ညအိပ်ဝတ်စုံ မချွတ်ဘဲ အိမ်မှထွက်သည်။ အအေးဒဏ်ကို လက်မောင်းပိုက်၍ အံတုခံသည်။ ဆင်ဝင်လမ်းနှင့် အဖေ့ကား၊ နံရံ၊ သစ်ပင်၊ အိမ်ခေါင်၊ တောင်ကုန်း အရာအားလုံး နှင်းထဲမြုပ်လျက်။ ပြုံးမိတော့သည်။ ကောင်းကင်သည် ချုပ်ရိုးမဲ့အပြာရောင်။ မျက်လုံးဖန်အောင် ဖြူနိုင် လွန်းသော နှင်းဖြူငွေလွ။ […]


alinsettJune 11, 20121min2093
ဟက်ဆန် ပခုံးတွန့်ပြသည်။ သူစိမ်းတစ်ဦး၏အမြင်တွင် ဟက်ဆန် ကြောက်နေသည်ကို မြင်မည်မဟုတ်ပေ။ ဟက်ဆန့် မျက်နှာသည် ကျွန်တော်စောစီးစွာ ရင်းနှီးခဲ့ရသောမျက်နှာ။ ထိုမျက်နှာပေါ်မှ သိမ်မွေ့မှုအားလုံး – ရိုးခနဲရိပ်ခနဲ ဖြတ်သန်းသွားမှု အလုံးစုံကို ကျွန်တော်သိသည်။ ဟက်ဆန့်အကြောက်တရားကို ကျွန်တော်မြင်နေရပြီ။ ကြောက်သမှ နည်းနည်းနောနောမဟုတ်။ ”မှန်တယ်။ ဒါပေမယ့် မင်းမမြင်ဘူးပေါ့၊ လောက်လေးကိုင်ထားတာကတော့ ငါတစ်ယောက်တည်း။ မင်းတစ်ချက်လှုပ်တာနဲ့ မင်းနာမည် ‘နားရွက်စားအာစွပ်’ ကနေ ဘဝပြောင်းပြီး ‘တစ်ဖက်ကန်းအာစွပ်’ ဖြစ်သွားမယ်။ ငါ့လောက်လေးက မင်းရဲ့ဘယ်ဖက်မျက်လုံးကို တည့်တည့်ပဲကွ” ထိုစကားကို ဟက်ဆန်က အင်မတန်မင်သေစွာပြောသဖြင့် ကျွန်တော် သိထားပြီးသော အကြောက်တရားကို သူ့စကားထဲမှ မနည်းကြီး အားစိုက်နားထောင်ရ သည်။ အာစွပ်၏ပါးစပ် လိမ်တွန့်သွားသည်။ အပြောင်းအလဲကို ဝေလီနှင့် ကာမဲတို့ ကြည့်နေကြသည်။ တစ်ယောက်ကတော့ သူတို့အရှင်သခင်ကြီးကို စိန်ခေါ်နေပြီ။ […]


alinsettJune 9, 20121min4365
”ဒီကောင်က ဘာသိလို့လဲ။ စာမတတ်ပေမတတ် ဟာဇာရာကောင်ကများ။ ထမင်းချက်ကလွဲလို့ ဘာမှဖြစ်မလာမယ့်ကောင်ကများ။ မင်းကိုဝေဖန်ရအောင် ဒီကောင် ရဲတင်းလှချည်လား” ”ဒါကတော့ … ” ကျွန်တော်သည် ထိုစကားကို ပြီးဆုံးအောင်မပြောနိုင်ခဲ့။ အကြောင်းမှာ အာဖဂန်နစ္စတန်သည် ဆိုင်းမဆင့် ဗုံမပါ ထာဝရပြောင်းလဲသွားခဲ့ပြီ။ ………………………….. ___________________________________________ အခန်း(၅) ဝေါခနဲ အသံအကျယ်ကြီး ထစ်ချုန်းသွားသည်။ မြေပြင်သည် သိမ့်ခနဲနေကာ တတက်တက်စက်သေနတ်သံကို ကြားကြရသည်။ ”အဖေရေ …” ဟု ဟက်ဆန် အော်ခေါ်သည်။ ကျွန်တော်တို့နှစ်ယောက် ခုန်ထကာ ဧည့်ခန်းထဲမှ ထွက်ပြေးကြ သည်။ ခန်းမကိုဖြတ်၍ ထော့နင်းထော့နင်း တရကြမ်းပြေးလာသော အလီ့ကို တွေ့ရသည်။ ”အဖေရေ … ဘာသံကြီးလဲ မသိဘူး” အလီ့ထံ လက်နှစ်ဖက်ဆန့်တန်းကာ ဟက်ဆန်ငယ်သံပါအောင်အော်သည်။ အလီက သူ့သားကို အပြေးအလွှားသိုင်းဖက်ထားသည်။ […]


alinsettJune 8, 20121min3057
”လူ့အန္ဓဆိုတာ” ”ဒီအဓိပ္ပါယ် မင်းမသိဘူးလား” ဟု ကျွန်တော်စပ်ဖြဲဖြဲမေးသည်။ ”မသိဘူး အစ်ကိုအေမား” ”ဒီလောက်လူသုံးများတဲ့ စကားလုံးကို” ”ဒါပေမယ့်လည်း ငါမသိဘူး” ကျွန်တော့် ထိုးနှက်ချက်ကို ဟက်ဆန်သိလျှင်သော်မှ သူ့အပြုံးမျက်နှာ လေးက ဖော်ပြမည်မဟုတ်ချေ။ ”ငါတို့ကျောင်းမှာ လူတိုင်းသိတယ်။ ဒီမှာကွာ လူ့အန္ဓဆိုတာ စမတ်ကျတယ်၊ ဉာဏ်ကောင်းတယ်လို့ပြောတာ။ မင်းအတွက် ဝါကျတစ်ကြောင်းဖွဲ့ပြမယ်။ ‘စာလုံးများနှင့်ပတ်သက်လျှင် ဟက်ဆန်သည် လူ့အန္ဓ ဖြစ်သည်’ ရပြီလား” ”အား” ဟုဆိုကာ သူခေါင်းညိတ်နေသည်။ နောက်ပိုင်းတွင် ထိုကိစ္စအတွက် ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိသည်ဟု ခံစားရသည်။ ဤသို့ဖြင့် ဟက်ဆန့်အား ကျွန်တော်ဝတ်ပြီးသား ရှပ်အကျႌတစ်ထည် နှင့် ပျက်သွားသော ကစားစရာတစ်ခုပေးခဲ့သည်။ ဥပဒ်ကင်းတဲ့အပြစ်အတွက် အလျော်ပေးတာဟု မိမိကိုယ်ကိုပြောရသည်။ _____________________________________________________ ထိုစဉ်က ဟက်ဆန်အကြိုက်ဆုံးစာအုပ်သည် ‘ရှာနာမာ’။ တစ်ဆယ်ရာစု ခေတ် ရှေးဟောင်းပါရှားသူရဲကောင်းတို့၏ […]