Aung Myint MyatMay 3, 20131min2092
ကွှန်တော်တို့တွေ အမှောင်ဖုံးနေတဲ့ စနစ်ဆိုးကြီးရဲ့အောက်မှာ နေလာခဲ့ရတာ နှစ်တွေတော်တော်ကို ကြာခဲ့ပြီပဲ။ အခုလို နိုင်ငံတော်က ပေါ်လစီတွေပြောင်းပြီး Reform, Reconstruct လုပ်နေတဲ့ ကာလမှာ ကျွန်တော့် အတွေ့အကြုံတွေထဲက သင်ခန်းစာယူစရာတစ်ချို့ကို လက်ရှိ ကျောင်းပြီးခါစ လူငယ်တွေ သင်ခန်းစာယူပြီး  ရှောင်ကြဉ်သင့်တာတွေ ရှောင်ကြဉ်လို့ ရနိုင်အောင် တင်ပြပေးပါရစေ။   ကျွန်တော် ရေကြောင်းတက္ကသိုလ်ကနေ ၂၀၁ဝ ဖေဖေါ်ဝါရီ ၆ရက်နေ့မှာ B.E(Marine Engineering)ကို ရခဲ့တယ်။ ကျွန်တော်တို့ ကျောင်းက ဘွဲ့တွေ မရခင်ကတည်းက နိုင်ငံခြားကုမ္ပဏီတွေ လာပြီး အလုပ်အကိုင်တွေ ခေါ်ကြတာတွေရှိတယ်။ အဓိကက ကိုရီးယားကုမ္ပဏီတွေပေါ့ဗျာ။ ကျွန်တော် ဒီမှာ အလေးအနက်ပြောချင်တဲ့ အကြောင်းအရာက ကျောင်းတက်နေဆဲနဲ့ကျောင်းပြီးခါစ ညီငယ်၊ညီမငယ်များ ရွေးချယ်မှု မမှားစေဖို့ပါ။ ကျွန်တော်က နယ်ကနေပြီး အမေ ဈေးရောင်းတဲ့ […]


Aung Myint MyatApril 25, 20132min32316
သည်ကိစ္စနှင့် ပတ်သတ်လာလျှင် ကျွန်တော် တစ်ခါတစ်ခါ အလွန်စိတ်တိုသည်။ မခံချင်လဲဖြစ်သည်။မြင်ပြင်းကတ်သည်။ဝမ်းနည်းသည်။ အားမလို အားမရဖြစ်သည်။ ခံစားချက်က အမျိုးစုံပါပေသည်။ တတိယနိုင်ငံကလာတဲ့လူတွေဆို အထင်သေးချင်ကြတာလား။ မြန်မာလူမျိုးဆိုတာ သေးသိမ်နှိမ့်ချစရာ သတ္တဝါအမျိုးအစားဖြစ်နေလို့လား။ ထို”လား”ပေါင်းများစွာနှင့်ပဲ နိုင်ငံခြားမှာ နေ့ရက်များစွာ ဖြတ်သန်းနေရသူဟာလဲ ကျွန်တော်တစ်ယောက်ထဲပဲလား။ ဆရာဇော်ဂျီဟာ သူ့ရဲ့ ‘တို့တိုင်းပြည်’ ကဗျာမှာ ကျွန်တော်တို့ကို သတိပေးခဲ့သလိုဖြစ်နေတာတော့ အသေအချာပဲ။ ဆရာက ရေးထားလေရဲ့။ “ထလော့မြန်မာ၊အို မြန်မာတို့ တို့ရွာတို့မြေ၊တို့ရွာမြေဝယ် စေတီစပါး၊များလဲများဧ။် များပါလေလဲ၊တမွဲမွဲနှင့် ဆင်းရဲကာသာ၊ကာလကြာလျှင် ယာစကာမျိုး၊တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်၊ မစားလေရ၊ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။” ကိုယ့်နိုင်ငံမှာ စိုက်သမျှသီး၊တူးသမျှ သယံဇာတတွေထွက်၊ သဘာဝအလှအပတွေ ပေါများပါလျက်နဲ့ သောက်ဖို့ရေတောင်မထွက်တဲ့ဒီလိုနိုင်ငံငယ်လေး(စကာင်္ပူ)က ကောင်တွေဆီမှာ လုပ်နေရတာ အင်မတန် အသည်းနာသည်။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက ဆယ်တန်းအထိ […]