Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


အာဂJune 15, 20131min3507
အသက် ၅ဝ ကျော် အထိ အဖေကတော့ ဘဝ အကြောင်းပြောလို့ကောင်းတုန်း ကျွန်တော် က၂၄ နှစ် ဘဝ အကြောင်း ဘယ်အထိပြောရဦးမလဲ..။ ပန်းကလေးတွေ ဖူး…ပွင့်….ဝေ…ကြွေ သွားတာဘဝလား…။ ကျွန်ုပ်တို့ရဲ့ ရည်မှန်းရာဘဝများက ဘာပါလဲ..။ အကောင်းစားကားနဲ့ အကောင်း စားဖုန်း တစ်လုံး ဟာ လူသားတစ်ဦးရဲ့ ဘဝလား..။ ဆန့်ကျင်ဘက် လိင် တစ်ယောက်ရဲ့ ချစ်ခြင်းဟာလည်း ဘဝ လား..။ ကလေးတစ်ယောက်ရဲ့ လိုချင်မှု ငိုငြီးသံက ဘဝလား..။ အာဏာပင်ထက် အသီးအပွင့် ဝေစေနိုင်တာကရော ဘဝများလား..။ ငါလိုချင်တဲ့ ဘဝကရော ဘယ်လိုဘဝ မျိုးလဲ သေချာတာကတော့……….။


အာဂJune 7, 20131min63619
Food မဂ္ဂဇင်းရဲ့ Food &Travel ကဏ္ဍအတွက်ရွေးချယ်မိတဲ့ နေရာကတော့မြနန်းစံကျော်ရွှေနန်းတော်ကြီးရှိရာမန္တလေးရွှေမြို့တော်ကြီးဆီသို့ပါပဲ . . . ။ ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတရားကြီးကစတင်တည်ထောင်ခဲ့ပြီး နောက်ဆုံးမင်းဖြစ်တဲ့ သားတော် သီပေါမင်းနန်းစံသွားရာ နေရာဒေသတစ်ခုဖြစ်သလို ရှေးဆန်ပြီး၊ ရင်းနှီးဖော်ရွေတဲ့ မြို့ကြီးသူ၊မြို့ကြီးသားများနေထိုင်ရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ ရန်ကုန်က အကြွား၊ မန္တလေးကအစားလို့ စာဆိုတွင်ရတဲ့အတိုင်း ကျွန်တော်တို့ အစားအသောက် Food မဂ္ဂဇင်း အတွက် မန္တလေးမြို့ရဲ့ ဘယ်လိုနေရာကဘယ်လို အစားအသောက်ဆန်းတွေ အ ကြောင်းကိုသိခွင့်ရရှိတော့မှာဖြစ်လို့ရင်ခုန်စိတ်လှုပ်ရှားရင်းခရီးဆက်ခဲ့ပါတယ်။ အာဂ(မှတ်ချက် Food Magazine အတွက် ရေးသားခဲ့သော ဆောင်းပါးအားပြန်လည်ဖော်ပြအပ်ပါသည်။) မြနန်းစံကျော် ရွှေနန်းတော်ကြီး ……………………………. ဓာတ်ပုံ အာဂ မန္တလေးရွှေမြို့တော်ကြီးရင်ခွင်ထဲ ကျွန်တော် ခြေ ချချမိချင်း သွားချင်ခဲ့မိတဲ့နေရာကတော့ မြန်မာတို့ရဲ့ အနု သုခမလက်ရာပေါင်းစုံနဲ့ မြန်မာတစ်မျိုးသားလုံးအတွက်ဂုဏ်ယူဖွယ်ရာ ပြယုဂ် ဖြစ်တဲ့ […]


အာဂJune 3, 20131min65829
ဘဝကို အောက်ခြေအဆင့်ကနေတက်ရောက်လာပြီး အလုပ်မျိုးစုံဖြစ်တဲ့ ကားအချိန်ပိုင်းဆွဲခြင်း၊ အလှမွေးငါးရောင်းခြင်း၊ပန်းရောင်းခြင်း၊ ရေခဲထုပ်ရောင်းခြင်းစတဲ့ အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ပြီး။ မွေးရာဗီဇ ါသနာဖြစ်တဲ့အချက်အပြုတ်ကိုအခြေခံပြီး စားသောက်ဆိုင်လုပ်ငန်းပေါင်းများစွာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သူ။ တစ်နေ့ကို သူတစ်ပါးအကျိုးစီးပွားအတွက် ၅ကြိမ်လောက်ပေးကမ်းလှူတမ်းပြီးမှ စိတ်ကျေနပ်တက်သူ။ ကိုယ့်စီးပွားရေးထက် စားသုံးသူအကျိုးစီးပွားကို ရှေ့တန်းတင်ဦးစားပေးတက်သူ . . . ။ သူက အခြားမဟုတ်ပါဘူး။ Feel Group ပိုင်ရှင် ဦးစိုးညီညီပဲဖြစ်ပါတယ်။ ဦးစိုးညီညီရဲ့ ဘဝအကြောင်း တစ်စိတ်တစ်ဒေသနဲ့ အစားအသောက်အကြောင်းကို စာဖတ်သူများ လေ့လာအတုယူနိုင်အောင်လို့ အခုလို မေးမြန်းခဲ့ပါတယ်။ အာဂ • အစ်ကို့ရဲ့ မိသားစုအကြောင်းလေး ပြောပြပေးပါဦး။ •• အစ်ကို့အဖေက ဂျပန်တော်လှန်ရေးကာလကဒုဗိုလ်မှူးကြီးပါ။ အမေကတော့ကျောင်းဆရာမပါ။ ကျွန်တော့်မှာ ညီအစ်ကို၊ မောင်နှမ ၆ယောက်ရှိပါတယ်။ယောက်ျားလေးချည်းပဲ ၅ယောက်ပါ။ အငယ်ဆုံးက တော့ မိန်းကလေးပါ။ အစ်ကို့ညီမကတော့ဒီFeel မြန်မာစားသောက်ဆိုင်ကို […]


အာဂFebruary 11, 20131min62027
ဒီစာစုရဲ့ခေါင်းစဉ်ကအနည်းအကျဉ်းရင့်သီးကောင်းရင့်သီးနေမှန်း၊ ကျွန်တော်ကိုယ်တိုင် သတိထားမိ ပါတယ်။ဒါပေမယ့်ဒီစာကိုစမရေးခင်ကတည်းက ဒီခေါင်းစဉ်လေးကို နှုတ်ကတဖွဖွနဲ့ အလိုလိုရွတ်ပြီးသားဖြစ်နေ တာရယ်၊ ဒီခေါင်းစဉ်ထက်ပိုထိရောက်မယ့်စကားမရှိနိုင်တော့ဘူးလို့ထင်နေတာရယ်ကြောင့် ဒီခေါင်းစဉ်လေးကို ဒီစာစုမှာပေးမိသွားတာပါ။ စာဖတ်သူအနေနဲ့လည်း အထက်ပါခေါင်းစဉ်လေးကို ဖတ်ပြီး ဘယ်သူတွေကိုပစ်မှတ် ထားရေးသားထားသလဲ ဆိုတာမေးဖို့တောင်မလိုတော့ဘူးလို့ထင်ပါတယ်။ `မိဘ´ ဟုတ်ပါတယ်။ ဒါပေမယ့်တာဝန် မသိတဲ့မိဘတွေ၊မိဘလို့အမည်ခံပြီး၊မိဘမပီသတဲ့လူတွေကိုအဓိကထားဆိုလိုတာပါ။ ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တွေမှာနေထိုင်ပြီးကြုံရာကျပန်းလုပ်ကိုင်စားသောက်ကျတဲ့လူတန်းစားတစ်ရပ် ရှိတယ်ဆိုတာရန်ကုန်မြို့မှာနေထိုင်ကျတဲ့လူတွေအားလုံးသိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့စီးမယ့်ဘတ်(စ်)စကားဂိတ်တွေမှာ၊ကျွန်တော်တို့လက်ဖက်ရည်ဆိုင်ထိုင်နေကျတဲ့အချိန်တွေမှာ သူတို့လေးတွေဟာသူတို့ရဲ့တစ်oမ်းတစ်ခါးအတွက်လုပ်ကိုင်ဆောင်ရွက်နေကျတာကိုသတိထားကြည့်မိရင်သိသာနိုင်ပါတယ်။ သူတို့လေးတွေဆိုတာအခြားကိုဆိုလိုတာမဟုတ်ပါဘူး၊ပုံစံအမျိုးမျိုးနဲ့လုပ်ကိုင်စားသောက်နေကျရတဲ့ကလေးငယ်တွေကိုုဆိုလိုတာပါ။ တစ်ချို့ကရေခဲရေရောင်းနေကြတယ်။တစ်ချို့ကကွမ်းယာရောင်းနေကျတယ်။တစ်ချို့ တောင်းရမ်းစားသောက်နေကြတဲ့စသည်ဖြင့်အလုပ်မျိုးစုံနဲ့သူ တို့ဝမ်းရေးအတွက်သူတို့ဖြည့် ဆည်းလုပ်ကိုင်နေကြတာကိုသတိ ထားမိရင်တွေမိကြမှာပါ။ ဒါများ အထူးအဆန်း လုပ်လို့ကွာ၊ငါ့တို့နေ့တိုင်းတွေ့နေရတာပဲ။ဘာများထူးဆန်းလို့လဲလို့ကျွန်တော့်ကိုမေးကောင်းမေးကြပါလိမ့်မယ်။ ဟုတ်ပါတယ်တစ်ချို့သော လူတွေအတွက် သိပ်မထူးဆန်းပေမယ့်။ မာသာထရီဇာတို့လိုပုဂ္ဂိုလ်မျိုးရဲ့ခြေတစ်မှုန်စာလောက်စာနာမှု၊ဂရုဏာသက်ဝင်မှုစိတ်ရှိ်တဲ့လူတစ်ယောက်အတွက် ဆိုရင်တော့ အထူးအဆန်းမဟုတ်တောင်မှရံဖန်ရံခါအဖြစ်အပျက်လေး တွေဟာနုလုံးသား အဟာရစာစုလေးတွေဖတ် ရသလိုခံစား ထိရှနိုင်စေမှာအမှန်ပါပဲလို့ကျွန်တော် ထင်မိတယ်။ အဲဒီအထဲကမှ အချို့အဖြစ်အပျက် လေးတွေကို ပြောပြရမယ် ဆိုရင်………………………… ကျွန်တော်မြို့ထဲကနေအိမ်ပြန်ဖို့ ၁၀၅ ဒိုင်နာ(သိရီမင်္ဂလာဈေးကား)(လွန်ခဲ့တဲ့ ၄၊၅နှစ်ခန့်ကဖြစ်သည်) အပေါ်ပန်းဆိုးတန်း […]


အာဂJanuary 30, 20131min2595
ကမ္ဘာ အသေးအမွားများနဲ့ ရက်လုပ်ထားခြင်းအရာ။ နူးကလီးယား ဗုံးတစ်လုံး တိုက်ချင်းပစ်ဒုံးပျံ တစ်စင်း ဖန်းဆင်းမှုတွေထက် ရေနစ်သူကို ဝါးကူထိုးပေးတဲ့လက်များအကြောင်း ဘယ်သူ့ရဲ့ဘောပင်က မင်အကုန်ခံပြီးရေးမလဲ…။ ၁၉၁၄ ခုနှစ်မှ မူပိုင်ခွင့်တင်တဲ့ ဘရာစီယာ၊ဖောက်တံမလိုတဲ့ ဘီယာဘူး၊ အိပ်ဆောင် ဂဏာန်းပေါင်းစက်၊အကြွေးဝယ် ကတ်ပြား သန္ဓေတာဆေး၊ဆံပင်ဖြောင့်ဆေး၊ ၁၉၃ဝခုနှစ်မှ လူလုံးထုတ်ပြတဲ့ တီရှုပ်အကျင်္ ီ။ ၁၈၉၃ ခုနှစ် ချီကာကို အင်ဂျင်နီယာရဲ့ ဇစ်တွေက ကြယ်သီးတွေကို လွှမ်းမိုးသွားပုံအကြောင်း ဘယ်ခံတွင်းက ရေးကြီးခွင်ကျယ် ချီမွမ်းမလဲ၊ ဘီယာဘူးတွေကို ဖောက်တံမလိုပဲ အသင့်သောက်လို့ရနေတဲ့လူအဖို့ မူးယစ်ခြင်းတစ်ဝက်နဲ့နှုတ်ခမ်းပေါ်မှာ အဆီတွေဝေ့နေပါလိမ့်မယ်။ သူများ ဖောက်ပေးမှ ဖွင့်ခွင့်ရမယ့် လူများအဖို့ကတော့ ဖောက်တံဆိုတဲ့ ကံကြမ္မာဟာအနည်ထိုင်ကောင်းထိုင်နေပါလိမ့်မယ်။ ဘဝဟာ လိုချင်မှုတွေ ကို ဇစ်နဲ့ အထပ်ထပ်ပိတ်ထားရသလို အသိတစ်ယောက်ဖောက်ပေးမယ့် မဲတစ် မဲလိုအပ်နေတာလည်းအမှန်ပဲ။ အာဂ


အာဂJanuary 28, 20132min58015
ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်၊ ယုံကြည်မှုတွေကို ထွေးပိုက်လို့နိုင်ငံရပ်ခြား မှာ ဘဝကိုတစ်ယောက်တည်း ရုန်းကန်လှုပ်ရှားခဲ့ပါတယ်။သူစတင်လုပ်ကိုင်ရတဲ့အလုပ်က ရရာအလုပ်တစ်ခုဖြစ်တဲ့ စားသောက်ဆိုင်သန့်ရှင်းရေးဝန်ထမ်းအလုပ်ပါ။ ဒါပေမယ့်သူရဲ့ စိတ်စေတနာ၊အောင်မြင်ရမယ်ဆိုတဲ့ယုံကြည်မှု၊ စိတ်အားထက်သန်မှုတွေကြောင့် ၄နှစ်အတွင်းမှာ ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာသူရဲ့အများနဲ့မတူညီတဲ့အမြင်စိတ်ဓာတ်တွေ၊ဇွဲ၊ လုံ့လတွေကြောင့် ကိုယ်ပိုင်ဆိုင်ပိုင်ရှင် စားဖိုမှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူရဲ့ ပြင်းထန်တဲ့ ယုံကြည်မှုတွေကြောင့်အခုဆိုရင် မြန်မာလူမျိုးတွေရော နိုင်ငံခြားသားတွေပါ စိတ်ကျေနပ်နှစ်ခြိုက်ကြတဲ့Sharky’s စားသောက်ဆိုင်၄ ဆိုင်ကိုဖွင့် လှစ်ထားနိုင်တဲ့အစားအသောက်ကျွမ်းကျင်သူပိုင်ရှင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။သူရဲ့ နာမည်ကတော့ ဦးရဲထွဋ်ဝင်းပါ။ သူ့ဘဝနဲ့အောင်မြင်မှုအတွက်ဖြတ်သန်းလာပုံတစ်စိတ်တစ်ပိုင်းကိုပရိသတ်ကြီးလေ့လာအတုယူနိုင်အောင် အခုလိုမေးမြန်းခဲ့ပါတယ် ။ မောင်အာဂ ကျွန်တော် ၁၉ နှစ်သားအရွယ်လောက်ကစပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ကိုရောက်တယ်။ အဲဒီမှာဝင်ဒီ(Wendy)စားသောက်ဆိုင်အသင့်သုံးအစားအ သောက်ဆိုင်ခွဲများ(Fast Food Chains) မှာ ကျွန်တော် သန့်ရှင်းရေးသမားစလုပ်ရင်းကနေ ၄နှစ်အတွင်းမှာ ကျွန်တော် ကကုမ္ပဏီရဲ ့European ဒါရိုက်တာ တစ်ယောက်ဖြစ်လာတယ်။Wendy ဆိုတာက ကမ္ဘာမှ ာတတိယ Fast […]


အာဂJanuary 26, 20131min35910
အမှန်တိုင်းပြောရရင်အမေများနေ့အတွက် အမေ့အကြောင်းရေးမလို့ပါပဲ ဒါပေမဲ့ အချိန်မရတဲ့အတွက် အရင်တုန်းက ကျွန်တော့် ဘလော့မှာ တင်ထားတဲ့ အကြောင်းရာလေးကို ပြန်တင်ပြရင်း အမေများနေ့မှာ ချစ်သောမေမေအတွက် ဂုဏ်ပြုလိုက်ပါတယ်။ မေမေကျန်းမာပါစေ ။ မောင်အာဂ ဘလော့မရေးဖြစ်တာလည်း ကြာပါပြီ..။ လာလည်ကြတဲ့ ညီအကိုမောင်နှမများကိုလည်း အားနာလှပါတယ်။ ဒီအတွက် ကျွန်တော်ရေးဖို့ အကြောင်းအရာ ရှာလိုက်တော့ ကျွန်တော့် ပြီးခဲ့တဲ့ မွေးနေ့အမေရေးပေးလို်က်တဲ့ စာကလေးတစ်စောင်အကြောင်းရေးဖို့ စိတ်ကူးမိခဲ့ပါတယ်။ ဒီစာကလေးကိုတင်မယ် တင်မယ်လုပ်နေတာကြာလှပါပြီ..။ တင်ဖို့စိတ်ကူးမိတာကလည်း ကိုရန်အောင် ဘလော့မှာ တစ်ခါဖတ်ဖူးတဲ့ စာကလေး ၃ စောင် ဆိုတဲ့ ဟာကလေးကိုဖတ်ပြီး တင်ဖို့ဆုံးဖြတ်မိတာပါ..။ ကျွန်တော်အမေဟာ ကျွန်တော့် မွေးနေ့ အတွက် ဘာမှ မယ်မယ်ရရဝယ်မပေးနိုင်ခဲ့ဘူးဆိုသော်ငြား ဒီစာကလေးကို ပထမဆုံးမွေးနေ့လက်ဆောင် ပေးခဲ့ခြင်းအပေါ်ကို အများကြီး ကျေးဇူးတင်မိ ပါတယ်။ ဒီစာကလေး […]


အာဂDecember 26, 20122min60518
ကွင်းမရောက်ခင်မြူနှင်းများ များနေ၍ ကွင်းမရောက်ခင်ဆင်းသွားပြီး ပျက်ကျသွားခြင်းဖြစ်ပါသည်။ ၆၆ Kv ဓာက်အားလိုင်းနှင့်ချိတ်မိပြီး ကားလမ်းပေါ်မှသွားနေသောဆိုင်ကယ်(၁၄ယ/၆၇၆၄၀)ဆိုင် ကယ်ကိုဝင်တိုက်ပြီးလေယာဉ်ကွင်းထဲးသို့ဎင်သွားပြီး အတောင်ပန်သည်သစ်ပင်များနှင့်ဎင်ချိတ်၍ ကွင်းထဲသို့ပျက်ကျသွားပါသည်။ဆိုင်ကယ်သမားမှာပွဲချင်းပြီး သေဆုံးသွားပါသည်။ သတင်းနှင့်ဓါတ်ပုံ။ ။ မျိုးဦး(ဟဲဟိုး)


အာဂDecember 22, 20121min44615
ဖြစ်စဉ်(၁) တိုက်နေတဲ့ ဆောင်းလေကပဲ လွမ်းတတ်စေသလား လွမ်းစေတတ်တဲ့ သဘောကပဲ ဆောင်းလေလို အေးခဲနေသလား ဝေဝေ ဝါးဝါးပဲ။ ငယ်စဉ်ကာလ အတိတ်များက ဒီလိုမနက်ဆိုရင် ခပ်လွမ်းလွမ်းနဲ့ ဘာကို ဖော်ပြ၊လွမ်းရမှန်းမသိအောင် လွမ်းမိ။ -အရုပ်ကို ခေါင်ထိအောင် ပစ်ဖို့ ကြိုးစားရင်း ရပ်တည်နေတဲ့ ဘဝများလား။ -ကျောက်ဒိုးချင်း ထိကပ်အောင် ရိုက်ရင်း ၊ တစ်ထွာပြည့် မပြည့် တိုင်းထွားကြည့်နေတဲ့ ဘဝများလား။ -အပေါင်းသင်းတွေနဲ့ လမ်းမ အလယ် ဂီတာတီးရင်း ရီဝေနေတဲ့ ဘဝများလား။ -ထမင်းစားချိန် အိမ်ပြန်မမှီ လို့ အမေ့ကြိမ်လုံး ဒဏ်ဘေး ကင်းစေဖို့ ခဲလုံး နောက်ပစ်ပြီးပြန်တဲ့ ဘဝများလား။ -ဆေးလိပ်ခိုးသောက် လို့ အနံ့မထွက်အောင် ပီကေဝါးသွားတဲ့ နေ့ရက်များလား….။ -ဘာ..ဘာ…ဘာ..မှန်းမသိအောင် ကို ဆောင်းက အလွမ်းတွေနဲ့ […]


အာဂDecember 18, 20121min2795
၁။ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း (MDRI) သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ဥ ပဒေရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် လိုအပ်သော အရင်းအမြစ်များ တည်ထောင်နိုင်ရေးကို ရှေ့ရှုဖွင့်လှစ်ဖွဲ့စည်းထားသော အစိုးရမဟုတ် သည့် အဖွဲ့အစည်း ( NGO ) တစ်ခု ဖြစ်ပါသည်။ ၂။ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအရင်းအမြစ်အဖွဲ့အစည်း ( MDRI ) ၏ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန ( CSIS ) မှ တတိယအကြိမ် ဖွင့်လှစ်မည့် ( Post-Graduate Certificate in Peace, Democracy and Development ) သင်တန်းကို ( ၁ – ၁ -၂၀၁၃ ) […]


အာဂNovember 10, 20121min46413
ဒုက္ခကို ခါးထစ်ခွင် ချီပိုး ဟိုနား….။ ဒီနား…..။ ရောက် နိုးနိုး နှင့်……..။ နွယ်လို ပတ်တဲ့ “သောက” ခင်ဗျား အမြန်ပြန်စမ်းလို့ ပြောမရသေးခင်….။ လောကဓံ က အုံလိုက် ကျင်းလိုက် ရိုက်နှက် ကျသတဲ့..။ ဘဝများ…..ပြောပါတယ်။ တစ်ချက်တည်း ကျင်းဝင်သလို… ဘယ်တော့ များမှ သတင်းစာထဲပါမလဲ…။ အာဂ


အာဂNovember 7, 20123min58720
ကျွန်တော့်တို့ ဒါဇင်ပလက်စ် အဖွဲ့သူအဖွဲသားတွေအပါအဝင် အခြားသော စေတနာရှင် ၊ကုသိုလ်ရှင်များရဲ့ ပညာကမ်းလင့် ကုသိုလ်ရေးအလှူဖြစ်တဲ့ စတုတ္ထအကြိမ်မြောက် အလှူကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့ တနင်္ဂနွေ မနက်ပိုင်းက ရန်ကုန်တိုင်း ကျောက်တန်းမြို့၊ မြိုင်သာယာ (၁)ရပ်ကွက်မှာရှိတဲ့ ဇမ္ဗုဥသျှောင် သီလရှင်စာသင်တိုက် နှင့် (ပရဟိတ) သီလရှင်သင်(အခမဲ့)ပညာရေး ကျောင်းမှာသွားရောက်လှူတန်းခဲ့ပါတယ်။       အဆိုပါ သီလရှင်စာသင်တိုက် ကို ဆရာလေး ဒေါ်နန္ဒသင်္ဂ ီ နဲ့ ဆရာလေး ဒေါ်ဝိမလစာရီ တို့က တဲကျောင်းလေးကနေတဆင့် ယခုလိုအခြေအနေအထိရောက်အောင်လို့ ၂၀၀၆ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့မှာ တည်ထောင်ခဲ့ပါတယ်။(တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒါဇင်ပလက်စ်အဖွဲသားတွေသွားလှူတဲ့ နေ့က ကျောင်းရဲ့ ၆နှစ်မြောက်မွေးနေ့အခါသမယဖြစ်နေပါတယ်။) အဲဒီကနေ တစ်ဆင့် ဆရာလေး နှစ် ပါးရဲ့ စေတနာတွေကြောင့် […]


အာဂOctober 24, 20121min74948
ဒီကနေ့ နားနဲ့ဆတ်ဆတ်ကြားရတဲ့ သတင်းက ကျွန်တော်အတွက် အတော်လေး ဦးနှောက်စား၊တုန်လှုပ်သွားပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျောက် မကြားဖူးတဲ့ စကားဖြစ်လို့ပါ။ ကျွန်တော့် မဂ္ဂဇင်းအတွက် ကာဗာတင်ပေးပြီး အင်တာဗျူးမလို့ လောလောလတ်လတ်(ကျွန်တော်အပါအဝင် ပြည်သူတွေက လက်အညောင်းခံ၊အလုပ်ပျက်ခံ၊အင်တာနတ်ဖိုး အကုန်ခံပြီး စွမ်းဆောင်ပေးခဲ့တဲ့) Miss Internet ဆိုရှင်လေးဆီကို ဖုန်းဆက်လိုက်ပါတယ်။ သူမကတော့ မကိုင် ပါဘူး ။ သူမရဲ့ တာဝန်ခံဆိုတဲ့လူတစ်ယောက်လာကိုင်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့် မဂ္ဂဇင်းအတွက် အင်တာဗျူးချင်ကြောင်း၊ ဓာတ်ပုံရိုက်ချင်ကြောင်း ။ မျက်နှာဖုံးရှင်အဖြစ်တင်လိုကြောင်း ထုံးစံအတိုင် အဆိုပါ တာဝန်ခံကို ပြောပြလိုက်ပါတယ်။ အဲဒီမှာ တာဝန်ခံဆိုသူက ဘာပြန်ပြောလဲဆိုတော့…လောလော ဆယ်တော့ နန်းခင်ဇေယျာ တစ်ယောက် မအားကြောင်း အင်တာဗျူးမယ်ဆိုရင်တော့ အဆင်ပြေကြောင်း နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ အကိုတို့ဘက်က အနုပညာ ကြေးဘယ်လောက်ပေးမလဲလို့ ကျွန်တော့်ကို […]