အာဂOctober 10, 20121min3658
ဂေဇက်အတွက် ပိုစ့် တင်ဖို့ ဘာတင်ရရင်ကောင်းမလဲလို့ စဉ်းစားနေတာ တွေးလို့မရတဲ့အဆုံး Food Magazine မဂ္ဂဇင်းမှာ ကျွန်တော် အနုပညာရှင်တွေနဲ့ အစား အသောက်အကြောင်း တွေဗျူးပြီး၊ သူတို့ရဲ့ ဟင်းလက်ရာတွေအကြောင်း အင်တာဗျူးတာလေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ပြောရရင်တော့ အာဂ နှစ်သီးစားလုပ်နေခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ (R,Ga)မေးမြန်းသည် • အချက်အပြုတ်ကိုဘယ်အရွယ်လောက်ကစပြီးဝါသနာပါခဲ့တယ်လို့ထင်မိပါသလဲ။ အချက်အပြုတ်ကိုတော့ကျွန်တော်လူပျိုကျောင်းသားဘဝကတည်းကညရေး ညတာဗိုက်ဆာရင်ထမင်းကြော်စားတာတို့ ၊ခေါက်ဆွဲပြုတ်စားတာတို့ကနေစပြီးဝါသနာပါသွားတယ်လို့ထင်မိတာပါပဲ။ • ဒါဆိုရင် ကိုRဇာနည်ကလူပျိုဘဝမှာဒီလိုအချက်အပြုတ်တွေလုပ်တတ်တာကိုဘယ်သူကသင်ပေးခဲ့ပါသလဲ။ဘယ်လို ကြောင့်ချက်ပြုတ်ဖြစ်သွားတာလဲ။ ကျွန်တော်က လူပျိုဘဝမှာကတည်းကအမေ့ကိုကူညီလုပ်ပေးရပါတယ်။အမေဈေးသွားဝယ်ရင်လည်း လိုက်ပေး ရပါတယ်။ကြက်သွန်အဖြူ၊ အနီ၊ငရုတ် သီးတွေကအစထောင်းပေးရပါတယ်။နောက်လှီးတာ၊ ဖြတ်တာတို့ လုပ်ပေးရတယ်။ ကြက်ဥဆိုရင်လည်း ခေါက်ပေးရတယ်။ဒါတွေမြင်နေကျဆိုတော့လေရင်းနှီးနေတယ်လို့ပြောရမလားဘဲ။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့မချက်ဖြစ်ပါဘူး။အိမ်ထောင်ကျတော့မှသာ စပြီးစမ်းကလိကြည့်ရင်းနဲ့နည်းနည်းပါးပါး ချက်ပြုတ်ဖြစ်တဲ့သဘောပါ။ • အခုရောပရိသတ်ကိုဘယ်လိုဟင်းလေးတွေချက်ပြမယ်လို့စိတ်ကူးထားပါသလဲ။ အခုစီစဉ်ထားတဲ့ဟင်းပွဲကတော့အချိန်လည်းသိပ်မရတော့ လောလောဆယ်၂ မျိုးလောက်ပဲ စီစဉ်ထားတာပါ။ဝက်သားကို မြန်မာလိုဆီပြန်ဟင်းလေးချက်မယ်။ နောက်ပြီးတော့ ဂေါ်ဖီကိုမုန်လာဥနီ၊ကြက်ဥ၊ကြက်သွန်ဖြူတို့နဲ့ကြော်ပါမယ်။ • […]


အာဂSeptember 27, 20121min77035
ကျွန်တော်တို့ နယ်စည်းမခြား ဂေဇက် အရက်မသားသမဂ္ဂဝင်တွေ နည်းနည်းများ ငြိမ်နေကျလားလို့ စိုးရိမ်စိတ်တွေများ ပြီးအိပ်မပျော်တဲ့ရက်တွေများခဲ့ပါဘီ။ ဒါကြောင့် သမဂ္ဂဝင်များ အတွက် အိမ်မှာလုပ်ပြီးသောက်လို့ရအောင်လို့ နည်းတစ်နည်းပေးပို့လိုက်ပါတယ်။ အပူပိုင်းဒေသထွက် အသီးတစ်မျိုးလည်းဖြစ်သလို အသီးမှာသရက်ဆိုတဲ့ စကားနဲ့အညီ သရက်သီးနှင့်ပြုလုပ်တဲ့ Cocktail အဖျော်ယမကာ တစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်။ Mexico နိုင်ငံ၏ နာမည်ကြီး ကျော်ကြားသော Tequila (တကိလာ) အရက်ကို များသောအားဖြင့် ဆားနှင့် သံပရာသီးကိုသာ တွဲဖက်သုံးဆောင်ကြသော်လည်း ယခုTequila (တကိလာ) အရက်ကို သရက်သီးနှင့်အတူ တွဲဖက်ရင် ဘယ်လောက်စွဲမက်ဖွယ်ကောင်းပြီး အနံ့အရသာနှင့် ပြည့်စုံတယ်ဆိုတာ ကိုယ်တိုင်ခံစားကြည့်ရင် . . . ကျွန်တော် ရေးပြနေတာထက် ပိုပြီးသိမှာပါ။ ပါဝင်မှု – • Tequila(Mexico) – 45 ml […]


အာဂSeptember 26, 20121min32912
ရန်ကုန်၊ စက်တင်ဘာ ၂၅။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသော ဦးအောင်ကြည်က ပေးထား သောကတိများကို မဆောင်ရွက်နိုင်ပါက ဝန်ကြီးအဖြစ်မှ နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း ၎င်း၏ပြောစ ကားကို ကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။ “ဝန်ကြီးက သူပြန်ကြားရေးကိုလာတာ ရယူဖို့မပါဘူး၊ ပေးဆပ်ဖို့သက်သက်ပါဘဲ၊ ဘာတွေကတိပေးရမ လဲပြော…ပေးထားတဲ့ကတိတွေ မလုပ် ပေးနိုင်ရင် ..ထောက်ပြ ….ချက်ချင်းနုတ်ထွက်ပေးမယ်လို့ သူ ကိုယ်တိုင် နှုတ်ကပြောခဲ့တာ”ဟု ၎င်းက ဆိုသည်။ နေ့စဉ်ထုတ်သတင်းစာများကို လပိုင်းအတွင်း ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြီး၊ မီဒီယာလွတ်လပ်ခွင့်များကို ဖော်ဆောင်သွားမည်ဟု ပြည်ထောင်စုဝန် ကြီးအဖြစ် စတင်တာဝန်ယူသော ရက်ပိုင်းအတွင်း သတင်းမီဒီ ယာများကို ဦးအောင်ကြည်က ထုတ်ဖော်ပြောကြားခဲ့သည်။ “မီဒီယာလောကအတွက် လမ်းစပွင့်လာပါပြီ”ဟု ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သူ မောင်ဝံသက သုံး […]


အာဂSeptember 18, 20121min89124
ထို့ကြောင့် ဈေးနှုန်းအနိမ့်ဆုံး နှင့် US မှ မှာယူတင်သွင်းပေးမည်ဟု ကြော်ညာထားသော ဆိုင်မှ ဈေးနှုန်များကို မျှဝေပေးလိုက်ပါသည်။ 16 (GB) – 773,000 Ks 32 (GB) – 879,000 Ks 64 (GB) – 995,000 Ks ဒါကတော့ Yangon online store ကနေမှာ US ကနေမှာယူပေးမယ့်ဈေးနှုန်းများပဲဖြစ်ပါတယ်။ ရန်ကုန်အွန်လိုင်းစတိုးကနေမှာယူမယ်ဆိုရင်တော့ ဖုန်းတန်ဖိုးရဲ့တဝက်ကို စရံအနေနဲ့ပေးချေရမှာဖြစ်ပီး ကျန်တဝက်ကိုတော့ ဖုန်းရောက်မှပေးချေရမှာဖြစ်ပါတယ်။ ဖုန်းရောက်ရှိမယ့်ကြာချိန်ကတော့ မိမိမှာယူချိန်ကနေစပီးတော့ ၃ပတ်ကနေ ၄ ပတ်အတွင်းပဲဖြစ်ပါတယ် ။ စရံတဝက်ပေးပီးသည်နှင့် ပစ္စည်းမှာယူကြောင်းဘောက်ချာပေးမှာဖြစ်ပါတယ် အောက်မှာတော့ ရန်ကုန်အွန်လိုင်းစတိုးကိုဆက်သွယ်ရမယ့် လိပ်စာများဖြစ်ပါတယ်။ စိတ်ဝင်စားပါက ဖုန်းနှင့်သော်လည်ကောင်း အီးမေလ်းနှင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါတယ်ဗျာ No.(59/B), Yaw Min Gyi […]


အာဂAugust 6, 20121min5077
နိုင်ငံမဲ့ရိုဟင်ဂျာများအရေးနှင့် သမ္မတကြီး၏သဘောထားအပေါ် ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ၏ အမြင် Hot News Journal — နိုင်ငံမဲ့ ရိုဟင်ဂျာများအရေးနှင့်ပတ် သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်း စိန်မှ ရိုဟင်ဂျာများအား တတိယနိုင်ငံသို့ ပို့မည်။ လာခေါ်မည့်သူမရှိပါက ခြံခတ် ထားမည်ဟုဆိုကာ မြန်မာနို်င်ငံအတွင်း နေ တိုင်းရင်းသားများ၌ လုံးဝပတ်သက် ခြင်းမရှိသော ရိုဟင်ဂျာများနှင့်ပတ်သက် မိမိ၏ သဘောထားအား အတိအလင်း ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတကြီး၏ ရပ် တည်ချက်အပေါ် ပြည်သူများမှ လွန်စွာ အားရဖြစ်လျက်ရှိပြီး အချို့သော ဒေသ များ၌မူ သမ္မတကြီး၏ သဘောထား ထုတ်ပြန်မှုအပေါ် ထောက်ခံကြိုဆိုသော အားဖြင့် နိုင်ငံတော် အလံများပါလွှင့်ထူ ခဲ့ကြသည်။ ထိုသို့ နိုင်ငံတော်သမ္မတကြီး၏ ရို ဟင်ဂျာကိစ္စအပေါ် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ခြင်းနှင့် နိုင်ငံမဲ့ရိုဟင်ဂျာများ အကြောင်းအား […]


အာဂAugust 4, 20121min80329
ကြေးစည်သံများက လူ့လောကကြီးထဲက ထွက်ခွာသွားသူတွေကို နှုတ်ဆက်နေသလိုလို။ဒါမှမဟုတ် လာရောက်ကြသူအပေါင်းတို့အား မင်းတို့လည်း မင်းတို့အလှည့်ကိုစောင့်နေကျလို့ ကြိမ်းဝါးနေသလိုလိုပင်။ သုဿန် က သေဆုံးသူများရှင်သန်နေသူများ နှင့် နေ့စဉ် ပြည့်နှက်လို့နေလေသည်။ နောက်ဆုံးခရီးကို လိုက်ပိုကြသူများထဲမှ အချို့က ပြင်ဆင်ထားသော အလောင်းစင်ပေါ်မှ သွားလေသူကိုကြည့်၍ သံဝေဂ ပူဆွေးမှုမျက်ရည်များ တသွင်သွင် စီးဆင်းနေသည်။ ဆွေမျိုးများက ပူဆွေးမျိုးများဖြစ်ကုန်ကျ၏။ သူ၊သူမ၊ယောက်ျား၊မိန်းမ တစ်ယောက် သို့မဟုတ် တစ်စုံတစ်ယောက်က သွားလေသူရဲ့ အခေါင်းကိုဖက်ပြီး လွမ်း….. ၊ငို …..၊ညီး…၊ရှိုက်….ငင်… ပြလိုက်သည်။ ထို့သို့ သူ၊ သူမ၊ယောက်ျား၊ မိန်းမ …တစ်ယောက်ယောက်က အခေါင်းထဲရှိ အလောင်းကောင် အား ၁။လွမ်းဆွတ် ၂။နှမြောတမ်းတ ၃။သံယောစဉ် ၄။မေတ္တာ ၅။ကျေးဇူးတရား ၆။နောင်တ ၇။အစားထိုးလို့မရသောခံစားမှု ………………. စသဖြင့်…………. သောကဗျာပါက မြောက်မြားစွားနဲ့ […]


အာဂAugust 1, 20121min39316
မြန်မာသမိုင်းမှာ အဆိုးဆုံးသောအမည်းစက်တစ်ခု ဖြစ်တဲ့ ဖြစ်ရပ်ကတော့ ကနောင်မင်းသားကြီး လုပ်ကြံခံရတဲ့နေ့ပဲဖြစ်ပါတယ်။ နှစ်တွေ၊လတွေ ဘယ်လောက်ကြာကြာ သမိုင်းကတော့ ပျောက်ပျက်သွားမှာမဟုတ် ပါဘူး။ဒီတော့ သမိုင်းအကြောင်း သိဖို့ အခုလိုတင်ပြလိုက်ပါတယ်။ ဩဂုတ်လ ၂ရက်နေ ့ကကနောင်မင်းသားကြီးလုပ်ကြ ံခံရတ ဲ ့၁၄၆နှစ်ပြည် ့ဖြစ်ပါတယ်..အဲဒီအထိမ်းအမှတ်ပွဲကိုတော ့မန်းမှာကျင်းပါမှာဖြစ်တယ်လို ့ ကနောင်မင်းသားကြီးရ ဲ ့ဆွေတော်မျိုးတော်တစ်ဦးပြောပါတယ်။ “နိုင်ငံကိုတည်ထောင်တဲ ့လူတွေကိုတော ့နိုင်ငံသူနိုင်ငံသားအားလုံးကအမှတ်ရပြီးကျေးဇူးတင်နေတာကောင်းတာပေါ ့. .လူသားတစ်ယောက်ဖြစ်ပေမယ် ့သာမာန်လူတွေထက်စွန် ့စားထူးကဲပြီးနိုင်ငံအတွက်ရှေ ့ရောက်အောင်ဘေးကျပ်နံကျပ်တွေကြားထဲကရုန်းကန်ခဲ ့ရတဲ ့လူတွေကိုတော့ ့ကျေးဖူးတင်ထိုက်တာပေါ ့..”.လို ့အမည်မဖော်လိုတဲ ့ဆွေတော်မျိုးတော်တစ်ဦးကပြောပါတယ်။ .ကနောင်မင်းသားကြီးကတော ့၂.၈.၁၈၆၆မှာလုပ်ကြံခံခဲ ့ရတာဖြစ်ပါတယ်…


အာဂAugust 1, 20121min127341
ကဒ်(၁) နှလုံးသား ခြေတစ်လှမ်းအတိုးမှာ လှုပ်မရအောင် ရစ်ပတ်ထားတာ….နွယ်ပင် ကဒ်(၂) လူတိုင်း တစ်နေရာရာ တစ်ချိန်ချိန် တစ်စုံတစ်ယောက်ကြောင့် အရစ်ပတ်ခံခဲ့ရမှာပဲ။ မိဘက သားသမီးကို သံယောဇဉ်နဲ့ တစိမ်းတစ်ယောက်က တစိမ်းတစ်ယောက်ကို သံယောဇဉ်နဲ့ နေ့စဉ်နဲ အမျှ ကမ္ဘာပေါ်ကရစ်ပတ်မှုများ။ ကဒ်(၃) ကျွန်တော်က သူမ ကို သူမက ကျွန်တော်ကို ချစ်ခြင်းများဖြင့်……။ ကဒ်(၄) မွေးကတည်းကနေ မသိခဲ့တဲ့ လက်နှစ်ချောင်း ၁ဝ စုနှစ်တစ်ခုကျော်မှ ဆုပ်ကိုင်မိချိန် နွယ်ပင် ကဒ်(၅) ချစ်ခြင်းရဲ့ အကြီးအကျယ်အမြစ်တွယ်ခြင်းမှ စလို့ နှစ်ယောက်သား ရစ်ပတ်လိုက်ကြ ကိုယ့်အတွက်…. ပင်ပင်ပန်းပန်း ချက်ထားတဲ့ သူမ ကိုယ်သင်းနံ့လေးက အိပ်ယာဝင် ပုံပြင်တိုင်းမွှေးလို့ အို……………… သည်း..။ မောင်…။ ဖေကြီး…။ မေကြီး…။ အဘိုး..။ အဘွား…။ […]


အာဂJuly 31, 20121min3598
Yangon Media Group — နိုင်ငံတော်သမ္မတဦးသိန်းစိန် – ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။ CNA – ကျွန်မတို့အနေနဲ့ အခုလိုနိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ CNAသတင်းဌာနအနေနဲ့ မြန်မာနိုင်ငံကသတင်းများကို ရယူထုတ်လွှင့်လျက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ CNAသတင်းဌာနအနေနဲ့ ကျွန်မအပါအဝင် စင်ကာပူတို့၊ ဘန်ကောက်အခြေစိုက်တို့က သတင်းသမားတွေက မြန်မာနိုင်ငံသို့သွားရောက်ပြီးတော့ သတင်းရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် အထူးသဖြင့် နိုင်ငံတော်သမ္မတကြီးတို့လို ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို တိုက်ရိုက်ထိတွေ့ပြီး သတင်းရယူထုတ်လွှင့်နိုင်တဲ့အတွက်ကြောင့်မိုလို့ ကျွန်မတို့များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ နိုင်ငံတော်သမ္မတဦးသိန်းစိန် – ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လဲ ဒီသတင်းဌာနနဲ့ […]


အာဂJune 19, 20121min70321
ကျွန်တော်က စိတ်ကူူးက တောင်ပေါ် လက်တွေ့က မြေပြန့်နဲ့ အဓိပ္ပာယ်မရှိတဲ့ ကောင် ဖြစ်နိုင်ရင် ချစ်သူလောင်းရိပ်အောက်မှာပဲ ရှင်သန်နေချင်သူ မီးဆိုတာ ဒီလိုမြန်မြန်လောင်မယ်လို့ မထင်ပေမဲ့ ကျွမ်းလောင်မှန်းသိရတဲ့အခါ ရလာတာက ပြာ တွေပဲလေ..။ ကျွန်တော်ပိုင်ဆိုင်တာက နာကျင်တယ်ဆိုတဲ့ ခံစားမှုတစ်ခုပဲ..။ ကျွန်တော်အဝေးက ကြယ်တွေ ကြွေတုန်းက ဟားတိုက်ရယ်နိုင်ပေမဲ့ အခု ကျွန်တော် နှလုံးသား ကြွေတဲ့အခါ ဘယ်သူများ ရယ်ကြမလဲလို့ စိုးထိတ်


အာဂJune 18, 20121min102734
မနက်…. မျက်နှာကို သစ် စိတ်ကတော့ အသစ်မဖြစ်နိုင် ပြဿနာတွေနဲ့….။ အဖေကရေးတဲ့ ပုစာ္ဆ မိသားစု အတိဒုက္ခတွေကြား အဖြေမှား….ပြဿနာတွေနဲ့…။ အမေ..မေတ္တာစုပ်ချက်တွေကြား သူရေးတဲ့ မိသားစု ပန်းချီကား လှမှလှပမလား ဗျာပါက ဆေးရောင်စုံကြား ပြဿနာတွေနဲ့….။ အချစ်ဆိုတဲ့ တံခါးကိုခေါက်ဖို့ လှေကားထစ် တွေလိုတယ်။ လှေကားထစ် တွေမဆောက်နိုင်တဲ့..ဘဝ ပြဿနာတွေ နဲ့…။ ည မိုးချူပ် ခြေထောက်ကိုဆေး သန့်ရှင်းစွာ အိပ်စက်ခဲ့ပေမဲ့…။ အိပ်မက်တွေထဲ… ပြဿနာတွေနဲ့ ခင်ဗျား တို့ရော… မမေးတော့ ပါဘူး ကျွန်တော် ပဲ ဖြေလိုက်မယ်.. ပြဿနာတွေနဲ့……..။


အာဂJune 5, 20121min1469
ရန်ကုန်မြို့လယ်၊ ဆူးလေဘုရားအနီးရှိ ဘင်္ဂ ါလီ ဗလီရှေ့တွင် အစ္စလာမ် ဘာသာဝင်တချို့ ယခုဆန္ဒဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိသည်။ ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်တွင်ဖြစ်ပွားခဲ့သော ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊ သတင်းစာတွင် မွတ်ဆလင်ကုလားဟူသည့်အသုံးအနှုန်း သုံးနှုန်းခဲ့ခြင်းကြောင့်လည်းကောင်း ဆန္ဒဖော်ထုတ်မှုပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ ဆန္ဒဖော်ထုတ်သူမှာ ၁ဝ ဦးခန့်ရှိပြီး တရားဥပဒေစိုးမိုးရေးဟူ သည့် စာတမ်းများကို ကိုင်ဆောင်ထားကြ ကာ တောင်ကုတ်မြို့နယ်တွင် သတ်ဖြတ်ခံရသူတို့၏ အလောင်းဓာတ်ပုံများကိုလည်း ကိုင်ဆောင်ထားကြ သည်ဟု ထိုနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက် က ပေးပို့သည်။ ဆန္ဒပြမှုဖြစ်ပွားနေသော အစ္စလာမ်ဘာသာဝင်းများကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး လာရောက်ဖြန်ဖြေပေးနေစဉ်။ photo The Voice Weekly http://a4.sphotos.ak.fbcdn.net/hphotos-ak-snc7/s720x720/599329_424593754227556_158797964140471_1440947_1918662590_n.jpg http://a8.sphotos.ak.fbcdn.net/hphotos-ak-ash3/s720x720/579554_424588394228092_1201501635_n.jpg http://a2.sphotos.ak.fbcdn.net/hphotos-ak-ash3/s720x720/551730_424587904228141_158797964140471_1440876_602932335_n.jpg http://a6.sphotos.ak.fbcdn.net/hphotos-ak-ash4/s720x720/197715_424586820894916_2133752973_n.jpg http://a3.sphotos.ak.fbcdn.net/hphotos-ak-ash4/s720x720/283753_424586080894990_453315712_n.jpg http://a5.sphotos.ak.fbcdn.net/hphotos-ak-snc6/s720x720/8098_424585617561703_158797964140471_1440870_887513557_n.jpg http://a2.sphotos.ak.fbcdn.net/hphotos-ak-snc7/s720x720/576582_424585270895071_2146075212_n.jpg မှတ်ချက် […]


အာဂMay 22, 20121min86919
လျှပ်စစ်မီးရရှိရန် ဆူးလေဘုရားရှေ့မှာ ယနေ့ည ဆန္ဒပြမည် Yangon Press International, 22May 2012 — ယနေ့ညနေ ရန်ကုန်မြို့ ဆူးလေ ဘုရားရှေ့တွင် လျှပ်စစ်မီး မှန်မှန်ရရှိရေး တောင်းဆိုမည့် ပြည်သူများ စုဝေးကာ ဖယောင်းမီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြကြမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။ယခုညနေ ပြုလုပ်မည့် ဆန္ဒပြရာတွင် ပါဝင်ကြမည့်သူများမှာ ဒီမိုကရက်တစ်အင်အားစုများဖြစ်သည့် အလုပ်သအမားအဖွဲ့အစည်းများ ၊ကျောင်းသား အဖွဲ့အစည်းများ၊ လယ်သမားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအကျဉ်းသား အရေးဆောင် ရွက် နေသည့် အဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထုများလည်း ပါဝင်မည်ဟု ၎င်းကYPI သို့ပြောသည်။ “ကျွန်တော်တို့ဒီမိုကရက်တစ်အင်အားစုတွေ အပါအဝင် လျှပ်စစ်မီးရရှိဖို့ အတွက်လိုလား တဲ့ပြည်သူတွေအပါ စုစုပေါင်း လူအယောက် ၈ဝ နဲ့ ၁၀ဝ လောက်ရရင်စလှုပ်ရှားမယ်။ […]