တစ်ရံတစ်ပါး၌ ကျွန်ုပ် မောင်အံစာတုံး သည် နတ်သမီးမျှ လှပချောမောသော ကောင်မလေးတစ်ယောက်အား တော်ကီပွားရန် အလို့ငှာ ကြံရွယ်နေမိလေ၏ … (ဤကား နိဒါန်း ….) +++++++++++++ ကျွန်ုပ်သည် မှောက်၍တစ်ဖုံ၊ လှန်၍ တစ်ခါ၊ လျောက်လျက် တစ်လဲ၊ ဆေးလိပ်ကို ခဲလိုက်ဖြင့် စိတ်ကူးအတွင်း ဇာတ်ကွက်ချနေမိလေ၏ .. “ဟေ့ …” ဟူ၍ စခေါ်ရင် ကောင်းမလား ?????? “ဟိတ် …” ဟူ၍ စခေါ်ရင် ကောင်မလား ?????? ခက်သည်က သူမ၏ အမည်နာမအား ကျွန်ုပ် မသိခြင်းပင် ဖြစ်လေသည် … သို့တစေ နာမည် မသိ၍ ကိစ္စမရှိ။ အဓိကမှာ နှစ်လုံးတည်းသာ ဖြစ်လေ၏ … ဟုတ်၏ … […]


တွေ့လာသမျှ ကောင်းဆိုးမှန်သမျှကို ရင်ဘတ်နဲ့ ခံစားရင်း မွေးရာပါ သေခြင်းတရားကို နောက်ကျောဘက်မှာပဲ ထားခဲ့တယ် ….. တစ်ကမ္ဘာလုံးကို အလင်းရောင်ပေးနေတဲ့ အင်ဂျင်မဲ့ နေမင်းကြီး အနောက်အရပ်ဆီက လက်ပြ နှုတ်ဆက်သွားတာ ခဏခဏ ကြုံခဲ့ရပေမယ့် စိတ်ထဲမှာတော့ ဘာမှ မထူးဆန်းသလိုပဲ ….. ဘဝ ဆိုတာ တိုက်ပွဲ …. တဲ့ မွေးကတည်းက စစ်မြေပြင်ထဲမှာဆိုတော့ တိုက်ရင်း ခိုက်ရင်း သတ်ဖြတ်ရင်းနဲ့ပဲ ကြီးပြင်းခဲ့ရတယ် ….. အစကတော့ အဖြူရောင် နှလုံးသားပါပဲ နောက်တော့ သွေးစွန်းနေတဲ့ ဓါးတစ်လက်နဲ့ မုသားဆိုတာလည်း ပါးစပ်နဲ့ အပြည့်ပါပဲ ….. လူတကာ လျောက်လှမ်းနေတဲ့ သမာရိုးကျ ဒီလမ်းမကြီးပေါ်မှာ လှမ်းလျောက်သွားရင်းနဲ့ လောဘ မျက်မှန်ရဲ့အောက်မှာ စက္ကူတွေတောင်ှ ရွှေရောင် တောက်လာခဲ့တယ် ….. […]


ကျွန်ုပ် ဦးကောင်း သည် ငယ်စဉ်အခါက လွန်စွာမှ ဆင်းဆင်းရဲရဲ နေခဲ့ရလေ၏။ ကျွန်ုပ်၏ မိဘနှစ်ပါးမှာ ဆင်းရဲလွန်းသဖြင့် ကျွန်ုပ်အား ကျောင်းထားနိုင်ခြင်း မရှိခဲ့ပေ။ သို့ရာတွင်မူ ရွာဦးကျောင်း ဆရာတော်ကြီး ဦးဓမ္မသာမိ၏ ကျေးဇူးကြောင့် ကျွန်ုပ်မှာ စာရေး၊ စာဖတ်ကို တတ်မြောက်ခွင့် ရခဲ့ပါ၏။ ဤသို့ ကျွန်ုပ်သည် ငယ်စဉ်ဘဝ ဆင်းရဲတွင်း နက်သည်ကို လွန်စွာ မကျေနပ်ရကား ငွေကြေး ပြည့်စုံ ချမ်းသာစေရန်အတွက် အလုပ်များအား ကြိုးစားလုပ်ကိုင်ခြင်း၊ ရရှိလာသော ငွေကြေးများအား အလေအလွင့် မဖြစ်စေဘဲ စုဆောင်း သိမ်းဆည်းခြင်း၊ စုမိသမျှ ငွေကြေးများဖြင့် ရောင်းဝယ်ဖောက်ကားခြင်း စသည့် လမ်းစဉ်အတိုင်း ကျင့်ကြံခဲ့လေရာ ယခုအခါတွင် ကျွန်ုပ်မှာ လူတန်းစေ့ နေနိုင်သော အခြေအနေသို့ ရောက်ရှိခဲ့ပြီ ဖြစ်လေ၏။ ကျွန်ုပ်သည် […]


ဖြစ်ပုံက ဒီလိုဗျ ….။ မနေ့ညက မင်းကွန်းဆရာတော်ကြီး ရေးသားပြုစုတော်မူတဲ့ မဟာဗုဒ္ဓဝင် ဒုတိယတွဲကို ဖတ်မိခဲ့တာက စခဲ့တာပါပဲ … “ ကြီးကြီးကျယ်ကျယ် မင်းက မဟာဗုဒ္ဓဝင် ဖတ်တယ် … ” အဲ့လို မေးမငေါ့ကြပါနဲ့။ တကယ် ဖတ်ဖြစ်ခဲ့တာပါ။ “ကဲ … ဆိုစမ်းပါဦး၊ မင်းပြဿနာက” လို့ မေးရင် “လေးတော်တင်ခဏ်း” ထဲက ပြဿနာလို့ပဲ ဖြေပါရစေဗျာ ….။ Note : မင်းကွန်း ဆရာတော်ကြီး ရေးသားပြုစုတော်မူခဲ့သော ” နိုင်ငံတော်ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင် – ပဌမတွဲ (ပဌမပိုင်း) မှ ဆဌမတွဲ (ဒုတိယပိုင်း) အထိ” စာအုပ်များကို Download ရယူလိုသူများ အနေဖြင့် ဒီနေရာကို နှိပ်ပါ။ ဟုတ်ကဲ့ […]


ည ….. သည် မှောင်နေ၏ …..။ ည ….. သည် တိတ်ဆိတ်နေ၏ …..။ ည ….. သည် အိပ်စက်သူတို့၏ နှစ်သက်ရာလည်း ဖြစ်၏ …..။ ည ….. သည် တိုးတိုးတိတ်တိတ် အသံတို့ ကြီးစိုးရာလည်း ဖြစ်၏ …..။ ည ….. သည် အိပ်မက် အများအပြား ပေါက်ဖွားရာလည်း ဖြစ်နေ၏ …..။ ည ….. သည် ကြောက်မက်ဖွယ်လည်း ကောင်းနေ၏ …..။ ည ….. သည် အိပ်မရသူအတွက် ပျင်းရိဖွယ်လည်း ဖြစ်တတ်၏ …..။ ည ….. သည် အနောက်က ချောင်းပြီး ရိုက်တတ်သူနှင့် တူသေး၏ …..။ ည […]


ကျုပ်တို့ရွာက ရွာတည်စကနေစပြီး နေရာ သုံးနေရာပြောင်းလို့ ရွာတည်ခဲ့ပါတယ်။ ပထမဆုံး တည်ခဲ့တဲ့နေရာကတော့ ကျုပ် ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ဖူးတဲ့ “ဥစ္စာစောင့်တွေ ရှိတဲ့တောင်” ဆိုတဲ့ ပို့စ်ထဲမှာပါတဲ့ တောင်ကို အလယ်ပြုလို့ တည်ခဲ့တယ်။ နောက်တော့ လက်ရှိ ရွာသင်္ချိုင်းနဲ့ ခပ်လှမ်းလှမ်းမှာ တည်ခဲ့တယ်။ အခု နောက်ဆုံးမှာတော့ သင်္ချိုင်းရဲ့ အရှေ့တောင်ယွန်းယွန်းမှာ တည်ထားပါတယ်။ (ရာဇဝင်၊ အထောက်အထား အကုန်ရှိ၏။ မယုံရင် လာကြည့် … 😀 ) လက်ရှိ ရွာရှိတဲ့ နေရာကို အသစ် စတည်ကာစကပေါ့ဗျာ။ ကျုပ်တို့ရွာကို အခြားရွာတွေက လာလာပြီး အနိုင်ကျင့် ဗိုလ်ကျခဲ့ကြသဗျ။ ကျုပ်တို့ရွာက အမြဲတမ်း ခံဘက်ကကြီးပဲ။ (အဟင်း .. ဟင်း .. အဲ့အချိန်တုန်းက ကျုပ် မမွေးသေးလို့ပေါ့ဗျာ။ […]


အဲ့ဒီနေ့ ညနေက မိုးလည်း မရွာဘူး .. နေလည်း မသာခဲ့ပါဘူး …. အပြုံးနဲ့ လမ်းခွဲဖို့ ပြောခဲ့တယ် ကျနော့်ဘက်က မဟုတ်ဘူး သူ့ဘက်က ……. “စိတ်မဆိုးပါနဲ့” … တဲ့ အဲ့ဒီအချိန်က သူမ ပြောခဲ့တဲ့စကား ခုထိ ကြားယောင်နေသေးတယ် … “စိတ်မဆိုးပါဘူး ငါ မပြောတတ်ဘူးဟာ ငါ ဘာမှ မပြောတတ်တော့ဘူး” သူမရဲ့ဘေးက ဒဏ်ရာအနာတရနဲ့ ထွက်ခွာလာခဲ့စဉ်က ကျနော် ဒါတွေပဲ ပြောတတ်ခဲ့ပါတယ် …. အဲ့ဒီအချိန်တုန်းက ရင်ထဲက ခံစားချက်တွေကို ပုံဖော်ဖို့ စကားလုံးတွေက ဘာကြောင့် ပျောက်ရှနေခဲ့ရတာလဲ …. ရင်ထဲမှာ ခါတိုင်းထက် တအားလေးနေတယ် .. သူမကို ချစ်ခဲ့တဲ့အချစ်တွေ နေရပ်ပြန်လာလို့ ထင်ပါရဲ့ …. ရည်စူးထားခဲ့သမျှ […]


_________________________________ အောက်မှာ “ရတနာသိုက် ရှာပုံတော်” ဝတ္ထုမှာ အတော်ပင် ရှည်လျားပါ၏။ ထို့ကြောင့် အချိန်ရမှ ဖတ်ပေးကြပါရန် ကျနော့်အနေဖြင့် ကြိုတင်၍ ပြောကြားအပ်ပါသည် ခင်ဗျာ။ ယခင် အခန်းဆက်များအား ဖတ်ရှုခဲ့တဲ့သူတွေအနေနဲ့ မိမိဖတ်ရှုခဲ့ပြီးသော အပိုင်း၏ နောက်သို့ ကျော်၍သာ ဖတ်ရှုကြပါရန်လည်း ပြောကြားအပ်ပါသည် ခင်ဗျာ။ ယခု ဝတ္ထုအား PDF အနေဖြင့်လည်း ပေးထားပါသည် ခင်ဗျာ။ ယူလိုသူများ အနေဖြင့် ဒီနေရာမှာ ဒေါင်းကြပါ ခင်ဗျာ။ ဝန်ခံချက် ။    ။ အောက်ပါ ရတနာသိုက် ဝတ္ထုအား အပိုင်းလိုက် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တစ်ခုနှင့် အစပ်အဟပ် လွဲနေသည်များ ပါခဲ့ပါက ပြောပေးကြပါရန်။ ကျနော်မှာ ဝါသနာအရ ရေးသားခြင်းသာ ဖြစ်သည့်အတွက် အရေးအသား […]


ရတနာသိုက် ရှာပုံတော် – ၁၊ ရတနာသိုက် ရှာပုံတော် – ၂၊ ရတနာသိုက် ရှာပုံတော် – ၃၊ ရတနာသိုက် ရှာပုံတော် – ၄၊ ရတနာသိုက် ရှာပုံတော် – ၅၊ ရတနာသိုက် ရှာပုံတော် – ၆၊ ရတနာသိုက် ရှာပုံတော် – ၇ တို့အား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဖတ်ရှုလိုပါက လင့်ခ်ပေါ်တွင် ကလစ်နှိပ်ကာ ဖတ်ရှုနိုင်ပါကြောင်း ……..။ ကြားရက်များအတွင်း မဖော်ပြနိုင်ခဲ့ခြင်းအတွက် ခွင့်လွတ်ကြစေလိုပါကြောင်း … နောက်တစ်ပိုင်းတွင် အစ၊ အဆုံး အကုန်လုံးကို တင်ပေးသွားနိုင်ရန် ကြိုးစား ရေးသားနေပါကြောင်း ….. အားပေး၊ ဖတ်ရှုကြသူအပေါင်းအား ကျေးဇူး အထူးပင် တင်ရှိပါကြောင်း …… …………………………. […]


သတ်တယ် … သတ်တယ် ….. လင်ပန်းကို ဆီစွတ်လို့ ရမ်းပြီးတောင် သတ်ခဲ့တယ် … ကပ်နေတဲ့ ခြင်တွေကိုကြည့်ရင်း ဂရုဏာတော့ မဖြစ် အနိုင်ကျင့်ချင်တဲ့ စိတ်အတွက်တော့ မုဒိတာတွေက အသစ်အသစ် ……. ကိုက်ဟယ် … စုပ်ဟယ် ….. ငါ မလှုပ်ပါဘူးကွယ် … မနက်ခင်း စောစောစီးစီး လာကိုက်တဲ့ ခြင်အတွက် ဒေါသတွေ မထွက် ဂရုဏာတွေ သက် သွေးတစ်စက် တစ်စက် လှူနေနိုင်တဲ့အတွက် ပီတိတွေက အထပ်ထပ် ……. ဒီလိုနဲ့ ငယ်ရွယ်စဉ်ရဲ့ ဘဝများမှာ ဆန့်ကျင်ဘက် စိတ်ဓါတ်နဲ့ ဖြတ်သန်းခဲ့ဖူးပါရဲ့ ……………. အမြဲတမ်း ဆံပင်ကို တိုတိုညှပ်ရတယ် ကျောင်းသွားတိုင်း သနပ်ခါး ဘဲကြားလူးရတယ် ပုဆိုးကိုလည်း ခပ်တိုတိုပါပဲ … […]


1. ElevenMediaGroup   2. Internet Journal   3. MyanmarTimes   4. Envoy Journal   5. ပြည်မြန်မာ   6. YangonTimes   7. 7Day News   8. The Voice Weekly   9. Popular News   10. The Myanmar Post Global   11. NewsWatch   12. Hot News   13. Myanmar.Com   14. ဈေးကွက်   15. အလင်းတန်း ဂျာနယ် […]