သူ့ရနံ့က နှစ်သက်စဖွယ် … သူ့စိတ်ရင်းက ဖြူစင်တယ် …. သူ့ပွင့်ဖတ်က ယုယချင်စဖွယ် … သူ့ကို နမ်းရှိုက်မိတော့တယ် … အို .. ချစ်သော စံပါယ် ………………။   အရှေ့ အရပ်မှာ ကျင်လည်ကာ ကျက်စားနေတဲ့ နေမင်း၊ အနောက်အရောက်ကို ပြောင်းရွှေ့ကာ နေရာယူတဲ့အခါ ချစ်သူနဲ့ တွေ့ဆုံခွင့် ရတတ်ပါတယ်။ အဲဒီအခါ ပြောမယ့် စကားတွေကို စဉ်းစားရင်းနဲ့ တစ်ခါတစ်ခါ ထမင်းစားဖို့တောင်မှ မေ့နေတတ်ခဲ့တယ်။ တစ်နေ့လုံးမှာလည်း အပျော်တွေက ပင့်မြှောက်ကာထားလို့ လူတစ်ကိုယ်လုံးလည်း မြောက်တက်နေသလားပါပဲ …။ ပန်းပွင့်လေးတို့ရဲ့ တဖြည်းဖြည်းနဲ့ ပွင့်ဖတ်တွေ ဖွင့်ဟ၊ အလှတွေ ရုပ်လုံးကြွလာပုံကို စောင့်မျှော်ကာ မကြည့်ခဲ့ဖူးပါဘူး။ အေးမြခြင်း သရုပ်ပြ လမင်းရဲ့ ဇာတ်ထုပ်အကကိုလည်း တခုတ်တရ […]


စိန်ဗိုက်ရဲ့ “ဒီလို စိတယ် ထင်ပါတယ်” ဆိုတဲ့ ပို့ စ်မှာ ကိုဂီနဲ့ စိန်ဗိုက် ပြောထားတာကို ဖတ်ပြီးပြီးနောက်မှာ … ကျနော့် အနေနဲ့ ဆုဖြစ်မြောက်ရေးမှာ ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီလိုတဲ့ ဆန္ဒနဲ့ တက်လာတဲ့ ဂေဇက်က ပို့ စ်တွေကို တစ်နေရာတည်းမှာပဲ လွယ်လင့်တကူ ဖတ်ရှုနိုင်စေဖို့ ယခု ပို့စ် အား တင်လိုက်ခြင်း ဖြစ်ပါ၏ … မန်းဂေဇက်ချစ်သူများစာပေဆု (ဇူလိုင်လ) ဆုရရှိသူ – ဝင့်ပြုံးမြင့် ပို့စ်အမည် – ၄ဝ ကျော် ကျမရဲ့ အသည်းကွဲ တမ်းချင်း ဂေဇက်ပို့ စ်များ စုစည်းမှု   31.8.2012 ပို့စ်များ ငပလီမဟုတ်တဲ့ ကမ်းခြေအသစ် ရွာတစ်ရွာဆီ အတိသဉ္ဖာ နာဂရချစ်သူ Read […]


  ရတနာသိုက်ရှာပုံတော် – ၁ ရတနာသိုက်ရှာပုံတော် – ၂ ရတနာသိုက်ရှာပုံတော် – ၃ ရတနာသိုက်ရှာပုံတော် – ၄ ရတနာသိုက်ရှာပုံတော် – ၅ ရတနာသိုက်ရှာပုံတော် – ၆ တို့အား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဖတ်ရှုလိုပါက လင့်ခ်ပေါ်တွင် ကလစ်နှိပ်ကာ ဖတ်ရှုနိုင်ပါကြောင်း …. ____________________________________________ ထွက်ကြလေပြီ အထက်ပါ ဖြစ်ရပ်များ ဖြစ်ပွားပြီး ဆယ်ရက်ခန့် ကြာသည့်အခါ ပဲခူးရိုးမ တောကြီး အနီး ရွာလေးတစ်ရွာသို့ လူအုပ်စု တစ်စု ရောက်ရှိလာခဲ့လေ၏။ အဆိုပါ ရွာလေးသည် ရွာလေးဟုသာ ခေါ်ဝေါ်သော်လည်း အတော်အတန် စည်ကား၍ ဖွံ့ဖြိုးသော ရွာလေးပင် ဖြစ်လေသည်။ အဆိုပါ ရွာလေး၏ အမည်မှာ လှည်းတောင်ကုန်း ဟူ၍ […]


ရတနာသိုက်ရှာပုံတော် – ၁ ရတနာသိုက်ရှာပုံတော် – ၂ ရတနာသိုက်ရှာပုံတော် – ၃ ရတနာသိုက်ရှာပုံတော် – ၄ ရတနာသိုက်ရှာပုံတော် – ၅ တို့အား ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်။ ဖတ်ရှုလိုပါက လင့်ခ်ပေါ်တွင် ကလစ်ကာ ဖတ်ရှုနို်ငပါကြောင်း … အငြိမ့်မင်းသမီးလေး ရောက်လာခြင်း တစ်နေ့သ၌ လွန်စွာ ခမ်းနားသော အိမ်ကြီးအတွင်းတွင် လွန်စွာခန့်ညားသော ယောက်ျားပျိုတစ်ယောက်နှင့် လွန်စွာ ချောမောသော မိန်းမပျိုလေးတစ်ဦးတို့ ယှဉ်တွဲလျှက် ထိုင်နေသည်ကို တွေ့ရလေ၏။ ၎င်းတို့နှစ်ဦး၏ ဘေးတွင်လည်း လူထွားကြီး နှစ်ဦးကို တွေ့ရလေသည်။ “ကျုပ်တို့ဘက်ကတော့ မောင်ဂီပြောတဲ့အတိုင်း လုပ်ပေးပြီးပြီနော့၊ မောင်ဂီဘက်ကပဲ ကျန်တော့တယ်” ယင်းသို့ လူထွားကြီးတစ်ဦးမှ ပြောလေရာ မောင်ဂီဆိုသူ လူရွယ်မှာ ၎င်း၏ အိတ်ကပ်အတွင်းမှ […]


ရတနာသိုက် ရှာပုံတော် – ၁၊ ရတနာသိုက် ရှာပုံတော် – ၂၊ ရတနာသိုက် ရှာပုံတော် – ၃၊ ရတနာသိုက် ရှာပုံတော် – ၄ တို့အား ရေးသား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဖတ်ရှုလိုသူများ အနေဖြင့် လင့်ခ်ပေါ်တွင် ကလစ်ခ်နှိပ်ကာ ဖတ်ရှုနိုင်ပါကြောင်း …..   ဦးခိုင် ဆိုသူ လူကြီးမှာ မောင်ဂီအား သေချာစွာ ကြည့်၍ “ဆွဲပြားလေးနဲ့ မောင်ရင့်ရဲ့ ပျောက်ဆုံးနေတဲ့ ငယ်ကျွမ်းဆွေလေးကို အလဲအထပ် ပြုလုပ်မယ်ဆိုရင်ရော သဘော ဘယ်လိုရသလဲ” ဟူ၍ မေးမြန်းလိုက်လေရာ မောင်ဂီ ဆိုသူ လူရွယ်မှာ အံ့ဩသွားသည့်ဟန် ဖြစ်သွားပြီးနောက် ၎င်း၏ မျက်နှာ အမူအယာအား ပြန်လည် ချုပ်ထိန်းလိုက်ကာ “ကျုပ်ရဲ့ ငယ်ကျွမ်းဆွေ […]


ရတနာသိုက် ရှာပုံတော် – ၁ ရတနာသိုက် ရှာပုံတော် – ၂ ရတနာသိုက် ရှာပုံတော် – ၃ တို့အား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ လင့်ခ်ပေါ်တွင် ကလစ်နှိပ်ကာ ဖတ်ရှုနို်င်ပါကြောင်း … ရတနာသိုက်အကြောင်း တစ်နေ့သ၌ ပါလေရာ၊ ကြီးမိုက်၊ ကိုချော ဆိုသူတို့သည် ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ ချောင်ကျသော အိမ်တစ်အိမ်အတွင်းတွင် စကားပြောလျှက် ရှိသည်ကို တွေ့ရလေ၏။ ပါ – “မောင်ပေတို့ သိထားတဲ့အတိုင်းဆိုရင် ရတနာသိုက်ဟာ ပဲခူးရိုးမထဲမှာ ရှိရမှာပေါ့” မိုက် – “ဟုတ်တယ် ကိုပါ၊ သူတို့မှာ ရတနာသိုက်ရှိရာကို သွားဖို့အတွက် ခိုင်မာတဲ့ အထောက်အထားတွေ ရှိနေတယ်ဗျ” ချော – “ဒါဖြင့် မေးရပါဦးမယ်၊ ဆွဲပြားလေးတွေက ရတနာသိုက်ကို […]


ခြင် မကိုက်အောင် ခြင်ထောင် ထောင်ပြီးအိပ်တယ် လူပြော မခံရအောင် ဆင်ခြင်ပြီးနေတယ် … ဒါကို ‘လူလိမ္မာကြီး လုပ်နေတာပေါ့’ တဲ့ အဲ့ဒီလို ပြောခံရပါသေးတယ် ….. ကောင်းကင်ကြီး ငိုနေတယ် ပန်းလေးတွေ ပြုံးပျော်နေကြတယ် … အခြားငှက်တွေ အိပ်တန်းဝင်တယ် ဇီးကွက်တွေ နိုးထလာကြတယ် … သူများနေ ငိုနေချိန်မှာ ကိုယ် ပျော်ချင် ပျော်နေတတ်တယ် … သူများတွေ ပျော်နေချိန်မှာ ကိုယ် ငိုချင် ငိုနေရတတ်တယ် … အခြေအနေ အချိန်အခါအလျောက် ကိုယ့်လမ်းကို လျောက်နေကြသူခြင်း အတူတူ နေရာဝင်ယူသူတွေက ရှိတတ်ကြသေးတယ် ….. သွားရမယ့်ခရီးက ဝေးတယ် ကားကလည်း ကြပ်တယ် ကောင်မလေးတစ်ယောက် ဘေးနား လာရပ်တယ် ကျုပ် ထပေးလိုက်ပါတယ် … […]


ရတနာသိုက် ရှာပုံတော် – ၁ နှင့် ရတနာသိုက် ရှာပုံတော် – ၂ တို့အား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဖတ်ရှုလိုသူများ အနေဖြင့် လင့်ခ်ပေါ်တွင် ကလစ်နှိပ်၍ ဖတ်ရှုနိုင်ပါကြောင်း … သတင်း လွန်စွာ ခမ်းနားသော အိမ်ကြီးတစ်အိမ် အတွင်းရှိ အကောင်းစား ထိုင်ခုံတစ်လုံးပေါ်တွင် လူရွယ်တစ်ဦးသည် စီးကရက်တစ်လိပ်အား ဟန်ပါပါ ရှိုက်ဖွာ၍ နေသည်ကို တွေ့ရလေ၏။ အိမ်ကြီး၏ အတွင်းနံရံများပေါ်တွင်လည်း ဓါတ်ပုံနှင့် ပန်းချီကား များစွာ ချိန်ဆွဲထားသည်ကိုလည်း တွေ့ရလေ၏။ ထိုဓာတ်ပုံနှင့် ပန်းချီကားတို့အနက် အငြိမ့်မင်းသမီးလေးပုံ ပန်းချီကားမှာ ပို၍ ထင်ရှားနေတော့၏။ ထိုလူရွယ်မှာ ကြည့်မြင်တိုင် လက်ဖက်ရည်ဆိုင်သို့ လာရောက်ခဲ့သော လူရွယ် ဖြစ်လေ၏။ လူရွယ်သည် သောက်လက်စ စီးကရက်အား ထိုးချေလိုက်ပြီးနောက် ၎င်း၏ရှေ့ […]


ရတနာသိုက် ရှာပုံတော် အပိုင်း (၁) အား ဖော်ပြခဲ့ပြီး ဖြစ်ပါ၏။ ဖတ်ရှုလိုသူများ အနေဖြင့် လင့်ခ်ပေါ်တွင် ကလစ်နှိပ်၍ ဖတ်ရှုနိုင်ပါကြောင်း … လူရွယ်တစ်ယောက် ရောက်လာခြင်း အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး နှစ်ရက်ခန့်အကြာတွင် အကောင်းစားဟု ဆိုနိုင်ဖွယ်ရှိသော အနက်ရောင် ကားလေးတစ်စီးသည် အဆိုပါ လက်ဖက်ရည်ဆိုင်လေးရှေ့သို့ လာရောက် ရပ်တန့်လိုက်သည်ကို တွေ့ရလေ၏။ အဆိုပါ ကားအတွင်းမှ ဒရိုင်ဘာ ဖြစ်သူသည် ပြာပြာသလဲ အမူအယာဖြင့် ကားပေါ်မှဆင်းပြီးလျှင် ကားနောက်ခန်းတံခါးအား ဖြည်းညှင်းစွာ ဆွဲ၍ ဖွင့်လိုက်လေ၏။ လက်ဖက်ရည် ထိုင်နေသူများနှင့် လမ်းသွားလမ်းလာ များမှာ အဆိုပါ ဖြစ်ရပ်အား ငေး၍ ကြည့်ရှုနေသည့် အခိုက်မှာပင် ကားပေါ်မှ လူတစ်ယောက် ဆင်းလာသည်ကို တွေ့ရလေ၏။ ကားပေါ်မှ ဆင်းလာသူမှာ နက်ပြာရောင် […]


ကျနော့် အနေဖြင့် ယခု ဝတ္ထုအတွင်းတွင် ကျနော်ချစ်သော ရွာသူားအပေါင်းတို့၏ အမည်များကို အသုံးပြုရန်အတွက် “ရွာသူားအပေါင်းအား ပန်ကြားခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ခွင့်တောင်းခဲ့ပြီး ဖြစ်ပါ၏။ ယခု ဝတ္ထုနှင့် ပတ်သက်၍ ပြောရမည် ဆိုပါလျှင် ကျနော်သည် ပရော်ဖက်ရှင်နယ် တစ်ယောက် မဟုတ်၊ ဝါသနာရှင် တစ်ယောက်သာ ဖြစ်သည့်အတွက်ကြောင့် အမှားများ ပါကောင်း ပါပါလိမ့်မည် ဖြစ်ပါသည်။ ထိုထိုသော အမှားများအား ထောက်ပြ ပေးပါရန်လည်း ကျနော်အနေဖြင့် ကြိုတင်၍ တောင်းခံအပ်ပါသည် ခင်ဗျာ။ ယခု ဝတ္ထုအား ယနေ့မှစတင်၍ ရေးသားပါ၏။ ဘယ်အချိန် ပြီးစီးမည်ကိုကား မသိပါ။ အဘယ်ကြောင့်ဆိုသော် ရေးပြီးသလောက် ရွာထဲကို တင်ခြင်းကြောင့် ဖြစ်ပါ၏။ သို့ရာတွင် ဆုံးခန်းတိုင်အောင် အကောင်းဆုံး ကြိုးစား၍ ရေးသားသွားမည်ဟု […]


သို့ / ဂေဇက် ရွာသူ၊ သားအပေါင်း ရက်စွဲ၊ လစွဲ၊ နှစ်စွဲ၊ အကုန်စွဲ .. ဗျဲ .. ။    ။ ၁၈-၇-၂၀၁၂ ။ အကြောင်းအရာ ။    ။ ပန်ကြားခြင်း …။ ဂေဇက်ဟူသော ရွာကြီးအတွင်းမှ ကျွန်ုပ်၏ ချစ်လှစွာသော ဘိုးဘိုး ဘွားဘွား ဦးဦး ဒေါ်ဒေါ် ကိုကို မမ ချောချော လှလှတို့ ခင်ဗျား ….. ကျွန်ုပ်သည် ဝါသနာအရ တိုးလို့တန်းလန်း စာများ ရေးသားတတ်သည်ကို အများသိကြပြီး ဖြစ်ပါ၏ .. 😀 သို့ရာတွင် ကျွန်ုပ်သည် ဒီတစ်ခါ ဆုံးအောင် ရေးမယ်ကွာ ဆိုသည့် စိတ်ဖြင့် “ရတနာသိုက် ရှာပုံတော်” ဟူသော ဝတ္ထုကြီးအား […]


လောကမှာ အရေးကြီးဆုံးက ‘ငွေ’ ပဲ ဗျို့ … ။ ခင်ဗျားတို့ကတော့ ပြောကြပါလိမ့်မယ် ‘ငွေထက် အရေးကြီးတာတွေ အများကြီး ရှိသေးတယ်’ လို့ ။ ဒါဖြင့် အသပြာမပါ အိတ်ကပ် ဗလာနဲ့ ကျုပ်တို့ သာဝတ္ထိမြို့တွင်းက ထမင်းဆိုင် ကောင်းကောင်းထဲ ဝင်ပြီး စားတော်တည်လို့ ရနိုင်ပါ့မလား ခင်ဗျာတို့ ။ ပွဲတော်ရက်တို့၊ အလှူအတန်း မင်္ဂလာဆောင်တို့၊ နေ့ကြီး အခါကြီးဆိုတဲ့ ရက်ကြီးတွေမှာ သွားဖို့လာဖို့၊ ပျော်ဖို့ပါးဖို့ ဆိုတာ …. ။ ဒါလည်း ‘ငွေ’ ရှိမှ ပြီးပြည့်စုံနိုင်လိမ့်မနော် ။ အိုးကြီး၊ အိမ်ကြီးနဲ့ ကောင်းကောင်း စံမြန်းဖို့ဆိုတာလည်း အသပြာရွှင်မှ နေချင်တဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ။ ဪ …… […]


စာဖတ်သူများ ခင်ဗျာ … အောက်တွင် ဖော်ပြထားသည့် ကျနော့်ရဲ့ “ထူးဆန်းသော ဝတ္ထု” မှာ ရှည်သည့်အတွက် အချိန်ရမှ ဖတ်ပေးပါရန် ကြိုတင်၍ ပြောကြားအပ်ပါတယ် ခင်ဗျာ။   ထူးဆန်းသော ဇရပ်ကလေး မြန်မာပြည်အလယ်ပိုင်း အညာဒေသရှိ ကျေးရွာ တစ်ရွာတွင် ဖြစ်လေသည်။ ထိုကျေးရွာ၏ အမည်မှာ တိုင်းတာကျေးရွာဟူ၍ ဖြစ်၏။ တိုင်းတာရွာ၏ အနောက်မြောက် ခပ်လှမ်းလှမ်း အရပ်တွင် ရွာဦးဘုန်းကြီးကျောင်း ရှိလေ၏။ ထိုဘုန်းကြီးကျောင်းတွင် ဥပုသ်နေ့ အခါသမယများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်သူများ နားနေနိုင်ရန်အတွက် ဆောက်လုပ်ထားသော ဇရပ်တစ်ဆောင် ရှိလေသည်။ ထိုဇရပ်ကလေးသည် လူ ၃ဝ ခန့် နားနေနိုင်သော အကျယ်အဝန်းရှိလေသည်။ ဥပုသ်နေ့များတွင် မည်သို့သော ထူးခြားမှုမျိုးကို မပြတတ်သော်လည်း ဥပုသ်နေ့ပြင်ပ အခြားသော နေ့များတွင် […]