မန်ဘာအသစ်များ ခင်ဗျား … ဒီရွာကြီး (MandalayGazette.Com) ထဲမှာ ဆဲရေးတိုင်းထွာခြင်းများ မပြုလုပ်ကြရန် မေတ္တာ ရပ်ခံအပ်ပါသည် ခင်ဗျား။ မကျေနပ်ပါက ဆဲဆိုခြင်းမှာ လူတို့၏ သဘာဝ ဖြစ်သော်လည်း၊ ထိုသဘာဝမှာ ရွှံစရာ သဘာဝသာ ဖြစ်ပါသည် ခင်ဗျား။ ဥပမာ အနေဖြင့် ပြောရရင် လူတို့၏  မစင်များဖြင့် အသွင်သဏ္ဍာန် တူလှပါသည် ခင်ဗျား။ ပြီးတော့ ဒီရွာကြီးထဲတွင် ဆဲဆိုခြင်းအား ဒီရွာ၏ သူကြီးဖြစ်သူက တားမြစ်ထားပါသည် ခင်ဗျား။ ယခု ကျနော့် အနေဖြင့်လည်း မဆဲဆိုကြပါရန်၊ မိမိတို့၏ မကျေနပ်ချက်များကို ဖော်ပြရာတွင် ညစ်ညမ်းသော၊ ဆဲရေးတိုင်းထွာသော စကားလုံးများကို အတတ်နိုင်ဆုံး ရှောင်ရှား၍ ပြောကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။ _____/\________/\_______/\_________   ဦးဦးပါလေရာ ကတော့ […]


ဂနေ့ …. ကပေ့ရဲ့ ဘောကျောင်းတွေဂို သတိရဒါနဲ့ ပီးမီးယားလိရဲ့ ခြန်ပယံတွေကို တင်လိုက်ဒယ် … ၁၉၉၂ – ၉၃ ဘောယာဒီကစလို့ ပီးခဲ့ဒဲ့ ၂၀၁၁ – ၁၂ ရာသီထိ ခြန်ပယံတွေဂို တင်လိုက်ဒယ်ဂျာ … ကိုင်း …. ရှုစားကြပါကုန်လော့ အရပ်ကတို့ … ၁။ မန်ယူ (၁၉၉၂ – ၉၃) ဒီရာသီမှာတော့ မန်ယူအသင်းက အက်စတွန်ဗီလာ အသင်းကို (၁၀) မှတ်တိတိဖြတ်ပြီး ၈၄ မှတ်နဲ့ ပီးမီးယားလိ ဖလားကို သိမ်းပိုက်ခဲ့ပါတယ်။ အဲ့အချိန်က မန်ယူမှာ ပေါလ်အင့်၊ မာ့ခ်ဟူးကတ်၊ ရိုင်ယန်ဂစ်တို့ ရှိတယ်။ စုစုပေါင်း (၄၂) ပွဲ ကန်ခဲ့ဒယ် (ပီးမီးယားလိမှာ)။   ၂။ […]


မိုးရိပ်ဆင် တိုးတိတ်ရင်ခွင် မင်းပုံရိပ်တွေထင်လာတိုင်း ဒီလူမှာ အရူးတစ်ပိုင်း ….. အအေးဓာတ် အနွေးဓာတ်မဲ့တဲ့ ရင်ခွင် သူ့အငွေ့အသက် ပြေးထွက်သွားခဲ့ အဝေးဆုံး ပြန်ရနိုင်ဦးမလား …… နေကပူ ဖြေမရသူ အပြင်မှာ တောက်ပပေမယ့် ကောက်မရ အောက်ကျနေတာ ငါ့ရဲ့စိတ် ……. သဘာဝ ငါရလိုက်တဲ့ အမုန်းများ အရှုံးများ သစ်လွင် ဟိုတုန်းကဆိုတာ ငါ့မှတ်ဉာဏ်ပေါ်မှာပဲ အရုပ်ထင်ခဲ့ …… နွေကမ္ဘာ မဖြေသာဘူး ချစ်သူ မင်းပေးခဲ့တဲ့ ရက်စက်မှု ငါ့ကို ရူးသွပ်စေခဲ့ …….. မှောင်မိုက်ညဉ့် အသံကုန်အော်ဟစ် မင်းကို အရမ်းချစ်တယ် ….. ဘယ်သူမှမကြား မင်း လျစ်လျူရှုထားတဲ့ ရင်ထဲက .. ကြေကွဲနှလုံးသားနဲ့ …………. ။ မောင်ရွာ


  ဓါးနှစ်လက် ပြကွက် (Video) ဓါးနှစ်လက် ပြကွက် ___________________   ဘာရယ် မဟုတ်ပါဘူးဗျာ …။ ပျင်းပျင်းရှိတာနဲ့  ပေါက်ကရ ဓါးပုံတွေ တင်လိုက်တာပါ ….။ Categories ကိုလည်း ဘာပေးရမယ်မှန်း မသိတာနဲ့ Entertainment ပဲ ရွေးထည့်လိုက်တယ်ဗျာ … ဟုတ်လားတော့ မသိဘူး … လာရောက် ကြည့်ရှုသူအပေါင်းကို ကျေးဇူး တင်ကြောင်းရယ်ပါ …..   ဓါးတွေကို ချစ်တဲ့ ဓါးငမိုး ….


အချစ် … အချစ် … အချစ် ဆေးလိပ်လေး တစ်လိပ်လောက်မှ သောက်မကောင်းတဲ့ အချစ် … မိုးတိမ်တွေ ဖုံးနေတဲ့ ကောင်းကင်ပြာလို အရောင်တွေ လွင့်ပြယ်သွားပြီဖြစ်တဲ့ အင်္ကျီတစ်ထည်လို အတောင်ကျိုး ငှက်တစ်ကောင်လို ဘာမှကို မကောင်းဘူး … သူများတွေ ပြောကြတာတော့ ပျော်စရာကြီး ကိုယ်တိုင် စမ်းစစ်ကြည့်တော့ ပျင်းစရာအတိ သူမှားလား ကိုယ်မှားလား မသိ လမ်းခွဲခဲ့၏ … အချစ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့စံချိန်ကို ရိုက်ချိုးလိုက်သော တာတိုပြေးသမားလို့ ကိုယ့်ကိုယ်ကိုပဲ ကင်ပွန်းတပ်လိုက်တယ် (လက်ဖက်မပါ၊ ကွမ်းမပါ) … ချိန်းတွေ့ခဲ့တာ ခုနစ်ခါ သိမ်းပြီး မေ့ခဲ့ရတာ တစ်သက်တာ ဟား … ဟား … နာကျင်စရာကြီးပဲ အတိတ်ကို စောင်းကြည့်တော့ အဆိုတော်ကြီးရဲ့ […]


(၅) နှစ်အရွယ် ကလေးလေးက အိုဘားမားဆံပင်ကို ကိုင်ကြည့်ချင်ပါတယ် ဆိုပြီး ခွင့်တောင်းလို့ အိုဘားမားက ကလေး ကိုင်ကြည့်လို့ ရအောင်ဆိုပြီး သူ့ရဲ့ ခေါင်းကို ငုံ့ပေးခဲ့ပါတယ်။ ပုံထဲက အတိုင်းပါပဲ။ ကိုင်း .. ဒါဖြင့် … ကျုပ်တို့ သမ္မတကြီး ဆိုရင်ကောဗျာ ….. 😀 _________________________ ဒါက မြန်မာတွေအတွက် အခြားသတင်းတစ်ခု … Fox News က ဖော်ပြခဲ့တာ …   အမေ ရိကန် မရိန်းတပ် ထဲတွင် ဂုဏ်ထူးဆောင် ဆု ရရှိသူ မြန်မာ နိုင်ငံသား မြန်မာ လူမျိုး တစ်ဦး တာဝန် ထမ်းဆောင် လျက် ရှိကြောင်း Fox News က […]


မိုး ….. အဲဒီမိုးပေါ့ … ကျမ သွားလေရာ တစ်ကောက်ကောက်လိုက်လို့ ရွာတတ်တာ …။ ဟုတ်ပါတယ် ရှင်တို့ရယ်။ ကျမ ဘဝဟာလေ ဘယ်လောက်တောင်မှ ကံဆိုးမှုတွေ ဆိုက်တိုက် လိုက်နေခဲ့သလဲဆိုရင် ကျမ တစ်ကိုယ်လုံး အပူတွေဖုံးလို့ အရူးလုံးလုံး ဖြစ်ခဲ့ရတဲ့ အထိပါပဲ။ ပြန်ပြီး အဖတ်ဆယ်လို့ မရတော့တဲ့ ဆုံးရှုံးမှုတွေ၊ ရင်ထဲက နှလုံးသားကိုတောင် ပေးလိုက်ရတဲ့ ဆုံးရှုံးမှုတွေ ဆက်တိုက်ဆိုသလိုပါပဲလေ။ ကျမက အားနွဲ့တဲ့ မိန်းမသား။ ထုထောင်းခံရတဲ့ ကံဆိုးမှုတွေက မိန်းမသား ဆိုတဲ့ စကားနဲ့မှမလိုက်၊ ခေတ်စကားနဲ့ ပြောရရင် အတုံးလိုက် အတစ်လိုက် ရိုက်နှက်ရက်ပါပေရဲ့။ ကျမဘဝ ဒီလောက် ကံဆိုးလှတာဟာ ဆင်းရဲလွန်းလို့တော့ မဟုတ်ခဲ့ပါဘူး။ ပြောရင် ယုံမလားတောင် မသိဘူး။ ကျမ မိဘနှစ်ပါးဟာလေ […]


ကဗျာဆိုလည်း ရေးတတ်တယ် စာ (ဝတ္ထု) တွေကိုလည်း ရေးတတ်သေးတယ် ဒါဖြင့် ကျွန်တော်ဟာ စာရေးဆရာ၊ ကဗျာဆရာ တစ်ယောက်လား …. မဟုတ်ပါဘူး …. ကွန်ပျူတာ ခလုတ်တွေပေါ်မှာ ကျင်လည်တယ် ဟိုကလိ ဒီကလိ လျှောက်ပြီး ကလိတယ် အကောင့်လား … ဆောက်တတ်တယ်၊ ဆောက်ခဲ့တယ် အများကြီးပဲ (သူများတောင် ပေးလိုက်ရတဲ့အထိ) ….. ဘလော့ဂ်လား ဖရီးလား ရတယ်၊ လုပ်တတ်တယ် (ကြည့်ကောင်းရုံပေါ့) ဒါဖြင့် မင်းက နည်းပညာဘက်မှာ ကျွမ်းကျင်တာလား မဟုတ်ပါဘူး … အင်တာနက် စာမျက်နှာတွေပေါ်မှာ ရွှတ်နောက်နောက် စတိုင်နဲ့ နေတတ်တယ် .. အပြင်မှာတော့ ခပ်တည်တည်ပဲ ဒီလို မျက်နှာထားနဲ့ဆို မင်း ရုပ်ရှင်မင်းသား လုပ်မလား … မေး […]


အနေ မနီးရသေးပေမယ့် ငါ့ရင်ထဲမှာ နင်အမြဲရှိတယ် မင်းအလှက ရင်ကိုနှောင်တွယ် ယောင်လိုက်တိုင်းလည်း မင်းနာမည် ‘ … ‘ အရမ်းချစ်နေမိတယ် ကောင်မလေးရယ် ……….. ။ မောင်ရွာ  


ကျုပ်တို့ရွာမှာဗျာ …. ဦးတင်ဆောင် ဆိုတဲ့ လူကြီးတစ်ယောက် ရှိတယ်။ သူက ကျုပ်နဲ့ အမျိုးစပ်မယ်ဆိုရင် ကျုပ် အမေရဲ့ အဖေ၊ ကျုပ်အဖိုးပေါ့ဗျာ။ အဲဒီ ကျုပ်အဖိုးရဲ့ အကို ဖြစ်သူပါ …. ကျုပ်နဲ့ ဘယ်ပုံဘယ်နည်း တော်တုံးတော့ မသိဘူး။ အမျိုးတော့ တော်တယ်။ ကျုပ်ကတော့ အဲဒီလူကြီးကို ဘကြီးအရွယ်မို့ ဘကြီးတင်ဆောင်လို့ပဲ ခေါ်သဗျ။ အဲဒီ လူကြီးက သရဲတစ္ဆေ ဆိုတာကို နည်းနည်းမှ ကြောက်တတ်တဲ့လူ မဟုတ်ဘူး။ သူ မကြောက်တတ်ပုံကို ကျုပ်နည်းနည်း ပြောပြမယ်။ တစ်ခါကပေါ့ …။ ဘကြီးတင်ဆောင် တစ်ယောက် လွယ်အိတ်ကြီး တစ်လုံးလွယ်ပြီး တောထဲကို ဟင်းစားရှာဆိုပြီး ထွက်သွားခဲ့တယ်။ ဟင်းစားဆိုတာက အသားကောင် သွားရှာတာ မဟုတ်ပါဘူး။ တောထဲကို ဟင်းချက်စားလို့ရတဲ့ […]


ကျနော်တို့ရွာမှာ ၉ ခုစီရှိတဲ့ အရာတွေရှိပါတယ်။ အဲဒါတွေကတော့ တောင်ကိုးလုံး၊ စမ်းကိုးတွင်း၊ မန်ကျည်းကိုးပင် တွေပဲ ဖြစ်ပါတယ်။ တောင်ကိုးလုံးထဲမှာ အမြင့်ဆုံးဖြစ်တဲ့ တောင်ကတော့ ကျောက်ပုထိုး တောင်ပဲ ဖြစ်ပါတယ်။ ကျောက်ပုထိုးတောင်နဲ့ ပတ်သက်ပြီး ပါးစပ်ရာဇဝင်တွေကတော့ မြောက်မြားစွာပါပဲ။အပြောအများဆုံးကတော့ အဲဒီ ကျောက်ပုထိုးတောင်မှာ ဥစ္စာစောင့်တွေ ရှိတဲ့အကြောင်းပဲ ဖြစ်ပါတယ်။       ဥစ္စာစောင့်တွေနဲ့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့၊ ကြုံခဲ့ရတယ် ဆိုတဲ့ လူတွေရဲ့ အကြောင်း၊ ဥစ္စာစောင့်တွေက နေရာ လဲဖို့ဆိုပြီး ခေါ်တယ်ဆိုတဲ့ လူတွေရဲ့ အကြောင်း စသည်ဖြင့် အများကြီးပါပဲ။ ကျောက်ပုထိုး တောင်ပေါ်ကို တက်ရင် မပြုလုပ်ရမယ့် စည်းကမ်းချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ တံတွေး မထွေးရ၊ မဆဲမဆိုရ၊ အညစ်အကြေး မစွန့်ရ […]


မေလရဲ့ ဒုတိယပတ်မြောက် တနင်္ဂနွေနေ့ဟာ အမေများနေ့လို့ ဆိုပါတယ် … ဒီ ၂၀၁၂ ခုနှစ်မှာဆိုရင်တော့ မေလ (၁၃) ရက်နေ့ပေါ့နော် .. အဲဒီနေ့ .. အမေများနေ့မှာ … ကျနော့် အမေအတွက် ရည်ရွယ်ပြီး စာတိုလေးတစ်ပိုဒ် ရေးထားတာ ရှိပါတယ် …. အဲဒီ စာတိုလေးကတော့ …. ဟိုး အဝေးကြီးမှာ နေထိုင်တယ် ဒါပေမယ့် ကျနော့်အနား အမြဲရှိနေတတ်တယ် “လူလေး” လို့ ခေါ်တတ်တဲ့ အမေ့ရဲ့ အသံတွေဟာ ကျနော့်ရဲ့ ဘေးနားပတ်လည်မှာ အချိန်တိုင်း ဝဲပျံနေလျက်ပါ အမေ …… အမေ့ကို ချစ်တဲ့ … သား လူလေး _______________________________________________ အောက်က ပုံတွေကတော့ အမေနဲ့ သက်ဆိုင်တဲ့ ပုံတွေပါပဲ […]


  အိပ်မရည ဆိုသည်မယ် … တစ်ခါတစ်ရံ ပျင်းရိစဖွယ် … တစ်ခါတစ်ရံ ကြောက်မယ်ဖွယ် .. တစ်ခါတစ်ရံ နှစ်သက်စဖွယ် …. ဘဝနဲ့ ယှဉ်ပြီးကြည့်တဲ့အခါ … လင်းလက်ချိန်တွေ ရှိသလို မှောင်မိုက်ချိန်တွေလည်း ရှိမယ် … ဘုရားကတော့ ဟောထားတယ် .. အဝိဇ္ဇာ အမှောင်တိုက်ပါတဲ့ .. ဒါဆို ကျနော်တို့ အမြင်မှန်မရသေးသရွှေ့ ကာလပတ်လုံး အပြင်မှာ ဘယ်လောက်လင်းလင်း ရင်တွင်းမှာ အမှောင်ဖုံးနေဦးမယ် ထင်ပါတယ် … တဏှာ … လိုချင် တပ်မက်ခြင်းပါတဲ့ .. ဒီတဏှာ ရှိသရွှေ့လည်း ရင်ထဲက လောဘအမှောင်တိုက်ဟာ လင်းလက်နိုင်ဦးမှာ မဟုတ်ပါဘူးတဲ့ … ဝေဒနာ … ဒဏ်ရာ ဖြစ်မှ မဟုတ်ပါဘူး သာယာတဲ့ […]