1. Leshan Giant Buddha ဒီထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကတော့ တရုတ်ပြည် အနောက်ပိုင်းမှာ တည်ရှိပါတယ်။ ၇၁၃ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၈၀၃ ခုနှစ်တိုင်အောင် ပြီးပြတ်အောင် တည်ဆောက်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ရဲ့ အမြင့်ဟာ ၇၁ မီတာ (၂၃၃ ပေ) အမြင့်ရှိပြီး လက်ချောင်းတော်များကတော့ ၁၁ ပေ အရှည်ရှိပါတယ်။ 2. Temple of the Emerald Buddha မြန်မာပြည်ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တည်ရှိတဲ့ ကမ္ဘာကျော် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူပဲ ဖြစ်ပါတယ်။ ဒီဗုဒ္ဓရုပ်ပွားတော်ကို ဘီစီ ၄၃ မှာ ထုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အိန္ဒိယမှာ ထုလုပ်ခဲ့တာပါ။ အေဒီ ၄ […]


အရက်သမားတစ်ယောက် မိုးကောင်းကင်ကြီးအောက်မှာ ယိုင်ထိုး ယိုင်ထိုးနဲ့ လမ်းသလားနေတယ်။ အရက်သမားပီပီ ပါးစပ်က ပေါက်ကရတွေ ပြောနေလိုက်တာလည်း ရေပက် မဝင်လောက်အောင် ပါပဲ။ ရာသီဥတုကလည်း သူ့ဘက်ပါတယ်။ မိုးက ခပ်စိမ့်စိမ့်လေး ရွာနေတယ်။ အဲဒီ အချိန်မှာပဲ အမှတ်မထင် လျှပ်စီး လက်တယ်။ ပြီးတော့ မိုးချိန်းတယ်။ အရက်သမား ကောင်းကင်ကို မော်ပြီး မကြည်ကြည့် ကြည့်တယ်။ အဲဒီလို ကြည့်တဲ့ အချိန်မှာပဲ လျှပ်စီး တစ်ချက်လက်ပြီး ‘ ဂျိန်း …..’ ဆိုတဲ့ အသံကြီးနဲ့ မိုးကြိုးပစ်သံ ထွက်ပေါ်လာပါတယ်။ အရက်သမားလည်း မကြည်ကြည့် ကြည့်နေရာကနေ ကောင်းကင်ထက်ကို ကမန်းကတန်း လက်ကာပြလိုက်တယ်။ ပြီးတော့ ဒီလို ပြောလိုက်တယ်။ ‘ဟိုးထား သကြားမင်း …။ လူမှားမယ်နော်။ ကျုပ်ထက် […]


ကျွန်တော်တို့ရဲ့ တစ်နေ့တာ အရေးကြီး အလုပ်တွေထဲက ကိစ္စတစ်ခုကို ပြောရမယ်ဆိုရင် ……… ။ အယဉ်ကျေးဆုံး သုံးနှုန်းရရင် ‘အိပ်သာ သွားရခြင်း’ ကလည်း တစ်ခု အပါအဝင် ဖြစ်မယ်လို့ ထင်ပါတယ်။ အခု ဒီ post အတွက်တော့ ဒီစကားလုံးကို ပွင့်ပွင့်လင်းလင်းပဲ အသုံးပြုသွားပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေးထားတဲ့ ခေါင်းစဉ်မှာကိုက ပါပြီးသားမို့ပါ။ အိပ်သာ တက်တာ၊ မစင်စွန့်တာကို အီးပါတယ်၊ အီးယိုတယ်လို့ သုံးကြပါတယ်။ ရွာဘက်တွေမှာဆိုရင် အရင်တုန်းက အီးယိုချင်ရင် ရွာအနောက်ဘက်ကို ထွက်ပြီး ယိုကြရတယ်။ ချုံကွယ်ပြီး ယိုကြတာပေါ့ဗျာ … ။ အဲဒီလို ယိုနေတုန်းများ လူတစ်ယောက်ယောက် တွေ့သွားရင်ဖြင့် ဘယ်လောက် ရှက်ဖို့ ကောင်းလိမ့်မလဲနော်။ ဒါပေမယ့်လို့ အချို့များကြတော့ မရှက်တတ်ဘူးဗျို့။ မျက်နှာပြောင်တိုက်ပြီး […]


1. The Crooked House ဒီအိမ်က ပိုလန်နိုင်ငံမှာ ရှိတာပါ။ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီက စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးခဲ့ပါတယ်။ ……………………………………………………..


၁။ ဘွားအေ Fifca Stanescu ဆိုတဲ့ ရိုမေးနီးယား အမျိုးသမီးဟာ သူမရဲ့အသက် (၁၂) နှစ် အရွယ်မှာ Maria လို့ခေါ်တဲ့ သမီး တစ်ယောက်ကို မွေးဖွားပေးခဲ့ပါတယ်။ သူမရဲ့ သမီး Maria က အမေဖြစ်သူရဲ့ စံချိန်ကို ထပ်ချိုးတဲ့ အနေနဲ့ အသက် (၁၁) နှစ် အရွယ်မှာပဲIon လို့ခေါ်တဲ့ သားတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် Ion ဟာ အသက် ၂ နှစ်အရွယ်ကို ရောက်နေပြီ ဖြစ်သလို သူ့ရဲ့ အဘွား ဖြစ်သူက Fifca Stanescu ဟာလည်း အသက် (၂၅) နှစ် အရွယ်ကို ရောက်နေပါပြီ။ ဒါကြောင့် အသက် (၂၅) နှစ်နဲ့ အဘွား […]


YouTube, Google Video, DailyMotion စတဲ့ ဝက်ဘ်ဆိုက်တွေမှာ တင်ထားတဲ့ video တွေကို download လုပ်ပေးတဲ့ website တွေကို ဖော်ပြ ပေးသွားပါမယ်။ 1. Zamzar Zamzar က ဗီဒီယို ဖိုင်တွေကို format convert လုပ်ပေးနိုင်တဲ့အပြင် အခြား ဝက်ဘ်ဆိုက် တစ်ခုမှာရှိတဲ့ Video Link ကို ယူပြီး download လုပ်လို့ ရစေနိုင်ပါတယ်။ ဖိုင်တွေကို convert, download လုပ်တဲ့ နေရာမှာလည်း video တွေတင်မက audio, pdf, doc စတဲ့ ဖိုင်တွေကိုလည်း convert, download လုပ်နိုင်ပါတယ်။ 2. Vixy.net Vixy.net ဟာလည်း Video ဖိုင်တွေကို […]


နာမည်က စံထူး … ။ စံထူးဆိုလျှင် ရွာထဲမှာမက ရွာနီးချုပ်စပ်ကပါ မသိသူမရှိ။ ကလေးကအစ ခွေးအဆုံး အကုန်လုံး သိသည်။ သတ္တိကောင်းတဲ့ နေရာမှာ နှစ်ယောက် မရှိသလို၊ အရက်သောက်တဲ့ နေရာမှာလည်း စံပြဖြစ်သည်။ ဒါပေမယ့် အရက် တစ်ခွက်၊ နှစ်ယောက်လောက် အာခေါင်စွတ်ရုံနဲ့ တစ်ရွာလုံးကို မိုက်ကြေးခွဲတတ်တဲ့ အရက်သမား အညံ့စားတွေထဲမှာ စံထူး မပါ။ သူက လိုအပ်မှ ရမ်းတတ်သည်။ သို့မဟုတ်လျှင်တော့ စံထူး မူးပြီး မှောက်နေရင်တောင် အဲဒီ မှောက်တဲ့ နေရာမှာပဲ အိပ်မည်။ အော်ကြီးဟစ်ကျယ် မလုပ်။ ဒါသည် စံထူး၏ ထူးခြားချက်ပင်။ သူ၏ သောက်ဖော် သောက်ဖက်က အောင်ဋ္ဌေး။ သူကလည်း ခေသူမဟုတ်။ သူတို့ နှစ်ယောက်က ကိုယ့်ရွာမှာ […]


ကမ္ဘာပေါ်မှာရှိတဲ့ လူ သန်းနဲ့ချီပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ blog တွေ ရေးကြတယ်။ ကျွန်တော်တို့လည်း blog တွေ ရေးကြတယ်။ ဘာကြောင့် ရေးကြတာလဲ ? ဘာရည်ရွယ်ချက်နဲ့ ရေးကြတာလဲ ? တစ်ချို့က သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကြော်ငြာဖို့အတွက် ရေးကြတယ်။ တစ်ချို့ကြတော့ သူတို့ရဲ့ ဗဟုသုတ တွေကို မျှဝေဖို့အတွက် ရေးသားကြတယ်။ ကျွန်တော့်ရဲ့ http://anzartone.wordress.com/ ဆိုတဲ့ blog ကိုတော့ ဗဟုသုတ တွေ မျှဝေဖို့အတွက်ရော၊ ကျွန်တော့်အတွက် မှတ်စုစာအုပ် အနေနဲ့ပါ ရေးရခြင်း ဖြစ်ပါတယ်။ blog ဆိုတာက website နဲ့ မတူပါဘူး။ ဘာတွေ ခြားနားသလဲ ဆိုရင် website က update လုပ်ပေးဖို့ […]


လွန်ခဲ့သည့် အနှစ် (၂၀) ကျော်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတစ်ခု ဖြစ်ပါသည်။ မြန်မာပြည် အလယ်ပိုင်း ရေနံချောင်းမြို့နယ်ထဲက ကျေးရွာလေးတစ်ခုတွင် မခင်ကြည် ဆိုသည့် အမျိုးသမီး တစ်ဦး ရှိခဲ့ဖူးလေသည်။ (အခုထိလည်း သက်ရှိထင်ရှား ရှိဆဲဖြစ်သည်။ သို့ရာတွင် ၎င်းကျေးရွာမှ မြို့ကို ပြောင်းခဲ့ရွှေ့ သွားခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။) ထိုအမျိုးသမီး၏ ယောက်ျားဖြစ်သူမှာ ကိုအောင်မော် ဟူ၍ ဖြစ်လေသည်။ ၎င်းတို့၏ အိမ်ထောင်သက်တမ်း ၂ နှစ်အကြာတွင် ပထမဆုံး သား ရတနာ တစ်ဦးကို မွေးဖွားခဲ့သည်။ နောက်ထပ် ၃ နှစ်ခန့်အကြာ၊ ၎င်းတို့၏ အိမ်ထောင်သက် ၅ နှစ်ခန့် အကြာတွင်မူ မခင်ကြည်မှာ ထူးခြားသည့် ကိုယ်ဝန်ကို စတင် လွယ်ထားခဲ့ရသည်။ ထိုကိုယ်ဝန် တဖြည်းဖြည်း ရင့်မှည့်လာသည်နှင့်အမျှ […]


ဩကာသ – ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို ဩကာသဟု ခေါ်သည်။ လေးနက်စေလိုသောကြောင့် လည်းကောင်း၊ ထင်ရှား ပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း ဩကာသကို သုံးကြိမ်ဆိုရပါသည်။ ကံသုံးပါး – ကိုယ်ဖြင့်ပြုသော အမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောသော အမှုကို ဝစီကံ၊ စိတ်ဖြင့် ကြံသောအမှုကို မနောကံဟု ခေါ်သည်။ ရတနာ – နှစ်သက် မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။ ဘုရား – တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။ တရား – အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့် တရားဟု ခေါ်ပါသည်။ သံဃာ – အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်း ထားသောကြောင့် သံဃာဟု […]


ကျွန်တော်တို့ ရွာဘက်တွေမှာ ပဲနဲ့ နှမ်းကို အဓိက စိုက်ပျိုးကြပါတယ်။ သဲမြေတွေပေါ်မှာ စိုက်ကြရတာပါ။ ပဲတွေ၊ နှမ်းတွေ ရင့်မှည့်ချိန်မှာ ရွာထဲက အိမ်ကို သယ်ဆောင် မလာသေးဘဲနဲ့ ယာခင်းထဲမှာပဲ ခဏ ထားကြပါတယ်။ ပဲ ဆိုရင် ပဲပင်တွေကို နုတ်ပြီး ပဲသီးကို ခြောက်အောင် ထားကြရပါတယ်။ နှမ်းဆိုရင် နှမ်းပင်တွေကို နုတ်ပြီး ခြောက်သွားအောင် ထောင်ထားကြပါတယ်။ အဲဒီလို အပင်တွေနုတ်ပြီး ယာခင်းထဲ ထားတဲ့ ရက်ပိုင်းမှာ သူခိုးတွေရဲ့ရန်က ကာကွယ်ဖို့ တဲကလေးထိုးပြီး ယာခင်းထဲမှာ သွားစောင့်ကြရပါတယ်။ ညနေခင်း ရောက်ပြီဆိုရင် အိမ်ကနေ ထမင်းနဲ့ စောင်ထုပ်ဆွဲပြီး ယာခင်း စောင့်ဖို့ သွားကြရတယ်။ ယာခင်းမှာ ညအိပ်စောင့်ပြီး မနက်ခင်းကြမှ ရွာကို ပြန်လာလေ့ရှိကြပါတယ်။ ကျွန်တော်လည်း အဖေနဲ့အတူ […]


  အင်္ဂလိပ်လို War ကို ဘယ်သူကများ “စစ်” လို့ မြန်မာပြန်ခဲ့သလဲ မသိပါဘူး။ စစ် ဆိုတာ စစ်မှန်ခြင်း၊ အစစ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ တစ်နည်း အားဖြင့် အတု အယောင်ရဲ့ ဆန့်ကျင်ဘက်ပေါ့။ စစ်ပွဲတစ်ပွဲ ဖြစ်ပြီဆိုရင် လူသားတွေ သိန်းနဲ့ သန်းနဲ့ချီ သေဆုံးကြရတယ်။ အိုးအိမ်တွေ ပျက်စီးကြတယ်။ မိသားစုတွေ ရှင်ကွဲသော် လည်းကောင်း၊ သေကွဲသော် လည်းကောင်း ကွဲကွာကြရတယ်။ မျက်ရည်မိုးတွေ သွန်းဖြိုးကြရတယ်။ လူသားတွေ ဒုက္ခ ရောက်ကြရပါတယ်။ သုခမရှိ၊ ဒုက္ခအတိ ဖြစ်နေတာကို ကောင်းတယ်၊ မှန်တယ်၊ စစ်မှန်တယ်ဆိုပြီး “စစ်” လို့များ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြတာလား။ ကိုယ် ဒုက္ခမရောက်ရင်ပြီးရော၊ သူများတွေ ဘယ်လို ဒုက္ခတွေနဲ့ပဲ ကြုံတွေ့နေကြပါစေ၊ […]