asiamastersDecember 20, 20101min1644
ကျွန်ုပ်တို့ဆိုတာက ကျွန်ုပ်တို့လူသားအားလုံးကိုဆိုလိုပါတယ်။ ဘုံရန်သူနံပါတ် (၁) ဆိုတာကတော့ ကျွန်ုပ်တို့ အားလုံး အတူတကွရင်ဆိုင်ကြရမဲ့ ရန်သူနံပါတ်(၁)ဖြစ်ပါတယ်။ ရန်သူလို့ဆိုလိုက်ရင် မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပိုင်ဆိုင်မှု၊ အကျိုးအမြတ်တွေကို ပျက်စီးရာပျက်စီးကြောင်းဖြစ်စေသူတွေ၊ ဖြစ်စေတဲ့သဘောတရားတွေ၊ ဖြစ်စေတဲ့အကြောင်း တွေဖြစ်ပါတယ်။ လူသားအားလုံးအတွက် ပထမအဆိုးဆုံးရန်သူနံပါတ် (၁)ကတော့ လူသားတို့ရဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုကို အနှောက် အယှက်အဟန့် အတားပြုသူတွေ၊ ပြုလုပ်တဲ့အတွေးအခေါ်ယူဆချက်တွေ၊ ပြုလုပ်တဲ့နည်းတွေဖြစ်ပါတယ်။ အသိဉာဏ်ကို အင်္ဂလိပ်ဘာသာစကားနဲ့ ဆိုရင် (Intelligent) လို့ခေါ်ပါတယ်။ အသိဉာဏ်ဆိုတဲ့ အထဲမှာဘာတွေပါလဲဆိုတော့ အတွေ့အကြုံ (Experience)၊ သင်ယူမှု (Learning)၊ စဉ်းစားတွေးခေါ်မှု (Thinking)၊ ကျိုးကြောင်းဆင်ချင်မှု (Reasoning) နဲ့ မှတ်ဉာဏ်လို့ခေါ်တဲ့ (Memory) တို့ပါဝင်တာဖြစ်ပါတယ်။ လူသားတွေရဲ့ အသိဉာဏ်တွေဟာ ပုံသေမဟုတ်ပါဘူး။ အချိန်အခါ၊ အသက်အရွယ်နဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပြီးပြောင်းလဲနေပါတယ်။ လူသားတွေရဲ့ အသိဉာဏ်ကို […]


asiamastersNovember 28, 20101min822
လူသားတွေဟာချမ်းသာလိုကြပါတယ်။ ချမ်းသာခြင်းကို အင်္ဂလိပ်လိုအားဖြင့် Rich လို့ခေါ်ပါတယ်။ တစ်ချို့က ချမ်းသာမှုရဖို့အတွက် မနေမနား ကျိုးစား ကြပါတယ်။ ဒီလိုကျိုးစားမှုမျိုးကို Rat race လို့ခေါ်ပါတယ်။ တစ်ချို့ကလည်း ဘာဖြစ်ဖြစ်ချမ်းသာရင်ပြီးရောလို့ သဘောထားပါတယ်။ တစ်ချို့ကလည်း ချမ်းသာဖို့ ဆုတောင်းကြပါတယ်။ တစ်ချို့ကလည်း ချမ်းသာဖို့ ကလိမ်ကျကြ တယ်။ ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ လူသားတွေရဲ့ လိုအပ်ချက်တွေကနေ စတာဖြစ်ပါတယ်။ လူသားတွေမှာ လိုအပ်ချက် (Need) တွေဆိုတာအမြဲရှိနေပါတယ်။ အခြေခံကျဆုံး လိုအပ်ချက်ကတော့ စားသောက်ရေး၊ နေထိုင်ရေးနဲ့ အိပ်ရေး တို့ပဲဖြစ်ပါတယ်။ အလွန် ဆာလောင်နေသူ တစ်ဦးအတွက် သူအလိုအပ်ဆုံးဟာ ဗိုက်ပြည့်ဖို့ထမင်းစားရန်ဖြစ်ပါတယ်။ ရေဆာနေသူတစ်ဦးအတွက် ရေသောက် ရရေး ဟာ သူ့အတွက် အလိုအပ်ဆုံးဖြစ်နေမှာပါပဲ။ ဒီအခြေခံလိုအပ်ချက်ပြီးတာနဲ့ လုံခြုံရေး လိုအပ်ချက် ဆိုတာ လိုလာပြန်ပါတယ်။ […]


asiamastersNovember 28, 20102min760
ASIA MASTERS, established in 2006, is a leading and the fastest growing hospitality and business education academy in Yangon, Myanmar (formerly known as “Burma”). Strategically located between a prestigious business hotel and shopping mall, in the heart of downtown, it is a rendezvous for job seekers, entrepreneurs, learners, employment agencies and employers. With international curriculums, […]


asiamastersNovember 28, 20102min620
ASIA MASTERS, established in 2006, is a leading and the fastest growing hospitality and business education academy in Yangon, Myanmar (formerly known as “Burma”). Strategically located between a prestigious business hotel and shopping mall, in the heart of downtown, it is a rendezvous for job seekers, entrepreneurs, learners, employment agencies and employers. With international curriculums, […]


asiamastersNovember 21, 20101min1063
Asia Masters ဆိုတဲ့ နေရာမှာ Asia ဆိုတာက အာရှတိုက်ကို ဆိုလိုပါတယ်။ တိုက်ဆိုတာကနိုင်ငံအများပါဝင် ဖွဲ့စည်းထားတဲ့ ကုန်းမြေ ဖြစ် တာနဲ့အညီ အာရှတိုက်ဆိုတာက အနောက်ဖက်ကျဆုံး Turkey မှ သည် အရှေ့ဘက်ဆုံ ဂျပန်အထိ ကျယ်ပြောစွာတည်ရှိပါတယ်။အာရှ တိုက်ဆိုတာက လူသားတွေရဲ့ သမိုင်းမှာအလွန်ထူးခြားတဲ့နေရာတစ်ခုဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒါကဘာလဲဆိုတော့ ကမ္ဘာပေါ်မှာ လူသားတွေအများဆုံးကိုးကွယ်တဲ့ ဘာသာရေးတွေဖြစ်တဲ့ ဟိန္ဒူဘာသာ၊ Buddhism၊ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာ နဲ့မူဆလင် ဘာသာ အားလုံးကိုထူတောင်သူတွေဟာ အာရှတိုက်မှဖြစ်ပါတယ်။ အာရှတိုက်ကလွဲလို့ တခြားတိုက်တွေမှာ ပေါ်တဲ့ကြီးမားတဲ့ ဘာသာရေး ဆိုတာ များစွာမရှိပါဘူး။ ဒါပေမဲ့လည်း နှစ်ပေါင်း (၅၀၀၀) လောက်ကတည်းက အလွန်ကြီးမားခဲ့တဲ့ ယဉ်ကျေးမှုတွေရှင်သန်ခဲ့တဲ့ အာရှတိုက်ကြီးဟာ ၁၉ ရာစုနှစ်မှာ စက်မှုနည်းပညာအလွန်တိုးတက်ဖွဲ့ဖြိုးလာခဲ့တဲ့ ဥရောပနိုင်ငံများရဲ့ ကျွန်ပြုလုယက်၊ […]


asiamastersNovember 20, 20101min2034
တစ်ချို့က လူသားတွေကို ကူညီတာကောင်းတယ်လို့ဆိုပါတယ်။ တစ်ချို့ကလည်း အခြေအနေပေါ်မူတည်ပြီး ကောင်း တယ်လို့ ဆိုပါ တယ်။ ရာခိုင်နှုန်းနဲနဲလေးကတော့ ကူညီတာမကောင်းဘူးလို့ဆိုပါတယ်။ ကူညီတာနဲ့ပတ်သက်ပြီးပြောရင် အာဖရိကတိုက်မှာ ဖြစ်ပျက် ခဲ့တဲ့အခြေအနေလေးတစ်ခုကို ပြောပြလိုပါတယ်။ အာဖရိကတိုက်ဆိုတာအားလုံးသိကြတဲ့ အတိုင်း စစ်မက်ဖြစ်ပွားမှုတွေ၊ မျိုးဖြုတ် သတ်ဖြတ်မှုတွေ၊ကျူးကျော်မှုတွေ၊ လက်နက်မှောင်ခိုတွေ၊ သတ်ဖြတ်မှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ အဟာရချို့တဲ့မှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ စာပေမတတ် မြောက်တာတွေအားလုံးရဲ့ မူလဇာတိလို့တောင်ပြောလို့ရမယ်ထင်ပါတယ်။ အာဖရိကတိုက်မှာသဘာဝသယံဇာတ အရင်းအမြစ်တွေ အလွန်ပေါပါတယ်။ ဥပမာအားဖြင့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေသည်းချေကြိုက်ဖြစ်တဲ့ ရေနံ၊သဘာဝဓာတ်ငွေ့၊ယူရေနီယမ် အကုန်ရှိ ပါတယ်။ လူသားအားလုံးကြိုက်တဲ့ စိန်တွေရှိတယ်။ ရွှေရှိတယ်။ ကြေးရှိတယ်။ ကျောက်မီသွေးရှိတယ်။ တန်ဘိုးကြီးမားတဲ့ သတ္တုပစ္စည်း အားလုံးလိုလိုရှိပါတယ်။ ရှားပါးတဲ့ တိရစ္ဆာန်တွေရှိတယ်။ မြေဩဇာလည်းအလွန်ကောင်းပါတယ်။ဒါပေမဲ့ အာဖရိကတိုက်မှာ ရှိတဲ့ လူတွေဟာချမ်းသာသူအနည်းစုရှိမဲ့၊ အများစု ကတော့ အလွန်ကို ဆင်းရဲနွမ်းပါးကြပါတယ်။ […]


asiamastersNovember 18, 20101min1025
အသုံးများတဲ့ စကားလုံးတွေထဲမှာ ကံဆိုတဲ့စကားလုံးပါဝင်ပါတယ်။ မအောင်မမြင်ဖြစ်ရတဲ့ အခြေအနေမျိုးမှာ လူတစ်ချိုု့ ဟာ ကံပေါ့လေ လို့ပြောတတ်ကြပါတယ်။ တစ်ချို့ကလည်း ကံ ကံ၏အကျိုးပေါ့လေလို့ပြောတတ်ကြပါတယ်။ ကံကိုပါမလာဘူးလို့ပြောသူတွေလဲ ရှိကြပါတယ်။ ဆိုးရွားတဲ့အခြေအနေတွေနဲ့ တွေ့ကြုံရတဲ့ အခြေအနေမျိုးမှာတော့ ကံဆိုးလိုက်တာလို့ပြောတတ်ကြပါတယ်။ အခွင့် အရေးတွေရပြီး မမျှော်လင့်ပဲ အောင်မြင်မှုတွေ၊ ပစ္စည်းဥစ္စာတွေရရှိချိန်မှာတော့ ကံကောင်းလိုက်တာလို့ ပြောလေ့ရှိပါတယ်။ ကံ ဆိုတဲ့ စကားလုံးလေးဟာ အလွန်သေးငယ်ပေမဲ့ ဒီစကားလုံးကို ဘယ်လိုနဲ့ ဘယ်လောက်နားလည်သလဲဆိုတာကတော့ လူသားအပေါ်မှာ အကျိုးသက်ရောက်မှုကအလွန်ကြီးပါတယ်။ နားလည်မှုလွဲမှားတဲ့လူတွေတစ်ချို့ဟာ လူပျင်းတွေဖြစ်လာပါတယ်။ တစ်ချို့၊ကလည်း ဘဝမှာ ဦးတည်ချက်ပျောက်ပြီး ရော့တိရော့ရဲနဲ့ ဇွဲလုံးလမရှိသေူတွေဖြစ်လာကြပါတယ်။ တစ်ချိုု့ကလည်း ဘယ်အရာမဆို အလကားလိုချင်ပြီး၊ အခွင့်အရေးကိုသာစောင့်သူတွေဖြစ်လာပါတယ်။ တစ်ချို့ကလာဘ်စားသူတွေဖြစ်လာကြပါတယ်။ ကံရဲ့အကြောင်းကို သေသေချာချာ နားလည်သဘောပေါက်သူတွေဟာ မဆုံ့မနစ်သော ဇွဲလုံးလရှိသူတွေဖြစ်လာပါတယ်။ ရေရှည်မှာ အောင်မြင်သူတွေဖြစ်လာပါတယ်။ ဒါကြောင့် ကံဆိုတဲ့ […]


asiamastersNovember 17, 20101min2017
လူသားတစ်ဦးဟာ သူကြိုက်တဲ့ နိုင်ငံအုပ်ချုပ်မှု အယူဝါဒကိုရွေးချယ်နိုင်ပါတယ်။ ဒီမိုကရေစီကို ကြိုက်သူများဟာ ဒီမိုကရေစီကိုအားပေးနိုင်ပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်အောင် အားထုတ်နိုင်ပါတယ်။ ယနေ့ တရုတ်ပြည်နဲ့ ဗီယက်နမ်နိုင်ငံတို့လို Post Capitalism ဆိုဆို Post Communism ဆိုဆို တစ်ပါတိအုပ်ချုပ်တဲ့ပုံစံကိုကြိုက်သူတွေကလည်း မိမိနှစ်သက်ရာအားပေးနိုင်ပါတယ်။ အားထုတ်နိုင်ပါတယ်။။ ဘာသာရေးဆိုရင်လဲကိုယ်နှစ်သက်ရာဘာသာရေးကိုရွေးချယ်နိုင်ပါတယ်။ ဘယ်လိုနိုင်ငံရေးအယူပဲရှိရှိ၊ ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ်၊ အရွယ်ရောက်ပြီးသူ အသက်အရွယ်မရွေး၊ ကျားမမရွေး မရှိမဖြစ်လိုအပ်တဲ့ အခြေခံလို အပ်ချက်ကြီးငါးရပ်ရှိပါတယ်။ အဲဒါတွေကတော့ ဝင်ငွေ (Income)၊ ဗဟုသုတ (Knowledge)၊ ခွန်အား (Strength)၊ နည်းပညာ (Technology) နဲ့ လူသားဆန်မှု (Humanity) တွေဖြစ်ပါတယ်။ ဒီငါးခုကို တစ်ခုမှ နားမလည်သူတွေဟာ ပြောချင်တာတွေပြောနေပါစေ၊ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ကြပါဘူး။ တစ်ခုခုလိုအပ်နေသူတွေကတော့ ဘဝမှာ အခက်အခဲတွေ့ကြရမယ်။ ဒီအခြေခံလိုအပ်ချက်ကြီးတွေထဲမှာအရေးကြီး ဆုံးက […]


asiamastersNovember 9, 20101min1507
ကျွန်တော် လူတော်တော်များများကို ဒီမေးခွန်းလေးလိုက်မေးခဲ့ပါတယ်။ ရိုးရှင်းခြင်းဆိုတာဘာလဲ၊ ရိုးသားခြင်းဆိုတာ ဘာလဲ ဆိုတာနဲ့ ဘယ်အရာကပိုကောင်းသလဲဆိုတာမျိုးကိုပေါ့။ တစ်ချို့ကလည်း ကျုပ်တို့ကတော့ ရိုးရိုးရှင်းရှင်းပဲလို့ဆိုပါတယ်။ တစ်ချို့ကတော့လည်း ကျုပ်တို့ကတော့ဖြင့် ရိုးရိုးသားသားမှ ကြိုက်တယ်လို့ဆိုပါတယ်။ နောက်နဲနဲထပ်ပြီးမေးပါတယ်။ ရိုးရှင်းတယ် ဆိုတာက ဘယ်လိုဟာမျိုးလည်းပေါ့။ ဒီအချိန်မှာ ပြန်ဖြေကြတာကတော့ ရိုးရှင်းတယ်ဆိုတာ ရိုးရိုးရှင်းရှင်းပေါ့ဗျာ။ ရှုပ်ရှုပ်ယှက်ယှက် တွေမဟုတ်ဘူးပေါ့ လို့သာ ဖြေနိုင်ကြပါတယ်။ ဒါဆိုရင် ရိုးသားခြင်းဆိုတာ ကကောလို့မေးရင် ရိုးသားခြင်း ဆိုတာ သူများကို မလိမ်တာပေါ့ လိုသာဖြေကြပါတယ်။ ဒါဆိုရင် ရိုးရှင်းခြင်းနဲ့ ရိုးသားခြင်း ဘယ်ကပိုကောင်းသလဲ လို့မေးတဲ့ အခါမှာတော့ တစ်ချိုု့ ကလည်း ရိုးရိုးရှင်းရှင်းပဲကောင်းပါတယ် လို့ဖြေပါတယ်။ တစ်ချို့ကလည်း ရိုးသားတာ ကောင်းပါတယ် လို့ဆိုကြပါတယ်။ ဒါပေမဲ အဓိပ္ပါယ်တော့ သိပ်မကွဲကြပါ။ ဒါကြောင်း ရိုးရှင်းခြင်းနဲ့ ရိုးသားခြင်းအကြောင်းကို […]


asiamastersNovember 8, 20101min2645
လူသားဆန်မှုဆိုတာဘာလဲလို့မေးလေ့မေးထရှိပါတယ်။ လူသားဆန်မှုဆိုတာ လူသားတွေနဲ့တူတာကို ခေါ်တာပေါ့လို့ အလွယ်တကူပဲပြန်ဖြေလေ့ရှိပါတယ်။ လူတွေမှာ အမြင်တွေအမျိုးမျိုးရှိပါတယ်။ အမြင်တွေမှာအကောင်းမြင် (Optimism) နဲ့ အဆိုးမြင်(Pessimism) ဆိုြ့ပီးတော့နှစ်မျိုးရှိပါတယ်။ အဆိုးမြင်ဘက်ကကြည့်မယ်ဆိုရင် လူူသားတွေနဲ့ တူတယ်လို့ဆိုတဲ့နေရာမှာ မှတ်တမ်းတင်ခဲ့တဲ့သမိုင်းကိုလေ့လာရင် လူသားဆိုတာက ရက်စက်ကြမ်းကြုတ်သူတွေ၊ သူတစ်ပါးကိုသတ်ဖြတ်တတ်သူတွေ၊ လုယက်တတ်သူတွေ၊ အခွင့်အရေး ကိုအလွဲသုံးစားလုပ်တတ်သူတွေ၊ မိမိနဲ့ ဆွေမျိုးတွေကောင်းစားရေးပဲလုပ်တတ်သူတွေ၊ အဆင်ပြေနေချိန်ဆိုရင်ငြိမ်နေပြီး၊ အဆင်မပြေရင်ဆူဆူပူပူလုပ်တတ်သူတွေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူတွေ၊ ဖေါက်ပြန်တတ်တဲ့လူတွေ၊ သစ္စာဖေါက်တတ်သူတွေ၊ လိမ်လည်တတ်သူတွေ၊ မုသားသက်သေလုပ်သူတွေ၊ ငွေကိုအာသာငန်းငန်းတက်နေသူတွေ၊ အာဏာကိုသာ ငန်းငန်းတက်လိုနေသူတွေ၊ ဘဝရည်မှန်းချက်ပန်းတိုင်ပျောက်ပြီး ဆင်းရဲတွင်းထဲမှာ တဝဲလည်လည် ဖြစ် နေသူတွေနဲ့ သာပြည့်နှက်နေတဲ့အတွက် လူတွေလို့ဆိုလိုက်ရင် ဒီပုတ်ထဲက ဒီပဲတွေပါပဲလို့ အမြင်ရှိကြမှာဖြစ်ပါတယ်။ တစ်ချို့ကလည်း လူသားတွေကို အကောင်းမြင်ပါတယ်။ လူသားတွေဟာ အလွန် ယဉ်ကျေးကြသူများဖြစ်တယ်။ ကိုယ်ချင်းစာစိတ်ရှိကြတယ်။ အပြန်အလှန်ကူညီလေ့ရှိကြတယ်။ ကတိသစ္စာတည်ကြည်သူများဖြစ်ကြတယ်။ အသိဉာဏ် […]


asiamastersNovember 8, 20101min580
နည်းပညာ (Technology) ဒီနေ့ခေတ် လူနေမှုအဆင့်အတန်းတွေအထိဖြစ်လာတဲ့ လူသားတွေဟာ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ အနုမြူခေတ် နဲ့ အင်တာနက်ခေတ်များကိုကျော်ဖြတ်ခဲ့ကြရတာဖြစ်ပါတယ်။ နည်းပညာဆိုတာက အသွားနှစ်ဘက်ပါတဲ့ ဓါးများလိုပါပဲ။ ကောင်းတဲ့ဘက်ရှိသလို၊ ဆိုးတဲ့ဘက်လည်းရှိပါတယ်။ ကျောက်ခေတ်ကလူတွေဟာ ကျောက်လက်နက်ပစ္စည်းတွေကိုလုပ်တဲ့နေရာမှာ မိမိစားသောက်လိုတဲ့အစားအစာအသီးအနှံတွေကို ဖြတ်ဖို့၊ ထုဖို့ သုံးစွဲသလို မိမိရဲ့ ရန်သူများကို တိုက်ခိုက်တဲ့နေရာ မှာလည်းသုံးပါတယ်။ လူသားတွေဟာနည်းပညာကို အစဉ်တစိုက် တိုးတက်အောင်လုပ်ခဲ့တဲ့နေရာမှာ ကောင်းတဲ့ဘက်မှာ သုံးဖို့ရယ်၊ ကာကွယ်တဲ့အချိန်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ အသုံးပြုဖို့ရယ် ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ သူတပါးရဲ့ နိုပ်စက်မှုကိုမခံရ အောင်လဲနည်းပညာတွေတီထွင်ရတယ်။ သူတစ်ပါးကိုတိုက်ခိုက်ဖို့ဆိုရင်လဲနည်းပညာတွေတီထွင်ရပါတယ်။ ဒီလိုနဲ့ပဲတီထွင်လာခဲ့ကြတာ အခုရောက်နေတဲ့ အင်တာနက်ခေတ် အထိပါပဲ။ ရပ်သွားတယ်ဆိုတာမရှိပါဘူး။ နည်းပညာတွေဟာ လူသားတွေကို ဖွံ့ဖြိုးတိုးတက်စေသလို၊ လူသားမျိုးနွယ်တွေအားလုံးကို ပျက်သုံးသွားစေနိုင်တာကလည်း နည်းပညာပဲဖြစ်ပါတယ်။ နည်းပညာကြောင့် ကမ္ဘာကြီးဟာ လူသားတွေအတွက် ကြုံ့ […]


asiamastersNovember 8, 20101min720
ဗဟုသုတဆိုတဲ့ စကားလုံးမှာ ဗဟု ဆိုတာက များတာကိုဆိုလိုတာဖြစ်ပါတယ်။ သုတ ဆိုတာက သိတာကိုဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် ဗဟုသုတ ဆိုတာ များများသိတာကို ပြောတာဖြစ်ပါတယ်။ လူသားတွေဟာ များများသိလေကောင်းလေပါပဲ။ များများသိသူတွေဟာ အကောင်းဆုံးကို ရွေးချယ် နိုင်ကြပါတယ်။ ဒါကြောင့် ဗဟုသုတများအောင်လုပ်ကြရန်လိုပါတယ်။ လူသားတွေသိတယ်ဆိုတဲ့နေရာမှာ အာရုံငါးပါးနဲ့သိတဲ့ အာရုံသိရယ်၊ ဉာဏ်နဲ့ သိတဲ့ အသိဉာဏ်ရယ်ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။အသိဉာဏ်ကို ထပ်ပြီးခွဲခြမ်းလိုက်မယ်ဆိုရင် အတွေ့အကြုံ (Experience)၊ သင်ယူမှု  (Learning)၊ စဉ်းစားမှု (Thinking)၊ ကျိုးကြောင်းဆင်ခြင်တတ်မှု ( Reasoning) နဲ့ မှတ်ဉာဏ် (Memory) တို့ဖြစ်ပါတယ်။ အသိဉာဏ်ကို တိုး အောင်လုပ်မယ်ဆိုတဲ့သဘောဟာ လူတစ်ဦးရဲ့အတွေ့အကြုံ၊ သင်ယူမှု၊ စဉ်းစားမှု၊ ကျိုးကြောင်းဆင်ခြင်တတ်မှု နဲ့မှတ်ဉာဏ်တွေကို တိုးအောင် လုပ်ရမှာဖြစ်ပါတယ်။ တစ်ချို့ကလည်း အသိဉာဏ်ဆိုတာ မွေးရာပါလို့ […]