zaw mgJanuary 28, 20111min840
ဘီဘီစီ မြန်မာပိုင်း အသုံးစရိတ်လျော့ မြန်မာပိုင်းအစီအစဉ်ကို ၁ဝ ရာခိုင်နှုန်း  အသုံးစရိတ် နယူးဒေလီ (မဇ္ဈိမ)။       ။ ဘီဘီစီ ကမ္ဘာတလွှား ထုတ်လွှင့်မှု အစီအစဉ်အချို့ကို ၃ နှစ်စာ ရပ်နားမည် ဖြစ်သော်လည်း မြန်မာပိုင်း အစီအစဉ်ကို အသုံးစရိတ် အနည်းငယ်သာ လျှော့ချမည်ဖြစ်သည်။ ဘီဘီစီ မြန်မာဌာနသည် မြန်မာလူထုအတွက် အရေးပါလျက်ရှိသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကြောင့် ဦးစားပေးဌာနများတွင် ထည့်သွင်းခဲ့ကြောင်း ဘီဘီစီ ကမ္ဘာ့သတင်း ညွှန်ကြားရေးမှူး ပီတာ ဟောရောခ့်က BBC world Today တွင် ပြောဆိုသွားသည်။လျှော့ချကြောင်း ဘီဘီစီ မြန်မာဘာသာ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။ ဘီဘီစီကမ္ဘာတလွှား အစီအစဉ်မှ ဌာန ၅ ခု၊ ဘာသာစကား […]


zaw mgJanuary 28, 20111min1062
အကယ်ဒမီ ပုံပြင် နယူးဒေလီ (မဇ္ဈိမ) ။       ။  နေပြည်တော်၌ ငါးကြိမ်မြောက်အဖြစ် ဇန်နဝါရီလ ၂၃ ရက်နေ့က လုပ်ခဲ့သည့် ၂ဝဝ၉ ခုနှစ်အတွက် ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ပေးပွဲအပြီး အမျိုးသမီးဇာတ်ဆောင်ဆု မပေးခြင်း အပေါ် အများဆုံး ဝေဖန်ကြပြီး ၂ဝဝရ ခုနှစ်က အမျိုးသမီးဆု လုံးဝမပေးခဲ့ခြင်းနှင့် ယှဉ်တွဲ ဝေဖန်ကြသည်ကို တွေ့ရသည်။ “ဒါနဲ့ဆို တနှစ်ခြား ၂ ကြိမ်ရှိပြီ။ အမျိုးသမီး ဇာတ်ဆောင်ဆု တမင်မပေးတာလားတောင် ထင်မိတယ်။ ဇာတ်ဆောင်ဆုဆိုတာ မင်းသမီးတွေအတွက် အရေးကြီးတဲ့ မှတ်တိုင်တခုပဲ။ အခုလိုမျိုးဆို မင်းသမီးတွေ ကြိုးစားချင်စိတ် လျော့အောင်လုပ်နေသလိုပဲ” ဟု အကယ်ဒမီ မင်းသမီး တဦးက မကျေမနပ် ပြောသည်။ […]


zaw mgJanuary 28, 20111min860
ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာရန် ရည်ရွယ်ချက်ဖြင့် အထူး စီးပွားရေးဇုန် ဆိုင်ရာ ဥပဒေ ပြဌာန်းထုတ်ပြန် နိုင်ငံတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာရန် ရည်ရွယ်ချက်ဖြင့် အထူး စီးပွားရေးဇုန် ဆိုင်ရာ ဥပဒေ ပြဌာန်း လိုက်ကြောင်းအင်တာနက်သတင်းများအရ သိရသည်။ ကျန်းမာရေး စောင့်ရှောက်မှု၊ ဘဏ္ဍာရေး နှင့် အာမခံ ၊ မြေယာ အသုံးပြုမှု၊ ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ စသည့် ကဏ္ဍများ ပါဝင်သော အခန်း ၁၂ ခန်း ပါ ဥပဒေများကို ထုတ်ပြန် ခဲ့ပြီးယင်း ဥပဒေသည် ၁၉၈၈ နောက်ပိုင်း၌ ပထမဆုံးအကြိမ် ထုတ်ပြန်သည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေ ဖြစ်ကြောင်း တရုတ် ဆင်ဟွာ သတင်းတွင် ဖော်ပြထားကြောင်းသိရသည်။


zaw mgJanuary 28, 20111min1132
မီဒီယာ ထိန်းချုပ်ရန် ခက်ခဲဟု ဗိုလ်ချုပ်မှူးကြီး ပြောဆို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မီဒီယာများသည် ခွင့်ပြုရန် လွယ်ကူသော်လည်း ထိန်းချုပ်ရန် ခက်ခဲသည် ဟုပြော ကြားကြောင်း သိရသည်။ နေပြည်တော်၌ မကြာမီ ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် မီဒီယာများကို ခွင့်ပြုရန်၊ ခွင့်မပြုရန် နှင့် ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း ၏ မေးမြန်းမှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်ဟု ပြန်ကြား ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦး ကပြောပြသည်။ “ကျနော်တို့ ဝန်ကြီးဌာနကို ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက လွှတ်တော် တက်ခွင့်ရ၊ မရ မေးကြတယ်။ အဲဒါ နဲ့ ဝန်ကြီးက […]


zaw mgJanuary 27, 20111min851
အနှောက်ယှက်ပေးတဲ့ internet သရဲများ အမည်နဲ့ etone ရေးထားတဲ့စာလေးကို ဖတ်မိတော့ ကိုယ်ချင်းစာမိပါတယ်ဗျာ………. ကတယ်ဆို………..ကမ္ဘာအရပ်ရပ်က မည်သည့်နေရာမှာနေတဲ့ မည်သူမဆို ဒီလိုအကျင့်စာရိတ္တဆိုးရွားစွာနဲ့ တစ်ဦးကိုတစ်ဦး အနှောင့်အယှက်မပေးသင့်ဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာဖွံဖြိုးတိုးတက်မှုနောက်ကျခြင်းတွေနဲ့အတူ..လူငယ်တွေဟာ..ခေတ်ရှေ့ပြေး နိုင်အောင်အင်တာနက် ကတစ်ဆင့်ပညာ ၊ဗဟုသူတကို ပိုမိုကြိုးစားလေ့လာသင်ယူဆည်းပူးရမှာကို……..တလွဲအသုံးချနေတာ….. ……….အွန်လိုင်းပေါ်မှာ သိက္ခာမရှိတဲ့အပြုအမှုတွေကို…………ရှောင်ရှားသင့်သလို…အရှက်ရသင့်တယ်လို့ထင်ပါတယ်…. အဲ့ဒီလိုပြူမှုတတ်တဲ့  သူတွေအနေနဲ့လည်း..နောက်နောင် ရှေင်ကြဉ် သင့်တယ်………ကိုယ်ကျင့်တရားနဲ့ အကျင့်စာရိတ္တကောင်းမွန်စွာထိမ်းသိမ်းသင့်တယ်လို့ထင်တယ်လို့……….အကြံပြုလိုက်ပါရစေ။


zaw mgJanuary 27, 20111min1558
အာဆီယံ ရွှေရောင်သံစဉ်များ သီချင်းဆိုပြိုင်ပွဲ၏ ပေါ့ပ်သီချင်း ကဏ္ဍတွင် “I will always love you” သီချင်းဖြင့်  မြန်မာအဆိုတော် ကိုကျော်ဇင်မင်းက တတိယဆု (ကြေးတံဆိပ်) ရရှိခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလ ၅  ရက်နှင့် ၈  ရက်နေ့ထိ  ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ရိုးရာဂီတ နှင့် ပေါ့ပ်ဂီတ ကဏ္ဍ ၂ ခု ခွဲ၍ သီချင်းဆို ပြိုင်ပွဲ ကျင်းပခဲ့ပြီး ဟိုချီမင်း ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသခဲ့ကြောင်းအင်တာနက်သတင်းများအရသိရသည်။ ပြိုင်ပွဲတွင် အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံအနက် စင်ကာပူနှင့် လာအိုနိုင်ငံမှ လွဲ၍ ကျန်နိုင်ငံများမှ လူငယ်အဆိုတော် ၁၆ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု၍ ကိုကျော်ဇင်မင်း တဦးသာ ယှဉ်ပြိုင်သည်ဟု သိရသည်။ […]


zaw mgJanuary 27, 20111min800
ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာဆောင် ညစာစားပွဲ တက်သည့်ပုံများ ဖော်ပြခဲ့သည့် အတွက် ပြည်တွင်းဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်း ခဲ့ကြောင်း အင်တာနက်သတင်းများအရသိရသည်။မင်္ဂလာဆောင် ညစာစားပွဲသို့ တက်ရောက် လာသည့် မင်းသမီးများ မလုံခြုံသည့် အဝတ်အစားများ ဝတ်ထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့သော မော်နီတာ ဂျာနယ်မှာ ထုတ်ဝေခွင့် ၂ ပတ် အပိတ်ခံရပြီး ဟယ်လို ဂျာနယ်မှာ ၁ ပတ် ပိတ်ခံခဲ့ရကြောင်းဇရာဝတီသတင်းဌာနအင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားကြောင်းသိရသည်။ “ကျနော်တို့ ဂျာနယ် ၂ ပတ်ပိတ်ခံရတာ ဟုတ်ပါတယ်။ မင်းသမီးတွေရဲ့ မလုံမခြုံ ဝတ်ထားတဲ့ ပုံတွေကို ဂျာနယ်မှာ ဖော်ပြခဲ့လို့ ပိတ်တယ်လို့ […]


zaw mgJanuary 27, 20111min1432
လွှတ်တော်မစမီ နေပြည်တော်တွင် လုံခြုံရေးတင်းကျပ် ယခုလ ၃၁ ရက်တွင် ကျင်းပမည့် လွှတ်တော်မတိုင်မီ နေပြည်တော်တွင် လုံခြုံရေး တင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။ ညပိုင်းတွင် ဒိုင်းများ၊ နံပါတ်တုတ်များ ကိုင်ဆောင်ထားသော ရဲ ၂ဝ ကျော်ပါဝင်သည့် ရဲကား အစီး ၄ဝ ကျော်ခန့်သည် နေပြည်တော်တခွင် ကင်းလှည့်နေပြီး တချို့နေရာများ၌ ဆိုင်ကယ်များဖြင့် လှည့်လည်နေသည်။ ထို့အပြင် ဘောဂသီရိ ကားကွင်းနှင့် နေပြည်တော်ဘူတာကြီး တို့တွင်လည်း ယခင်ကထက် လုံခြုံရေးတင်းကျပ်ထားပြီး လယ်ဝေး၊ တပ်ကုန်းမှ ဝင်လာသော ခရီးသည်တင် ကားများကိုလည်း ဂိတ်များတွင် စစ်ဆေးလျက်ရှိကြောင်း ခရီးသွားများက ဆိုသည်။ ကိုးကား http://www.bur.irrawaddy.org/index.php/news/2010-11-12-10-25-42/5564-2011-01-26-09-16-30


zaw mgJanuary 27, 20111min1715
ကမ္ဘာ့နက္ခတ်တာရာ ပညာရှင်များသည် သမိုင်းတင်ပြီးခေတ် နောက်ပိုင်း ယနေ့ ၂၁ ရာစုအတွင်း အာကာသဆိုင်ရာ အထူးခြား ဆန်းကြယ်ဆုံး သတင်းတစ်ပုဒ် အဖြစ် ကမ္ဘာကြီးအတွက် ဒုတိယမြောက် နေလုံးတစ်ခု ပေါ်လာပြီး နေ့ညကွဲပြားခြင်း ခေတ္တရပ်ဆိုင်းသွားနိုင်သည် ဆိုသော သတင်းကို ဩစတြေးလျ သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ ဇန်နဝါရီလ ၂၂ ရက်နေ့က တင်ပြခဲ့သည်။ ၎င်းတို့၏ စောင့်ကြည့်လေ့လာချက်များအရ ကမ္ဘာ့ကောင်းကင်မှ မြင်ရသော ကြယ်ကြီးများထဲတွင် အဌမအကြီးဆုံး အနီရောင် ကြယ်ကြီး ဖြစ်သည့် Betelgeuse သည် ဆက်လက်တည်ရှိနိုင်ရန် စွမ်းအင် မကြာမီ ရက်သတ္တပတ် အနည်းငယ်အတွင်း ကုန်ဆုံးတော့မည် ဖြစ်ပြီး ယင်းကဲ့သို့ စွမ်းအင်များ ကုန်ဆုံးသွားချိန်တွင် ဆူပါနိုဗာ (Supernova) ခေါ် ကြယ်တာရာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားမည် […]


zaw mgJanuary 27, 20111min1062
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဧရိယာရှိ တန်ဖရဲရွာအား လာမည့်မတ်လအပြီးပြောင်းရွှေ့ရန် မြန်မာစစ်အစိုးရအာဏာပိုင်များမှ နောက်ဆုံးရက်သတ်မှတ်ခဲ့ကြောင်းအင်တာနက်သတင်းများအရသိရသည်။ မြန်မာစစ်အစိုးရ၏ မြစ်ကြီးနားမြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (မယက)၊ ရဲတပ်ဖွဲ့ နှင့် အေးရှားဝေါလ်ကုမ္ပဏီ (Asia World Company) မှ တာဝန်ရှိသူများ ဇန်နဝါရီ ၂၃-၂၄ ရက်တွင် တန်ဖရဲရွာသို့ လာရောက်ခဲ့ပြီး လျော်ကြေးကိစ္စနှင့် မတ်လအပြီး ရွာပြောင်းရွှေ့ရမည်ကို ပြောကြားခဲ့သည်။တချိန်ထဲမှာ ရွာအထဲ နှင့် ဘေးပတ်ဝန်းကျင်တွင် ရွှေအကြီးအကျယ်တူးဖော်နေခြင်းကြောင့် ရွာသား၏ လယ်ယာများအားလုံးပျက်စီးကာ မည်သူမှ စပါးစိုက်ပျိုးရန် အားထုတ်ခြင်းမရှိတော့ကြောင်းနှင့် ရွာပြောင်းရွှေ့ရန် ပိုမိုဖိအားခံနေရကြောင်း သိရသည်။ “ငရဲနဲ့ပဲတူတော့တယ်။ ရွှေမှော်ဖြစ်သွားလို့ပျက်စီးနေတဲ့ရွာ၊ အဲရွာထဲကလူတွေလည်း ပိုပိုပြီး မူးယစ်ဆေးဝါးသုံးစွဲနေကြတယ်။” ဟု တန်ဖရဲရွာသား ဦးဘောက်နော် ပြောသည်။ ရွှေမှော်နှင့်အတူ လူငယ်များကြားမူးယစ်ဆေးဝါးသုံးစွဲမှု မြင့်မားလာသော်လည်း စစ်အစိုးရသက်ဆိုင်ရာ အာဏာပိုင်များက မည်သို့မျှ အရေးယူဆောင်ရွက်မှု […]


zaw mgJanuary 27, 20111min1201
နာဂစ် မုန်တိုင်း ဒဏ်ခံ ဘိုကလေး  ဒေသ တွင် ၂၀၁ဝ ပြည့်နှစ် အတွင်း ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(KOICA) နှင့် ကိုရီးယား အခြေစိုက် နိုင်ငံ တကာ NGO တစ်ခု ဖြစ်သည့် Good Neighbours International တို့ပူး ပေါင်း လှူဒါန်း ခဲ့မှုမှာ တန်ဖိုးငွေ စုစု ပေါင်း အမေရိကန် ဒေါ်လာ၁,၉၀,၀၀ဝ ခန့်ရှိကြောင်း GNI ၏ ဌာနေကိုယ် စားလှယ် မစ္စ လီဆုအို၏ ပြောကြား ချက်အရ သိရ သည်။ အဆိုပါ ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေ ဂျင်စီ (KOICA) […]


zaw mgJanuary 27, 20111min1343
ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လျှောက်ထားခြင်းနှင့် အင်တာနက် တပ်ဆင်ရန် လျှောက်ထားပေးသော မှောင်ခိုဈေးကွက်ကြီး တခု ဖြစ်ပေါ်နေပြီး ထိုဈေးကွက်မှ ဆက်သွယ်ရေး ဝန်ထမ်းများမှာ နေ့စဉ် ဝင်ငွေ ကျပ်သိန်းချီ ရရှိနေကြောင်း သတင်းရရှိသည်။ “ပွဲစားနဲ့ဖုန်း၊ အင်တာနက် လျှောက်မယ် ဆိုရင် အကျိုးဆောင်ခ လူတဦးကို ကျပ် ၄ သောင်း ပေးရတယ်။ ပွဲစားတွေက ဆက်သွယ်ရေး ဝန်ထမ်းတွေကို အကျိုးဆောင်ခ တဝက်ခွဲပေး ရတယ်။ တရက်ကို ပွဲစားနဲ့ ဖုန်းလျှောက်၊ အင်တာနက် လျှောက်တဲ့သူ အရေ အတွက်က ၁ ထောင် ကျော်တယ်။ မှောင်ခို ဈေးကွက်မှာ လည်ပတ်နေတဲ့ ငွေကချည်းပဲ တရက်ကို သိန်း ၄၀ဝ […]