စကားပုံတွေနဲ့ပတ်သက်လို့ အချို့အရာတွေဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်လည်း ငယ်ငယ်တုန်းက သိခဲ့တာလေးတွေကော ကြားဖူးနားဝရှိခဲ့တဲ့ စကားပုံလေးတွေအကြောင်း တင်ပြလိုက်ပါတယ်။ ၁။ မချစ်သော်လည်း အောင့်ကာနမ်း (ဗမာစကားပုံ) မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ စကားပုံလေးကတော့ ကိုယ့်မနှစ်သက်တဲ့သူ၊ မုန်းတဲ့သူ (သို့မဟုတ်) ကိုယ်မနှစ်သက်တဲ့ အစားအစာ ၊ အသုံးအဆောင်ပစ္စည်း စတဲ့အရာတွေကို မနှစ်သက် ၊ မကြိုက်ပေမယ့် အဲသည်စိတ်တွေကို စိတ်ထဲမှာထားက ကိုယ်မုန်းတဲ့သူကိုလည်း တစ်ခါတစ်ရံမှာ ပြုံးပြဆက်ဆံရတာမျိုးတွေ ၊ ကိုယ်မနှစ်သက်တဲ့ အစားအစာတွေကိုလည်း စားရတာမျိုးတွေမှာ ခိုင်းနှိုင်းပါတယ်။ အဲသည်စကားပုံလေးနဲ့ ပတ်သက်လို့ ကျွန်တော်ကြားဖူးနားဝရှိတဲ့ ရာဇဝင်လေးတစ်ခု ပြောပြချင်ပါတယ်။ တစ်ချို့သူတွေလည်း ကြားဖူးမယ်ထင်သလို၊ တစ်ချို့သူတွေလည်း ကြားဖူးမှာမဟုတ်ပါဘူး။ သည်ရာဇဝင် လေးကလည်း ကျွန်တော်နောက်ပြောမယ့် စကားပုံလေးနဲ့လည်း သက်ဆိုင်နေလို့ပါ။ မချစ်သော်လည်း အောင့်ကာနမ်း ( […]