aye.kkMarch 3, 20171min1405
စိတ်ကောင်းစေတနာရှိရမယ် ရိုးသားဖြောင့်မတ်မှုရှိရမယ် တရားအသိရှိရမယ် ဒါတွေနဲ ့ပြည့်စုံခြင်းမှမရှိရင် လောကထဲမှာ လူ ဖြစ်ရကျိုး မနပ်ဘူးနော်။ သူတစ်ပါးကို ဒုက္ခပေးဘို့မွေးဖွားလာသလား ကိုယ်ပြန်ရမှာက ဒုက္ခပဲဆိုတာမသိလို့ပါ ဒေါသ လောဘ မောဟ-ဆိုတဲ့တရားတွေက လူသားအချင်းချင်းဖျက်ဆီးနေတဲ့တရားတွေဆိုတာ ဘယ်သူမှငြင်းနိုင်မယ်လို့မထင်ပါဘူးနော်။။  


aye.kkJanuary 7, 20171min1898
ခါချှုဉ်တွေအုံဖွဲ ့ နေတဲ့တောင်စလဲပင် တောင်စလဲသီးများက အဝါသန်းပြီးပင်လုံးကျွတ်မှည့်တဲ့ချိန် ငယ်ရွယ်သူမို ့နားမလည် စားချင်တာပဲသိခဲ့တယ်။ အစ်ကိုကို ခူးပေးဖို ့ပူဆာတော့ အစ်ကိုက ခါချဉ်တွေ မကိုက်ရအောင် ရေနံဆီတွေလိမ်းကျံပြီး အပင်ပေါ်တက်ပြီးခူးချပေးတဲ့အစ်ကို။ တစ်ရက်မှာ အဖေက အစ်ကို့ကိုဆူတယ်။ နှံပြည်စုတ် လက်တစ်ဆုတ်စာ ငရဲကတစ်ပိဿာ     တဲ့။ အဖေဆူလည်း အစ်ကိုက လေသေနတ် တစ်လက်နဲ ့ငှက်တွေ့ရင် ပစ်ချပီး ငှက်သားကြိုက်တဲ့ ညီမလေးကို အမွွှေးနှုတ် မီးခဲရဲရဲနဲ ့ကင်ပီးကျွေးတဲ့အစ်ကို။ ဆယ်ကျော်သက်အရွယ် အပျိုဖားဖား ဖြစ်လာတော့ ယင်ဖိုတောင် မသန်းရဲအောင် စောင့်ရှောက်ပေးခဲ့တဲ့အစ်ကို။ ကြာခဲ့ပြီးနောက်။ အစ်ကို က မိသားစုတွေကို သူ ့မှာ ချစ်သူတွေ့ထားပြီမို ့ မိသားစုတွေဆီကို  အမှတ်တရ ဓါတ်ပုံ ပို ့လာပေးတယ်။ အစ်ကိုက ရည်းစားသက်တမ်း အတော်ကြာကြာထားခဲ့တယ် ။ သူ့မိသားစုတွေကို သူအရမ်းချစ်လို ့ပါ ။ […]


aye.kkDecember 18, 20161min2648
တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ ့တစ်ယောက် ကောင်းမွန်သောနေရာ ကောင်းမွန်တဲ့အချိန်အခါ ကောင်းမွန်သောတွေ့ဆုံတဲ့ အချိန်အခါ,နေရာဒေသအလိုက်၊တွေ့ဆုံကြခဲ့ရင် အများအားဖြင့်တော့၊မင်္ဂလာပါနော်။ မင်္ဂလာပါခင်ဗျာလို့နှုတ်ဆက်ကြပါတယ်။ အရမ်းရင်းနှီးတဲ့သူငယ်ချင်း,အချင်းချင်းဆိုရင်တော့ စားပြီးလား?သူငယ်ချင်း နေကောင်းရဲ ့လား?သူငယ်ချင်းလို့နှုတ်ဆက်ကြတာ၊များပါတယ်။ ကိုယ့်ထက်အသက်အားဖြင့်၊ဂုဏ်ဝါကြီးသူများကိုတော့ မင်္ဂလာပါရှင်၊မင်္ဂလာပါခင်ဗျာလို့နှုတ်ခွန်းဆက်သကြပါတယ်။ အပြန်အလှန်၊အားမနာတမ်းခင်မင်ရင်းနှီးကြတဲ့၊လူငယ်သဘာဝအရ နှုတ်ဆက်ကြရင်တော့၊(အထူး)အားဖြစ်တော့တွေ့ချင်ရင်ရသားနဲ ့၊လာချင်ရင်အနီးကလေး ဖြစ်ရဲ ့နဲ ့မတွေ့မဆုံပဲနေကြတာ၊ကြာမိတဲ့အခါ(အကြောင်းကြောင်းကြောင့်လဲပါတာပေါ့နော်)၊ ကိစ္စ,ဝိစ္စရှိမှလာတွေ့တဲ့အခါကြရင်တော့၊သရဲလာခြောက်တာလား?၊သေပြီအောက်မေ့?လို့ စသဖြင့်ပြောဆိုနှုတ်ဆက်တတ်ကြပါတယ်။ တစ်ခါတော့ကိုယ်တွေ့အဖြစ်လေးပါ။ အရမ်းခင်တဲ့သူငယ်ချင်းနဲ ့မမျော်လင့်ဘဲပြန်တွေ့တော့၊မင်းထမင်းစားပြီးလားလို့?ဆိုပြီး ဝမ်းသာအားရနှုတ်ခွန်းဆက်မေးပါတယ်။ ကိုယ်ကလည်း မစားရသေးတာမို့၊မစားရသေးဘူးလို ့ အမှန်အတိုင်းပဲဖြေလိုက်ပါတယ်။ သူကလည်းကျွေးချင်တဲ့စေတနာသဒ္ဓါထက်သန်နေတော့၊လက်ကိုအတင်းဆွဲပြီး နီးရာစားသောက်ဆိုင်ထဲ၊ခေါ်ပြီးကျွေးတော့တာပါ။ ငြင်းရခက်တော့မစားချင်လည်းစားလိုက်ရပါတယ်။ တစ်ခါကလည်း၊အကြောင်းကိစ္စတခုနဲ ့သူငယ်ချင်းအိမ်ရောက်သွားတော့၊ထမင်းစားပြီးလားလို့၊နှုတ်ခွန်းဆက်စကား အဖြစ်အမေးခံရပြန်ပါတယ်။ စားပြီးပြီပြောပြတော့၊စားပြီးလဲမရဘူး။ မင်းကြိုက်တတ်တဲ့ဟာ,ငါလုပ်ကျွေးမယ်၊စားပြီးမှပြန်ပါလို့ပြောပြီး၊မရှိရှိတာနဲ ့အကောင်းမွန်ဆုံးဖြစ်အောင် ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ပြီး၊ပူပူနွေးနွေးချကျွေးပါတယ်။စားပြီးပြောပြလည်းမရ၊အတင်းကျွေးနေတော့ အားနာပြီးစားတော့၊ဗိုက်အင့်ပြီးနေရခက်သွားပါတယ်။ သူငယ်ချင်းကိုယ်တိုင်လဲ၊အစာကြေဆေးကိုအနားမှာအသင့်ချထားပေးတော့၊ ကိုယ့်မှာသူ့ကိုဘာပြောရမှန်းမသိအောင် စိတ်ထဲလေးစားမိသွားပါတယ်။ သူငယ်ချင်းတွေဆုံရင်,ဆုံတဲ့အခါတိုင်း၊သူငယ်ချင်းအားလုံးရဲ ့ဆက်ဆံမှုတွေက တစ်ပုံစံတည်းလိုအမြဲဖြစ်နေတော့၊ဗုဒ္ဓဘာသာဖြစ်ရတာ၊အလိုလိုဂုဏ်ယူမိပါတယ်။လေးစားမိပါတယ်။ တစ်ခါကအသိမွတ်စလင်အိမ်သွားဘူးပါတယ်။ထမင်းစားပြီးလား?လို့အရင်ဦးစွာနှုတ်ခွန်းဆက်မေးပါတယ်။ အိမ်ကနေထမင်းစားပြီးမှရောက်သွားတာမို့၊စားပြီးပြောပြလည်းမရပါဘူး။ ထမင်းစားပြီးမှပြန်ပါ။မစားရင်မခင်လို့ဆိုတော့၊အင်မတန်ကိုအားနာပြီး၊မစားချင်လည်းသူတို့စိတ်ကြေနပ်အောင် စားခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုတရုတ်ကပြားမှန်းလည်း,သူတို့သိကြပါတယ်။တရုတ်သွေးစပ်နေတာမို့၊မွတ်စလင်အိမ်က ထမင်းဟင်းတွေကိုတော့မစားချင်တာကအမှန်ပါ။ သူတို့စေတနာသဒ္ဓါတရားကောင်းလွန်းနေတာကို၊စိတ်ကခံစားမိပါတယ်။ ဘယ်ဘာသာရယ်လို့တော့၊ကိုယ့်အနေနဲ့ကမခွဲခြားမိတော့တာ၊အမှန်ပါ၊ဗုဒ္ဓဘာသာဖြစ်မှလဲမဟုတ်ဘူးပေါ့နော်။ တစ်ဦးနဲ့တစ်ဦး၊တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်မင်ရင်းနှီးခဲ့ရင်၊ရင်ထဲမှာကျွေးချင်မွေးချင်တဲ့စေတနာ,သဒ္ဓါတရားထက်သန်လွန်းလှတဲ့ စိတ်စေတနာအရ ကောင်းမွန်တဲ့အချိန်,ကောင်းမွန်တဲ့နေရာလိုမျိုးမှာတွေ့ဆုံခဲ့ကြရင် ချိုသာခွန်းဆက်,နှုတ်ဆက်ကြပါလျှင် မင်္ဂလာရှိတဲ့နှုတ်ခွန်းဆက်စကားလေးက ထမင်းစားပြီးလား?ဆိုတဲ့နှုတ်ခွန်းဆက်စကားကို ကိုယ့်ကိုယ်ကိုတိုင်၊အင်မတန်နှစ်သက်သဘောကျမိရပါတယ်။။။ […]


aye.kkNovember 12, 20161min1858
အေးချမ်းစိမ်းစိုပြီး၊သာယာလှပနေတဲ့သျှမ်းတောင်တန်းတွေနဲ ့ ရှမ်း(အရှေ့)၊တာချီလိတ်မှာရှိတဲ့၊ မောတို့ဌာနေတရားဓမ္မစခန်းက၊သာယာနာပျော်ဘွယ်ရာကောင်းလှတဲ့ ဓမ္မတေးသံတွေ၊ရင်ထဲထိအောင်သိမ့်သိမ့်တုန်ခါစေပါတယ်။ အနယ်နယ်အရပ်ရပ်ကအားထုတ်လိုသူယောဂီများအတွက် အချိန်မရွေးအားထုတ်ဖို ့ကောင်းလှတဲ့ရိပ်သာတခုပါဘဲ။ ကိုယ့်ကိုယ်ကိုတိုင်ကလည်း၊ဒီနေရာဒီရိပ်သာ မှာအားထုတ်ခဲ့ဘူးတာမို ့ ဖိတ်ခေါ်ပါရစေ။ ဒီနေရာရိပ်သာမှာ၊အားထုတ်လိုသူ၊ယောဂီများအတွက်တော့၊သာသနာ့အာဇာနည် ဆရာတော်ဘုရားကြီးကိုယ်တိုင်၊ဝိပဿနာဉာဏ်စစ်စစ်ရဘို့၊တရားစစ်ဆေးပေးလျက်ရှိနေပါတယ်။ အားထုတ်နေတဲ့၊ယောဂီများအတွက်၊တမဂ်,တဖိုလ်ရဘို့အတွက်မခဲယဉ်းလှတာ၊သေချာလှပါတယ်။ အစစအရာရာအဘက်ဘက်ကပြည့်စုံတဲ့၊ကမ္မဌာန်းကျောင်းတိုက်ပါ။ ဒီရိပ်သာရဲ ့ထူးခြားလှတဲ့အချက်တွေကတော့၊အများကြီးပါဘဲ။ ဒီရိပ်သာမှာ၊အချိန်အခါမဟုတ်ဘဲနဲ ့၊တစ်နှစ်ပတ်လုံးကံကော်ပန်းတွေအမြဲပွင့်နေတာပါ။ ဘုရားပွင့်ရာ၊ရပ်ဒေသမှလုမ္မနီအင်ကြင်းပန်းတွေတဝေဝေနဲ ့လှပနေပါတယ်။ စကားဝါပွင့်ချိန်ဆိုရင်လည်း၊စကားဝါပန်းရနံ ့တွေမွှေးကြိုင်လန်းဆန်းလို့နေတာပါ။ ကမ္ဘောဒီးယားလို့အမည်ပေးထားတဲ့တောင်၊ဧရာကျောက်သားတွေကနေ၊ဘုရားဆင်းတုတွေ ထွက်ခဲ့ပါတယ်။ဘုရားကို ဖူးမျှော်ကြည်ညိုရင်း တမဂ်တဖိုလ်ရနိုင်ဘို့အတွက်လည်း ဆရာတော်ဘုရားနဲ ့ဒကာများကမဟာစည်တော် ဆော်ယွန်းတီးကာနေပါကြောင်း ပြောပြလိုက်ပါရစေ။။။  


aye.kkSeptember 15, 20151min1805
အမှောင်လမ်းမှာ လျောက်လှမ်းနေရင်တော့ စမ်းတစ်ဝါးဝါးနဲ ့ အချိန်မရွေး ချောက်ထဲကိုကျသွားနိုင်တယ် အန္တရာယ်ရှိမှန်းသိသိကြီးနဲ ့တော့ အမှောင်လမ်းထဲမှာဆက်ပြီး မလျာက်လှမ်းစေချင်တော့ဘူး။