badbabylay09@gmail.comAugust 21, 20101min750
ဂုဏ်တွေသိတော့ပိုပြီးလေးစားတက်လာတာပေါ့။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။ ၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။ ၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။ ၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။ ၄။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။ ၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။ ၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။ ၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။ ၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။ ၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။ ၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။ ၁၁။ ယုယပိုက်ထွေး […]


badbabylay09@gmail.comAugust 21, 20101min750
“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ဝတ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ […]


badbabylay09@gmail.comMay 28, 20101min740
မခွဲမခွာနေလိုသော်လည်း မလွန်ဆန်ရာ လေညွှန်ရာသို ့ တစ်နှစ်တစ်ခေါက်ဝေးရပြန်ပြီ…. မိုးရေဆဲဆဲ ဆောင်းလေကူးမှာ ချစ်သူ ့မျက်နှာပြန်မြင်ယောင်ကာ တမ်းတအလွမ်း ရောထွေးချမ်းတုံ သည်နှစ်တစ်ဖန်ရောက်ခဲ့ပြန်ပြီ နင်သိပါစေ တောင်းဆုချွေထား ဖန်ဆင်းရှင်အမိန် ့မလွန်ဆန်နိုင်မို ့ သည်နှစ်မှာတော့ စောင့်မျှော်သက်ထား ငါ့ဝိညာဉ်သာ … နင့်ဆီအရောက်မြန်းခဲ့မယ်။ ငါဝမ်းနည်းနေတဲ့အချိန် နှစ်သိမ့်အားပေဖို ့ ချစ်သူရဲ ့ရင်ခွင်တစ်စုံရှိတယ်။ ငါစိတ်ဓာတ်ကျနေချိန်မှာ စိတ်ဓာတ်မြှင့်တင်ပေးဖို ့ ချစ်သူရဲ ့နှုတ်ဖျားမှာ စကားလုံးလှလှလေးတွေရှိတယ်။ ငါ့မျက်ရည်ကျနေချိန်မှာ ငါ့မျက်ဝန်းကမျက်ရည်တွေသုတ်ပေး ဖို ့ ချစ်သူရဲ ့နွေးထွေးတဲ့လက်တစ်စုံရှိတယ်။ ကောင်းကင်မှာနေမင်း က်ို ့ရင်ခွင်ထဲမှာတော့မင်း ဘယ်သူတွေဘာပဲပြောနေပြောနေ ငါ့ဘေးနားမှာမင်း ထာဝရရပ်တည်ပေးပါနော်။


badbabylay09@gmail.comMay 27, 20101min1433
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကဗျာလေး ဖတ်ရတော့ နှစ်သက်မိလွန်းလို့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ မြန်မာလူမျိုးတို့အတွက် အမှာစာလေး ကို မှတ်စုထဲလှန်လှောပြီး ဖော်ပြခဲ့ပြီးပါပြီ။ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာလွတ်လပ်ရေးအတွက် အချိန်တိုင်း စဉ်းစားလုပ်ကိုင်ခဲ့တယ်ဆိုတာ ယုံမှာ သံသယ ဖြစ်ဖွယ်မရှိခဲ့ပါဖူး။လွတ်လပ်ရေးအတွက် နိုင်ငံရေးသမားဘဝကိုစွန့်ကာ မြန်မာတပ်မတော်ကို အုတ်မြစ်ချ မွေးဖွားပေးခဲ့ပါတယ်။ဒါပေမဲ့ ဦးစောရဲ့ အဆင်မချင် ရူးမိုက်စွာလုပ်ဆောင်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို မကြားဖူး မမြင်ဖူးတဲ့ ကျေးရွာလူမိုက်တွေ လက်ထဲကို သေနက်အပ်ကာ လုပ်ကြံခဲ့လို့ တိုင်းပြည်အတွက် အဖိုးမဖြတ်နို်င်အောင် ဆုံးရူံးခဲ့ရလေသည်။ဗိုလ်ချုပ်အောင်ဆန်းပြောလို့ပြီးတဲ့ စကားတခွန်း ကို အခြားသူတယောက် အစားထိုးပြီး အခါတရာ ပြောလဲ မရနိုင်ပါ။ဗိုလ်ချုပ်ဟာ အမျိုုုးသားခေါင်းဆောင် တစ်ယောက်ဖြစ်သလို လက်ရှိမြန်မာနိုင်ငံကိုမွေးဖွားပေးခဲ့တဲ့ ဖခင်ပါ။ခုတော့ အဖေ ပေးတဲ့ မြေမှာ နေရင်း အဖေအကြောင်းလေးတွေ ရေးရင်း အဖေ့ ကို လွမ်းမိပါတယ်။အခုလဲ […]