nigimi77February 17, 20111min27510
မြန်မာပြည် အထည်ချုပ် လောကနှင့် ပတ်သပ်သော အမြင်အား တင်ပြခြင်းဖြစ်သည်။ မည်သူမဆို လိုအပ်ချက်အားဖြည့်စွက်နိုင်သည်။  ပညာရှင်ဆန်သော ကိန်းဂဏန်း ခုနှစ် အတိအကျဖြင့်ဖော်ပြမည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် အမေရိကန်၏ စီးပွားရေး ပိတ်ဆို ့မှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် အထည်ချုပ် လုပ်ငန်းအား ဆက်လက် လုပ်ကိုင်သူ လွန်စွာနည်းပါးသွားသည်။  တဖြည်းဖြည်း ပြန်လည် နလံထူလာသော်လည်း ယနေ ့ အချိန် အထိ အရေအတွက် အားဖြင့် လက်ချိုးရေတွက်နိုင်သည်။ အထည်ချုပ်လုပ်ငန်းသည် အခြေံလူတန်းစား တို ့အတွက် အလွန်ပင် အားထားရသော အလုပ်အကိုင်တခုဖြစ်သည်။ အဆိုပါလုပ်ငန်းများတွင် လုပ်ငန်း ကြီးမားလျင် ကြီးမားသည့် အလျောက် ဝန်ထမ်းဦးရေထောင်ချီပြီးရှိသည်။  ပညာ မတတ်သော်လည်း စက်ချုပ်တတ်လျင် လူတိုင်းလုပ်ကိုင်နိုင်သော အလုပ်ဖြစ်သောကြောင့် အတန်းပညာ ပြီးဆုံးသည် အထိ သင်ကြားရန် […]


nigimi77February 10, 20112min1410
အခုတလော ဖတ်စရာလဲ ကောင်းကောင်းမရှိ။   ရေးစရာလဲ ခေါင်းထဲ စာသားမရှိနဲ ့ အိပ်ခါနီး ဒါပဲ တင်တော့မယ်။ GARLIC WARNING !!! DON’T EAT GARLIC  !!! Eating too much garlic is bad for you…… It can cause very serious damage and make your butt look funny… here’s proof.. It has been verified and is a true fact This is no joke…. There has already […]


nigimi77February 7, 20111min1633
မေး။   ကံဆိုတာ ဘာလဲ ။ ဖြေ။   ကံဆိုတာ အလုပ်ပါ။ ထမင်းစားရင် ချီးပါမယ်။ ရေသောက်ရင် သေးပေါက်မယ်။ ချွင်းချက်တော့ ရှိတယ်။ စားတာများပေမဲ့  ပါရင် နဲမယ်။  သောက်တာများပေမဲ့ ပေါက်ရင် နဲမယ်။               မင်းအတွက်လက်ရှိ အသက်ရှင်ဖို ့ ဖယ်ရဦးမယ်လေ။ ထို ့အတူပဲ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတာ သဘောတရားအရတော့ မှန်ကန်တယ်။ အထက်က ဥပမာလိုပဲ မင်းက ကောင်းတာ လုပ်ပေမဲ့လည်း မင်းအတွက် မင်းရပ်တည်ဖို ့အတွက် ဖယ်ရဦးမယ်။ ဒါကြောင့် မင်းက ကောင်းတာတွေ လုပ်လဲပဲ ဘာကြောင့် တန်ပြန် အကျိုးမခံစားရသလဲလို ့မမေးနဲ ့။ ထမင်းတောင် မင်းစားပြီးရင် အကုန်ပြန်ပါတာမှ မဟုတ်ပဲ။ […]


nigimi77February 4, 20111min34613
သိမ်ကြီးဈေးရှိ  Club တစ်ခုတည်းတွင်ပင် အဆိုပါ အလုပ်နှင့် အသက်မွေးဝမ်းကျောင်းသော မိန်းကလေးများ အယောက် ၂၀ဝ ကျော်ရှိသည်။ ရန်ကုန်မြို ့ရှိ တိတ်တိတ်ပုန်း Club များ အားလုံးပေါင်းနှင့် အနှိပ်ခန်းများ၊ KTV များ၊ စင်တင် ဘီယာဆိုင်များ၊ အထင်ကရ ကားဂိတ်နေရာများ၊ အားလုံးပေါင်းလိုက်လျင် ငွေကြေးဖြင့် အလုပ်ဖြစ်သော မိန်းကလေးများ လွန်စွာများပြားနေသည်။  ယခုတစ်လော ဝယ်သူတစ်ယောက် ရောင်းသူ တစ်ရာ ဖြစ်နေသောကြောင့် ဈေးအလွန်သက်သာပြီး တပ်ပျက်နေသည်။ ဘာကြောင့်လဲ ??? မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဆန်မှု၊ မြန်မာမိန်းကလေးပီသမှု၊ မြန်မာမြန်မာချင်းထပ်အောင် အသားကုန် အော်နေကျတဲ့ အထဲကကို ဘာလို ့ဒီလောက်များပြားလာတာလဲ။ အဓိက အဖြေကတော့ ငတ်လို ့ဖြစ်သည်။ ငတ်လျင် မြန်မာမိန်းကလေး၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာမိန်းကလေးပီသမှုဆိုတာတွေလဲ မကယ်နိုင်ပါ။ […]


nigimi77February 4, 20111min2899
အမေက အမွေပေးတဲ့ လယ်တစ်ကွက်ကို ကားနဲ ့လဲကြတယ်တဲ့။ ကျောက်ခေတ်တုံးက ငါ့မှာရှိတာနဲ ့ မင်းမှာရှိတာကို လဲကြသလိုပေါ့။ ဝမ်းနည်းစရာတော့ မရှိပါဘူး။  မိန်းကလေးတွေ အကုန်လုံး ဒီလို လုပ်နေကြတာ မဟုတ်တော့။ သူ ့လိုအပ်ချက် အတွက် ကိုယ့်အမြင်မှာ မတန်ဘူးလို ့ထင်ပေမဲ့ သူကတော့ လဲပျော်တယ်လို ့ ယူဆတယ်လေ။ ဒါဆို သူမှန်တာပေါ့။ သူ ့ရဲ  ့ လယ်ကွက်နဲ ့လဲရုံနဲ ့တော့ လွယ်လွယ်မရပါဘူး။ အခု မြန်မာပြည်ရဲ  ့လူဦးရေမှာ လယ်ပိုင်ရှင်တွေက များနေတာ။ အသပြာ ပေါနေတဲ့ ဆရာများက တွေ ့ကရာ လယ်ကိုတော့ အလဲထပ် မလုပ်လောက်ဘူး။  တခုခုထူးခြားလို ့နေလို ့သာ။သူလဲ သူ ့အရည်အချင်းနဲ ့သူ။ […]


nigimi77January 27, 20112min29013
လူတိုင်းပြောလွန်းလို ့ ရိုးအီနေသည်။  ကွမ်း ဆိုသော အရာ စားသင့် မစားသင့် နှင့် ငြင်းကြ ခုန်ကြဖူးပြီ။ ပြည်တွင်းမှာ အသာထား ဟိုနိုင်ငံတွင်ရှိစဉ်က ကြုံရဖူးသော အကြောင်းအရာတခု။   ဟိုနိုင်ငံ အထိရောက်အောင် ကွမ်းယာ ရောင်းကြသော ကျေးဇူးရှင် မြန်မာဆိုင်များကြောင့် ကွမ်းငတ်နေသော ဆရာကြီးများ တန်ဖိုးကြီးမားစွာ ပေးပြီး အားပေးကြလေ သတတ်။ တစ်ခု သော ကားဂိတ်တွင်၊ အနှီ ဆရာကြီးများ အထဲမှ တစ်ယောက်သော သူသည် ကားဂိတ်တိုင်းတွင် ပြုလုပ်ပေးထားသော အမှိုက်စွန် ့ပစ်ပုံး  အတွင်းသို ့  တဗျစ်ဗျစ်နှင့် ကွမ်းသွေးများ(တံတွေး အညစ်အကြေးများ) အား၊  အားရပါးရထွေးလေစဉ်၊  တစ်ယောက်သော အမျိုးသမီးသည်  အရေးပေါ်ဋ္ဌာနသို ့ ဖုံးဆက်ပြီး နိုင်ငံခြားသား တစ်ယောက်  ကားဂိတ်တွင် သွေးအန်နေသည်ဟု အကြောင်းကြားလေသည်…။  […]


nigimi77January 25, 20111min29710
…..ကောင်လေး  မင်းစိတ်ကူးမလွဲနဲ ့ …အကုန်လုံးက မင်းပြောတာမှားနေတယ်တဲ့။ ခေါင်းမာ မနေစမ်းပါနဲ ့။ မင်းထင်သလို အလုံးကြီး မဟုတ်ဘူးကွ… အပြားကြီး…။ (တစ်ခဲနက်…)  ဟုတ်တယ်…။ အပြားကြီး….အပြားကြီး…အပြားကြီး…။ ဟုတ်ရပါဘူးဗျာ..။ တယ်ခက်တဲ့ကောင်ပဲ။ မင်းတော့ သူများ တံတွေးခွက်ထဲမှာ မျောတော့မယ်.. မင်းအတွက် အနာဂါတ်တော့ မကောင်းတော့ဘူး…လုပ်လိုက်စမ်းပါကွာ..အများအော်နေ သလိုပဲ … အပြားကြီးလို ့……။ ဟုတ်ရပါဘူးဗျာ….။ မင်း ငရဲကြလိမ့်မယ်။  ဘုရားသခင် ဖန်ဆင်းထားတဲ့ဟာကို မင်းက အလုံးကြီးလို ့ ပြောနေတယ်..။ မင်းတစ်ယောက်နဲ ့ အများ ငါက အများဖက်ကိုပဲ လိုက်ရတော့မှာကွ…။  ပြောလိုက်စမ်းပါ.. မင်းပြောတာ မှားနေတယ်လို ့ ဒီတစ်ခါ နောက်ဆုံး အခွင့်အရေးပဲ…။ ဟုတ်ရပါဘူးဗျာ….    ဂစ်………….။ ……………………………………………………………. (၁) ဟေ့လူ […]


nigimi77January 22, 20111min35922
အချိန်ကား  2016 ခုနှစ်။ ရန်ကုန်မြို  ့တွင်း တနေရာ….။ MINI STORE တခု၏ အရှေ  ့နားတွင် လူငယ်ကောင်လေးတစ်ယောက် မယောင် မလည် လမ်းလျှောက်နေသည်။ သူ ့မျက်လုံးများက ဂဏာ မငြိမ်။  မေးစိကို ပွတ်လိုက် ဆိုးဆေးကျို  ့တို ့ကျဲတဲ ဆံပင်ကို ထိုးဖွလိုက် နှင့် အကြံထုတ်နေသည်။ တခဏနေသော် သူ  ့ကိုယ်သူ ယုံကြည်စိတ်ချသော အသွင်နှင့် ဆိုင်ထဲသို ့ ဝင်သွားတော့သည်။ အရောင်းကောင်တာတွင် ကျောင်းပိတ်ရက် PART TIME အနေဖြင့် နေ ့ဆိုင်းညဆိုင်း မိမိအားလပ်ချိန်ကို အချိန်မဖြုံးပဲ အချိန်ပိုင်းဝင်ရောက်လုပ်ကိုင်နေကြသည်။   တဖက်ကကြည့်မည်ဆိုလျင်လဲ  မိဘထံမှ လက်ဖြန် ့တောင်းရမည့် ကျူရှင်စားရိတ်၊ အသုံးစားရိတ်၊ အဝတ်အစားဖိုး၊ PHONE BILL […]


nigimi77January 22, 20111min3078
ဒါဆို သူတို ့ဆီက မှတ်ပုံတင် နံပါတ်ကို ပြုလုပ်တဲ့ စံနစ် အကြောင်းကို ပြောကြည့်ကြရအောင်။ 1 2 3 4 5 6 – 1 2 3 4 5 6 7 a b c d e f  –  g h i  j  k l m လို ့ သချာင်္ဂဏန်းတွေကို  abcd စတာတွေနဲ ့ကိုယ်စားပြုထားပါတယ်။ Dash ရဲ  ့ အရှေ  ့က ဂဏန်းတွေနေရာမှာ မွေးနှစ်လရက်တွေကို အစားထိုးပါတယ်။ ဥပမာ ၁၉၆ရ ခုနှစ် ၁ လပိုင်း ၁ဝ ရက်နေ […]


nigimi77January 22, 20111min3139
နိုင်ငံ တစ်နိုင်ငံမှာ လူတိုင်း လူတိုင်း  နိုင်ငံသား မှတ်ပုံတင်ကတ်ပြား ဆိုတာရှိကြပါတယ်။ အခြားဘယ်နိုင်ငံတွေမှာ PAPER CARD တွေသုံးနေဆဲ ဆိုတာကို မသိပေမဲ့  မြန်မာပြည်မှာတော့ အခုအထိ PAPER CARD တွေနဲ ့ ထုတ်ပေးဆဲပါပဲ။  အရင်ခေတ်ကတော့ နှစ်ခေါက်ချိုးကတ်တွေပေါ့။  ဒီကတ်ပြားပေါ်မှာ ရိုက်နှိပ်ထားတဲ့ မှတ်ပုံတင် အမှတ်တွေကို ဘယ်လို စံနစ်နဲ ့စီစဉ်ထားလဲ ဆိုတာ သာမန်ပြည်သူတွေထဲက သိတဲ့သူနည်းပါလိမ့်မယ်။ ကျွန်တော်လည်း မသိပါဘူး။  အခြားနိုင်ငံ (ကျွန်တော်သိတဲ့) မှာ လူတစ်ယောက်ရဲ ့ မှတ်ပုံတင် အမှတ်ဟာ သူ ့ရဲ ့ နေ ့စဉ် ဘဝ အရာရာနဲ ့စပ်ဆက်နေပါတယ်။ Bank  Account, Credit Card, Driver Licence, […]