nigimi77January 20, 20111min900
၅နှစ် မကလို ့ ၁ဝ နှစ်ပဲ ဖြစ်ဖြစ် ထောင်ပဲ အကျခံမယ်။ စစ်သားတော့ မလုပ်ဘူး တဲ့လား ။ အဲဒီ သကောင့်သား အထူအပါး တော်တော် နားမလည်တာပဲ။ ငါ့ကိုငါ ပြန်ပြီး မေးခွန်းထုတ်ကြည့်မယ်။ ၁။ နိုင်ငံရေး ဗဟုသုတရှိလား ? မရှိသလောက်ပဲ။ ၂။ အုပ်ချုပ်သူ လူတန်းစားနဲ ့ နီးစပ်သလား ? အနားကပ်လို ့တောင် မရဘူး။ ၃။ ပညာတတ်လား ? တစ်ပိုင်းတစ်စပဲ။ ၄။ ကိုယ်ခံပညာ တစ်ခုခု တတ်ကျွမ်းလား ? ငယ်ငယ်ကတော့ သင်ဖူးပါရဲ ့။ ၅။ အသောက်အစား ကွမ်းဆေးလိပ်ကင်းလား ? ကွမ်းကလွဲလို ့ အကုန်လုပ်တယ်။ ၆။ အချိန်ကို […]


nigimi77January 16, 20111min34910
အဆိုးမြင်ဝါဒနဲ ့ ပုတ်ခတ်တာ မဟုတ်ဘူးနော်။ ရေးသားနေတဲ့ ဆရာတွေရဲ  ့အတွေးအမြင်က ဗျုဟာ မရှိသလိုပဲ။ ပြည်သူ အကုန်လုံးနီးပါးက ဘယ်သူကဖြင့် ဘာစလုပ်မလဲဆိုတာကိုပဲ စောင့်မျှော်နေကြတယ်ထင်တယ်။ အဲဒီစောင့်မျှော်ခံရတဲ့ သူတွေကလဲ ထပ်တူထပ်မျှ ဘယ်သူကတော့ ဘာစလုပ်မလဲ ဆိုတာမျိုး မျှော်လင့်နေမှာ အမှန်ပဲ။ ဒီလိုနေရာမျိုးမှာဖွမှ လူတွေအတော်များများသိနိုင်မယ်လို ့တော့ ထင်ရတာပဲ။ တော်လှန်ရေးဆိုတာမျိုးက လျှို  ့ဝှက်ကြံစည်တာတောင်မှ ပေါက်ကြားဖို ့လွယ်ကူနေတာ။ ဒီလိုမျိူး လုပ်ဟေ့ လုပ်ဟ ချဟ စဟ ဆိုတာမျိုးက သိပ်ပြီး အသုံးမဝင်တော့တဲ့ ဆွနည်း ဖွနည်း ဗျုဟာလို ့ထင်ပါတယ်။ ပြည်သူတွေ မသိသေးတာတွေ အများကြီးပဲ။ ဒီကာလ တလျှောက်လုံးမှာလဲ စားဝတ်နေရေး လုံးပန်းနေခဲ့ရတာတွေကြောင့် ဘာမှ သိခွင့်မရှိခဲ့ဘူး။ ခင်ဗျားတို ့စဉ်းစားကြည့် ။ […]


nigimi77January 15, 20111min1982
အခု တလော စစ်မှုထမ်း ဥပဒေနဲ ့ ပတ်သပ်ပြီး တိကျခိုင်လုံတဲ့ အကြောင်းအရာ ဘာတစ်ခုမသိရသေးပါဘူး။ ဝေဖန်ချက်တွေကတော့ တော်တော်များတယ်။ ပေါက်ကရတွေရော တည်တည်တန် ့တန် ့တွေရောပဲ။ တခြားနိုင်ငံတွေမှာလဲ စစ်မှုထမ်း ဥပဒေရှိပါတယ် ။ အမျိုးသမီးတွေတော့ မဟုတ်ဘူးပေါ့။  မြန်မာတွေ အလွန် နှစ်ချိုက်နေတဲ့ ကိုရီးယား စစ်မှုထမ်း ဥပဒေအပေါ် လည်း သူတို ့လူမျိုးတွေ ဝေဖန်ကြတာတွေရှိပါတယ်။ အဲဒီ အထဲက အရင်က စစ်မှုထမ်းကာလ ၂၁လ ကနေ လီမြောင်ဘာဂ် အစိုးရက ၂၄လ (၂နှစ်) အဖြစ်တိုးမြှင့်သတ်မှတ်ခြင်း အပေါ်မှာ ငြင်းကြ ခုန်ကြတာတွေ ဖတ်ကြည့်ပါဦး။ A:)  အစိုးရက လုပ်တတ်တာ ဒါပဲရှိသလား ????????  စစ်မှုထမ်းကာလကို တိုးမြှင့်ပြီး ဘာလုပ်မလို ့လဲ […]