bigbirdJanuary 20, 20111min1210
အသက် ၃၅ နှစ်ရှိပြီး ကလေးမရှိသေးသော အမျိုးသမီးတစ်ဦးသည် ကလေးရရန်အတွက် မိမိယုံကြည်ရသော နတ်တစ်ပါးထံတွင် သွားရောက်တောင်းဆိုခဲ့ရာမှစ၍ ကိုယ်ဝန်ရှိလာခဲ့ကြောင်း၊ ထိုကိုယ်ဝန်အား ဆရာဝန်နှင့် သွားရောက်အပ်နှံရာတွင် ဆရာဝန်ဖြစ်သူက အထဲတွင်ကလေးမရှိ ဟုဆိုရာ မိမိတို ့ဇနီးမောင်နှံမှာ မယုံကြောင်း၊ ကိုယ်ဝန်စလွယ်သည့် အချိန်မှစ၍ ဗိုက်ကြီးသည်များ ဖြစ်လေ့ဖြစ်ထ ရှိသောအရာများအားလုံး မိမိတွင်ဖြစ်ခဲ့ကြောင်း၊စီးပွားရေးလဲ တိုးတက်ကောင်းမွန်လာ ကြောင်း၊ ကိုယ်အလေးချိန်မှာ ယခင် 60 Kg ရှိရာမှ ယခု 89 Kilograms ထိရှိလာကြောင်း။ ၁၉ လရှိပြီးဖြစ်သော ထိုကိုယ်ဝန်အား ဆရာဝန်များမမွေးပေးပါက သူ ့အလိုလိုမွေးဖွားလာချိန်ထိ စောင့်စားသွားမှာဖြစ်ကြောင်း၊ ဆရာဝန်များ၏ ဆုံးဖြတ်ချက်မှာ ဗိုက်ထဲတွင် ကလေးမရှိကြောင်း၊ ရေ များသာတွေ ့ရှိကြောင်း ၊ ရောဂါတစ်ခုခုကြောင့် ထိုကဲ့သို ့ဖြစ်ရကြောင်း ယနေ […]


bigbirdJanuary 20, 20111min25911
ဘရာဇီးနိုင်ငံတွင် လူပေါင်း ၆၆၅ ဦးသေဆုံးခဲ ့ပြီးဖြစ်သော မြေပြိုကျမှ ုသဘာဝဘေးအန ္တရယ်တွင် ပါဝင်ခဲ ့ သူ ခရစ်စတီးယား မာလီယား၏ အလောင်းအားမြှုပ်နှံထားစဉ်  မိမိသခင်၏မြေပုံအနီး ဘယ်မှမသွားပဲ ထိုင်စောင့်လျှက်ရှိသော  ( လေးယိုး) အမည်ရှိ ခွေးကလေးတစ်ကောင်အား သနားစဖွယ် တွေ ့ရှိရ ကြောင်း။    တွေ ့ရမြင်ရသူအပေါင်း ဝမ်းနည်းစိတ်မကောင်းဖြစ်ကြရကြောင်း  AFP သတင်းဌာနက  January 19 ရက်နေ ့တွင် ဖော်ပြပါရှိပါသည်။


bigbirdJanuary 20, 20111min43334
  ထိုင်းနိုင်ငံ နောင်းခိုင်မြို ့တွင် အနီးအနားရှိ ဒေသခံများ၏တိုင်တန်းချက်အရ  ဇရပ်တစ်ခုအား ရဲတပ်ဖွဲ ့မှ ရုတ်တရက် ဝင်ရောက်ရှာဖွေရာတွင် စိတ်ကြွဆေးပြားများနှင့်အတူ ကိုယ်လုံးတီးကာမဆက်ဆံ နေဆဲရှိသော ဘုန်းကြီးတစ်ပါးနှင့် အမျိုးသမီးတစ်ဦးတို ့အား ဖမ်းစီးရမိခဲ ့ကြောင်း ယနေ ့ထုတ် www.khaosod.co.th   သတင်းဌာန တွင် ဖော်ပြပါရှိပါသည်။  အဆိုပါဘုန်းကြီးသည် အသက် ၅ဝ ရှိပြီး စိတ်ကြွဆေးပြားများ လက်ဝယ်ထားရှိကာ ဝယ်ယူသုံးစွဲရန် ပိုက်ဆံမပေး လိုသော အမျိုးသမီးများ တစ်ခေါက်လျှင် ဆေးနှစ်လုံး ဖြင့် ကာမဆက်ဆံမှ ုနှင့် လဲလှယ်ရ ကြောင်း ပါရှိပါသည်။


bigbirdJanuary 18, 20111min31215
ထိုင်းနိုင်ငံရှိ ဘုန်းကြီးနှစ်ပါး မိမိကိုယ်တွင်ထိုးထားသော ဆေးမှင်ကြောင်များ၏ အစွမ်းသတ္တိ ကိစ္စနှင့် ပတ်သတ်ပြီး စကားများရန်ဖြစ်ကြရာမှ တစ်ပါးနှင့် တစ်ပါး ဓါးဖြင့် လိုက်ခုတ်ကြရာ အသီးသီး ဒဏ်ရာရရှိပြီး ဆေးရုံသို ့ပို ့ဆောင်လိုက်ရကြောင်း ယနေ ့ထုတ် Thairath သတင်းစာတွင် ဖော်ပြပါရှိပါသည်။ ထိုအမှ ုအား ထိုင်းနိုင်ငံ သာသနာသန် ့စင်ပြန် ့ပွားရေးဌာန နှင့် ရဲတပ်ဖွဲ ့တို ့က ပူးပေါင်းစစ်ဆေးလျှက်ရှိကြောင်း ပါရှိပါသည်။


bigbirdJanuary 9, 20111min2105
̏̏̏ အလှဆုံးသာပ အားလုံးရယ်တဲ့ငှက်များတွင် ရွှေဥဒေါင်းရယ်လို ့ ငြိမ့်ညောင်းတွန်သံသာလှ ဆန်းကြယ်စွာစိတ်ကြည်နူးအောင် ထူးတဲ့အသွင် နေမင်းနွယ်ဆွေဘုရားရယ်လို ့ ဝေတင့်တယ်အသရေခြားသည်ဟု ငွေများမှာတဲ့ တံဆိပ်တင် နမိတ်မြင်ကမင်္ဂလာရှိ မြန်မာနွယ် ကမ္ဘာဝယ်ထင်အလင်းသာပ ဆင်မြင်းဗိုလ်ပါရံလို ့ မြကတန်သီဟာစိုးစဉ်က ဒေါင်းအလံ စိုက်ကာထိုးကြတယ် ဖိုးထိုက်ပါဘိ။˝˝ ၅တန်းကျောင်းသားဘဝတုန်းက ကဗျာလေးကိုပြန်ပြီး သတိရမိလို့ ့မေ့နေတဲ့သူတွေအတွက် ရေးလိုက်မိပါတယ်။ လူတိုင်းအတိတ်ကိုမမေ့နိုင်ကြပါဘူး။ အမြဲတမ်းမဟုတ်ပေမယ့်တိုက်ဆိုင် တဲ့အခါတိုင်း ပြန်ပြီးသတိရတက်ကြပါတယ်။ ဒါနဲ ့ကျနော်လည်း အတိတ် ကိုပြန်သတိရမိတယ်ဆိုပါတော့။ ကျနော်က ၆နှစ်မှကျောင်းနေရပါတယ်။ ၅နှစ်ပြည့်ဖို ့ လအနည်းငယ်လိုနေသေးလို ့ကျောင်းအုပ်ကြီးက လက်မခံ ပါဘူး။ မှက်မှက်ရရ သူငယ်တန်းတုန်းက ကျောင်းမှာ တတိယဆု ရခဲ့ပါ တယ်။ အဲ့ဒီနောက်ပိုင်းတော့ ဘယ်လိုဖြစ်လဲမသိဘူး စာညံ့ခဲ့တာ ၄တန်း အထိပါပဲ။ ၈ […]


bigbirdJanuary 3, 20111min30013
အားလုံးမင်္ဂလာနှစ်သစ်ပါ.ကျနော် ငှက်ကြီး ပါ၊မန္တလေး ဂေဇက်ကိုနေ ့တိုင်းလိုလိုဝင်ရောက်ဖက်ဖြစ်ပါတယ်။ကျနော် ကစာဖက်ဝါသနာပါတယ်၊၊မဝေ၊ဆူး၊ကိုပေါက်၊နေဝန်းနီ၊ ကိုရင်မောင်၊ကိုကြောင်ကြီး၊အစရှိတဲ့ ကလောင်ရှင်တွေကို မတွေ ့ဘူးပေမယ့် သူတို ့ရဲ ့ပိုစ့်တွေကိုဖက်ရင်းနဲ ့ရင်းနှီးသ လိုရှိနေပါပြီး၊ဖက်တာများလာတော့ရေးချင်တဲ့စိတ်လေးပေါ် လာပါတယ်။ဒါနဲ ့ပဲရေးဖြစ်တယ်ဆိုပါတော့၊ကျနော်ကထိုင်း နိုင်ငံမှာအလုပ်လုပ်ပါတယ်၊ဒီတော့ ထိုင်း ကမြန်မာတစ် ယောက်ရဲ ့ခံစားချက်နဲ ့ပက်သက်တာကိုပဲစာဖွဲ ့မိတယ်ဆိုပါ တော့၊ဒီမှာ ည၈နာရီခွဲလောက်ဆို တီဗီလိုင်းတိုင်းလိုလို စီးရီး ဇက်လမ်းတွဲတွေလွှင့်ပါတယ်။ထိုင်းစီးရီးတွေပါ၊ tv တွေမှာ korea ထက် thai ကိုပိုပြီးဦးစားပေးတာတွေ ့ရပါတယ်၊ အလုပ်ပြီးထမင်းစားပြီးရင် tv ကြည့်ဖြစ်ပါတယ်၊နေတာကြာ ပြီးဆိုတော့အားလုံးကိုနားလည်နေပါတယ်၊ကြည့်ရင်းနဲ ့သတိ ထားမိတာတစ်ခုရှိလာတယ်၊ဇက်လမ်းတွေထဲမှာအိမ်ဖော်အ ခန်း၊အခိုင်းစေ၊အစေခံနေရာတွေမှာဆိုရင်မြန်မာတွေအဖြစ် အသုံးပြုလာတာတော်တော်များများတွေ ့လာပါတယ်၊ထိုင်း တွေကသရုပ်ဆောင်ကြတာပါ၊သရုပ်ဆောင်တွေဟာမြန်မာ တွေလိုမပီတပီပြောပြီးသရုပ်ဆောင်နိုင်လေပိုပြီးငှားကြလေ ပါပဲ၊တစ်ချို ့ကားတွေမှာသနက်ခါးဘခွက်ကြားလေးတွေပါ  ပါလိုက်သေးတယ်၊မမလေး အကိုလေး စသည်ဖြင့်တရိုတ သေခေါ်ဆိုပြီးဒူးထောက်ခစားကြရပါတယ်၊ကျနော်တို ့ငယ် ငယ်တုန်းကမြန်မာကားတွေမှာ […]