တိုင်းပြည်ကို လူမဆန်စွာ ရက်ရက်စက်စက် အုပ်ချုပ်ခဲ့သည့် ချစ်လှစွာသော မဟာခေါင်းဆောင် ကြောင်ကြီး သေလေပြီ။ လူမဆန်ဆို ၎င်းသည်ကြောင်တကောင် ဖြစ်သောကြောင့်တည်း။ သူ့လက်ထက်တွင် လူ့အခွင့်အရေး မပြောနှင့် ကြောင်များမှလွဲ၍ အခြားတိရိစာ္ဆန်များလည်း အခွင့်အရေးမရပေ။ လူများကဲ့သို့ အဖိနှိပ် အခံရဆုံးကား ခွေးများဖြစ်သည်။ တိုင်းပြည်တွင် ခွေးအရိပ်အယောင် ခွေးသံမကြားရ၊ ယုတ်စွအဆုံး ဟဲ့သောက်ခွေး၊ ခွေးမသား စသော အသုံးအနှုန်းများကိုပင် ပြင်းထန်စွာ တားမြစ်ထားသည်။ လူများကိုလည်း ကြောင်နှင့်တူစေရန် လေ့ကျင့်ပေးထား၍ တိုင်းပြည်ရှိလူအားလုံး အူကြောင်ကြောင် ဖြစ်နေပြီး ဝန်ထမ်းများမှာ အဆိုးဆုံးဖြစ်သည်။ ရာထူးမြင့်လေ ပိုကြောင်လေဖြစ်သည်။ ထိပ်ပိုင်း အရာရှိကြီးများကား ကြောင်သည့်အပြင် ဖားလည်းဖားကြသောကြောင့် ကြောင်ဖားများဟု အမည်တွင်သည်။ 🙄 ကြောင်ကြီး ဘုန်းတန်ခိုး နေလတောက်ပချိန်တွင် လက်ညှိုးညွှန်ရာ ငါးကြော် ဖြစ်ခဲ့သည်။ ဒီမိုကရေစီ […]