domestic-maid.jpg

သာမန်အားဖြင့်တော့ အခုလို သတင်းတပုဒ်လုံးကို ကျနော်ကူးယူဖော်ပြလေ့ မရှိပါဘူး။ မူရင်းတင်ပြသူရဲ့ ကြိုးစားမှုကို လေးစားသောအားဖြင့်ပါ။ ပြီးတော့ ခွင့်လည်းမတောင်းနိုင်လို့ပါ။ ဒါပေမဲ့ အခုသတင်းကတော့ မြန်မာပြည်၊ မြန်မာယဉ်ကျေးမှုသည် သူတကာထက် သာလွန်တယ်မြတ်တယ် ဆိုသူများ သတိချပ်ဖို့ပါ။ သိထားဖို့က လူတိုင်းဟာ အခြေခံအတူတူပဲမိုလို့ ငါတို့ဗီဇက သူများထက် ပိုသာပိုကောင်းတယ်ဆိုတဲ့ စိတ်မထားကြဖို့ပါ။ ပတ်ဝန်းကျင်အခြေအနေ၊ အုပ်ချုပ်မှုစနစ်၊ ပွင်လင်းလွတ်လပ်မှု စတာတွေက တိုးတက်ပြောင်းလဲမှု သာလွန်ထူးမြတ်မှုကို ပေးသွားတာပါ။ http://moemaka.com/index.php?option=com_content&task=view&id=8100&Itemid=1 မိုးမခမီဒီယာမှ တဆင့်ကူးယူပါသည်။ မူရင်းဇစ်မြစ်ကတော့ ဒီဗွီဘီကပါ။ အေးနိုင်/DVB ဇန်နဝါရီ ၂၈၊ ၂ဝ၁၁ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၃ နှစ်ခန့်က အသက် ၉ နှစ်သမီး အရွယ်သာ ရှိသေးတဲ့ မတင်တင်အေးဟာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း လူစည်ကားရာ ဈေးရှေ့က […]

88709119.gif

ရွာသားအပေါင်းတို့ ကျုပ်တို့ရဲ့ဘော်ဒါ အန်တီဆူးနဲ့အန်တီဝေတို့ရဲ့ ဆိုက်ကို ကျားသစ်မဲကနေ ဟက်ထားတယ်။ အခုပဲသူ့တို့ဆိုက်ကို တက်လိုက်တော့ this site hacked by black jaguar ဆိုပြီးကစားနေနဲ့ လူမျက်လုံးပုံပေါ်နေတယ်။ သူတို့ဆိုက် လိပ်စာက http://www.sueweiwei.com/ ဘာပဲဖြစ်ဖြစ် အကြံညဏ် အားပေးစကားများ ပြောလိုက်ကြပါအုံး။ ကျုပ်ကတော့ အားပေးတာကလွဲလို့ ဘာမှမပြောတတ်ဘူး။

3kings.jpg

Monday, January 24, 2011 ဒီနေ့ဧရာဝတီဘလော့မှာ တင်ထားတဲ့ ကာတွန်းလေးတပုဒ် ကောင်းလွန်းလို့ ဝေမျှပါတယ်။ တခါထဲ လင့်ခ်လည်းပေးထားပါတယ်။ ခွင့်ပြုချက်ကိုလည်း ဒီနေရာကပဲ တောင်းလိုက်ပါတယ်။ ခရက်ဒစ်ကတော့ http://www.irrawaddyblog.com/2011/01/blog-post_24.html မင်းသုံးပါးလည်း ဝစ်သောက်ကားပဲ စောင့်ဖမ်းတော့မယ်တဲ့ (ခေါင်းစဉ်လေးပါ) Ko Mt ရဲ့ ဖေ့စ်ဘုခ်က ယူပါတယ်။ ကာတွန်းအော်ပီကျယ်လည်း တက်ဂ်ထားတာတွေ့ပါတယ်။

80-20.jpg

80/20 rule ဆိုတာကို ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ မန်နေဂျာ၊ စာရင်းကိုင် စာရင်းစစ်များ သုံးလေ့သုံးထ ရှိပါတယ်။ ၁၀၀%ကို အခြေခံတဲ့ လုပ်ငန်းသုံး ဝေါဟာရဖြစ်ပြီး ပြောရရင် အနည်းစု အရေတွက်၂၀%သည် အများစု အရည်အချင်း၈၀% ကိုဆောင်တဲ့ သဘောပါ။ ပြောလေ့ပြောထ ရှိတာကတော့ ဘယ်မှာမဆို ယေဘူယျ မှန်တယ်လို့ ဆိုပါတယ်။ မိမိ ကုန်ပစ္စည်းလိုင်း ၂၀%သည် လုပ်ငန်း၏ အရောင်း၈၀%၊ ကြီးစဉ်ငယ်လိုက် အသုံးစရိတ် ၂၀%သည် စုစုပေါင်း၏ ၈၀%၊ ဝန်ထမ်း သို့မဟုတ် ဖောက်သည်များ၏ ၂၀%သည် စုစုပေါင်းအလုပ် သို့မဟုတ် ဖြုန်းအား၏ ၈၀% စသဖြင့် အနည်းစုက အများစုသောဝန်ကို ထမ်းပေးခြင်း နိယာမတခုပါ။ ဟုတ်ရင်တော့ ကျုပ်တို့ရွာမှာလည်း ၂၀%သော မင်န်ဘာများသည် ဆိုက်အသုံးပြုမှုရဲ့၈၀%ရှိမယ်လို […]

satan.jpg

တလောက အင်တာနက်ဆိုက်တခုမှာ မာရ်နတ်အကြောင်း မေးတာတွေ့လို့ မာရ်နတ်သည် နတ်ကောင်းလား၊ နတ်ဆိုးလားဆိုတာ ရှာဖွေစပ်စုမိပါတယ်။ နတ်ခြင်းတူမတူ မသိပေမဲ့ မာရ်နတ်လိုမျိုး အစွမ်းဆုံး နတ်ဆိုးမျိုးသည် ဘာသာတိုင်းမှာ ရှိပါတယ်။ ခရစ်ယာန်လိုစေတန်၊ မွတ်စလင်မှာရှိုက်တန်၊ အခြားဘာသာတွေမှာလည်း နာမည်တမျိုးမျိုးနဲ့ ရှိပါတယ်။ ပစ္စုပ္ပန်ဝါဒီများကတော့ ဆိုးသွမ်းတဲ့စိတ်လို့ ဆိုမယ်ထင်ပါတယ်။ သူတို့ကိုတော့ ဒီပို့စ်မှာဘေးမဲ့ လွှတ်ထားပါတယ်။ မှတ်မိသလောက် မာရ်နတ်သည် နတ်ပြည်ခြောက်ထပ်မှာ အပေါ်ဆုံးနတ်ပြည်က (နာမည်မေ့) နတ်သားပါ။ အဲဒီနတ်တွေက ဘယ်လောက်စွမ်းသလဲဆို ရထားတဲ့ စည်းစိမ်ခံစားမှုတွေအပြင် မိမိ အလိုရှိရာကို တောင့်တလိုက်ရုံမျှနဲ့ ပြည်စုံပါတယ်။ ဖန်ဆင်းဖို့တောင် မလိုတော့တဲ့သဘောပါ။ (သူ့ထက်နိမ့်တဲ့ နတ်တမျိုးက လိုရာပြည့်စုံဖို့ ဖန်ဆင်းရသေးတယ်၊ ကျန်အောက်ဖက် လေးထပ်က နတ်တွေကတော့ ရှိထားတဲ့စည်းစိမ်ကိုပဲ စံစားရပါတယ်။ အကြမ်းမျဉ်း နားလည်ထားတာပါ)။ အမေးပုစာ္ဆမှာ အသောကမင်းကြီးရဲ့ […]

bcake.jpg

အမေစုအိမ်မှာ အိမ်တာနက် တပ်လိုက်ပြီလို့ မိုးမကမီဒီယာကမှာ ဖတ်ရပါတယ်။ ဖေ့စ်ဘွတ်တို့ တွစ်တာတို့တော့ မသုံးသေးကြောင်း၊ လောလောဆယ် အမေစု ချောင်းဆိုးနေမကောင်းဖြစ်နေလို့ ရိုးရိုးအင်တာနက်ပဲ သုံးသေးကြောင်း သိရပါတယ်။ ပုံထဲက မွေးနေ့ကိတ်ကတော့ နှစ်ပေါင်းများစွာ ကျော်လွန်ဖြတ်သန်းခဲ့ရတဲ့ အထီးကျန်မွေးနေ့များအတွက် အဝေးရောက်ကြောင်ကြီးရဲ့ မပေးလိုက်ရတဲ့ မွေးနေ့လက်ဆောင်ပါ။ အမေလည်း စားစရာမလိုလို့ ကျန်းမာရေးနဲ့ညီညွတ်၊ ကျနော်လည်းပွိုင့်၈ဝရ လို့ဟန်ကြပါတယ်။ မိတ်ဆွေတို့လည်း ဘုရားလည်းဖူးလိပ်ဥလည်းတူး အမေ့အတွက် ဆုမွန်ကောင်းခြွေရင်း ငွေ၁ဝလည်းရအောင် ကွန်မန့်လေးရေးပေးသွားကြပါလား။ အမေ့ကိုလည်း ဒီမှာတင်ထားတဲ့ ကိတ်မုန့်ကို သုံးဆောင်ရင်း သဂျီးနဲ့ရွာသူရွာသားများရဲ့ စေတနာ မေတ္တာကို ခံစားသွားဖို့ သူနဲ့နီးစပ်သူများ ပြောပေးကြပါအုံး။ (အမေ့ကိုမုန်းတဲ့ကောင်တွေ မင်းတို့သောက်စာလုံးတွေကို မဖတ်ချင်ဘူး၊ လာမရှုပ်ကြနဲ့ ကြားလား)။ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် တပ်ဆင်သည့် အင်တာနက်လိုင်း နံပတ်မှာ ဝ၀၀၀၁ ဖြစ်ကြောင်း၊ ထိုနံပါပတ်ကြောင့် […]

cat_mouse.jpg

ဖော်ဝဒ်မေးလ်ကနေ တဆင့်ရထားတဲ့ အန်အယ်ဒီပါတီခေါင်းဆောင်ဒေါ်စုနဲ့ အာဏာရှင်စနစ်လိုလားသူ ဦးနေဝင်းမောင်တို့ရဲ့ တွေ့ဆုံပွဲမှတ်တမ်း ဆိုတာလေးကို ဝေမျှလိုက်ပါတယ်။ ၁။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျွန်တော့်အား အစိုးရကစေလွှတ်သည်ဟု ယူဆနေမည်စိုး၍ ကျွန်တော်သည် Interlocutor ဖြစ်ချင်သူသာဖြစ်ပြီး Interlocutor မဟုတ်ကြောင်း မိမိအကြောင်း အတိုချုပ်ပြော၍ မိတ်ဆက်ပါ သည်။ ၂။ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့၏ အခြေအနေတိုးတက်မြင့်မားလာရေးအတွက် ကိုယ်တိုင်စီမံခန့် ခွဲခွင့်ရရေး၊ တပ်မတော်ခေါင်းဆောင်များနှင့် Dialogue စသည်များကို မစောင့်ဘဲ မိမိဘက်မှ တစ်ဖက်သတ်နိုင်ငံတည်ဆောက်ရေး ကိုကူညီသင့်ပါကြောင်း ပဏာမပြောကြားရာတငွ ် ဒေါ်အောင်ဆန်းစုကြည်က ““အန်တီပြောနေတာ အန်တီတို့နဲ့ ပေါင်းလုပ်ဖို့ဆို တာထက် နိုင်ငံတည်ဆောက်ရေးမှာ ပြည်သူမပါလို့မရဘူး။ ပြည်သူလူထုထောက်ခံမှုမရှိလို့မရဘူး။ ဒါကြောင့် ပြည်သူလူထုထောက်ခံမှုရအောင် လုပ်ပါလို့သာပြောနေတာပါ။ ကိုယ်တိုင်စီမံခန့်ခွဲခွင့်ရမှဆိုတာ မဟုတ်ပါဘူး”” ဟု ရှင်းပြပါသည်။ ၃။ တပ်မတော်သည် သံသယကြီးအောင် […]

catincage.jpg

အခုတလော ရွာထဲမှာ၊ မြန်မာမီဒီယာ သတင်းဝက်ဘ်ဆိုက်တွေမှာ ဘုန်းကြီးတပါးဦးစီးတဲ့ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းနဲ့ ပတ်သက်လို့ လူပြောအတော်များပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံလည်းဖြစ်၊ ဘုရားဟောနဲ့ မအပ်ဘူးလို့ယူဆတဲ့ သင်ကြားမှု ပုံစံကြောင့်လည်း အတော်များများက အလွယ်မှတ်ချက်ပြုတာတွေ ဖတ်ရပါတယ်။ အများစု မှတ်ချက်တွေမှာ သာသနာကို ဖျက်စီးတယ်၊ ဘုန်းကြီးမပီသဘူး၊ စစ်တပ်နဲ့နီးစပ်တယ် (ဒါတော့ ကျနော်လည်းပါတယ်)။ အဲသည်လိုကြေးဆို ဗေဒင် အကြားအမြင်၊ ဆေး အင်းအိုင်လက်ဖွဲ့၊ ဝိဇ္ဇာဂန္ဓာရီ ဘုန်းကြီးများလည်း မလွတ်ပါဘူး။ သူတို့ကြတော့ အင်တာနက်မီဒီယာ ပရိတ်သတ်ရဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်တာ သိပ်မတွေ့ရပါဘူး။ နှစ်ပေါင်းများစွာ မြန်မာ့ယဉ်ကျေးမှုနဲ့ အသားကျနေလို့လည်း ဖြစ်နိုင်ပါတယ်။ အခုသင်တန်းကတော့ အသစ်ဖြစ်နေလို့ ပွက်လောရိုက်သွားသလား မသိပါဘူး။ ကျနော်ပြောချင်တာ ဂဃဏနမသိသေးဘဲ ဘုန်းကြီးတပါးကို လက်လွတ်စပယ် ဝေဖန်မှုကိုပါ။ ဘုရားဟော ဝစီဗေဒထိတိုင်းရှဆိုတာ […]

Alaungpaya-message.jpg

အခုဖော်ပြထားတဲ့ သဝဏ်လွှာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွန်စွာနှစ်ထောင်း အားရတော်မူလို့ သူလည်း အမေရိကန်သမ္မတ အိုဘားမားဆီကို ပုံစံတူ မိတ်ဖွဲ့စာတစောင် ပို့မယ်လို့သိရပါတယ်။ သူကအလောင်းဘုရားထက် ပိုမှာကတော့ တွင်းထွက်သယံဇာတ ပိုင်ဆိုင်မှုများအပြင် ကိုယ်ပိုင်ဓနဥစ္စာ အမေရိကန်ဒေါ်လာနှစ်ဘီလျံကျော်တောင် ချမ်းသာတယ်ဆိုတာပါပဲ။ ဟေး…ဒါမှာဒို့မြန်မာကွ… သက္ကရာဇ် ၁၇၅၆ ခုနှစ်လောက်တုန်းက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ကနေ ဒုတိယမြောက် ဂျော့ရှ်ဘုရင်ဆီကို ပို့တဲ့ ရွှေသဝဏ်လွှာကို ဧရာဝတီဘလော့မှာ ဇာနည်မာန်က ဘာသာပြန်ဆို တင်ပေးထားတာကို ဝေမျှလိုက်ပါတယ်။ ဒီကနေပဲ သူ့ကိုခရက်ဒစ်ပေးရင်းနဲ့ ကူးယူခွင့်တောင်းလိုက်ပါရစေ။ http://www.irrawaddyblog.com/2011/01/blog-post_15.html အပြည့်အစုံကိုတော့ ပေးထားတဲ့လင့်ခ်မှာ သွားကြည့်ကြပါ။ ဘာသာပြန်ဆိုသူများ ပြုလုပ်သူ subjectနဲ့ ပြုလုပ်ခံရသူ object တို့နေရာ အထားအသို လွဲများလွဲနေသလားလို့။ 😀 “ဘုန်းတန်းခိုး အာနုဘော်နှင့် ပြည့်စုံကြွယ်ဝသော ရေမြေ့သခင်၊ မင်းများ၏ […]

lottery.jpg

ပင်မလာအိုင်ဗွီဆိုသူ အမျိုးသမီးဟာ သူမထီထိုးစဉ် စတိုးအရောင်းစာရေးက ထီလက်မှတ်တန်ဖိုးကို မတော်တဆ မှားယွင်းပြီး ဆတိုးမြှင့် လိုက်မိတာကြောင့် ထီပေါက်သွားတဲ့အခါ မူလဆုကြေးထက် လေးဆ ပိုရသွားသည်။ ကင်တပ်ကီပြည်နယ် ဂျော့တောင်းမြို့မှာ သူမထီထိုးစဉ် လက်မှတ်တန်ဖိုး ၅ဒေါ်လာကနေ ၁ဝလာသို့ နှစ်ဆတက်သွားမဲ့ Megaplier ဆတိုးဂဏန်းကို မထည့်ခိုင်းခဲ့ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ဆိုပြီး ထီလက်မှတ်ကိုဝယ်ခဲ့သည်။ အိုင်ဗွီပေါက်တဲ့ ဒုတိယဆုရဲ့ ပုံမှန်ဆုကြေးတန်ဖိုးဟာ ဆတိုးဂဏန်းမပါရင် ဒေါ်လာ၂၅၀၀၀ဝ ဖြစ်ပေမဲ့ ဆတိုးဂဏန်းကြောင့် သူမအခွန်ဆောင်ပြီး ဒေါ်လာ၆၉၀၀၀ဝ ရရှိသွားသည်။ ပေါက်ဂဏန်းထွက်ပြီး နှစ်ရက်အကြာ သူမထီပေါက်တယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ ဒူးထောက်ပြီး ဘုရားသခင်ကို ချီးမွှမ်း ထောပနာပြုလိုက်မိတယ်လို့ သူမကပြောသည်။ ထီဆုကြေးငွေကို သူရဲ့သား ကောလိပ်ကျောင်းဖိုးရယ်၊ ပေးစရာရှိတဲ့ ငွေတောင်းခံလွှာတွေ ပေးဖို့နဲ့ တချို့တဝက်ကို ဘုရားကျောင်းကို လှူမယ်လို့ပြောသည်။ http://news.yahoo.com/s/yblog_thelookout/20110112/us_yblog_thelookout/clerks-error-wins-woman-1-million-in-lotto […]

draft-service.jpg

မြန်မာနိုင်ငံမှာ စစ်အစိုးရက စစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းလိုက်ပြီလို့ သတင်းဌာနများက ဆိုပါတယ်။ ထုံးစံအတိုင်း တရားဝင်တော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကောင်းကင်က ကြယ်တာရာ နက္ခတ်များမစုံသေးလို့ ဖြစ်ပုံရပါတယ်။ ကနဦးတုံ့ပြန်ချက်တွေအရ ၂၀၀၈ နာဂစ် အခြေခံဥပဒေမှာ ပြဌာန်းထားလို့ ခေါ်ယူတော့မဲ့ မဲခိုးလွှတ်တော်ကသာလျင် ပြဌာန်းပေးရမှာလို့ ပြောတာဖတ်ရပါတယ်။ အားလုံးလိုလိုက လက်ညိုးထောင်ခေါင်းညိမ့် လုပ်မဲ့အတူတူ လွှတ်တော်အမတ်များ လက်ညောင်း ဇက်ညောင်း သက်သာအောင် အချုပ်မှူးးကြီးက စေတနာနဲ့ ကြိုတင်ဆောင်ရွက်ပေးလိုက်ပုံ ရပါတယ်။ ယောက်ျားလေးဆိုအသက်၁၈နှစ် ကနေ ၄၅နှစ်အထိ၊ မိန်းခလေးဆို အသက်၁၈နှစ်ကနေ ၃၅နှစ်အထိ ၂နှစ်မှ၃နှစ်အကြာ စစ်မှုထမ်းရမဲ့စနစ်ဖြစ်ပါတယ်။ ပျက်ကွက်မယ်ဆိုရင်တော့ ထောင်ဒဏ်၅နှစ်အထိ ကျခံရပါလိမ့်မယ်။ တချို့ကတော့ တိုင်းပြည်ကာကွယ်ဖို့ နိုင်ငံသားတိုင်း စစ်ပညာတတ်ရန် နိုင်ငံတကာ ကျင့်သုံးနေတဲ့ စံညွှန်းဖြစ်တယ်။ ဒါပေမဲ့ နယ်စပ်ဒေသက […]

fire.jpg

လူတွေဟာ ကိုယ်နားမလည်တဲ့ အရာတွေနဲ့ ထိတွေ့ဆက်ဆံရတော့မယ်ဆိုရင် ဇဝေဇဝါ ဖြစ်စိတ်ကနေ စိုးရိမ်ထိတ်လန့်မှုအထိ အမျိုးမျိုး ဖြစ်တတ်ကြပါတယ်။ အသစ်တွေက သိပ်ခေတ်မှီ၊ အသုံးပြုသူကိုယ်၌က ရိုးစင်းလွန်းနေရင် ပိုဆိုးပါတယ်။ လူအများစုဟာ လက်ရှိကျင့်သားရနေတဲ့ နည်းပညာ၊ စည်းမျဉ်းဥပဒေ၊ ပတ်ဝန်းကျင် စတာတွေနဲ့ပဲ နေထိုင်သွားလိုကြပြီး အပြောင်းအလဲကို များသောအားဖြင့် အခြေအနေတရပ်က မဖြစ်မနေတွန်းပို့မှ ရွေ့ချင်ကြပါတယ်။ အပြောင်းအလဲ ပုံစံတွေထဲမှာ နည်းပညာ အပြောင်းအလဲက အသိသာဆုံး ဆန့်ကျင်ခံရမှု အနဲဆုံး ဖြစ်ပါလိမ့်မယ်။ ရုပ်ဝတ္တုဆန်တာကိုး၊ ဒါတောင် လုပ်ငန်းသုံး ပင်မဆော့ဖ်ဝဲလို့ စစ်စတမ်ပိုင်းဆိုင်ရာ ကြီးကြီးမားမား အပြောင်းအလဲမျိုးဆို ပြောင်းချင်သူ ဆရာများရော လက်တွေ့ထိတွေ့ရသူများပါ အတော်ခေါင်းစား ရပါတယ်။ မြန်မာပြည်မှာ ၂၀၀ဝခုနှစ်နောက်ပိုင်းမှ မိုဘိုင်းဖုံးလေးတွေ ခေတ်စားလာတာပါ။ အဲဒီအရင်က မရှိဘူးမဟုတ် ရှိတယ်၊ ဒါပေမဲ့ အရပ်ထဲရွာထဲမှာ […]

lotto-drawer.jpg

http://www.sagarwarmyae.org/?p=8558 အမေရိကန်ဒေါ်လာ ၃၈ဝသန်းတန် မီဂါမီလျံထီလက်မှတ် ပေါက်မဲနှစ်စောင်ပိုင်ရှင်တွေကို စနိုုးတွေဖုံးလွှမ်းနေတဲ့ ပစိဖိတ် အနောက်မြောက်ဒေသက ၁၂၅မိုင်လောက်စီ အချင်းချင်းကွာဝေးတဲ့ မြျိ့ငယ်လေးမှာ ဗုဒ္ဓဟူးနေ့က ရှာဖွေတွေ့ရှိလိုက်ပါပြီ။ ပေါက်မဲလက်မှတ်တစောင်ကို ဝါရှင်တန်ပြည်နယ် အရှေ့ပိုင်းရှိ ဆူပါမားကက်တခုမှာ ရောင်းခဲ့ပြီး နောက်တစောင်ကိုတော့ အိုင်ဒါဟို ပြည်နယ်ရဲ့ ပို့စ်ဖေါမြို့လေးမှာ ရောင်းခဲ့သည်။ အငြိမ်းစားတဦးက ဝါရှင်တန်မှာပေါက်တဲ့ ထီလက်မှတ်ကို ဝယ်ခဲ့ပြီး ကြာသာပတေးနေ့မှာ သူ့မိသားစုနဲ့အတူ ဆုလက်မှတ်ကို တင်ပြတောင်းခံပါမယ်။ ဒါပေမဲ့ အခုချိန်ထိ အိုင်ဒါဟိုပြည်နယ်က တဦးတယောက်မှ ပေါက်မဲလက်မှတ်ကို တင်ပြတောင်းခံလာခြင်း မရှိသေးပါဘူး။ ပေါက်မဲတစောင်ကို အမေရိကန်ဒေါ်လာ ၁၉ဝသန်းစီတန်ပြီး၂၆ကြိမ်ခန့် အရစ်ကျနှစ်စဉ် ရရှိမှာဖြစ်သည်။ ထီဆုကြေးသမိုင်းမှာ ဒုတိယအများဆုံးဖြစ်လို့ နိုင်ငံတဝှန် စိတ်ဝင်စားမှု အကြီအကျယ်ခံရပြီး ပြည်နယ် ၄၁ပြည်နယ်နှင့် မြို့တော်ဝါရှင်တန်ဒီစီရှိ လူထောင်ပေါင်းများစွာဟာ ထီလက်မှတ်ဝယ်ဖို့ တန်းစီခဲ့ကြသည်။ ပေါက်မဲထီလက်မှတ်သည် […]