triangle1.jpg

မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဘာသာအပေါ်မှာ ယုံကြည်သက်ဝင်ကြပေမဲ့ ရှုမြင်သုံးသပ်တဲ့အခါ မှာတော့ မတူညီကြပါဘူး။ ဘာကြောင့်လဲလို့ ညဏ်မှီသလောက် စဉ်းစားမိတော့ ဗုဒ္ဓဘုရားဟောခဲ့တဲ့ တရားတွေကို ချဉ်းကပ်ပုံခြင်း ကွဲပြားနေလို့ဆိုတာ သတိပြုမိပါတယ်။ ကွဲပြားမှုတွေကို ကြည့်လိုက်ရင် အခြေခံပင်မတရားဖြစ်တဲ့ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ သတိပဌာန်လေးပါး စတာတွေကို များသောဖြင့် လက်ခံကြပြီး အခြားသောဆက်နွယ်ရာ ရှေ့ဘဝ နောက်ဘဝ၊ ၃၁ဘုံ ငရဲ နတ်ပြည်၊ အဘိညဉ်တန်ခိုး၊ ပိဋကတ်သုံးပုံ စတာတွေ အပေါ်မှာသာ ဝိဝါဒ ကွဲပြားနေတာ များပါတယ်။ ဘုရားဟောခဲ့တာ သီလ သမာဓိ ပညာ သုံးပါးနဲ့ သစ္စာတရားကိုရှာဖို့ပါ။ အကျယ်ကတော့ မဂ္ဂင်ရှစ်ပါး တရားကျင့်စဉ်ပေါ့လေ။ သူကလွဲလို့ နိဗ္ဗာန်ရောက်ကြောင်း တခြားနည်းလမ်းမရှိ။ ရှိရမဲ့ အရာသုံးပါးမှာ တပါးပါးက ချို့ယွင်းအားနည်းနေရင် လိုရာကို မရောက်နိုင်လို့ ပြောထားပါတယ်။ […]

falling-sky.jpg

ချစ်သူက ပြောတယ် ဘယ်တော့မှ မခွဲ သေတပန် သက်တဆုံး တမိုးအောက် တယောက် ပိတောက်ဆို ပိတောက်တဲ့၊ ချစ်သူက နှစ်သိမ့်တယ် ကိုကလွဲ ဖွဲနဲ့ဆန်ကွဲ ရွှေငွေဒေါ်လာ မမက် တူနှစ်ကိုယ် တဲအိုပျက် မြေးမြစ်တွေ ထိတိုင်တဲ့၊ ချစ်သူက ကတိပေးတယ် ဘယ်တော့မှ မရက်စက် ကြားစကား မယုံနဲ့ သူ့အတွက်ကြောင့် ကိုဘယ်တော့မှ မငိုရတဲ့၊ ချစ်သူက ရယ်တယ် အစိုးရိမ်ကြီးလွန်းသူကြီး မိုးပြိုမှ ပင်လယ်ရေခမ်းမှ သူ့အချစ် ပျက်ပျယ်မယ် ကမာ္ဘဆုံး ထိတိုင်တဲ့၊ အဲဒီနေ့ ညက ကမာ္ဘဂြိုလ်ကို ဥက္ကာပျံကြီးတစင်း ဝင်တိုက်ခဲ့တယ် မိုးပြိုပါရောလား။

Doomsday-2012.jpg

၂၀၁၂ခုနှစ်မှာ ကမာ္ဘကြီး ပျက်တော့မယ်ဗျို့။ မပြောမရှိ မတီးမမြည်ဆိုသလို ရွာသူရွာသားများ အားလုံးအတွက် စိတ်ပူလို့ ကျနော်တယောက်ထဲ လျှိုမထားဘဲ လွတ်မြောက်ဖို့ သိထားတာတွေကို ဘာသာပြန် ဝေငှလိုက်ပါတယ်။ မှီငြမ်းကိုးကားတဲ့ ဆိုက်ကတော့ http://www.just2012.com/2012-doomsday-escape-plans-for-poor-people/ ဘာသာပြန် အပြည့်အစုံကတော့ အောက်မှာပါ။ “ဆင်းရဲသူတွေ အတွက်ကတော့ ကမာ္ဘပျက်မဲ့နေ့ကနေ လွတ်ဖို့ အခွင့်အလမ်း ပိုကောင်းပါတယ်” သဘာဝဘေး အန္တရယ်ကပ်ဆိုးကြီးတွေ၊ သေမင်းတမန် ငလျင်ဘေးဒဏ်တွေကြောင့် ဖြစ်ရတဲ့ ထိခိုက်သေဆုံးမှု ကိန်းဂဏန်းတွေကို ကြည့်လိုက်ရင် မြို့ကြီးပြကြီးတွေမှာ ဖြစ်တာကို တွေ့ရပါတယ်။ ရောကြီးတာလဲ အပါဝင်ပေါ့နော်။ ကျေးလက်တောရွာဒေသတွေမှာ နေလေ့ရှိသူတွေကတော့ ဘယ်လို လွတ်အောင်ပြေးရမယ်ဆိုတာ နဲ့ ကံကြမ္မာဆိုးကနေ လွတ်မြောက်နိုင်တဲ့ ကိုယ်ပိုင်နည်းလမ်းတွေကို သိကြပါတယ်။ ဆင်းရဲရတာရဲ့ အားသာချက်တခုပါပဲ။ ချမ်းသာသူနဲ့ အောင်မြင်ကျော်ကြားသူတွေဟာ ကမာ္ဘကြီးပျက်ဆီးမဲ့နေ့ ရောက်ရင် ပိုပင်ပန်းဆင်းရဲ […]

kneeling-down.jpg

ကျနော်တို့မြန်မာတွေဟာ သတ္တိရှိတယ် ခေါင်းမာတယ်လို့ သတင်းမွှေးပါတယ်၊ ကြည့်ပါလား လူမျိုးအမည်ကိုက မြန်လည်းမြန် မာလည်းမာတဲ့ မြန်မာတဲ့၊ လက်ရုံးရည် ကျန်းမာသန်စွမ်းမှုကို လွန်စွာ အားကိုးခဲ့ပုံရပါတယ်။ ရေမြေတောတောင် သဘာဝခြင်းလည်း နီးစပ်၊ ကိုးကွယ်ရာ ဘာသာတရားခြင်း လည်းတူတဲ့ ထိုင်းလူမျိုးတွေလို မဟုတ်ဘဲ၊ ကိုယ့်ရန်သူက ဘာကောင်ဖြစ်ဖြစ် ပြန်ချတာ သမိုင်းမှာ အထင်အရှားပါ။ ရလဒ်အနေနဲ့ စုတ်ပြတ်သတ်အောင် ခံရတာတော့ တပိုင်းပေါ့လေ။ ပြောချင်တာက မဟုတ်မခံ ငါသာမှန်၏ဆိုတဲ့ ဖိုက်တာမိုက်တီးများပါ။ နေမဝင်အင်ပါယာသခင် ဗြိတိသျှတွေကိုလည်း အညံ့မခံတွန်းလှန်၊ လွတ်လပ်ရေး ရပြန်တော့လည်း အိမ်နီးချင်းနိုင်ငံတွေလို ဓနသဟာယအဖွဲ့ ထဲမှာတောင် မဝင်ခဲ့ဘဲ ကိုယ့်မင်းကိုယ့်ချင်းဘဝကို တည်ထောင်ခဲ့ကြတာပါ။ ဒီနေ့ဧရာဝတီဘလော့ စာမျက်နှာမှာ ကြက်ဖွတ်ခေါင်းဆောင် စစ်အစိုးရအဖွဲ့ ဝန်ကြီးချုုပ် ဆိုသူ ဗိုလ်သန်းစိန် ကမ္ဘောဒီးယားကို သွားလည်တော့ မြန်မာသံရုံး […]

tiger-head.jpg

တရုတ်ပြည်မှာ ဆေးဖက်ဆိုင်ရာနဲ့ လိင်မှုစေ့ဆော်တဲ့ အားတိုးဆေးအလို့ငှာ အာရှတလွှားရှိ ရာပေါင်းများစွာသော ကျားများကို ခိုးယူသတ်ဖြတ်နေတဲ့ ဈေးကွက်ကို ပိတ်ဖို့ တောရိုင်းတိရစာ္ဆန် မှောင်ခိုရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာတာဝန်ရှိသူများက မြန်မာပြည်ရှိ တိုင်းရင်းသားလူနည်းစု အုပ်စုတခုနဲ့ ကနဦး သဘောတူညီချက်တခု ရရှိလိုက်ပါတယ်။ မြန်မာပြည် အရှေ့မြောက်ပိုင်း ဝလူမျိုးစုတို့ ထိန်းချုပ်ထားတဲ့ နေရာမှာရှိတဲ့ ဈေးကွက်တွေဟာ ကမာ္ဘပေါ်မှာ သားရဲတိရစာ္ဆန် မှောင်ခိုရောင်းဝယ်မှု အများဆုံး နေရာတခုဖြစ်ပြီး ကျားရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လွတ်လပ်စွာ ရောင်းချနေတဲ့ ကျန်ရှိနေသေးတဲ့ နေရာတွေထဲက တခုဖြစ်ပါတယ်။ သာမန်အားဖြင့် ဒီဈေးကွက်တွေကို ပိတ်လိုက်တာဟာ အရှေ့တောင်အာရှ ကျားဦးရေအပေါ် ကျရောက်နေတဲ့ ဖိအားတွေကို လျော့ကျသွးစေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျားရောင်းဝယ်မှု အရင်းအမြစ်နေရာတွေဟာ အန္ဒိယနဲ့ အင်ဒိုနီးရှားက ဆူမားတြားကျွန်းတို့လို ဝေးလံလှတဲ့ နေရာတွေ ဖြစ်ပါတယ်။ […]

fat6.jpg

ဒေါ်အီးတုံးက သူ့ဝမ်းမနာသား ဒုက္ခိတကြောင်လေးကို အတိတ်ကကြောင်လေးလို့ စာတတန် ပေတတန် ဖွဲ့လေတော့ ပစ္စုပ္ပန်ကိုကြောင်ကြီးကလဲ အားကျမခံ အတိတ်က သူ့ဘော်ဘော်ငြောာင်များ အကြောင်းကို ဘော်ချက် အဲလေ စာဖွဲ့ရတော့မှာပေါ့။ ကျနော်မမွေးခင်ထဲက အိမ်မှာ ကြောင်ရှိသလား မရှိလား့ မသိပေမဲ့ လူမှန်းသိတဲ့ အချိန်မှာတော့ ကြောင်ဆိုတာ ရှိနေပါပြီ။ မွေးခဲ့တဲ့ ကြောင်တကောင်မှ သက်တမ်းပြည့်အောင် မနေကြရလို့ ကြောင်ဘယ်နှစ်ခါ မွေးခဲ့သလဲဆိုတာတောင် မမှတ်မိတော့။ ကျနော်တို့က အားပါးတရမွေးလိုက် လမ်းပေါ်ရှိလူများက ညဖက်မှာ ဖမ်းပြီးသတ်စား လိုက်ကြနဲ့ အကြိမ်ပေါင်း တဒါဇင်ထက် မနဲတော့ ရှိပါလိမ့်မည်။ များသောအားဖြင့် မွေးလိုက်တဲ့ ကြောင်တွေက အထီးတွေသာဖြစ်ပြီး တကောင်စ နှစ်ကောင်စလောက်ပဲ အမတွေပါ။ အမေက ကြောင်မကို မွေးရင် သားပေါက်မှာ စိုးရိမ်လို့ သူများဆီက ကြောင်သားပေါက် […]

socalled-demo.jpg

လောကကြီးမှာ တူမယောင်နဲ့ကွဲ နီးသလိုလဲ ဝေးကွာလွန်းတဲ့ ကိစ္စတွေ အများကြီးရှိတာကို တချို့က အခွင့်ကောင်းယူပြီး ရှင်းနေတာကို ရှုပ်အောင်လုပ်၊ အတုကို အစစ်နဲ့ ရောင်တော်ပြန် ရောချ ကြလေ့ ရှိပါတယ်။ ထင်ရှားတဲ့ သာဓကတွေ ပြပါဆိုရင် ဥပက္ခာနဲ့ လစ်လျူရှုတာ၊ မေတ္တာနဲ့ အချစ်၊ သတ္တိနဲ့ မိုက်ရူးရဲခြင်း၊ ဆုံးမတာနဲ့ ဖိနှိပ်မှု စတဲ့သဘောတရားတွေပါ။ လုပ်ပုံကတော့ ဘယ်ဟာက လူကြိုက်များနေသလဲကို လိုက်ကြည့်ပြီးတော့ ကိုယ့်အယူအဆကို မိတ်ကပ်ဖို့ပြီး အစစ်အမှန်တွေနဲ့ ရောထဲ့တာပါ။ ဗုဒ္ဓဘာသာ အိန္ဒိယမှာ ဒီလိုကွယ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ မြတ်စွာဘုရားသာသနာ ပေါ်ထွန်းလာတော့ တခြား အယူဝါဒတွေက လာဘ်မရွှင်တော့လို့ သင်္ကန်းအရေခြုံပြီး အနတ္တဝါဒ အယောင်ဆောင်၊ သိနားမလည် သူများကို သိမ်းသွင်းပြီး အင်အားရှိပြီ ဆိုတော့ ကိုယ်ပိုင်အယူအဆကို စွဲကိုင်ပါတယ်။ […]

etiquette.jpg

ယနေ့ခေတ် ကမာ္ဘကြီးမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ တနိုင်ငံနဲ့ တနိုင်ငံ တနေရာနဲ့ တနေရာ ကူးလူးဆက်ဆံမှုတွေဟာလည်း တိုးလို့သာ ဖြစ်ပေါ်နေပါတယ်။ အရင်ကလို ကိုယ့်အိမ်မှာ ကြက်ဖလုပ်နေလို့ မရတော့ပဲ သူများဆီရောက်တဲ့အခါ ကိုယ်နှုတ်အမူအယာ ယဉ်ကျေး ရမှာမို့ အက်တိကတ်လို့ခေါ်တဲ့ လူမှုကျင့်ဝတ်သိက္ခာရှိဖို့ လိုအပ်လာပါတယ်။ အဆင့်အတန်းရှိတယ် မရှိဘူးဆိုတာကလည်း လူအားလုံးအတွက် တပြေးညီသတ်မှတ်ဖို့ မဖြစ်နိုင်လို့ လူအများလက်ခံတဲ့ ဓလေ့ထုံးစံကို စံပြုရမှာပါ။ အများစုဆိုပြန်တော့လည်း ရောက်ရှိရာနေရာဒေသ ကွဲပြန်လို့ သက်ဆိုင်ရာ ထုံးတမ်းစဉ်လာနဲ့ လိုက်လျောညီထွေ၊ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းက လက်ခံနိုင်၊ ပြီးတော့ ကိုယ်ပိုင် တန်ဖိုးထားတဲ့ ရိုးရာစရိုက်တွေနဲ့လည်း မဆန့်ကျင်တဲ့ အပြုအမူမျိုး ဖြစ်သင့်ပါတယ်။ စဉ်းစားသင့်တာ လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ဖက်က ဘာတွေကို ဘယ်၍ဘယ်မျှ အလျော့အတင်း လုပ်သင့်လဲ ဆိုတာပါ။ မြန်မာတွေလို ရေကြည်မြက်နုရာရွှေ့ပြောင်း […]

dassk-speech1-600x400.jpg

မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၄ ရက် ၂၀၁ဝ ခုနှစ် ၁ဝ နာရီ ၄ရ မိနစ် mizzima.com မှာတင်ထားတဲ့ ပုံအချို့ကို ဝေမျှလိုက်ပါတယ်။ credit: http://www.irrawaddyblog.com/ အသုဘပို့သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် လူတွေက အများကြီးပဲ၊ ပြည်တွင်က ဂျာနယ်တွေကလည်း လာကြတယ်၊ လူတွေသိပ်တိုးတယ်၊ လက်ခုပ်တွေတီးကြ ဒေါ်စုကျန်းမာပါစေအော်ကြ တခြားမသာ ပို့လာတဲ့သူတွေလဲ အဲဒီကိုရောက်လာကြတယ်။ ဦးလွင်မိန်းမရဲ့အလောင်းကားကို ကျော်သူမောင်းလာတယ်၊ အလောင်းကားဝင်လာပီး ခဏကြာတော့ ဒေါ်စုကားဝင်လာတယ်၊ လူတွေ ကဝုန်းဆိုအုံခဲသွားတယ်၊ ဒေါ်စု ကားထဲကတော်တော်နဲ့ထွက်မရဘူး ကာပေးထားတဲ့ အန်အယ်ဒီတွေလဲ မနိုင်မနင်းဖြစ်သွားတယ်။ ကားထဲကထွက်လာတော့ လူတွေဝိုင်းအော်ကြ လက်ခုပ်တီးကြလုပ်တယ်၊ ဒါ နာရေးဖြစ်လို့ အဲလိုတွေမလုပ်ဖို့ စဉ်းကမ်းရှိကြဖို့ ပြောပေမဲ့ မရဘူး။ ဒေါ်စုက အခေါင်းနဲ့ အတူလိုက်သွားပီး […]

dreamer1.jpg

လွတ်ပြီတဲ့ဟေ့ ဒေါ်စုကိုပြောတာလား မဟုတ်ဘူး လှောင်အိမ်ထဲကကျား၊ လွှတ်တော့မယ်ဆိုပဲ နိုင်ငံရေးအကျဉ်းသားတွေလား ဘယ်ကလာ ကန်ထဲကိုလွှတ်မှာငါး၊ လွှဲပေးမယ်ဆို အာဏာပေါ့နော် စောင့်နေလေ ပြီးတော့အော်ပေါ့ အဘားအဘား၊ သဘောတူလိုက်ပြီတဲ့ကွ ဆွေးနွေးတော့မယ်ပေါ့ သွားသေလိုက် သွင်းခွင့်ပေးမဲ့ခိုးကား၊ ဖွင့်ပေးတော့မယ်တဲ့ ဈေးကွက်ထင်ပါရဲ့ သိရဲ့သားနဲ့ သူတို့သွားဖို့ကလပ်ဘား၊ ဆက်မလုပ်တော့ဘူးတဲ့ နားတော့မယ်ဆိုပါတော့ ဖြစ်နိုင်ပါ့မလား ရွေးကောက်ပွဲဟဲ့ တယ်..ဒီနွား။

Free.jpg

ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်ကို ထောက်ခံသူများဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ခုနှစ်နှစ်အတွင်းမှာ ပထမဆုံးအကြိမ်လွတ်မြောက်လာမှာကို တွေ့ရမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သူမကိုအကျယ်ချုပ် ဖမ်းဆီးချုပ်နှောင်ထားတဲ့ သက်တမ်းကုန်ဆုံးမဲ့ စနေနေ့မတိုင်ခင် ကြိုတင်ပြီး စုဝေးရောက်ရှိခဲ့ကြပါတယ်။ သူမကိုလွှတ်ပေးဖို့ စစ်ဗိုလ်ချုပ်ကြီးများက လက်မှတ်ထိုးပြီးပြီလို့ ပြောကြပေမဲ့ သူမနေအိမ်အနားမှာ စုရုံးရောက်ရှိလာတဲ့ လူအမြောက်အများဟာ သောကြာနေ့မှာ သူမစောစီးစွာ မလွတ်မြောက်လာခဲ့လို့ စိတ်ပျက်ခဲ့ကြသည်။ သူမပြန်လွတ်တော့မယ်ဆိုတဲ့ ကောလာဟာလသတင်းများ အထွတ်အထိပ်သို့ ရောက်ခဲ့စဉ် အစောပိုင်းတုန်းက လူပေါင်း၂၀ဝ ထက်မနဲရှိမဲ့ လူအုပ်ကြီးဟာ ရောက်လာခဲ့ပါတယ်။ ရန်ကုန်မြို့တွင်းမှာ လူထုမငြိမ်သက်မှုတွေဖြစ်လာနိုင်တဲ့ ခန့်မှန်းချက်တွေကြောင့် ထရပ်ကားစီးလိုက် အဓိကရုဏ်းနှိမ်နင်းရေးရဲများနဲ့ လုံခြုံရေးအစီအမံတွေကို တိုးမြှင့်ချထားပါတယ်။ ဒီလိုမြင်ကွင်းမျိုးကို မြို့နေလူထုဟာ နိုင်ငံရေးလှုပ်ရှားမှု ပြင်းထန်တဲ့အချိန်မျိုးတွေမှာ တွေ့မြင်ကြရပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးရွေးကောက်ပွဲကို နိုဝင်ဘာရ ရက်နေ့က အနှစ်၂ဝအတွင်း ကျင်းပခဲ့ပြီး အစိုးရ လိုလားတဲ့ပါတီ တဖက်သတ်အနိုင်ရဖို့ […]

circles.jpg

ဒီတခါတော့ ကျနော်တို့ မြန်မာဗုဒ္ဓဘာသာဝင်များကြားမှာ ရေပန်းစားတဲ့ ပဋ္ဋိစ္စသမုပ္ပါဒ်စက်ဝန်း တရားတော်ကို သဲအင်းဂူဆရာတော်ကြီး ပြောတဲ့အတိုင်း တင်ပြပါ့မယ်။ မိုးကုတ်ဆရာတော် ဘုရားကြီး ဟောခဲ့တဲ့ နည်းကတော့ ပညာရှိများ တရားစာပေနဲ့ ရင်းနှီးကျွမ်းဝင်သူများ အတွက် လို့ မှတ်ယူနိုင်ပြီး သဲအင်းဂူနည်းကတော့ စာနဲ့ဝေးတဲ့ လက်တွေ့ ပိုအားသန်သူများအတွက် လိုရင်းတိုရှင်းလို့ အလွယ် သတ်မှတ်နိုင် ပါတယ်။ စာလိုပြောရင်တော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဘဝ ဇာတိ ရုပ်နာမ် သင်္ခါရ စသဖြင့် အစဉ်လိုက် ကြောင်းကျိုးစပ်ဆက်မှုတွေနဲ့ပါ။ အလွယ်နည်း မှာတော့ သိမှုနာမ်ကလေးက ပဋ္ဋိစ္စသမုပ္ပါဒ် လည်တာပါ။ ရုပ်နာမ်နှစ်ပါး တိုက်ဆိုင်လို့ဖြစ်ရတဲ့ ခံစားမှု ဝေဒနာအပေါ်မှာ ငါဆိုတဲ့ စွဲလန်းခြင်း ကြောင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ […]

assk-appeal.jpg

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသာပတေးနေ့က နောက်ဆုံး တရားရင်ဆိုင်မှုမှာ ရှုံးနိမ့်ခဲ့ပါတယ်၊ ဒါပေမဲ့ သူမကိုထောက်ခံသူများက သူမ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လိမ့်မယ်လို့ အကောင်းမြင်နေကြဆဲ ဖြစ်ပါတယ်။ အသက်၆၅နှစ်ရှိ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်ရဲ့ ပြစ်ဒဏ်ဟာ ရွေးကောက်ပွဲပြီး တပတ်အကြာ တနင်္ဂနွေနေ့မှာ ကုန်ဆုံးတော့မှာပါ။ စစ်အစိုးရ က သူမလွတ်မြောက်လိမ့်မယ်လို့ အတည်မပြုပေသေးမဲ့ တာဝန်ရှိသူများဟာ လိုအပ်တဲ့ လုံခြုံရေး ပြင်ဆင်မှုတွေကို လာမဲ့သီတင်းပတ်အတွက် ပြုလုပ်နေတယ်လို့ တိတ်တဆိတ် ပြောကြားကြပါတယ်။ ဒေါ်စုရဲ့အငယ်ဆုံးသား ကင်အဲရစ်ဟာ ဒီတပတ်အစောပိုင်းက မြန်မာပြည်ဝင်ခွင့် ဗီဇာရရှိပြီး ဖြစ်လို့ ၁ဝနှစ်အတွင်း သူ့အမေကို ပထမဆုံးအကြိမ် တွေ့ရလိမ့်မယ်လို့ ပြောဆိုမှုတွေရှိပါတယ်။ အဲရစ်ဟာ ဗြိတိန်နိုင်ငံမှာနေထိုင်ပြီး ပြည်ဝင်ခွင့်ဗီဇာ လျောက်ထားချက်ကို နှစ်ပေါင်းများကထဲက ကြိမ်ဖန်များစွာ ငြင်းပယ်ခံခဲ့ရပါတယ်။ ဒေါ်စုဟာလွန်ခဲ့တဲ့ ၂၁နှစ်အတွင်း ၁၅နှစ်မျှ […]