Fatty.jpg

အခုတလော အန်ကယ်ဦးဖက်တီးတယောက် ပျောက်နေပါသည်………………..ရွေးကောက်ပွဲမစခင်ရက်ပိုင်းအလိုထိ သူ့မှတ်ချက်များကို တွေ့မိပါတယ်။ ဦးဖက်တီးခင်ဗျား ကျန်းခန့်သာလို့မာပါရဲ့လား။ မန်းလေးဂေဇက်မှ ပို့တင်ဘက် မိတ်ဆွေများက သတိရနေပါသည်။ ဦးဖက်တီး၏ ဘိုးတော်များနှင့်ဆိုင်သော စာများကိုလည်း စောင့်မျှော်လျက်ရှိပါသည်။ အကယ်၍ ဦးဖက်တီးထံမှ ယခုအပတ်အကုန်အထိ သတင်းမထူးပါက မလိုသူများက ဦးဖက်တီးကို ဖမ်းဆီးချုပ်နှောင်သွားသည်ဟု ယူဆပြီး ဦဖက်တီးလွတ်မြောက်ရေး လှုပ်ရှားမှုများကို စတင်ပြုလုပ်တော့မည် ဖြစ်ပါသည်။ ပြန်၍ဆက်သွယ်ပါရန်။ အက်ဒမင်ရေ.. တောင်းပန်ပါတယ်။ ဦးဖက်တီးအတွက် စိုးရိမ်လို့ပါ။ ပွိုင့်ကိုပြန်နုတ်လိုက်ပါ။

Baggio.jpg

တချိန်က မြန်မာ့ဘောလုံး ပရိတ်သတ်များ အသဲစွဲ ကမာ္ဘကျော် အီတလီ ဘောလုံးသမား ရောဘတ်တို ဘက်ဂီယိုဟာ ကမာ္ဘ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်များက နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ အထူးဆု ကို ရရှိသွားပါတယ်။ ဖီဖာကမာ္ဘ့ဘော်လုံးအဖွဲ့ချုပ် ၁၉၉၃ခုနှစ် အကောင်းဆုံး ဘော်လုံးသမား ဆုရှင်၊ အသက်၄၃နှစ်ရှိပြီဖြစ်တဲ့ ဘက်ဂီယိုဟာ ကာလကြာရှည် ကြိုးပမ်းဆာင်ရွက်ခဲ့တဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်း များအတွက် ငြိမ်းချမ်းရေးထိပ်သီးဆု ၂၀၁ဝခုနှစ်ကို် အင်္ဂါနေ့မှာ ရွေးချယ်ခြင်းခံရပါတယ်။ သူ့ရဲ့ကြိုးပမ်းမှုတွေထဲမှာ အထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နဲ့ ကမာ္ဘ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အောင်ဆန်းဆုကြည် လွတ်မြောက်ရေးဖို့ တွန်းအားပေး နှိုးဆော်မှုလည်း ပါဝင်တယ်လို့ ကမာ္ဘ့ထိပ်သီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များရုံးက အင်္ဂါနေ့မှာပြောကြားလိုက်ပါတယ်။ ဘက်ဂီယိုကို သူ့ရဲ့ ဘောလုံးအောင်မြင်အရှိန်အဝါကြောင့် လူသိများထင်ရှားပါတယ်။ ဒါပေမဲ့ သူဟာ ဟေတီနိုင်ငံငလျင်ဘေးဒဏ်သင့်သူများနဲ့ ကြက်ငှက်တုပ်ကွေးရောဂါတိုက်ဖျက်ရေး တို့အပါဝင် ဆေးရုံများအတွက် […]


ဘယ်လောက်ထိတိကျမှန်ကန်လဲတော့ မသိဘူးဗျို့။ http://komoethee.blogspot.com/ မှာတွေ့လို့ ရွာသူရွာသားများ အထုပ်အပိုးပြင်ချိန်ရအောင် အသိပေးနိုးဆော်တာပါ။ ဒီကေဘီအေခေါင်းဆောင် စောလှဘယ်၏ ထုတ်ပြန်ချက် ကျနော်တို ့ တိုက်နေပြီ။ ရွေးကောက်ပွဲကိုလက်ခံဘူး။ ဘောဒါဂတ်မလုပ်နိင်ဘူး။ ပြည်သူလူထုတွေငတ်ကုန်တာကိုလက်ပိုက်မကြည့်နိင်ဘူး။ ကျနော်တို ့စောဘဦးကြီးမူလေးချက်မရမချင်းဆက်လက်တိုက်ပွဲဝင်မယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားတွေနဲ ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်။ တခြားအဖွဲ ့တွေလတည်း ကျနော်တို ့နဲ ့အတူတိုက်ပွဲဝင်ကြပါ လို ့ပြောချင်တယ်။ at 01:09 0 comments Labels: က ကချင်နဲ ့ ဝ ဘာလုပ်နေကြသလဲ ဝ သဖ ၊ ကချင် ဘာလုပ်နေကြသလဲ ။ ဖယ်ဒရယ်မူက နဖအ ဆီက တောင်းလို ့ တိုက်ယူမှရတယ်။ ဝ သဖ ၊ […]

disguise-600x337.jpg

ကနေဒါ အာဏာပိုင်များဟာ အဲယားကနေဒါ လေယာဉ်တစင်းပေါ်ကို ခရီးသည်တဦး အဖိုးအို အသွင် ရုပ်ဖျက်တက်ခဲ့တဲ့ မယုံနိုင်စရာ အဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုတခု လုပ်နေတယ်လို့ စီအန်အန်သတင်းဌာနက ဆိုပါတယ်။ အောက်တိုဘာ ၂၉ရက်နေ့က ဟောင်ကောင်မှ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ကို ထွက်ခွာလာတဲ့ အဲယားကနေဒါ ခရီးစဉ်အမှတ် AC018 မှာပြဿနာ ဖြစ်ခဲ့တာပါ။ ကနေဒါနယ်စပ်လုပ်ငန်း အေဂျင်စီရဲ့ ထောက်လှမ်းရေးသတင်း ထုတ်ပြန်ချက်ကတော့ မယုံနိုင်စရာ ဟန်ဆောင်ဖုံးကွယ်မှု တခုလို့ ဖော်ပြထားပါတယ်။ ရုပ်ဖျက်ဟန်ဆောင်ထားတာ ဖြစ်နိုင်တဲ့လူတဦး ဟောင်ကောင်မှ ထွက်ခွာလာတဲ့ လေယာဉ်ပေါ်မှာ ပါလာတယ် အဲယားကနေဒါ လုံခြုံရေးဌာနကနေ သတင်းရခဲ့ပါတယ်။ အဲဒီခရီးသည်ကို အစောပိုင်းထဲက နုပျိုတဲ့လက်များပိုင်ရှင် ကော်ကေးရှန်းနွယ်ဖွား လူဖြူအဖိုးကြီးတယောက် အဖြစ်သတိပြုမိခဲ့ကြတာပါ။ လေယာဉ်ပျံသန်းနေတုန်း သူဟာအိမ်သာထဲကို ဝင်သွားပြီး အသက်နှစ်ဆယ်ကျော် အာရှဖွားအမျိုးသား တယောက်အသွင်နဲ့ ပြန်ထွက်လာခဲ့ပါတယ်။ […]

Zen1.jpg

ဒီနေ့ ကိုဇင်မျိုးထွန်းရဲ့ ဇင်ပုံပြင်များဆိုပြီး အပိုင်းသုံးပိုင်း ခွဲဖတ်ရပါတယ်။ သိမိသလောက် ဇင်ဗုဒ္ဓဘာသာဟာ တရုတ်ပြည်မှာမြစ်ဖျားခံပြီး ဂျပန်မှာထွန်းကားပါတယ်။ ဇင်ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ သွန်သင်ဆုံးမချက်တွေဟာ အရမ်းကို မှတ်သားဖို့ကောင်းလို့ အဲဒီလိုသင်ခန်းစာမျိုး ထေရဝါဒဗုဒ္ဓ ဘာသာစာပေမှာ (အထူးသဖြင့် ပြည်ပရောက် မျိုးဆက်သစ် မြန်မာများအတွက်) ရှိသင့်တယ်လို့ ထင်ပါတယ်။ ဘာသာတရား ဆုံးမချက်တွေကို လေ့လာနာယူသူဟာ အနဲဆုံး အောက်ထစ်တော့ အတွေးအခေါ် ဒဿနတခုခုကို ရယူနိုင် ဒါမှမဟုတ် ရှိပါလားလို့ ခံစားနိုင်မှသာလျင် အလေးထားရ ကောင်းမှန်းသိလာကြမှာပါ။ အဲဒီအတွက် ပြောင်းသင့်တာတွေကို ရဲရဲပြောင်းရပါမယ်။ ကိုလိုနီခေတ်ထိ မြန်မာစာပေဟာ ကဗျာရတု လေးချိုးတွေအပေါ်မှာ ကြီးပြင်းလာတာပါ။ ကဗျာဆိုရင် ကာရန်လိုက်မှ၊ စကားပြေ အရေးအသားဆိုတာ လူပြိန်းတွေအတွက်လို့ ရှေးစံနှုန်းတွေကြောင့် လောကီစာတွေတောင် သိုင်းဝိုင်းဖွဲ့နွဲ့မှတော့ ဘာသာရေးစာတွေဟာ ရှေးရိုးဆန်လွန်းခဲ့တာ နားမလည်နိုင်စရာမရှိ။ ခေတ်စမ်း […]

teen-preganancy.jpg

စပိန်နိုင်ငံတောင်ပိုင်းမှာ ဆယ်နှစ်အရွယ်မိန်းခလေး တယောက်ဟာ ခလေးတဦး ဖွားမြင်လိုက်ပါတယ်၊ အာဏာပိုင်များက သူမနဲ့ သူမမိသားစုကို ခလေးအုပ်ထိန်းခွင့် ပေးဖို့သင့်မသင့်ဆိုတာ လေ့လာ သုံးသပ်နေတုန်းပဲလို့ အစိုးရတာဝန်ရှိသူတဦးက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ ခလေးကို လွန်ခဲ့တဲ့အပတ်က Jerez de la Frontera မြို့မှာ မွေးဖွားခဲ့တာလို့ Andalusia ဒေသ လူမှုရေးရာ ဝန်ကြီး Micaela Navarro ပြောကြားလိုက်တာပါ။ နာဗာရိုက သတင်းထောက်တွေကို ပြောကြားရာမှာ ခလေးဖခင်ဖြစ်သူဟာလည်း အသက်မပြည့်သေးသူ တဦးဖြစ်ကြောင်းနဲ့ ခလေးမိခင်လုပ်သူရော ခလေးပါ ကျန်းမာရေး ကောင်းမွန်ကြပါတယ်။ သူမရဲ့ဌာနက ခလေးရဲ့ လိင်အမျိုးအစားအပါအဝင် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ဖို့ ငြင်းဆိုလိုက်ပြီး အာဏာပိုင်များက ဒီကိစ္စကို မုဒိမ်းမှုအဖြစ် သဘောထားမှာ မဟုတ်ကြောင်းနဲ့ ဘယ်လို မှုခင်းစုံစမ်းစစ်ဆေးမှုမျိုးကိုမှ လုပ်နေတာ မရှိကြောင်း […]

stick.jpg

ကြောင်ကြီးစိုက်ကြည့် သူမသိ ဖုတ်လေတဲ့ငါးပိ ကြောင်ကြီးမပြုံး သူလှည့်ကုန်း ဝက်သားပိဿာတုံး ကြောင်ကြီးရဲတိုင် သူဆွဲကိုင် တိုင်းမင်းကြီးတောင်ထိုင် ကြောင်ကြီးမာန်ဖီ မကြောက်ပြီ သူကဘာမထီ ကြောင်ကြီးခုန်အုပ် သူဆွဲထုတ် နှစ်တလက်မတုတ် ကြောင်ကြီးကြောက်လန့် သူဆွဲဆန့် အလျားတတောင်ခန့် ကြောင်ကြီးစဉ်းစား တကယ်များ မတွေးဝံ့ပါတကား ကြောင်ကြီးညှိနှိုင်း သူမရိုင်း ပေကြိုးနဲ့သာတိုင်း ကြောင်ကြီးလက်မြောက် အိုအခြောက် သင်သည်ရဲရဲတောက်၊ ကြောင်ကြီးတွက်ပြေး သူမနှေး ဆက်ခါဆက်ခါရေး။

no-vote.jpg

ထင်ရှားတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သူများနဲ့ ပါဝင်အရွေးခံမဲ့သူ ထောက်ခံသူများရဲ့ ပြောစကားတွေကို လက်လှမ်းမှီသလောက် တင်ပြလိုက်ပါတယ်။ အကြမ်းအားဖြင့်တော့ သခင်စိတ်နဲ့ နိုင်ငံရေးလုပ်သူများနဲ့ ကျွန်စိတ်နဲ့ပေးသမျှယူ ကျွေးသမျှစားပြီး ရလိုရငြားလုပ်ကြည့်မယ်ဆိုများပါ။ ၁၉၉ဝ အလွန်နှစ်တွေလောက်က ဒေါ်စုကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရာထူးပေးဖို့ ရာထားတယ်လို့ နအဖက အင်္ဂလန်မှာ သီတင်းသုံးတဲ့ မြန်မာဆရာတော်တပါးကို လျောက်ဖူးပါတယ်။ တခါ ၂၀၀ဝခုနှစ်များမှာ ဒေါ်စု အကျယ်ချုပ်က ပြန်လွတ်လာတုန်းကလည်း လယ်ယာစိုက်ပျိုးရေး ဝန်ကြီးရာထူးပေးမယ်လို့ ထောက်လှန်းရေးက သတင်းလွှင့်ခဲ့ဖူးပါတယ်။ အခုရွေးကောက်ပွဲဝင်မဲ့ အတိုက်အခံဟောင်းများ အဲဒီလိုသာ ကမ်းလှမ်းခံရရင်ဆိုပြီး အင်နဲ့အားနဲ့ မဲဆွယ်နေကြပုံ ပေါ်ပါတယ်။ ခြင်္သေ့မှန်ရင် မြက်မစားပါဘူး၊ မြန်မာ့နိုင်ငံရေး ဇာတ်ရှုပ်ကြီးကို ရှင်းချင်ရင် ဒေါ်စုနဲ့ အန်အယ်လ်ဒီ၊ မြေပေါ်မြေအောက် တိုင်းရင်းသား အဖွဲ့များမပါလို့ မဖြစ်ပါဘူး။ ရမယ်ထင်လို့ စစ်တပ်က […]

assk2.jpg

နိုဝင်ဘာရရက်နေ့ နအဖရဲ့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မဲပေးဖို့၊ မပေးဖို့၊ ဘယ်သူ့ကို ပေးပါ စတာတွေနဲ့ အမြင်တွေ အမျိုးမျိုးထွက်လို့ နေပါတယ်။ ကျနော်ကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်ပါတယ်၊ ဘာလို့လည်းဆိုတော့ အခုပွဲဟာ နိုင်ငံရေးစနစ် ပြောင်းလဲမှုဖြစ်စဉ်တခု မဟုတ်ဘဲ စစ်အစိုးရ အရေခွံလဲတာကို အတည်ပြုမဲ့ ပွဲဖြစ်နေလို့ပါ။ တချို့က ငါတို့မဲမထည့်ရင် ဒီပွဲမှာ သူတို့ နိုင်သွားမှာပေါ့လို့ ပြောကြပါတယ်။ မပူပါနဲ့ သူတို့က နိုင်ပြီးသားပါ။ မဲထည့်ထည့် မထည့်ထည့် သူတို့ ပဲနိုင်မှာပါ။ ပယ်မဲထည့်လည်း သူတို့မဲပဲဖြစ်မှာပါ။ သူတို့သက်တမ်း အနှစ်၂ဝလုံး ဗျောင်လိမ်လာတာ အဆန်းမဟုတ်တော့။ အလိမ်ခံရသူများကလည်း အခုမှပိုထူးပြီး နာမယ်မထင်၊ အားလုံးက အသား ကျနေကြပါပြီ။ အခုရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်က ငါတို့လုပ်တဲ့ပွဲကို လူထုက တက်တက်ကြွကြွ ပါဝင်တယ်၊ […]

bad-evolution1.jpg

ဒီပို့စ်ကို ရေးထားတာတော့ ကြာပါပြီ၊ အရင် တပတ်ကို နှစ်ပိုဒ် သုံးပိုဒ်လောက်ပဲတင်ပြီး သူများတင်တာကို မှတ်ချက်ပြုပါတယ်။ မနေ့ကပဲ သူများကို ဝေဖန်သမှုပြုထားတော့ ကိုယ့်အလှည့်မှာ မျက်စိနောက်တယ်လို့ ပြန်အဆော်ခံရမှာစိုးလို့ ဆက်တိုက်တင်ဖို့ ချင့်ချိန်ရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ မြန်မာပြည်မှာ အင်တာနက် ကွန်နက်ရှင်တွေနှေးအောင် လုပ်ထားတာကြောင့် ပို့စ်တင်သူ နည်းနေလို့ တတ်နိုင်တဲ့ဖက်က ပါဝင်အားဖြည့် ပို့စ်တင်လိုက်ပါတယ်။ လွတ်လပ်ခွင့် ပတ်သက်လို့ မိတ်ဆွေတွေနဲ့ တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်လို့တဖုံ ဆွေးနွေး ဖူးပါတယ်။ အားလုံးလိုလိုက ဒီမိုကရေစီ လိုချင်ကြသူတွေပါ။ လွတ်လပ်ခွင့် မရှိသ၍ တိုင်းပြည်လည်း မကြီးပွား၊ ပြည်ပရောက် မြန်မာတွေလည်း ကိုယ့်ကိုယ်ကို ဘာလူမျိုးလို့ မပြောရဲ။ ဒီတော့ ဒီမိုကရေစီ ကို ကြိုက်တာ အဆန်းတော့မဟုတ်။ ဆန်းတာက ဒီမိုကရေစီသမားလို့ ဆိုသူတွေဟာ […]


ဖြိုးဆိုတဲ့ ဒုတ်ဒုတ်ချင်း စလောင်းစလောင်းချင်းမှ အားရတင်းတိမ်သူရေ၊ ခင်ဗျားဒီအကြောင်းတွေပဲ တင်နေတာ မငြီးငွေ့သေးဘူးလား။…………….. တလမ်းထဲ မောင်းနေရတာ ပျင်းစရာကြီး၊ လမ်းအသစ်လေးပြောင်းပါအုံး။ မန်းလေးဂေဇက်ကို လိင်တူချသူများဂေဇက်လို့ ပြောင်းချင်ရင်လည်းပြော၊ ကျုပ်သူတို့ password ကိုခိုးထားတာရှိတယ်၊ လိုချင်ရင် ပေးလိုက်မယ်။ အိုဘားမားနဲ့တော့ ကိုင်မပေါက်ပါနဲ့၊ နဂိုကထဲက အားငယ်ပါတယ် ဆိုမှ.. အဟင့်…

battle.jpg

လိင်တူဆက်ဆံသူ အကြောင်းတွေရေးထားတဲ့ ပို့စ်တွေ အခုတလော တင်နေတာတွေ့ရလို့ ကိုယ်တွေးမိတာလေးကို အလွတ်သဘော ဝင်ရောက်ဆွေးနွေးတာပါရစေ။ လိင်တူ ဆက်ဆံသူများကို အရပ်စကားနဲ့ဆိုရင် ယောက်ျားလျှာ၊ မိန်းလျှာဆိုပြီးရှိပါတယ်။ သူတို့ရဲ့လိင်မှုဆက်ဆံပုံ အကြိုက်တွေ အလိုက် မှတ်သားဖူးသလောက် ယောက်ျားလျှာ၊ မိန်းမလျှာ နှစ်မျိုး စလုံးမှာ တဖက်ချွန်၊ နှစ်ဖက်ချွန်နဲ့ သုံးဖက်ချွန် စမူစာရယ်လို့ သုံးမျိုးသုံးစား ရှိပါတယ်။ တခုသေချာတာကတော့ လိင်တူဆက်ဆံသူများ အရေအတွက် ထုထည်ပမာဏ ကြီးကြီးမားမား ရှိနေခြင်းကို မျက်ကွယ်ပြု မရခြင်းပါ။ သတင်းတွေမှာ ဆိုတာက လူ၁၀ဝမှာ ပျမ်းမျှ ၁ဝ ယောက်က လိင်တူဆက်ဆံသူတွေလို့ ဖတ်ရပါတယ်။ ဖြစ်နိုင်တာက လိင်တူဆက်ဆံတယ်ဆိုတိုင်း မိန်းမစိတ်ပေါက်နေတဲ့ အခြောက်များတင် မက်ဘဲ ယောက်ျားချင်းသာ လိင်ဆံဆက်လိုစိတ်ရှိတဲ့ ကျားကျားလျားလျား ယောက်ျားများလည်း ပါတယ်ထင်ပါတယ်။ လေ့လာမိသလောက် လိင်တူဆက်ဆံမှုကို […]

bwcat.jpg

အောက်တိုဘာ ၂၄ရက်နေ့စွဲနဲ့ မနောဖြူလေးတင်တဲ့ နဲနဲလေး စဉ်းစားတတ်ရင်ပေါ့လေဆိုတဲ့ ပို့စ်ကို ဖတ်ပြီး ပေါင်းသင်းဆက်ဆံရေး ဗျူဟာတွေကို စဉ်းစားမိပါတယ်။ သူပြောသလို ဘယ်အရာမဆို အစွန်းမရောက် ချင့်ချိန်တတ်ကြရင် လောကကြီး သာယာနေမှာပါ။ အားလုံး မဟုတ်တောင် အများက ချင့်ချင့်ချိန်ချိန်နဲ့ ပြုမူတွေးခေါ် တတ်ကြဖို့တော့ လိုပါတယ်။ အများမိုးခါးရေသောက် လိုက်သောက်၊ အူမတောင့်မှ သီလစောင့်၊ သင်ကောင်းလျှင် ကျွန်ုပ်မဆိုး စတဲ့ ဆိုရိုးတွေဟာ လက်တွေ့ဘဝတွေ ကနေ ပေါ်ထွက်လာလို့ မျက်ကွယ်ပြုလို့တော့မရ။ မလိုက်နာတော့ ဘာဖြစ်မလဲဆိုရင် ကိုယ်ကျန်ခဲ့ဖို့ များတယ်ပေါ့။ တစောက်ကန်း ရမှာလားဆိုတော့လည်း လောကနဲ့ ဘောင်မဝင်လို့ အလယ်အလတ် တွေးခေါ်ပုံမျိုးထက်တေင် ရှင်သန်နိုင်ဖို့ အခွင့်အလမ်း နဲပါတယ်။ ကျနော်ကတော့ အလယ်အလတ်လမ်းကို တမင်လိုက်ရှာဖို့ မစဉ်းစား၊ ဘာလို့လဲဆိုတော့ ကောင်းလွန်းနေလို့ပါ။ အင်္ဂလိပ်လိုတော့ […]