လူတိုင်းမှားဘူးကြပါတယ်။ ခွင့်လွှတ်နိုင်တဲ့အမှားနဲ့ ခွင့်မလွှတ်နိုင်တဲ့ အမှားပဲကွာတာပါ။ လုံးဝအပြစ်ကင်းစင်တဲ့လူဖြစ်ဘို့ မလွယ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မှားခဲ့ဘူးတာပါပဲ။ မကြာမကြာလည်း မှားတတ်ပါတယ်။ ကျောင်းသားတစ်ယောက် စာမေးပွဲတစ်ခုကိုဖြေတဲ့အခါ အနည်းဆုံး ၂ဝ ရာခိုင်နှုန်းမှားရင်တောင် ဂုဏ်ထူးပေးပါတယ်။ ၂ဝ % မှားခွင့်ပေးတဲ့ သဘောပါပဲ။ တစ်နည်းအားဖြင့် ၈ဝ ရာခိုင်နှုန်းမှန်အောင် ဖြေနိုင်ရင် ဂုဏ်ထူးရပါတယ်။ ကျောင်းသားတစ်ယောက်ဟာ ၆ဝ ရာခိုင်နှုန်းမှားခွင့်ရှိနေပါသေးတယ်။ တစ်နည်းအားဖြင့် ၄ဝရာခိုင်နှုန်း မှန်အောင်ဖြေနိုင်တဲ့ ကျောင်းသားဟာ စာမေးပွဲအောင်ပါသေးတယ်။ ၄ဝ ရာခိုင်နှုန်းမှန်အောင် မဖြေနိုင်ခဲ့ရင်တောင် ၃၅ လောက်မှန်ရင် မော်ရေးရှင်းနဲ့ အောင်နိုင်ပါသေးတယ်။ အဲဒီတော့ အမှားကို ကြောက်နေဘို့ မလိုပါဘူး။ မှားမှာကြောက်နေရင် အမှန်နဲ့လည်း မနီးစပ်ပါဘူး။ ဘဝမှာ ရည်ရွယ်ချက် မြင့်မြင့်မားမားရှိသူတွေကတော့ အမှားနည်းနိုင်သမျှနည်းအောင် ကြိုးစားရမှာပေါ့။ ဒါမှ ဘဝစာမေးပွဲကြီးမှာ […]