(၁) လူတိုင်း တဏှာ ပယ်လာနိုင်တဲ့အခါမှာ ကိုယ့်မယား ကိုယ်ချစ်တဲ့စိတ် မရှိတော့ဘူးဆိုလျင် သည်လောကကြီး ဘာဖြစ်လာမလဲလို့ ကြည့်ခိုင်းလိုက်ပြန်တယ်။ တလောကလုံး ဖိုစိတ်မစိတ်မရှိတော့ဘူးဆိုလျင် လူတွေ မျိုးပြုန်းသွားမှာအမှန်ပဲ မဟုတ်လား၊ သည်တော့ တို့ဘုရားဟာ လူတွေမျိုးပြုတ် အောင်ဟောတဲ့ဘုရား ဖြစ်နေမ¬ှာပေါ့။ (ဓမ္မဝိဟာရီ ရေး တဏှာရှင်းတမ်း စာ ၁၃) အပေါ်ကစာကိုဖတ်ရတော့ စိတ်ကူးအရခွဲနိုင်ခြင်းနဲ့ လက်တွေ့အရခွဲနိုင်ခြင်းကို သတိရမိပါတယ်။ မြေအိုးတစ်လုံးကို မြေနှင့် အိုးပုံသဏ္ဌာန်အား သီးခြားစီ ခွဲပေးဖို့ပါ။ လက်တွေ့မှာ ခွဲဖို့မဖြစ်နိုင်ပေမယ့် စိတ်ကူးအတွင်းမှာတော့ မြေကသပ်သပ်၊ အိုးပုံသဏ္ဌာန်ကသပ်သပ် သီးခြားစီခွဲပြီးသိနိုင်ပါတယ်။ တလောကလုံး ဖိုစိတ်မစိတ်မရှိတော့ဘူးဆိုလျှင် ဆိုသောစကားသည် စိတ်ကူးအတွင်း၌သာဖြစ်နိုင်၍ လက်တွေ့၌ မဖြစ်နိုင်သော ပြောဆိုချက်ဖြစ်သည်ဟူ၍ တွေးမိပါသည်။ (၂) “ငါ”ရယ်၊“ငါမဟုတ်ဘဲ၊ ငါအယောင်ဆောင်နေတဲ့အကောင်”ရယ်။ သည်နှစ်ခုရှိကြောင်း သိရမယ်”လို့ တို့ကပြောတယ်။ (ဓမ္မဝိဟာရီ […]