BoDawApril 10, 20101min1617
NLD ရုံးရှေ့ သစ်ပင်ရိပ်အောက်မှ မော့ကြည့်လိုက်ရာ အောက်ခံ ဆေးအနီရောင်ပေါ်တွင် အဖြူရောင် စာလုံးဝိုင်းများဖြင့် ရေးထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟူသော ဆိုင်းဘုတ်ကို တွေ့ရသည်။ ဒီဆိုင်းဘုတ်က မကြာခင် ဖြုတ်ချခံရဖွယ် ရှိနေသည်။ ရုံးဝင်ပေါက်နှင့် မလှမ်းမကမ်းတွင် အမျိုးသမီး အဖွဲ့ဝင်များကို တိတ်တိတ် ဆိတ်ဆိတ် တွေ့ရသည်။ ရုံးသို့ လာရောက်ကြသော အဖွဲ့ဝင်များကို နေ့လယ်စာ ကျွေးရန် တိတ်တိတ် ဆိတ်ဆိတ်ပင် ပြင်ဆင်နေကြသည်။ NLD သည် ပြည်သူ လူထု အများအပြား အနှစ် ၂ဝ ကျော် ထောက်ခံခဲ့သော နိုင်ငံရေး ပါတီကြီး ဖြစ်သည်။ သို့သော်လည်း ပါတီကြီး တည်ရှိရန် ရက်ပေါင်း ၂ဝ ကျော်သာ လိုတော့သည်။ တရားဝင် ဆက်လည် […]


BoDawOctober 18, 20091min1223
အာဇာနီနှင့် ခြစ်ကောင်းတို ့ဆန်ဖရမ်စစ်စကိုတွင်လက်သီးထိုးတန်းကစားကြသည်ဟုသိရသည်။ ဆန်ဖရန်သားတို့က အာဇာနီ ပြဲနေပုံ ဗီဒီယိုကြီးနှင့်သွားရိုက်ရာမှ စပြီး အာဇနီမှ ထိုးထည့်လိုက်ရာ နံရံကြီး တော်တော်ထိသွားသည်ဆိုသည်။ အာဇာနီနှင့် အုပ်ကာကြော်တို့လည်း ရောက်ရင်သိမယ်ဖြစ်နေကြကြောင်း သတင်းရရှိသည်။ အုပ်ကာကြော်မှ အယ်အေရောက်ရင် သိမယ်ပြောပြီး အာဇာနီမှ ရန်ကုန်ရောက်ရင် သိမယ် ဆိုလေသည်။ ဖေ့ဘုတ်ကြီးတွင်လည်း ရေးထားကြကြောင်း ဝါသနာပါလျှင် ကြည့်နိုင်ရန်ခါးတို ့သတိပေးလိုက်ရသည်။ ဇာတိချက်ကြွေ မွေးရပ်ပြည်တွင် ကြွက်များသောင်းကြမ်းမှုကြောင့် အငတ်ဘေးကြုံသဖြင့် နိုင်ငံတကာထွက် ငွေရှာနေကြသော ချင်းလုံမပျိုစုံသဉ်းပါ တို့ ချင်းတအုပ်သည် အမေကြီးကား သွားရောက်ရန်ရှိကြောင်း သိရသည်။ ရောက်သည်နှင့် တသက်တာစောင့်နေရသော အကြွေးများသိမ်းရန် အမေကြီးကားမှ ချင်းလုလင်ပျိုများက ကြုံးဝါးနေကြကြောင်း.. အရပ်ရှည်ရှည် ကိုယ်လုံးသွယ်သွယ် အိန်ဒျာကြော်ဇင်သည်လည်း အမေကြီးကား သွားရန်ရှိကြောင်း သိရသည်။ ယခုတခေါက် မေမေမပါပဲထွက်လာရဟန်ရှိသော သူမအား […]