CourageJuly 21, 20151min39716
ချစ်သော နေ့ရက်များ အခန်း(၁)                 မိန်းကလေးတစ်ယောက်ကို ချစ်မိရင် ရင်ထဲမှာ ဘယ်လိုဖြစ်သွားမလဲလို့ ကျွန်တော် အကြိမ်ကြိမ်တွေးဖူးခဲ့တယ်။ အဲ့ဒီ့အတွေးရဲ့ အဖြေကိုလဲ အခါခါ မေးကြည့်ဖူးပါရဲ့။ ဒါပေမယ့် ကျွန်တော်တစ်ခါမှ အဖြေရှာမရခဲ့ဘူး။ ရုပ်ဝတ္ထုပိုင်းကိုသာ အာရုံစိုက် အရေးပေးတတ်တဲ့လူတွေရဲ့ အချစ်ဆိုတဲ့စကားဟာ ကျွန်တော့အတွက်တော့ အပေါစားရုပ်ရှင်တစ်ခုကို ကြည့်နေရတာလောက်တောင် တန်ဖိုးမရှိခဲ့ဘူးလေ။ တစ်ကယ်တန်းသာ အပေါ်ယံ ရူပနိကယ်ကိုပဲ အချစ်ဆိုပြီး သတ်မှတ်နေကျရင် လောကမှာ ရုပ်ဆိုးသူတွေ လူပျိုကြီး အပျိုကြီးပဲဖြစ်ကုန်မှာပေါ့။ ဒါမှမဟုတ် လူတွေအားလုံးဟာ ပြုပြင်ထားတဲ့ အလှအပတွေနဲ့ပဲ ဖြစ်ကုန်ကျမှာပေါ့။ ကျွန်တော်ကတော့ အချစ်ဆိုတာကို ခံစားမှုတစ်ခုအဖြစ်ပဲ သတ်မှတ်ချင်တဲ့သူလေ။ ခံစားမှု ဝါဒီသမားလို့ဆိုချင်လဲဆို။ လူတစ်ယောက်ကို တစ်ကယ်ချစ်မိသွားတဲ့အချိန် ရင်ထဲမှာ ဘယ်လိုတွေဖြစ်သွားမလဲ… အချစ်ဆိုတာကရော ဘယ်လိုအချိန်မှာ နှလုံးသားထဲ ခိုးဝင်ကာ ဒေါင့်တစ်နေရာမှာ ပုန်းခိုနေလိမ့်မလဲလို့ […]


CourageJune 28, 20151min3108
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၅ ချစ်စရာ့ ဘောလယ် – ၂   ဒီတစ်ခေါက်တော့ တစ်ခြားကဗျာအကြောင်းကို မရေးတော့ပါဘူးလေ။ အရင်တစ်ပတ်က စကားပဋိညဉ်ခံထားတဲ့အတိုင်း လှိုင်ထိပ်ခေါင်တင်ရဲ့ ဘောလယ်ကို ပြန်ခြေတဲ့ ပြန်တောင်းပန်တဲ့ “ဖူးပွေ့လက်တင်” ဘောလယ်လေးအကြောင်းပဲ ရေးပါမယ်။ ရေးမယ်ဆိုတော့ ရှည်ရှည်ဝေးဝေးတွေ စကားပုလ္လင်မခံတော့ပါဘူး။ အခုပဲ ဇာတ်လမ်းစပြီဗျာ။ “ဟဲ့ ဟဲ့ မြင်းခံတော်ကြီး မြင်းခံတော်ကြီး” “မှန်ပါ။ ဖဝါးမလပ် ခစားလျှက်ပါ ဘုရား” “ထပ်ထားလေးက ကိုယ့်တော့အကြောင်း ဘောလယ်တစ်ပုဒ် စပ်ဆိုထားတယ်ဆိုပါ့လား” “မှန်ပါ။ အလွန်ပင် ရသမြောက်လှကြောင်းပါ” ခန်းမဆောင်ကို အရှေ့နှင့်အနောက် လူးလားလျှောက်နေရင်း အိမ်ရှေ့စံကိုယ်တော်ကြီးက ဆက်ပြောသည်။ “အိန်းအိန်း။ ရသမြောက်ပုံကတော့ ဆိုဖွယ်ရာဘယ်ရှိမလဲကွဲ့။ ထိပ်ထားလေးဆိုတာကလဲ အခြားသူမှမဟုတ်တာ။ ကျေးဇူးရှင် ရွှေဘိုမင်းကြီးရဲ့ အနောက်နန်းမတော်မိဖုရား […]


CourageJune 19, 20151min81627
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၄ ချစ်စရာ့ ဘောလယ်   “ဘာလဲ လှိုင်ထိပ်ထား။ မင်းက မင့်သမီးမဟုတ်လို့ ရှုပ်လှတယ်ဆိုပြီး ဒီလို အကောက်ကြံလွှတ်လိုက်တာလား” “မဟုတ်ဘူး မောင်ဘုရား။ မောင်ဘုရား အထင်တော်မှားနေပြီ” “ကျုပ်ဘာမှ အထင်မမှားဘူး လှိုင်ထိပ်ထား။ မင်းသမီးလေးရဲ့ အဆောင်တော်လာတောင်းတဲ့ စပယ်ဆီ ရွှေခွက်ထဲမှာ ပိုးလေးတစ်ကောင် ပါသွား မပါသွားဆိုတာကို သတိမမူမိလောက်အောင် မင်းဟာ နမောနမဲ့နိုင်သူ မဟုတ်ပါဘူး။ ဒါဟာ မင်းသိသိရက်နဲ့ မသိလိုက်ချင်ယောင် ဆောင်နေလိုက်တာပဲ။ ကိုယ့်သမီးမဟုတ်လို့ ဂရုစိုက်စရာမလို ဆိုပြီး မင်းနေလိုက်လို့ ဖြစ်တာပဲ။” တစ်ရက်ဆက် အပြစ်တင်စကားများ ဆိုနေသော အိမ်ရှေ့စံကိုယ်တော်၏ စကားလုံးများကို နားထောင်ရင်း ထိပ်ထား၏ မျက်နှာတော် တင်းမာလာသည်။ တစ်ကယ်တော့ လှိုင်ထိပ်ထားဆိုသူဟာ အခြားသူမဟုတ်။ ရွှေဘိုမင်း(သာယာဝတီမင်း)နဲ့ […]


CourageJune 12, 20151min51420
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၃ အမျက်လေးရယ်တဲ့ ပြေစေလို             မြန်မာရှေးခေတ် စာဆိုတို့ရဲ့ သမိုင်းကို စစ်ကြည့်လိုက်မယ်ဆို မင်းပြစ်ဒဏ်သင့်ခဲ့တဲ့ စာဆိုအမတ်ကြီးများစွာကို တွေ့ရမှာပါ။ ထိုအမတ်ကြီးတွေကလဲ မင်းပြစ်ဒဏ်သင့်နေချိန်အတွင်းမှာ ရေးခဲ့တဲ့ အမျက်တော်ပြေစေဖို့ရွယ်ကာ ရတု၊လင်္ကာများစွာ ရေးသားခဲ့တာကိုလဲ တွေ့ရမှာ မလွဲ။ အဲ့ဒီ့အထဲမှာမှ “မဲဇာတောင်ခြေ၊ စီးတွေတွေတည်း”အစချည် လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ “မဲဇာတောင်ခြေ” ရတုဟာ အလွန်ထင်ရှားတာပေါ့။ မှတ်မိသလောက်ပြောရရင် ရာဇသင်္ကြန်၊ ဦးပေါ်ဦးတို့ ရေးသားခဲ့တဲ့ လင်္ကာတွေကလဲ ထင်ရှားတာပါပဲ။ ထို အမျက်ဖြေကဗျာတွေထဲမှာမှ သက်တော်ရှည် ပညာရှိသုခမိန်အမတ်ကြီး အနန္တသူရိယရဲ့ မျက်ဖြေလင်္ကာကတော့ အစောဆုံး မျက်ဖြေလင်္ကာလို့ဆိုရမယ့်ကဗျာပါ။ ဒီကဗျာဟာ အစောဆုံး မျက်ဖြေလင်္ကာဖြစ်ရုံမက မြန်မာစာပေသမိုင်းမှာ “သိုးကလေ”အစချည် “ရွှေနှင့်ယိုးမှား ပန်းစကား”၊ “မြကန်သာ တောင်ကျချောင်းတေး ရေဝင်ပြေးလျက်”အစချည် “မြကန်”ကဗျာတို့ရဲ့ […]


CourageApril 22, 20151min32117
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၂ အီကြာကွေးအား တို့ထိမိခြင်း   အီကြာကွေးဆိုလို့ လက်ဘက်ရည်နဲ့ တို့စားရတဲ့ ဂျုံမှုန့်ကို ရေနဲ့ဖျောကာ နှဲ၊ ရှည်မျောမျောလေး ဖြစ်အောင်ဆွဲကာ အလည်သားကို သံပြားနဲ့ဖိ၊ ဆီပူပူထဲထည့်ကျော်ပြီးမှ ရလာတဲ့ နှစ်ချောင်းပူး စားစရာ အီကြာကွေးကို ပြောတာမဟုတ်ရပါဘူး။ မောင်ကာကြီးတို့ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ ကြိုက်နှစ်သက်ခဲ့ရတဲ့ ဟာသသူရဲ့ကောင်း ဆရာအီကြာကွေးကို ပြောတာပါ။ ဆရာကြီးရဲ့ ဟာသတွေဖတ် သရော်စာတွေဖတ်ပြီး မောင်ကာကြီးလိုပြောင်တတ် လှောင်တတ်လာတဲ့ သူတွေလဲနည်းမှာမဟုတ်။ ဆရာကြီးရဲ့ စာတွေမှာ အမြဲတွေ့ရတတ်တဲ့ ဆန်းသစ်တဲ့ တင်စားမှုတွေ ထူးခြားတဲ့ စကားလုံးတွေကို မောင်ကာကြီးကတော့ အပြင် ဘဝမှာတောင် ယူပြီး သုံးနှုန်းခဲ့ဖူးပါရဲ့။ တစ်ကယ်တန်းကျ ဆရာအီကြာကွေးဆိုတာ စာပေအလုပ်တစ်ခုတည်းကိုပဲ တစ်စိုက်မတ်မတ်လုပ်သွားခဲ့တဲ့ purify စာရေးဆရာတစ်ယောက်ပါ။ […]


CourageApril 13, 20151min29113
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၁ ပိတောက်ရယ် တန်ခူးရယ် သင်္ကြန်ရယ် “ပတ်ဗေပုံ တူပို တူပို တူ၊ ပတ်ဗေပုံ တူပို တူပို တူ”။ ဒီအချိန်ရောက်လာလို့ ဒီအသံလေးတွေ ကြားလိုက်ရရဖြင့် လူတွေစိတ်ထဲ ဘယ်လိုကြီးမှန်းမသိ။ ပုရွက်ဆိတ်ပဲကိုက်သလိုလို၊ ကောက်ကာငင်ကာပဲ ဝဲစွဲသွားသလိုလို ယားကျိယားကျိ ကလိကလိနဲ့ နေမထိထိုင်မသာဖြစ်နေကျ။ ထင်ပါတယ်။ မြန်မာတူရိယာထဲက ဗုံသံစဉ်တွေထဲမှာ ဒိုးဆိုတာ အလွန်မြူးတဲ့ သံစဉ်။ အဲ… အဲ့ဒီ့ ဒိုးတကာ့ ဒိုးထဲမှာလဲ သင်္ကြန်ဒိုးနဲ့ နတ်ဒိုးဆိုတာက လူတွေရဲ့စိတ်ကို မရိုးမရွနဲ့ ထကြွ ပျော်ရွှင်ချင်စိတ်တွေ အဖြစ်စေနိုင်ဆုံးပေါ့။ ဪ… ဘာလိုလိုနဲ့ သင်္ကြန်ဒိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အတာကြူးတဲ့ တန်ခူးလကိုတောင် ရောက်လာပြန်ပြီပဲ။ သင်္ကြန်ဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ ကိုယ်တိုင် ပါဝင်ဆင်နွဲရသည်ဖြစ်စေ၊ […]


CourageApril 3, 20151min25510
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၉ ပူပါတော့သည်             တစ်နေ့က ဘာရယ်တော့ မဟုတ်ပဲ စွယ်စုံရအနုပညာရှင် ဦးဝင်းဦးရဲ့ ရုပ်ရှင်တွေကို မွှေနှောက်ကြည့်နေတုန်း “တစ်ကျော့ နှစ်ကျော့ တေးကိုသီ” ဆိုတဲ့ ဇာတ်ကားကို သွားတွေ့တော့ ခေတ်စမ်းစာပေလောကရဲ့ အထင်ကရ ကဗျာဆရာဖြစ်တဲ့ ဆရာကြီး မင်းသုဝဏ်ကို သတိရမိသွားတယ်။ သတိမရလဲ နေနိုင်ရိုးလားဗျာ။ သူ့ကဗျာစာသားတွေကို မြင်လိုက်ရမှတော့ ဆရာ့ကို သတိရမိပြီပေါ့။ ပြောရမယ်ဆိုရင် ဆရာမင်းသုဝဏ်ဆိုတာ မောင်ကာကြီး အပါအဝင် လူအားလုံးလိုလို ကြားဖူးခဲ့တဲ့ အိပ်ရာဝင် သားချော့တွေ ကဗျာတွေရဲ့ ပိုင်ရှင်ပေါ့။ “ဆွမ်းအုပ်နီနီ အမေရွက်လို့၊ နက်ဖြန်မနက် ကျောင်းထွက်မယ်”လို့ အမေက ဆိုပြလိုက်ရင် မျက်လုံးဝိုင်းလေးနဲ့ ပြုံးပြုံး ရွှင်ရွှင်မျက်နှာလေးနဲ့ ရင်ဝယ်ပိုက် ကလေးသူငယ်တွေဆိုတာ ဒုနဲ့ဒေးပါ။ ဆရာမင်းသုဝဏ်ဆိုတာကလဲ […]


CourageMarch 29, 20153min29810
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၉ ဦးမင်းလူ ကောင်းမှုအား သာဓုခေါ်ခြင်း   “အချစ်စစ်ဆိုတာ တစ်သက်မှာ တစ်ခါပဲဖြစ်နိုင်တယ်ဆိုတာ မဟုတ်ဘူး။ ဆုံးရှုံးမှုများနဲ့ ချစ်ခြင်းအတွက်တော့ ပိုင်ရှင်အစစ် ပေါ်မလာမချင်း အချစ်အားလုံးဟာ စစ်နေသလို အသစ်အားလုံးဟာလဲ အချစ်တွေပဲ”။ ဒီစကားကို ဘယ်သူမှ ပြောခဲ့တာမဟုတ်။ တစ်ခါက မောင်ကာကြီး အရူးထပြီး ရေးထားမိတဲ့ စာ။ ဟုတ်ပါတယ်။ မောင်ကာကြီးလို အကြိမ်ကြိမ် အသဲကွဲခဲ့ဖူးတဲ့သူအတွက်တော့ အခါအခါလဲ အချစ်ဆိုတာ ဖြစ်ခဲ့ဖူးသပေါ့လေ။ အချစ်ဆိုမှ ပြောရဦးမယ်။ မောင်ကာကြီးထင်တယ်ဗျ။ ချစ်ခဲ့ရသမျှအချိန်တွေထဲမှာ တက္ကသိုလ်တက်တုန်းက အချိန်က တော်တော် ပျော်စရာကောင်းတာ။ အသက်ကလဲ ငယ်ငယ်ရွယ်ရွယ် နှလုံးသားကလဲ နုနုနယ်နယ်ဆိုတော့ ဗီးနပ်စ်ရဲ့ခုံရုံးကနေ ပုဒ်မ၁၅၀ဝနဲ့ တရားစွဲခံရတာလဲ ခဏခဏ။ မြားနတ်မောင်က လက်မတည့်တော့ ဖူးစာလွဲခဲ့တဲ့ […]


CourageMarch 14, 20151min62115
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၈ အချစ်ဦးသို့… တမ်းချင်း   “ ပတ်ဝန်းကျင်ကိုလည်း မမြင်ချင်၊ မကြားချင်၊ မသိချင်ပါ ခိုင်…။ အတိတ်ဆိုတာကိုလည်း မေ့ချင်ပါသည် ခိုင်…။ ပစ္စုပ္ပန်မှာလည်း မောင်မပျော်ပါဘူး ခိုင်…။ အနာဂတ်ဆိုတာကိုတော့ တွေးမိတိုင်း ကြောက်လန့်မိတယ် မိခိုင်ရယ်…” ဒါက တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်” ဝတ္ထုထဲက အကြိုက်ဆုံး စာသားလေးပေါ့။ မောက်ကာကြီး အခုတလော ဆရာဘုန်းနိုင်ရဲ့ ဝတ္ထုတွေ ပြန်ပြီး ဖတ်ဖြစ်နေပါတယ်။ ဖတ်ဖြစ်တာမှ ဖတ်ပြီးသားတွေကို ပြန်ဖတ်ဖြစ်တာ။ ပြန်ဖတ်ဖြစ်တယ်ဆိုမှတော့ မောင်ကာကြီးရဲ့ အကြိုက်ဆုံးဖြစ်တဲ့ “ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်” လဲ ပါခဲ့တာပေါ့။ ဟုတ်ပါတယ်။ ခိုင်ဆိုတဲ့ ဝတ္ထုကြောင့် မောင်ကာကြီး ဝတ္ထုဆိုတာကို […]


CourageMarch 13, 20151min82237
လူမုန်းခံတော့မည်   ကျွန်တော့ ဘဝမှာ အကြောက်ဆုံး အရာတစ်ခုရှိခဲ့ပါတယ်။ လူမုန်းခံရမှာကိုပါ။ ဒါကြောင့်လဲ ကျွန်တော်ဟာ အလွန်တရာမှ အငြင်းသန်သူဖြစ်ပေမယ့် လူတွေနဲ့ အတိုက်အခံဖြစ်စေမယ့် ဝိဝါဒ ကွဲပြားမှုအခြေခံကာ အမုန်းတရားတွေဖြစ်စေမယ့် စကားတွေကို ပြောဖို့အတွက် အတတ်နိုင်ဆုံးရှောင်ရှားခဲ့သူပါ။ ဒီအတွက်ကြောင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ဝင်ရောက်ပြောဆိုခြင်း မပြုခဲ့တာ တော်တော်ကြာပါပြီ။ ဒါပေမယ့် အခုတော့ ကျွန်တော် လူမုန်းပဲခံပါတော့မယ်။ ဟုတ်ပါတယ်။ ဘယ်ဘက်ခြမ်းကိုမှ မလိုက်ပဲ ခြံစည်းရိုးကိုခွထိုင်ပါတော့မယ်။ မြင်သမျှကို ကြားလူအနေနဲ့ ပြောမှာ ဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက ကျွန်တော့ကို မုန်းကြပါတော့မယ်။ မုန်းကြပါစေတော့။ မုန်းကြပါတော့။ ဒီရက်ပိုင်းအတွင်း ကျွန်တော်အကြိုက်ဆုံးစာသားလေးတစ်ကြောင်းရှိပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ တွေ့ခဲ့တာပါ။ ဘယ်သူရေးမှန်းတော့ မသိ။ “ ကိုက်တတ်တဲ့ခွေးမှန်းသိနေရက်နဲ့ မကိုက်ကိုက်အောင် ခွေးရှေ့သွား မျက်စိနောက်နေမှတော့ အကိုက်ခံရမှာပေါ့”တဲ့။ […]


CourageMarch 7, 20153min40718
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ ရေသည်ပိုင်ရှင်ကြီး   “ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ၊ စိတ်ပျက်အောင်လှပါတဲ့၊ မရေသည်” ဒီရက်ပိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ နီးလာပြီဆိုတာကို ကြားမိတော့ ပထမဆုံးသွားသတိရမိတာက ဒီစာပိုဒ်လေးပါ။ တစ်ကယ်ပါ။ မောင်ကာကြီးအတွက် ဆယ်တန်းကျောင်းသားဘဝက သင်ခဲ့ရတဲ့ ရေသည်ပြဇာတ်ထဲမှာ ဒီစာပိုဒ်လေးကို အခုထိတိုင် မှတ်မိနေစဲပေါ့။ ရေသည်ပြဇာတ်ဆိုတာက ကျက်လို့လဲကောင်း၊ မှတ်လို့လဲကောင်း အဲ ဖတ်လို့ ဆိုလို့လဲ အရမ်းကောင်းတော့ သူများတွေတော့မသိ မောင်ကာကြီးကတော့ အဲ့ပြဇာတ်လေးကို အမြဲလိုလို ဖတ်ဖြစ်ခဲ့တာပါ့။ နောက်တစ်ပိုဒ်ရှိသေး။ ရေသည်ယောက်ျား ထွက်ထွက်ခြင်းမှာ ရွတ်ခဲ့တာ စာလေ။ “အသက်ရှိစဉ်၊ မသေခင်ကို၊ ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊ ငါးသန်သေးနုတ်၊ ရေလုံပြုပ်များကိုု၊ တလုပ်ကယ်ဝ၀၊ စားလိုက်ရလျှင်ဖြင့်၊ အာကပပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့” […]


CourageFebruary 27, 20151min42313
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၆ ဝဏ္ဏပဘာ   ရှင်မဟာရဋ္ဌသာရလို့ ဆိုလိုက်တာနဲ့ မြန်မာကျောင်းကိုတက်ခဲ့ဖူးတဲ့သူတိုင်း ရင်းရင်းနှီးနှီးကို သိရှိပြီးသားဖြစ်မှာပါ။ မောင်ကာကြီး ယုံပါတယ်။ “အိုဘယ့်ဘယ် ၊ အိုဘယ့်သမီးတော် ၊ ထင်ပေါ်ဘုန်းပျံ့သင်း။ အိုဘယ့်ဘယ် ၊ အိုဘယ့်သမီးတော် ၊ နတ်သော်ပုံမယွင်း ။အိုဘယ့်ဘယ်၊ အိုဘယ့်သမီးတော် ၊ စန္ဒောလနှယ်ဝင်း။”ဆိုတဲ့ ကဗျာကို အားလုံး အလွတ်ကျက်မှတ်ခဲ့ဖူးမှာပေါ့။ ပြီးတော့ ဆရာတော်ရဲ့ ကိုးခန်းပျို့ဆိုတာကလဲ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးအတွက် လွန်စွာမှုတန်ဖိုးရှိတဲ့ ပျို့ကဗျာမှန်း အားလုံးလဲသိဖူးပြီးသားလေ။ အခြားသော အခြားသော မှတ်သားဖွယ်ရာ ဆရာတော်ရဲ့ လက်ရာတွေထဲကမှ မောင်ကာကြီး အခု တင်ပြချင်တာက “ဝဏ္ဏပဘာ”ဆိုတဲ့ ရတုလေးအကြောင်း။ ဆရာတော်ရေးသားခဲ့တဲ့ ဆုံးမစာတွေ အလှကဗျာတွေထဲကမှ ဒီကဗျာကို ဘာလို့ […]


CourageFebruary 20, 20151min30910
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၅ ဖိုးမောင်ဟုခေါ်သည်   တစ်ခါက အေးချမ်းသာယာလှပတဲ့ ရွာလေးတစ်ရွာမှာ ဖိုးမောင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိသတဲ့။ ဖိုးမောင်လေးဟာ ငယ်စဉ်ကတည်းက မိဘများ ဆုံးပါးသွားတဲ့အပြင် ဆွေမရှိ မျိုးမရှိဆိုတော့ ဆင်းရဲ နွမ်းပါးစွာနဲ့ပဲ ကြီးပြင်းခဲ့ရသူပေါ့။ ရွာထဲက တက်နိုင်သူတွေရဲ့အိမ်မှာ ထင်းခွေ၊ ရေခပ်လုပ်ရင်း ရွာထဲကနွားတွေကို စားကျက်ချပေးရင်းနဲ့ ဝမ်းရေးအတွက် ရုန်းကန်ခဲ့ရသတဲ့လေ။ သို့ပေမယ့် ဖိုးမောင်လေးဟာ လူသာဆင်းရဲပေမယ့် စိတ်ဓါတ်ကတော့ မဆင်းရဲ ရှာဘူး။ လပြည့် လကွယ် ဥပုတ်နေ့တွေဆို ရွာဦးကျောင်းက သံဃာတွေအတွက် ဆွမ်းခံထွက်တာတို့ ရွာထဲက အလှူတွေ မင်္ဂလာဆောင်တွေမှာ ဝေယာဝစ္စတွေလုပ်ပေးတာတို့ကို ဝတ္တရားမပျက်လုပ်ပေးနေကျပေါ့။ ရွာထဲက လူတွေကလဲ ဖိုးမောင်အပေါ်မှာ မေတ္တာထားကျပါတယ်။ သူဟာ မိဘမဲ့ တစ်ကောင်ကြွက် တစ်ယောက်ဖြစ်ပေမယ့် ရွာသူရွာသားများက […]