Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


CharTooLanDecember 15, 20101min48916
ဆြာဆူးရဲ ့(ဆန်ပြုတ်) ပီးတော့ အခု မမရဲ ့(ဆွေမျိုးမေ့ဆန်ပြုတ်) ဦးကြောင်ကြီးလွှေးချင်နေတဲ့ ပရော်ဖက်ရှင်နယ်ဆန်ပြုတ် ~~စသဖြင့် ဆန်ပြုတ် ဆန်ပြုတ် ဆိုတာတွေကိုမြင်မြင်နေရတော့ ဒီဆန်ပြုတ်တော်တော်ခေတ်စားနေပီလို့ တွက်ချက်မိပါတယ်။ ဆန်ပြုတ်နဲ့ပတ်သက်ပီး ကြားခဲ့ဖူးတဲ့ဟာသလေးလဲရှိနေလေတော့ ဒီဆန်ပြုတ်ခေတ်ထနေရတဲ့ အကြောင်းက ဒါကြောင့်ပဲလားလို့တောင်တွေးမိပါတော့တယ်ဗျာ~~ ကျနော်ကြားဖူး ဖတ်ဖူးတဲ့ဟာသလေးက နာမည်ကြီးစာပြောင်စာရေးဆရာအကြည်တော်ရဲ ့ဝတ္ထုထဲမှာလဲပါဖူးပါတယ်။ တခါကလင်မယားနှစ်ယောက်မှာ မူလတန်းအရွယ်သားလေးတစ်ယောက်ရှိတယ် အဲ့ကလေးကိုကျောင်းသွားခါနီးတိုင်း အမေဖြစ်သူကဆန်ပြုတ်တစ်ခွက်သောက်ခိုင်းလေ့ရှိပါတယ်။ တနေ့ကြတော့ ကလေးကဆန်ပြုတ်မသောက်ချင်လို့ဂျီတွန်နေတယ် အမေဖြစ်သူကလဲ “သားဒီဆန်ပြုတ်သောက်မသွားရင် ကျောင်းမှာဗိုက်ဆာနေမှာပေါ့ မေမေကသားလေးအားရှိအောင်တိုက်တာလေ” ကလေးကလဲ မသောက်ဘူးပဲငြင်းနေတယ် ချော့လဲမရ ခြောက်လဲမရနဲ့ စောစောစီးစီးရိုက်မယ်နှက်မယ်ဆိုပီး ဆူညံနေတော့တာပဲ…ဒါကိုရုံးသွားခါနီးအဖေကကြားတော့ “ဒီသားအမိတွေဆူလှချည်လား ဘာဖြစ်နေကြတာလဲ မနက်စောစောကြီးကွာ”…လို့ဆိုတော့ အမေဖြစ်သူက “ရှင့်သားလေ ကျောင်းသွားခါနီးဆန်ပြုတ်တိုက်နေတာကို မသောက်ဘူးချည်းလုပ်နေတယ် ကျမတော့စိတ်တိုပီးတွယ်မိတော့မယ်” လို့ပြောနေလဲ ကလေးကမသောက်ပါဘူး ဒါနဲ့အဖေက “သားရေ~လာပါအုံးကွ” ခေါ်ပီး ကလေးအနားကိုကပ်ကာ (@$#%$^%&^#*) တိုးတိုးလေးပြောလိုက်ပါတယ်။ […]


CharTooLanDecember 13, 20101min4019
ကဲ! ရွာသူရွာသားအပေါင်းတို့သိကြတဲ့အတိုင်း ဟောလီးဝုဒ်ဒါရိုက်တာဆူး၏ (အသပြာထောင် တစ်ထုတ်နဲ့ သဂျီး) ဇာတ်လမ်းနှင့် အကယ်ဒမီများရှင်ဒါရိုက်တာဝေ၏ (ရတနာပုံ နေပြည်တော်ညီလာခံသဘင်) စသည့်လျှမ်းလျှမ်းတောက်အောင်မြင်နေသော ဇာတ်လမ်းများတွင် ပါဝင်အစွမ်းပြသရုပ်ဆောင်ထားကြသော ကမာ္ဘကျော်အက်ရှင်မင်းသား မင်းသမီးများနှင့် ကမာ္ဘကျော်ဒရမ်မာမင်းသား မင်းသမီးများအား ရစရာရှိသောအကြွေး (အဲ~မှားလို့) သရုပ်ဆောင်ခများအား ယနေ့ညနေ ၅နာရီနောက်ဆုံးထားပီး ဆြာဆူး နှင့် ဆြာဝေ တို့ထံ၌လာရောက်ဓားပြတိုက်ကြပါရန် အကြိုးမျှော်၍နှိုးဆော်လိုက်ပါတယ်ခင်ဗျား ~~~~ ပုံ/ ကမာ္ဘကျော်အက်ရှင်မင်းသား ဂျက်ကီချာ 🙂


CharTooLanNovember 26, 20101min2183
ဒီဖုန်းကိုလျှောက်ချင်တယ် အဲဒါဘာတွေလိုအပ်ပီး ဘယ်မှာလျှောက်ရမလဲ သိတဲ့သူများရှိရင် ပြောပေးကြပါလို့ ဉာဏ်ပညာကြီးမားကြကုန်သောရွာသူရွာသား အပေါင်းတို့အား ကျနော်မောင်ချာတူးမှ မေတ္တာရပ်ခံပါတယ်ခင်ဗျား~~ အင်တာနက်ပါ သုံးနိုင်မည့် McWill ဖုန်း ဆက်သွယ်လျှောက်ထားနိုင် ထိုဖုန်းစနစ်သည် အသံဝန်ဆောင်မှု၊ အင်တာနက်ဝန်ဆောင်မှုနှင့် ဒီဂျစ်တယ်ရုပ်သံ ဝန်ဆောင်မှု သုံးမျိုးလုံး ချိတ်ဆက် အသုံးပြုနိုင်မည့် Multi Services ဖြစ်သည့်အတွက် ပြပွဲတွင် ပရိသတ်များ၏ စိတ်ပါဝင်စားမှု အထူးရရှိခဲ့~~ အမြန်နှုန်း 1MB ရှိ အင်တာနက် ဝန်ဆောင်မှုပါ အသုံးပြုနိုင်မည့် McWill ဖုန်းများကို မကြာမီ ချထားပေးမည်ဖြစ်ရာ ရတနာပုံတယ်လီပို့ ကုမ္ပဏီသို့ ဆက်သွယ် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းစနစ်ကို အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် Myanmar […]


CharTooLanNovember 16, 20101min2091
၁၄.၁၁.၂၀၁ဝ ရက်နေ့က တနင်္ဂနွေရုံးပိတ်ရက်မို့ အိပ်ယာထနောက်ကျခဲ့တယ်။ အဲဒီတော့ အချိန်နှောင်းပီးမှ ဈေးရောက်သွားပါတယ်။ ဈေးဝယ်နေရင်းဈေးသယ်တချို ့က “မြန်မြန်ဝယ်ကြပါ ၁၁းဝဝနာရီသွားစရာရှိလို့ပါ” ဆိုတဲ့ပြောသံကိုကြားတယ် လူတိုင်းလိုလိုပြောနေကြတာ ဘာကိုပြောမှန်းအစကမသိဘူး။ ဝယ်နေကျကုန်ခြောက်ဆိုင် ရောက်မှပဲ “အကို ကျနော်တို့ဆိုင်သိမ်းပါတော့မယ် ဒေါ်စုမိန့်ခွန်းဟောတာသွားနားထောင်မလို့” တဲ့လေ။ သူတို့ချိန်းထားတဲ့သူငယ်ချင်းတွေဆိုရင် ၈းဝဝ လောက်ထဲကသွားကြတာ သူတို့အရမ်းနောက်ကျနေပီ ဆိုပဲ။ အရင်ရက်တွေဆိုရင်အဲဒီဈေးသည်တွေက ချဲထီအကြောင်းပဲပြောနေကြတာမို့ ဒီနေ့ဒီလိုစကားတွေကြားရတော့လဲ ကျနော်တောင် သူတို့ကိုကြည့်ပီး စိတ်ဓာတ်တက်ကြွလာပါတယ်။ အဲဒီနေ့ကပဲ ညနေလောက်ကျတော့ သင်္ဃန်းကျွန်းက သူငယ်ချင်းတစ်ယောက်ဆီကို မတွေ ့တာကြာလို့သွားတော့ တာမွေကနေ သင်္ဃန်းကျွန်းတစ်လျှောက် လမ်းမှာလူတော်တော်ခြောက်ကပ်နေပါတယ် သူငယ်ချင်းအိမ်ရောက်တော့ သူငယ်ချင်းလဲမရှိပါဘူး ဒေါ်စုမိန့်ခွန်းသွားနားထောင်ပါတယ်တဲ့။ သူငယ်ချင်းရဲ ့အဒေါ်က ကျနော် မသွားလို့အံ့ဩနေပါတယ်။ အဒေါ်ကကျနော်ဘယ်သူကို မဲပေးလိုက်လဲလို့မေးတာနဲ့ “ကျနော်မဲလုံးဝသွားမထည့်ပါဘူး ”လို့ပြောလိုက်တော့ ကျနော့်ကိုငတုံးတဲ့လေဗျာ။  သူတို့ကတော့ ခမောက်ကိုမဲပေးတယ်တဲ့။ သူတို့ဘက်မှာပြောနေကြတာက […]


CharTooLanNovember 12, 20101min37410
ဝေဝေရေးတဲ့ ‘ကျမရဲ ့တပည့်ကျော်လေး’ ပိုစ့်ကိုဖတ်ပီး ဒီပိုစ့်ကိုရေးဖို့သတိရလာတာပါ ဖြစ်ခဲ့တာတော့ကြာပါပီ ကျနော်ကြုံခဲ့ရတာကတော ့ရယ်စရာအဖြစ်လေးတစ်ခုပါပဲ အကြောင်းကတော့ ကျနော်စာပြရတဲ့ကလေးမှာ ညီမလေးတစ်ယောက်ရှိပါတယ် အဲဒီကလေးမလေးက အရမ်းကိုသွက်လက်လွန်းတယ်။ အကြီးကောင်လေးက ၅တန်း ကောင်မလေးကတော့ ၃တန်းပဲရှိသေးတယ်။ ကျနော်ပထမဆုံးစာပြရမယ့်နေ့မှာ မိဘနဲ့စကားပြောပီး ကောင်လေးကိုစာသင်ဖို့ပြင်ဆင်နေတုန်း ကလေးမက ‘မင်္ဂလာပါဆရာ’လို့နှုတ်ဆက်လာတယ် ကျနော်ကလည်း ‘သမီးလေးကကော စာမကျက်ဘူးလား’လို့မေးလိုက်တော့ ‘ကျက်ပီးပါပီ’တဲ့ တဆက်တည်းမှာပဲ ‘ကိုကိုကြီးကစာညံ့တယ် စာကောင်းကောင်းမလုပ်ဘူး သမီးလောက်ဉာဏ်မကောင်းဘူး’ လို့ ပြောပါတယ်။ အဲဒီသွက်လက်လွန်းတဲ့ကလေးကို ကျနော်တော်တော်သဘောကျသွားပါတယ်။ နောက်ရက်တွေမှာတော့အဲဒီကလေးတွေနဲ့ ကျနော်အဆင်ပြေပီးခင်ခင်မင်မင်ဖြစ်သွားတယ်။ တနေ့တော့ ကျနော်ကောင်လေးကို စာပြနေတဲ့အနားမှာ ကောင်မလေးကစာလာရေးနေတယ် သူ ့ကို ကျနော် သတိထားကြည့်မိတော့ သူ ့ရဲ ့လက်ညှိုးကို နှာခေါင်းပေါက်ထဲထည့်လိုက် ပါးစပ်ထဲထည့်လိုက်လုပ်နေတာတွေ ့ တယ်။ အဲဒါနဲ့ ကျနော်လဲ ‘ဖူးဖူး! နင်ဘာလို့နှပ်ချေးတွေစားနေတာလဲ’လို့မေးလိုက်တော့ […]


CharTooLanOctober 22, 20104min3897
သဘောကျလို့ပြန် share လိုက်တာ သိပြီးရှိပြီးဖြစ်နေရင်တော့ ခွင့်လွှတ်ပါနော် !! မြန်မာမယ်တော်တွေ လိုက်တုမယ်မထင်တော့ဘူး ဘာလို့လဲဆိုတော့ ဒီဝတ်စုံတွေကလုံတယ်ဗျ 😀 😛 ကြည့်ရတာကျနော်တို့ comment ပေးရင်တွဲထားတဲ့ တွန့်လိန်ကောက်ကွေး တခါတလေရုပ်မပေါက်တဲ့ photo လေးတွေနဲ့တူတယ်နော်


CharTooLanOctober 22, 20104min2110
သဘောကျလို့ပြန် share လိုက်တာ သိပြီးရှိပြီးဖြစ်နေရင်တော့ ခွင့်လွှတ်ပါနော် !! မြန်မာမယ်တော်တွေ လိုက်တုမယ်မထင်တော့ဘူး ဘာလို့လဲဆိုတော့ ဒီဝတ်စုံတွေကလုံတယ်ဗျ 😀 😛 ကြည့်ရတာကျနော်တို့ comment ပေးရင်တွဲထားတဲ့ တွန့်လိန်ကောက်ကွေး တခါတလေရုပ်မပေါက်တဲ့ photo လေးတွေနဲ့တူတယ်နော်


CharTooLanOctober 19, 20101min52810
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက အရောင်းဆင်တာတစ်ခုတွင်ဖြစ်သည်…။ လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ စတိုးဆိုင်ပိုင်ရှင်သူဌေးတစ်ဦးနှင့်အတူ ဓာတ်လှေခါးထဲတွင် မီးပျက်၍ ပိတ်မိနေ၏။ နောက်ဆုံးပြန်သူများဖြစ်သောကြောင့် အကူအညီတောင်းရန်မလွယ်ကူပေ။ နောက်ရက်မှစ၍ အရောင်းဆင်တာ တစ်ခုလုံး သီတင်းကျွတ် ၅ရက် ပိတ်မည်ဖြစ်သည်။ အရေးပေါ်ခလုပ်ကို နှိပ်သော်လည်း အလုပ်မလုပ်သဖြင့် စိတ်ဓာတ်ကျသွား၏။ ဤအခြေအနေတွင် အောက်စီဂျင်အခဲအခက်ကြောင့် ၂ ရက် ၃ ရက်လောက်ကြာလျှင် အသက်ပါသေဆုံးနိုင်သည်။ ၂ ယောက်စလုံး မထင်မှတ်ဘဲ လတ်တလောဖြစ်ပွားခဲ့သော ချီလီနိုင်ငံမိုင်းတွင်းပိတ်မိသော လုပ်သမားများအဖြစ်အပျက်ကို တွေးမိပြီး မဆီမဆိုင်ပျော်ရွှင်သွားသည်။ နောက် ၂ ၊ ၃ ရက်အကြာ ကယ်ဆယ်ရေးဝန်ထမ်းများ သူတို့ကိုလာကယ်မည်… သူတို့လွတ်မြောက်လာသောအခါ လူတကာက ဝိုင်းဝန်း ကြိုဆိုဂုဏ်ပြုကြမည်… လူတကာမှပေးသော အကျိုးခံစားခွင့်များရမည်… စသဖြင့်တွေးရင်း အရေးပေါ်ကယ်တင်ရေးကို ဆက်သွယ်နိုင်လျှင် အဆင်ပြေပြီဟု စဉ်းစားပြီး ဆက်သွယ်ရေးအတွက် တိုင်ပင်ကြသည်။ […]


CharTooLanOctober 15, 20101min6337
စည်းလွတ်ဝါးလွတ်နဲ့ အာဏာမြဲဖို့အရေးလောက်သာ ဇောကပ်နေတဲ့ ကြံ့ဖွံ့ပါတီဝင်တွေကိုတော့ သိကြားမင်းက ဝမ်နင် (warning) ပေးလိုက်ပါပြီ။ ဖြစ်ပုံက ဒီလိုပါ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ကြံ့ဖွံ့က စည်းရုံးရေးမှူး ၂ ယောက်နဲ့ လွှတ်တော် အမတ်လောင်း ၁ ယောက်တို့ မဲဝယ် (အဲလေ … ယောင်လို့) မဲဆွယ်ဖို့ ခရီးအသွားမှာ မိုးကြိုးပစ်ခံရလို့ပါပဲ။ သိကြားမင်းက အမြည်းသဘောနဲ့ တီးလိုက်တာဆိုတော့ သေတော့ မသေပါဘူးတဲ့။ ဒဏ်ရာတော့ အကြီးအကျယ် ရသွားပါသတဲ့။ (စက်ကွင်းမိသွားတဲ့ သဘောပေါ့) ပြီးခဲ့တဲ့ ၄ ရက်လောက်တုန်းက လဟာကြီးရွာကနေ စက်လှေနဲ့ ထွက်မလို့ ပြင်နေတုန်း မိုးကြိုးပစ်ခံရတာပါ။ စည်းရုံးရေးမှူး ဦးကျော်ဆွေလွင်ဆိုသူ ခေါင်းမှာ ဒဏ်ရာပြင်းထန်စွာ ရသွားပြီး အမတ်လောင်း ဦးဝေခိုင်နဲ့ စည်းရုံးရေးမှူး ဦးထွန်းသွေးတို့ကတော့ သတိလစ်သွားပါသတဲ့။ […]


CharTooLanOctober 14, 20102min2525
ဓာတ်ပုံမပါခဲ့တဲ့အတွက် sorry ပါဗျာ………. အမေရိကန်နိုင်ငံက Jessica Cox ဟာမွေးကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်ညားလဲ စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာ စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့် ဖုန်းပြောခြင်းတို့ကို သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။ Cox ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ် အနက်ရရှိထားသူဖြစ်ပါတယ်။ သူကိုတော့ ယာဉ်မောင်းလိုင်စင်ပေးဖို့ အတွက်တော့ ကန့်သတ်ခြင်း ခံရပါတယ်။ သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ တစ်မိနစ်ကို ၂၅ လုံး အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။ သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး ခြေနင်မပါရှိတဲ့ လေယာဉ်မျိုးဖြစ်ပါတယ်။ လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း Jessica Cox ကတော့ […]


CharTooLanOctober 14, 20103min3124
အမေရိကန်နိုင်ငံက Jessica Cox ဟာမွေးကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်ညားလဲ စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာ စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့် ဖုန်းပြောခြင်းတို့ကို သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။ Cox ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ် အနက်ရရှိထားသူဖြစ်ပါတယ်။ သူကိုတော့ ယာဉ်မောင်းလိုင်စင်ပေးဖို့ အတွက်တော့ ကန့်သတ်ခြင်း ခံရပါတယ်။ သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ တစ်မိနစ်ကို ၂၅ လုံး အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။ သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး ခြေနင်မပါရှိတဲ့ လေယာဉ်မျိုးဖြစ်ပါတယ်။ လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း Jessica Cox ကတော့ ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။ […]


CharTooLanOctober 13, 20101min2544
ပင်လယ်ပြင်တွင်သင်္ဘောပျက်၍ အသက်ကယ် ဖောင်လေးနှင့် လွတ်မြောက်လာသူ ကိုဒသဂီရိ ၊ ကိုဇော်ဂျီ ၊ ကိုစကူ သုံးဦး သည် ကျွန်းတကျွန်းပေါ်သို့ ဆိုက်ရောက်လာသည်။ ထိုကျွန်းပေါ်ရှိ လူသားစား လူရိုင်းများက ၎င်းတို့ကို ဖမ်းဆီး လို်က်ကာ လူရိုင်းဘုရင်ထံ ခေါ်ဆောင်သွား သည်။ လူရိုင်းဘုရင်က “အေး ဒီကျွန်းပေါ် ရောက်လာသူတွေကို ငါတို့က သတ်စားလေ့ရှိတယ်။ ဒါပေမယ့် မသတ်ခင် မှာတော့ အခွင့်အရေး တခုပေးတယ်။ အဲဒါက မင်းတို့ တွေ တနာရီ အတွင်းမှာ သစ်သီး ၁ဝ လုံးစီ ယူလာဖို့ပဲ။ အဲဒါ မင်းတို့ သစ်သီး ဆယ်လုံးစီ အမြန်သွားရှာခဲ့ကြ။” သုံးယောက်သား အပြေးလေး ထွက်သွားကြသည်။ ပထမဆုံး ကိုဒသဂီရိ က ပန်းသီး ဆယ်လုံးကောက်ယူ၍ […]


CharTooLanOctober 12, 20101min94410
<<>> မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါး (ရဟန်းသံဃာတော်များကို သတ်ဖြတ်သည့်သိုဟန်ဘွား၏ ခေါင်းဆေးမင်္ဂလာပွဲတွင် သိုဟန်ဘွားကိုခုတ်ရာ ဦးခေါင်းနှင့်တကွ ခင်းထာသည့် ဝါပိုးဝါ ကြမ်းခင်မှ ဝါး ၅လုံးပါ ပြတ်သည်) * ရွှေဓါးဗိုလ်၏ ကိုးသင်္ချီုင်း သံဓါး (ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။) * ဒွတ္တပေါင်းမင်းကြီး၏ဓါး (တစ်ချက်ထဲနှင့် နွားလည်ပင်းအကွင်းလိုက် ပြတ်သည်။) * စစ်ကိုင်း အသင်္ခယာစောယွန်း၏ ညိုရောင်ဓါး (ဆင်လည်ပင်းကို ပြတ်သည်။) * ပထမ မင်းခေါင်(မင်းဆွေ)၏ စိန်သွားရောင်ဓါး (နှစ်မိုက်ခန့်ရှိသော ငွေတုံးကို ပြတ်သည်။) * ဗျည်းနွဲ့၏ဓါး (ကျောက်ထု တစ်တောင်ကိုပြတ်သည်။) * မက္ခရာမင်းသားကြီး၏ မက္ခရာဓါး (ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။) “ငါတို့ရဲ ့ မြန်မာသိုင်းပညာ၊ မြန်မာ့ငှက်ကြီးတောင်ဓါးဟာ […]