ယခု ပို့စ် ကို 2009 ခုနှစ်က ကျွန်တော် ဘလော့ စမ်သပ်လုပ်ခဲ့တုန်းက ရေးသားခဲ့ခြင်းဖြစ်ပါတယ် www.shinaymal.blogspot.com မှာပါ mandalaygazette မှာ ဖော်ပြခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်….။ ဘယ်သူဘယ်ဝါ အတွက် ရည်ရွယ်ခြင်းမဟုတ်ပါ ယနေ့ ခေတ်မှာ ဖြစ်နေတာလေးတွေ ကြားနေရတဲ့အသံတွေကြောင့်ပါ..အင်တာနက်ဆိုတာ ချက်တင်လား မှန်တယ်လို့လက်ခံပါတယ် အားလုံးတော့မမှန်ဘူးဗျ တစ်ချို့က အင်တာနက်ဆိုတာကြီးကို ချက်ရွန်းလို့ပဲလက်ခံထားကြတယ် တချို့မိဘတွေဆိုရင် သားသမီးတွေ အင်တာနက်ဆိုင်မသွားဖို့ ပိတ်ပင်တာတွေရှိနေပါတယ်.. မဖြစ်သင့်ဘူးလို့ ကျွန်တော်ယူဆမိတယ် တကယ်တော့ အင်တာနက်ဆိုင်မှာ ချက်တင် တစ်ခုတည်းသုံးလို့ရတာမဟုတ်ပါဘူး ကျောင်းနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ သို့မဟုတ် အလုပ်နဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ရှာဖွေလို့ရပါတယ် နောက် ကောင်းမွန်တဲ့ ဝက်ဆိုက် တွေကြည့်လို့ရပါတယ် အဲဒီလို မြောက်များစွာ ရှာဖွေလေ့လာလို့ရပါတယ် နည်းပညာ နှင့် ဗဟုသုတ နယ်မြေကြီးဆိုရင် […]


နိုင်နိုင်August 11, 20101min1100
ဆောင်းတွင်းအခါ မြောက်လေလာက အိမ်သာအနံ့ ဝတ်အနံ့တို့ သင်းပျံ့မွှေးစွာ နေရပါဘိ စိတ်မှာမရွှင် အိမ်ပြန်ချင်သည် ခဲသလဲပါ ရောင်ဝါထိန်ငြီး လုံးတီးထမင်း ပျော့ဖျင်းဖျင်းကို ရသာကင်းစွာ လွေးရပါဘိ စိတ်မှာမရွှင် အိမ်ပြန်ချင်သည် အရေကျဲကာ ဆီမပါသည့် ဟင်းလျာအဟုတ် ချက်ပြုတ်ရန်တွက် အက်သံထက်သေး အတုံးလေးများ ရရှိလာအောင် ဖန်ဆင်းဆောင်သည့် ဂုဏ်ရောင်ပြောင်ထူး စားဖိုမူးအား နိုဘယ်ဆုပင် အပ်နှင်းချင်သည် သက္ကသီလာ မြကျွန်းသာရိပ် ချွေးသိပ်ခိုဝင် ပညာသင်ရင်း ဆောင်ဟန်လင်းမှာ ကြုံလာသောက အဝဝတို့ ချောလှတမူ နှင်းဆီသူနှင့် အတူယှဉ်တွဲ ဒင်နာပွဲကြောင့် ဒီမောင့်ရင်ခွင် ကင်းပျောက်စင်ရာ တာဝတိ ံသာက ရူံးရလောက်သည် ပီတိဖရဏ စိတ်မှာထင်ဟပ် ရွတ်ဆိုအပ်ပြီ သာစွဟန်လင်းပေတကား။ မျိူးမြင့်သန်း(မန်းစက်မြေ)


နိုင်နိုင်August 11, 20101min1612
ပြယ်လွင့်တက်သောလောက…. လောက၊ဘဝကိုလှပဖို့ပြင်ဆင်နေကြတယ်….. ရုံးကန်ရင်းနဲ့ ကံကုန်သွားတာတွေသိရဲ့လား မိုးတိမ်ကိုအတုယူလွင့်ပြယ်ခြင်းဆိုတဲ့ ပုံစံအတူတွေပါ… (ရေစက်ဆုံခဲ့တာက ခန်းခြောက်ဖို့နော်…. တွေးကြည့်ဘယ်အရာခိုင်မြဲနေလို့လဲ…။ မျက်နှာဖုံးစွပ်အတုရောင်လောကနော်…. နေထိုင်သူတွေမျက်နှာဖုံစွပ်ထားခြင်းကလဲ မထူးဆန်းလှပါဘူး….. အပြုံးတု၊အချစ်တု ဆေးရောင်စုံလူသားတွေကလဲများသား…. ကဲ….ဘယ်လိုနေမလဲ..လောက ၊ ဘဝမှာ အချိန်တန် အိမ်ပြန်ကြရမှာပဲလေ… မွေးခဲ့တယ်..သေခြင်းတရားဆီသို့… ဟုတ်တယ်နော်… ဘယ်လိုပုံစံနဲ့ ပြယ်လွင့်သွားကြမလဲ… မျက်နှာဖုံးတွေချွတ် တွေးကြည့်ကြရအောင်ဗျာ…..။ နိုင်နိုင်ထွန်း >> cherrylandlay


ငါ့ နား မှာ လေပြေတိုးလို့ သူ့အသံနဲ့ ပျော်ခဲ့ဘူးတယ် ဝေဝါး တဲ့ စိတ်တွေ ဘယ်သူရယ် မသိပေမဲ့ ရင်ဘက်မှာတော့ ထင်ဟပ်ခဲ့တယ် သူ့အသံ လေပြေ..။ သူ့အသံလေပြေ ပျောက်ကွယ်လေတိုင်း ရင်ဘက်တစ်ခု ကွက်လပ်အဖြစ်နဲ့ လစ်ဟင်းနေသလို မျှော်လင့်ချက်လည်း မဲ့ခဲ့ရ၏..။ ဆောင်းအိပ်မက်လား ခဏတာမက်ခွင့်ရှိမယ်ဆိုရင်တောင် အိပ်မက် မှာ ငါ့အနားမင်းရှိနေပေးပါ မင်းရှိနေရင် အရာရာပြည့်စုံတယ်လို့ ခံစားနေမိလို့ပါ ငါ့ရဲ့လေပြေ..။ မင်းခတ်ခဲနေလား  ဆုံတွေ့ချိန်တွေ အိပ်မက်တွေပဲ ပေးမယ်ဆိုလည်း မနိုးထနိုင်တဲ့  အိပ်မက်တွေ မင်းအပိုင်စား ပေးသနားပါ….ငါ့ရဲ့လေပြေ။ မင်းအသံလေပြေ ရင်ခုန်သံအထက်မှာ ပွင့်ဖူးနေပါတယ်လေ…..။ နိုင်နိုင်ထွန်း  >> cherrylandlay


ပထမ နေခဲ့တဲ့ (ကျား)ဆောင် ပိုင်ရှင်တွေက ကိုမိုးဒီ နှင့် မဝေ ဖြစ်ပါတယ် အဲဒီအဆောင် ဘာကြောင့်ကောင်းလည်းဆို ရေ ၊ မီ အလျှံပါယ်ပါပဲ ပြီးတော့ ကျွန်တော်တို့က ဆန်ပေးပြီးချက်ခိုင်းတယ် အိမ်ကပို့တဲ့ ဟင် ပျက်တောက်သွားချိန်မှာတော့ အပြင်က ဝယ်စားခဲ့သလို သူတို့ဟင်းတွေပါ ယူစားရလို့လေ ပြီးတော့ သူတို့သားငယ်လေး အော်တာလို့ ကျွန်တော်တို့နာမည်ပေးထားတယ် ငယ်ငယ်လေး ဂျစ်စုပ်စုပ်ကောင်လေးပေါ့ ပျင်းနေရင် ဒီကောင်လေးကို စလိုက်နောက်လိုက်နဲ့ပေါ့ နောက်ပိုင်းမှာ အဆောင်ကိုကောင်မလေးတွေလာတွေ့ကြတယ် ဘာကောင်မလေးတွေဖြစ်မှာလည်း ကျွန်တော်တို့တွေ ညည ဂစ်တာသွားတီးတဲ့ ရွှေရည်ဝင် အဆောင်ကကောင်မလေးတွေပါ သူတို့နဲ့ ဘယ်လိုသူငယ်ချင်းတွေ ဖြစ်သွားလည်းဆို ပြောပြမယ်နော် အမှန်တိုင်းပြောရရင် ကျွန်တော်ပေါ့ သချင်္ာ မေဂျာက ကောင်မလေးကို propose လုပ်ရင်းနဲ့အဲဒီအဆောင်ကိုတွေ့သွားခဲ့တယ် ကျွန်တော်တို့ခေတ်က တော်တော်လေးလည်း လွတ်လပ်တယ်ဗျ […]


လွမ်းမိတယ် တက္ကသိုလ် အပိုင်း (1)နှင့် (၂)ကို ဖော်ပြလိုက်ပါတယ် ဟိုစဉ်ချိန်တွေပေါ့ သတိရနေမိလိုက်တာ ရာသီဥတုကလည်း ပူပြင်းလိုက်တာနှော ကျွန်တော့်အာရုံမှာ ခံစားမိလာတယ် မျက်လုံးတွေမှာလည်း အရင်ကအရိပ်တွေ ထင်ဟပ်လို့ပေါ့ ကျွန်တော် ပထမနှစ်ကျောင်းတက်စက အပြင်အဆောင်မှာနေတာလေ အဆောင်နာမည်က (ကျား)ဆောင် ပျော်စရာကောင်းတဲ့ အဆောင်ဖြစ်ပါတယ် ဘာလို့လည်းဆို အဲဒီအဆောင်မှာငယ်ပေါင်းသူငယ်ချင်းတွေကြီးစု နေကြတာလေ ဒါပေမဲ့ တစ်ချို့က ဒုတိယ နှစ် တတိယနှစ်တွေ ပေါ့ ဘယ်လိုပျော်စရာကောင်းလည်းဆို ဆက်ပြောမယ်နော် စာဖတ်သူတော့ မသိဘူး ကျွန်တော်တို့တော့ပျော်ခဲ့တယ် အခုလည်းစာရေးရင်း လွမ်းလည်းလွမ်း ပျော်လည်းပျော်နေမိတယ် တက္ကသိုလ် မရောက်ခင်ကတည်းက ဂစ်တာရူးတွေလေ ကျွန်တော်တို့မြို့လေးရဲ့ အနောက်ဘက်လို့မည်တဲ့ ဘုရားလှ တံတိုင်းမှာ သူငယ်ချင်းတွေဝိုင်းဖွဲ့ အစ်ကိုတွေက ဂစ်တာတီး အော်ဟစ်ခဲ့ကြတာလေ ဆောင်းတွင်းဆို မီးပုံကြီးဘေးမှာပေါ့ ညစဉ် အဒေါ်လက်ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေဆုံကြတယ် […]


ကာရံတွေချိုးဖောက်သွားတဲ့နေ့က မင်းနှုတ်ဆက်သွားတဲ့အချိန်က စခဲ့တာပဲ … ဟိုင်းဝေး ကားတစ်စီး ငါ့ရင်ဘက်အထက် ပဒတ်ယက် ထွက်ခွာချိန်ဟာ အိပ်မက်ချိုတွေ ပျက်သုဉ်းစေမဲ့ နိမိတ်ပုံတွေတဲ့လား…။ ပြန်ဆုံမယ် အချိန်ရယ်ဘယ်မှာလည်းလို့ အတွေးစတွေနဲ့ ဘဝကိုဆက်ခဲ့တယ် ..။ မောဟိုက်နွမ်းနယ်ခြင်း မရှိပေမဲ့ အလွမ်းရဲ့လောင်းရိပ်တွေကြောင့် အားအင်တွေ ချိနဲ့စေခဲ့တယ် ..။ မက်ခဲ့တဲ့ အိပ်မက်တွေ  ချိုမြိန်သောာ်လည်း အိပ်မက်နိုးထ နွေညရဲ့ သစ်ရွက်ခြောက်သံတွေလို ငါ့ရဲ့စိတ်ကို ခြောက်ခြားစေခဲ့တယ် .. ငါ့အနားမင်းမရှိတော့လို့…။