chitpyaeJuly 23, 20111min1648
အမျိုးသားများ(အကုန်လုံး ဟု မဆိုလိုပါ)  မိန်းမချောလေးများနှင့် တွေ့သောအခါ …… နှလုံးခုန်မြန်လာခြင်းနှင့် ခြေဖဝါး၊ လက်ဖဝါးများ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှုရှိလွန်းသော အမျိုးသမီးများနှင့် တွေ့ဆုံရသည့်အခါ ဖြစ်တတ်ကြောင်း အမျိုးသားများစွာတို့ သတိပြုမိပြီးဖြစ်သည်။ ယခုအခါ သူတေသနအသစ်တစ်ရပ်အရ အမျိုးသားများသည် လှပသော သူစိမ်းတစ်ရံစာ အမျိုးသမီးတစ်ဦးနှင့် ငါးမိနစ်မျှသာ တွေ့ဆုံရုံနှင့်စိတ်ဖိစီးမှုများ လွန်စွာမြင့်တက်လာပြီး ယင်းသည် ကျန်းမာရေးအတွက်ဆိုးရွားစေကြောင်းသိရသည်။ “ငါဒီလိုလူစားမျိုးမဟုတ်ဘူး”ဟုတွေးလိုက်မိသောအခါ၊ အဆိုပါ အမျိုးသမီးက အနားကပ်ထိုင်သောအခါ၊ သို့မဟုတ်အဆိုပါအမျိုးသမီး၏ စိတ်ဝင်စားမှုကိုရရှိအောင် ကြိုးစားသောအခါ အကြင်ပုရိသ၏အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည်ဟု သိပ္ပံပညာရှင်တို့က အခိုင်အမာပြောကြားခဲ့သည်။ အဆိုပါအမျိုးသားတို့၏ စိုးရိမ်သောကဖြစ်မှုနှုန်းသည် လေယာဉ်ပျံတစ်စင်းပေါ်မှခုန်ချရသည့်အခါ ဖြစ်ပေါ်သောနှုန်းနှင့် ညီမျှသည်ဟုဆိုသည်။ အဆိုပါ အမျိုသားတို့၏ ကော်တီဆော ဟော်မုန်းပါဝင်မှုနှုန်းသည် လေယာဉ်ပျံပေါ်မှ ခုန်ချရသည်ထက်ပင် ပို၍မြင့်မားနိုင်သည်ဟု ပညာရှင်တို့က ဆို၏။ ယင်းသို့ ကော်တီဆော […]


chitpyaeJune 28, 20111min29519
– ကျွန်မရုပ်သွင် မောင်အမြင်ပဲ၊ ယခင်ရှေးက တွေ့ခါစပင် အလှမရှိခဲ့ပါ  မောင်…….. – ရုပ်ဝါဆင်းပြင် အသွင်မလှ မြင်မလှလည်း ရင်လွှာထဲမှ အသည်းဖြူစင် မောင်တွေ့မြင်လို့ ကြင်နာယုယ မေတ္တာမျှတော့ ဘဝကုံလုံ ပြီးပြည့်စုံပြီ ယုံကြည်မှတ်ထင်ခဲ့သော်လည်း…. – အသည်းသာလှ လူမလှဟု မောင်က ငြိုငြင် အပြစ်တင်ပြီး ပြင်ပြင်စိမ်းကာ မေ့ကွက်ရှာတော့ မျက်နှာငယ်ရ ကျည်းတန်မမှာ ချေပစရာ ခွင့်မသာခဲ့…… – သေချာနှိုင်းဆ မှတ်ချက်ချသော် ခုမှမဆိုး ရှေးက ဆိုးသည့် ရုပ်ဆိုးကျွန်မ မလှပတာ မဆန်းပါဘူး…… မောင်သာ နှစ်လို အချစ်ပိုက ရွှေကိုယ်မိုးကျ နတ်မယ်လျလို ကျွန်မ လှနေမှာပေါ့    မောင်……….။   (မော်မော်အေး-မြန်မာစာ) ဒါလေး က  စာအုပ်တအုပ်ထဲမှာ ဖတ်မိတာလေး ပါ […]


chitpyaeJune 23, 20111min18413
တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး ‘ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ’ လို့ ကျောင်းသားတွေကို မေးတယ်.. ၅ဝဂရမ်၊ ၁၀ဝ ဂရမ်အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် .. ‘ဒီဖန်ခွက်ရဲ့ တကယ့် အလေးချ်ိန်ကိုတော့ ဆရာမသိပါဘူး။ ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်ဘာဖြစ်မလဲ ဆိုတာပဲ ..’ “ဘာမှမဖြစ်ဘူး” လို့ ကျောင်းသူတစ်ယောက်ကဖြေတော့ “တော်တော်ကြာကြာကိုင်ထားရင်ရော” လို့ ဆရာက ဆက်မေးတယ် .. “လက်တွေညောင်းပြီး ထုံကျင်လာမယ်” လို့ ဖြေကြတယ် … ‘ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ’ လို့ ဆရာမေးတော့ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က “ဆရာ့လက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့ လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ ဆရာ့ရဲ့ […]


chitpyaeJune 21, 20111min50742
(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။ (၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။ (၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။ (၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။ (၅) စိတ်ကြီးမဝင်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။ (၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။ (၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။ (၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ […]


chitpyaeJune 20, 20111min37831
Title ကိုဖတ်ပြီး တော့ သူကြီးကို အပူနဲ့ကပ်တယ်လို့ မထင်ပါနဲ့ရှင် … ဒီအပူရဲ့ အဓိပ္ပါယ်က အကူအညီတောင်းခြင်းဖြစ်ပါတယ် … 🙂 ဒီရွာရဲ့ သတင်းကို တဆင့်စကား တဆင့်နားနဲ့ ကြားဖူး ခဲ့ပြီး တော့ … စိတ်ဝင်စားမိတော့ ရွာနားကို မယောင်မလည်နဲ့ ရောက်လာခဲ့ပါတယ် ။ ရွာသားတွေ ပြောနေကျ ဆိုနေကျတာတွေ … ရေးထားတာတွေ ဖတ်ရတော့ ဒီရွာကို တဖြေးဖြေး နဲ့ ပိုပိုပြီး စိတ်ဝင်စားလာမိတယ်လေ.. ။ ဒါနဲ့ပဲ ရွာသူ သစ်အဖြစ် ကို လွန်ခဲ့တဲ့ ရက်ပိုင်းလေးကမှ ခံယူလိုက်မိပါတယ် ။ ဒါပေမဲ့ လည်း သူကြီးရယ် ဒီရွာသူ ဒီရွာသားတွေက စကားပြောတွေကလည်းကောင်း … ခင်ဖို့လည်း … စိတ်ထားတွေလည်း […]