တစ်နေ ့မှာ သစ်ခုတ်သမားတစ်ယောက်ဟာ မြစ်ကမ်းထက်နားက သစ်ပင်တစ်ပင်ရဲ ့အကိုင်းကို အားရပါးရ ခုတ်နေ ပါတယ် ။အဲ….အဲလိုခုတ်နေရင်းနဲ ့သူ ့ရဲ ့လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျသွားပါလေရော။ သူလဲ ဘာလုပ်ရမှန်းမသိတော့တာနဲ ့ပဲ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့ နတ်မင်းကြီးပေါ်လာပြီး သစ်ခုတ်သမားကို အခုလိုမေးသတဲ့ ။ “အသင် ဘာကြောင့် ငိုနေရတာလဲ ?” “ကျွန်တော်မျိုး ရဲ ့ပုဆိန် မြစ်ထဲကို ကျသွားလို ့ပါ အရှင် ။ ပုဆိန်မရှိ ပဲကျွန်တော်မျိုုးဘယ်လို အလုပ် ဆက်လုပ်ရ ပါ့မလဲ “လို ့သစ်ခုတ်သမားက ပြန်ဖြေတယ် ။ နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ရွှေပုဆိန်တစ်လက် နဲ ့အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ […]