* ကျွန်မချစ်သူက သူပြောသမျှခေါင်းငြိမ့်ပြီးထိုင်ဆိုထိုင်ထဆိုထ စေလိုရာစေလို့ရတဲ့ပုံစံဖြစ်စေချင်တယ် * ကျွန်မချစ်သူကသူ့အပြစ်ကိုထောက်ပြရင်မကြိုက်တတ်ကြဘူးသူတို့သာအပြစ်ထောက်ပြသူဖြစ်ချင်တယ် * ကျွန်မချစ်သူကသူ့အပေါ်အပေါ်ပြုမူဆက်ဆံမူမျိုး ပြန်ဆက်ဆံခံရရင် မကြိုက်ဘူး ဥပမာ – သူစက်ပိတ်ထားရင်ထားမယ် တဖက်လူစက်ပိတ်ထားတယ်ဆိုစိတ်ဆိုးတယ် ကျွန်မခေါ်တဲ့ဖုန်းက သူ့ဘက်မှာ Miss Call တွေထပ်ခါထပ်ခါဖြစ်နေတာထက် သူတစ်ခေါက်ခေါ်လိုက်လို့ Miss Call တစ်ခါလောက်ဖြစ်သွားရင် စိတ်ဆိုးတယ် * သူတို့ကိုကြုံဆုံလို့ ဥပမာပေးပြီးဘယ်လိုခံစားရလည်းမေးရင်လည်းမကြိုက်ကြဘူး ခြေရာတိုင်းတယ်ထင်ကြတယ် * ကျွန်မချစ်သူက သူဖြစ်စေချင်သလိုသူလိုချင်သလိုလုပ်မပေးနိုင်ရင်မချစ်ဘူးလို့ထင်တယ် အကျိုးအကြောင်းဘယ်လောက်ပြည့်စုံပြီး ဘယ်လောက်ခိုင်မာနေပါစေ သူကနားလည်မပေးဘူး * ကျွန်မချစ်သူကတဖက်လူဖြစ်စေချင်သလိုတော့လုပ်မပေးချင်ဘူးသူလိုချင်တာကိုပဲရအောင်လုပ်တယ် * ကျွန်မချစ်သူကကျွန်မကြောင့် သူ့မှာကောင်းတဲ့ပြောင်းလဲမှုမျိုးရှိရင် ကျွန်မကြောင့်လို့ဝန်မခံတတ်ဘူး။ မကောင်းတာတစ်ခုခုဖြစ်ရင်တော့ မင်းကြောင့်ဆိုပြီးအပြစ်ဖို့တတ်တယ် * ကျွန်မချစ်သူကသူ့ကို ချိုချိုသာသာချွဲချွဲနွဲ့နွဲ့ပြောတတ်တဲ့မိန်းကလေးတွေနဲ့ဆိုသာယာတတ်တယ် * ကျွန်မချစ်သူက ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ပုံစံမျိုး ဒီအချက်တွေက ကျွန်မချစ်သူမှာမှမဟုတ်ပါဘူးလူတိုင်းမှာရှိပါတယ် ဒါပေမယ့် ချစ်သူတစ်ယောက် လက်တွဲဖော်တစ်ယောက်အတွက် ဒီလိုအချက်တွေကို […]