နိုင်းနိုင်းစနေ ရေးတဲ့ စကားဆိုးဘယ်လောက်တတ်သလဲ ဆိုတဲ့ ပိုစ့်ရဲ ့အောက်ဆုံးက သာမာန်မိဘတွေ ပြောတဲ့စကား(မင်း ဘာဖြစ်လို့ အဲဒီလောက်တောင် ဘရုတ်ကျရတာလဲ?)နဲ ့ ထူးကဲတဲ့မိဘတွေပြောတဲ့စကား(အဲဒီကောင်းတဲ့ဉာဏ်ကို သင့်တော်တဲ့နေရာမှာ သုံးနော်။) ဆိုတဲ့နှိုင်းယှဉ်ချက်ကို ဖတ်ကြည့်ပြီးငယ်ငယ်က အဖြစ်ပျက်လေးတစ်ခုကိုသတိရမိတယ်…. ၂တန်းတုန်းကပေါ့..အိမ်နဲ ့ကျောင်းနဲ ့က ဘတ်စ်ကား ၂မှတ်တိုင်စာလောက်ဝေးတယ်…မနက်ပိုင်းအမေက ကျောင်းလိုက်ပို ့ပြီး ညနေကျရင်ကိုယ့်ဘာသာပဲ ဘတ်စ်ကားစီးပြီးပြန်လေ့ရှိတယ်…အဲ့ဒီအချိန်တုန်းက ဒီနေ ့ခေတ်လိုမျိုးအထူးယဉ်တွေမပေါ်သေးပါ…. ဒိုင်နာကားတွေပဲရှိပါသေးတယ်… နေရာကလှိုင်သာယာ ၁ထိပ်မှာ ကျောင်းက ၄ထိပ်မှာ…(လှိုင်သာယာမှာနေဖူးတဲ့ သူတွေသိမှာပါ.. အကွာအဝေးကို….)တစ်ရက်တော့ ကျောင်းမုန် ့ဖိုးက မုန် ့စားရင်းအကုန်ကုန်သွားရော…ညနေလိုင်းကားစီးဖို ့ပိုက်ဆံမကျန်တော့ဘူး…. ညနေကျောင်းဆင်းတော့ ခါတိုင်းလိုပဲကားမှတ်တိုင်ကိုလာခဲ့ပါတယ်…လွယ်အိတ်ထဲမှာပိုက်ဆံမရှိမှန်းသိသိနဲ ့… လိုင်းကားစီးထွက်ခဲ့တာပါ…ခြေလှမ်းတွေက လမ်းလျှောက်ပြန်တဲ့လမ်းဘက်ကို ချိုးကွေ ့မသွားကြဘူး…အဲ့လို ထွက်သွားရမှာဝန်လေးနေတယ်… စိတ်ထဲကလည်း ငါနေ ့တိုင်းပြန်နေကျပဲလို ့တွေးနေတယ်… တဆက်တည်းမှာလည်း လမ်းလျှောက်ပြန်ဖို် […]