etoneSeptember 1, 20101min2779
ရေသောက်ခြင်း အကျိုးကျေးဇူးများ ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ ရေသောက်သုံးသင့်သော အချိန်များ * နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။ * အစာမစားမီ မိနစ် ၃ဝ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။ * ရေမချိုးမီ မိနစ် ၃ဝ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ […]


etoneAugust 31, 20101min1915
ထမင်းစားရင်း ရေခဲရေဖြစ်ဖြစ်အအေးဖြစ်ဖြစ် သောက်ပြီးစားရတဲ့အရသာဟာ တော်တော်ကောင်းပါတယ်။ကျွန်တော်တို့မှာစွဲနေတဲ့အလေ့အကျင့်တွေထဲက တစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ဒါပေမယ့် အခုဒီအကျင့်ဟာ စိတ်ညစ်စရာရောဂါများကို သယ်ဆောင်လာနိုင်ကြောင်း ပညာရှင်တွေက သတိပေးတားမြစ်ထားပါတယ်။ရေခဲရေကို ထမင်းစားရင်းသောက်ရင် ရေခဲရေရဲ့အအေးဓာတ်ကြောင့် အစာထဲက အဆီဓာတ်တွေကိုစုပြီးခဲသွားစေပါတယ်။ဒီတော့ ခန္ဓာကိုယ်က မကောင်းတဲ့အဆီတွေကို စုပ်ယူရာမှာ တစ်လုံးတစ်ခဲနဲ့မို့ ထိထိရောက်ရောက်စုပ်ယူစေပါတယ်။အထူးသဖြင့် တိရိ စ္ဆာန်အသားတွေထဲက ပြည့်ဝအဆီတွေနဲ့ အခြားဒြပ်ပေါင်းတွေဟာ ရေခဲရေကစုစည်းခဲပေးလိုက်လို့ အစာအိမ်၊အူမကြီးတို့နဲ့ ကြာကြာထိတွေ့ခွင့်ရပြီး ကင်ဆာများကိုဖြစ်စေပါတယ်။ဒါကတော့ရှေးပဝေသဏီကတည်းက အတည်ပြုပြီးသားဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီလိုအဆီစုပ်ယူမှုကို ကောင်းမွန်စေတဲ့အတွက် သွေးတွင်းမကောင်းတဲ့အဆီတွေ များပြားမြင့်တက်လာစေပြီး နှလုံးသွေးကြောပိတ်ရင်ဘတ်အောင့်ရောဂါ၊သွေးကြောတွေထိခိုက်တဲ့ရောဂါအစုံ၊လေဖြတ်ရောဂါအသည်းအဆီဖုံးရောဂါ၊အမျိုးသမီးတွေမှာဆို သားဥအိမ်ကင်ဆာ၊ရင်သားကင်ဆာ စသဖြင့် ဖြစ်နိုင်တဲ့ရောဂါတွေတော်တော်များပါတယ်။စားတဲ့အဆီအဆိမ့်တွေ၊တိရိစ္ဆာန်အဆီချင်းတူတာတောင် ပမာဏချင်းတူတာတောင် ရေခဲရေသောက်သူတွေမှာ သွေးတွင်းကိုလက်စထရောပမာဏ ပိုမိုမြင့်တက်ကြောင်း စစ်ဆေးတိုင်းတာတွေ့ရှိထားပါတယ်။ ရေခဲရေထက်ဆိုးတာက အအေးပါ။သူက ရေခဲရေရဲ့အထက်ပါ ဆိုးကျိုးတွေပါတဲ့အပြင် သကြားဓာတ်တွေပါတာမို့လို့ အစားအသောက်စားပြီးတဲ့အချိန်မို့လို့ သွေးတွင်းသကြားဓာတ်မြင့်တက်ချင်းကို အရမ်းမြင့်တက်စေပါတယ်။အချိန်ကြာလာရင်ဆီးချိုဖြစ်စေမှာ အသေအချာပါပဲ။ဆီးချိုဖြစ်ရင်လဲ ကျန်တဲ့ရောဂါပေါင်းစုံနောက်ဆက်တွဲဝင်လာမှာမို့ တကယ်ကြောက်စရာပါပဲ။ကျွန်တော်တို့ရဲ့ ဘာမဟုတ်တဲ့အစားအသောက်အနေအထိုင်လေးတစ်ခုကြောင့် ရောဂါတွေထူပြီး […]


etoneAugust 31, 20101min1985
ရေနွေးကြမ်း သောက်ရအောင် ဒီနေ့တော့ လက်ဖက်ရွက်ရဲ့ မူလအစအကြောင်း အနည်းငယ်နဲ့ လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း) သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ အကြောင်းကို ရေးပြချင်ပါတယ်.. လက်ဖက်ရဲ့ မူလ လက်ဖက်စိမ်းရွက်ရဲ့ မူလအစဟာ တရုတ်ပြည်ကလို့ ဆိုပါတယ်.. တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ဝကျော် ၅၀၀ဝ လောက်ကတည်းက ဘုရင်ဧကရာဇ်မင်းတို့ လက်ထက်မှာ လက်ဖက်ရွက်ကို စတင်သုံးစွဲတဲ့ အလေ့အထ ထွန်းကားခဲ့ကြောင်း သိရပါတယ်.. လက်ဖက်ရွက်ကို စတင်တွေ့ရှိပုံနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီဆန်ဆန် ပုံပြင်များစွာ ရှိသော်လည်း လူသိများတဲ့ လက်ဖက်နဲ့ပါတ်သက်တဲ့ ပုံပြင်လေးက BC 2737 မှာ တရုတ်ဧကရာဇ်ကြီးဟာ တိုင်းခန်းလှည့်လှည်တဲ့အခါ လမ်းခရီးမှာ ခရီးတစ်ထောက်နားကြတော့ ခြုံပုတ်တစ်ခုရဲ့ဘေးနားမှာ အစေအပါးတွေက မီးမွှေးပြီး ရေနွေးအိုး တည်ကြပါတယ်.. အဲလိုရေနွေးတည်ချိန်မှာ ခြုံပုတ်က သစ်ရွက်တစ်ချို့ဟာ […]


etoneAugust 31, 20101min1335
သူစီးရမယ့် လေယာဉ်ထိုင်ခုံနေရာကိုရောက်တော့ ကိုထုံတယောက် တော်တော်အံ့ဩသွားတယ်။ သူ့ဘေးကပ်လျက်ခုံမှာ ကြက်တူရွေးတကောင် ထိုင်နေတာကိုး… ဒီလိုနဲ့လေယာဉ်ထွက်လာလို့မကြာခင်မှာဘဲ အစားအသောက်တွေ စတင်ကျွေးမွေးတော့ လေယာဉ်မယ်လေးက မေးလာတယ်… “အစာမစားမီ ဘာများ သောက်ချင်ပါသလဲ ရှင်” ကိုထုံက… “ကော်ဖီတစ်ခွက် ပေးပါ” လို့ မှာတယ်။ ကြက်တူရွေးက…”ငါ့ အတွက် ဝီစကီတစ်ခွက်ပေးစမ်း ကောင်မ…ကြားလား”…တဲ့။ လေယာဉ်မယ်လည်း အံ့ဩသွားပေမယ့် ဘာမှ မပြောဘဲ ဝီစကီတစ်ခွက်ယူလာပေးတယ်၊ ကော်ဖီကတော့ မေ့ပြီး ပါမလာဘူး။ ခဏနေတော့ ကြက်တူရွေးက ထပ်မှာပြန်တယ်…”ဝီစကီတခွက် ထပ်ယူပေးစမ်း…သောက်ရူးမလေး”……….. လေယာဉ်မယ် ဒေါသနဲနဲထွက်ပြီးမျက်မှောင်ကြုပ်လို့ ဝီစကီတစ်ခွက်ထပ်ယူလာပေးပြန်တယ်။ ဒီတခါလည်း ကော်ဖီက ပါမလာပြန်ဘူး……. ကိုထုံလည်း ကြက်တူရွေးလမ်းစဉ်လိုက်ပြီးမှာမှရမယ်လို့ တွေးပြီး…… “ငါ့ကော်ဖီကိုမြန်မြန်သွားယူစမ်း ဝက်မလေး၊ မဟုတ်ရင် နင့်ကို ကန်မိတော့မယ်” ခဏနေတော့ လေယာဉ်မောင်ခပ်ထွားထွား ၂ယောက် ရောက်လာတယ်။ […]


etoneAugust 31, 20101min1241
Seagaia Ocean Dome ရေကူးကန်နာမည်က Seagaia Ocean Domeပါ…ဒီရေကူးကန်ကတော့ ့ japan နိုင်ငံMiyazakiမှာတည်ရှိပါတယ်… ရေကူးကန်ရဲ ့အရှည်ကတော ့မီတာ300ရှိပြှီးအကျယ်ကတော ့ မီတာ100ရှိပါတယ်….ဒီရေ ကူးကန်ကိုဂရင်းနစ်မှတ်တမ်းမှာ..ကမာ္ဘအရှည်ဆူံးindoor swimming poolအဖြစ်မှတ်တမ်းတင်ထားပါတယ်…..1993မှာစတင်ဖွင် ့လှစ်တဲ ့ဒီရေကူးကန်ကိုလာရောက်လည်ပတ်သူပေါင်းဟာဆိုရင်ပျမ်းမျှတစ်နှစ်မှာ1.5မီလီယံခန် ့ရှိတယ်လို ့ဆိုပါတယ်….ဝင်ကြေးကတော ့ဂျပန်ယန်းငွေ2600ဖြစ်ပြီါ်ကလေးတွေအတွက်ဆိုရင်တော ့1600ဖြစ်ပါတယ်…ရေကူးကန်တွေရဲ ့အမိုးတွေဟာဆိုရင်အထူးပြုလုပ်ထားပြီးအပြင်မှာမိုးရွာနေခဲ ့ရှု်တောင်မှပဲရေကူးကန်ထဲမှာနေသာနေသလိုဖြစ်အောင်ဖန်တီးနိုင်တယ. အတွင်းပိုင်းအပူချိန်ဟာအမဲတမ်း30degrees celsiusဖြစ်အောင်လို့လည်းဖန်တီးထားပါတယ်…… ကဲတကယ် ့ကမ်းခြေပုံစံမျိုးပါပဲ… ကျွန်တော်ကတော ့ဂျပန်ကိုမရောက်ဖူးဘူးဗျာ……. ကြုံလို ့ရေကြ်တယ်ဆိုရှု်တော ့သွားလည်ကြည် ့ကြပေ့ါ….. ကျွန်တော်ကတော ့Google ကပုံတွေနဲ ့Wikipediaကသူတို့အကြောင်းတွေပဲ..သရေတမျှားမျှားနဲ ့ပဲလေ ့လာတော ့မယ်ဗျာ…….


etoneAugust 31, 20103min1385
အဏုစိတ် ပန်းပု ပညာရှင် Dalton Ghetti သည် ခဲတံ၏ ခဲသားဖြင့် ထွင်းထု ဖန်တီးထားသော အလွန်သေးငယ်သည့် လက်ရာမြောက် ပန်းပုရုပ်ထုလေးများကို ၂ နှစ်ခွဲခန့် ဒုက္ခသုက္ခခံ၍ ပြုလုပ် ဖန်တီးခဲ့သည်။ Dalton Ghetti သည် နှစ်ပေါင်း ၂၅ နှစ်ခန့် ခဲတံကို ကိုင်ကာ လက်သမား ဘဝဖြင့် အသက်မွေးခဲ့သူဖြစ်ပြီး သူ၏ အံ့အားသင့်ဖွယ် ခဲတံ ခဲသားပန်းပု ရုပ်ထုများတွင် ရောဒ့်အင်ရိုလ်း ဘုရင် Elvis Presley ရုပ်ထု ၊ အင်္ဂလိပ် အက္ခရာများ၊ သံကြိုး ၊ ဖိနပ်၊ ကုလားထိုင်ခုံ နှင့် အခြားအဏုစိတ် လက်ရာများပါဝင်သည်။


etoneAugust 31, 20101min29513
ဘဝမှာတိုးတက်အောင်မြင်တဲ့သူတစ်ေ ယာက်ဖြစ်ဖို့အတွက် ဘာလိုအရာတွေကအဓိကလိုအပ်သလဲ ? ကံ ၊ ဉာဏ် ၊ ဇွဲလုံ့လရှိမှု ဘယ်အရာက အဓိကကျမယ်လို့ထင်မိပါသလဲ ။ တစ်ကယ်တော့ ဘဝမှာတိုးတက်အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ဖို့အတွက် ကံ လည်းလိုပါတယ်၊ ဉာဏ်ရှိဖို့လည်းလိုအပ်ပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ အဓိကအကျဆုံးကတော့ ဇွဲ ဆိုတဲ့ မဆုတ်မနစ်နဲ ့လုပ်ဆောင် တတ်တဲ့စိတ်ဓာတ်ရှိဖို့က အဓိကကျပါတယ်။ ဘာလို ့လည်းဆိုတော့ ဉာဏ်မရှိပဲနဲ ့လည်း အောင်မြင်အောင်ဆောင်ရွက်နိုင်ပါတယ်။ ပုံပြင်ဥပမာလေး တစ်ခုနဲ ့ပြောရမယ်ဆိုရင်… ဟိုရှေးရှေးတုန်းက တက္ကသိုလ်ပြည်က ဒိသာပါမောက္ခကြီးတစ်ယောက်ဆီမှာ သူငယ်ချင်းနှစ်ယောက် တပည့်အဖြစ် ပညာသင်နေကြတယ်။ သူငယ်ချင်းနှစ်ယောက်ဆိုပေမယ့် တစ်ယောက်က ဉာဏ်ပညာထက်မြတ်တယ် ၊ ဒီတော့ဆရာကြီးက ပညာရပ်တွေအားလုံးသင်ပေးတာ ပညာရပ် ၁၈ မျိုးတောင်တက်တယ်ဆိုပဲ။ နောက်တစ်ယောက်ကတော့ ဉာဏ်မကောင်းတဲ့အတွက် ကြိုးစားပမ်းစား သင်ယူတာ ပညာရပ်တစ်ခုတည်း […]


etoneAugust 31, 20105min980
Interviewer: what is your birth date? Sardar: 13th October Which year? Sardar: every year Manager asked sardar at an interview. Can you spell a word that has more than 100 letters in it? Sardar replyed: -P-O-S-T-B-O- X. After returning back from a foreign trip, sardar asked his wife, Do I look like a foreigner? Wife: […]


etoneAugust 31, 20101min1211
နာရေး လက်ကမ်းကြသောအခါ လူတော်တော်များသည် အေးမြခြင်းအတိန်းအမှတ်အဖြစ် ယပ်တောင်ကို ကမ်းကြတာ များပါတယ် ဒါပေမယ့်ထို သို ကမ်းသောယပ်တောင်များတွင်ကဗျာ များပါတတ်ပါတယ်။ဒါပေမယ့် ရေးသူကို အချို့ မပါလို့လေ ဒါကြောင့် ကဗျာ ပိုင်ရှင်လေးကို သိအောင်လို့ရေးပေးလိုက်တာပါ သိတဲ့ သူလည်း ရှိမယ်ထင်ပါတယ် ဒီကဗျာလေးကတော့ ဧည့်သည် * လာတုန်းကလည်း ၊ တစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ၊ အဖေါ်မပါဘူး ဥစ္စာချည်းနှီး ၊ ကိုယ်ထီးတည်း။ * ပြန်သွားတော့လည်း ၊ တစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ၊ အဖေါ်မပါဘူး ဥစ္စာချည်းနှီး ၊ ကိုယ်ထီးတည်း။ * လာပြီတော့နား မသွားခင် ၊ ချိန်လေးတင်မှ ဝန်းကျင်ယှက်နွယ ်၊ နှောင်ကြိုးတွယ်ကြ ပြုံးရယ်ငိုမ ဲ့၊ ချစ်မုန်းပိုကြ မလိုဒေါသ […]


etoneAugust 31, 20101min1291
ချက်ပြုတ်ခြင်းဟာ အစားအစာထဲမှာပါတဲ့ တချို့ အာဟာရဓာတ်တွေကို ဆုံးရှုံးစေတာကြောင့် အစိမ်းစားရင် အစားအစာထဲမှာပါတဲ့ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေကို ပိုမိုရရှိစေပါတယ်။ ဒါပေမဲ့ အစားအစာတိုင်းကိုတော့ အစိမ်းစားလို့ မရပါဘူး။ အသား၊ ငါးလိုမျိုး အစာတွေ မှာတော့ ရောဂါပိုးတွေ ပါဝင်တဲ့ အတွက်ကြောင့် သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။ ဒါပေမဲ့ အောက်ပါအစာတွေကိုတော့ အစိမ်းစားပေးရင် သင့်ကို ကျန်းမာနုပျိုစေနိုင်ပါတယ်။ – ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ (Antioxidant) ရှိတဲ့ အစာတွေဟာ အိုမင်းမှုကို ဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်း (Free Radical) တွေကို ဖယ်ရှားပေးတဲ့အတွက် အစိမ်းစားသင့်ပါတယ်။ မုန်လာဥနီ၊ သံပရာသီး၊ ဂရိတ်ဖရုသီးတွေမှာ Anti-oxidant တွေ များစွာပါဝင်ပြီး အကောင်းဆုံး အာနိသင်ကိုရဖို့ နေ့စဉ် အစိမ်းစားပေး သင့်ပါတယ်။ – […]


etoneAugust 31, 20101min39412
ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းများတွင် ဒေတာဖြတ်သန်းစီးဆင်းပြီး အင်တာနက်သုံးစွဲနိုင်ရန် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စမ်းသပ်လျက်ရှိရာ စမ်းသပ်မှုအောင်မြင်ပါက အများပြည်သူသို့ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ “ငါးသိန်းတန်ဖုန်းလိုင်း၊ ၁၅ သိန်းတန်ဖုန်းလိုင်းရယ်လို့ မဟုတ်ဘူး။ စမ်းသပ်မှုအခြေအနေ ကောင်းမွန်တဲ့လိုင်းကို အရင်ပေးသုံးသွားမှာပါ။ ဂျီအက်စ်အမ်လိုင်းတွေရော၊ စီဒီအမ်အေလိုင်းတွေရောပါတယ်။ Data ဖြတ်သန်းနိုင်မှုကို စမ်းသုံးနေတယ်။ ဘယ်ဖုန်းလိုင်းမှာရမယ်၊ ဘယ်တော့လောက်ရမယ်ဆိုတာတော့ မသိသေးဘူး” ဟု၎င်းကပြောသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်သုံးစွဲခြင်းကို EVDO နည်းပညာအပေါ်အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အသံနှင့် ဒေတာ နှစ်မျိုးလုံးကို ဖုန်းလိုင်းပေါ်မှတဆင့် သယ်ဆောင်အသုံးပြုခွင့် ပေးခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါဝန်ဆောင်မှုကိုရရှိရန် မည်ကဲ့သို့လျှောက်ထားရမည်နှင့် မည်မျှကုန်ကျမည်ဆိုသည့် အချက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မိုဘိုင်းဖုန်းများတွင် အင်တာနက်သုံးစွဲခြင်းနှင့်ပတ်သက်၍ လူကြီးမင်းဖုန်းဆိုင်မန်နေဂျာ ဦးကိုကိုအောင်က “အခု မိုဘိုင်းဖုန်းတွေမှာ […]


etoneAugust 31, 20101min1832
ဥပုံစံ အိပ်ရာခင်း အိပ်ရာခင်းအသစ်ပေါ်မှာ ဥတွေ ကျကွဲ နေသည့် ပုံစံမျိုး ဖန်တီးပြုလုပ်ထားသည်။ ခေတ်မီပြီး အိမ်၏ အသွင်အပြင်ကို အနုပညာ အလှဖြင့် ဖမ်းစားနိုင်အောင် လှုံ့ဆော်နိုင်မည့် အနေအထား ဖြစ်သည်။ ဖန်တီးသူမှာ ဗာလင်တီးနားအက်ဒရီတို (Valentina Audrito) ဆိုသူ ဖြစ်ပြီး ယင်းကို သားရေစ သို့မဟုတ် ဥအနှစ်များကိုပါ သဏ္ဌာန်လုပ် သရုပ်တူအောင် ဖန်တီးပြုလုပ်ထားသဖြင့် တကယ်ဥအိပ်ရာခင်းဟုပင် ထင်မှတ်ရသည်။ အနာကပ်ပလာစတာပုံစံ အိပ်ရာခင်း ဖန်တီးသူ ရီကာဒိုဇာမားရ်ကို့စ် (Ricardo Garza Marcos) အနာကပ် ပလာစတာပုံစံ အိပ်ရာခင်းအနေအထား ဖြစ်သည်။ ရေညှိ အိပ်ရာခင်း လတ်ဆတ်သော မြက်ခင်းပေါ်၌ ခြေဗလာဖြင့် လမ်းလျှောက်ခြင်းကြောင့် သွေးလည်ပတ်မှုကောင်းစေသည်ဟု လူအများက ပြောကြရာ ပန်းခြံတစ်ခုသို့ သွား၍ ပြုမူနိုင်သော်လည်း […]


etoneAugust 31, 20102min1791
လွန်ခဲ့သော လပိုင်းများမှ စ၍ အင်တာနက် စာမျက်နှာများ ပေါ်တွင် Super Bug (စူပါရောဂါပိုး) ဆိုသော စကားလုံးသစ် တစ်လုံး စတင်ခေတ်စားလာခဲ့ပြီး ယခုရက်ပိုင်းအတွင်းတွင် နိုင်ငံပေါင်းစုံ၏ သတင်းစာ စာမျက်နှာများတွင် ဖော်ပြသတိပေးလာရသည် အထိ ကျယ်ပြန့်လာခဲ့ရသည်။ ထို့ကြောင့်သတင်းကောင်း တစ်ပုဒ်ကို ကမ္ဘာနှင့်တပြေးညီ တိကျပြည့်စုံစွာ သိရှိနိုင်စေရန် ယခုလ ၁၈ ရက်နေ့ထုတ် Moscow Time သတင်းစာပါ “အသစ်ပေါ်လာသော စူပါရောဂါပိုးက ကမ္ဘာကြီးကိုခြိမ်းခြောက်လျက်ရှိ” သတင်းဆောင်းပါးနှင့် တကွ စူပါရောဂါပိုးဆိုင်ရာ အချက်အလက်များကို စုစည်းတင်ပြ ပေးလိုက်ပါသည်။ စူပါရောဂါပိုးဆိုသည်မှာ လက်ရှိကမ္ဘာပေါ်တွင် ရှိရှိသမျှသော ပိုးသတ် ပဋိဇီဝဆေး (antibiotics) များ အားလုံးနီးပါးကို ခံနိုင်ရည်ရှိပြီး ထိုဆေးများနှင့် ထိတွေ့နေသော်လည်း အသက်ဆက်ရှင်သန်နိုင်သော ရောဂါပိုးမွှားများ ဖြစ်ပါသည်။ ရှေးယခင်ကတည်းက […]