fattyFebruary 22, 20111min42814
သူဌေးကြီး ဦးတေဇ ကတော့ သူ့ဘဝ ကျပ်၁၀၀၀ဝနဲ့စခဲ့တာပါတဲ့။ ကျနော်သိတဲ့သူဌေးကြီး ဦးသိန်းထွန်း ( ပက်စီ ) ကတော့ ဟိုတုန်းက သားအဖသုံးယောက် ပေါင်းလို့ ယပ်တောင် တချောင်းဘဲရှိခဲ့ပါတယ်တဲ့။ အခုထွန်းဖေါင်ဒေးရှင်းဘဏ်ဖွင့်ထားတဲ့ ဦးသိန်းထွန်းပါ။ အခု အသက် ၂ဝ ဝန်းကျင်တွေ တချိန်ကမြန်မာပြည်မှာ ပက်စီ ကုမ္ပဏီ ရှိခဲ့တယ်ဆိုတာ သိချင်မှသိကြမှာပါ။ ကဲ ခင်ဗျားတို့ ကျုပ်တို့ကော … ဘယ်လိုလဲ။

fattyFebruary 21, 20111min34813
အင်ဒု်နီးရှားမှာ ဂျဖာ ကုမ္ပဏီ ဆိုတာနာမည်ကြီးပါ။ အဲဒီကုမ္ပဏီရဲ့ အခွဲက ရန်ကုန်မှာ ကြက်မွေးမြူရေးလုပ်ပါတယ်။ ရန်ကုန်မှာ ဒုတိယ အကြီးဆုံးဆိုပါတော့။ ပထမ ကတော့ ယိုးဒယားက စီပီပါ။ အခုအဲဒီ အင်ဒို ကုမ္ပဏီက ကြက်ကြော်များကို စတင်ရောင်းချနေပါပြီ။ မဆလာက အင်ဒိုကဘဲမှာတာဖြစ်ပြီး ဟာလာ ထောက်ခံချက်နဲ့ပါ။ ဂျုံက ယိုးဒယားကတင်သွင်းတာဖြစ်ပါတယ်။ မြန်မာတွေလုပ်ရမဲ့စီးပွါးရေးမျိုးမှာ တကယ်လုပ်သွားကြတာက နိုင်ငံခြားသားတွေချည်းပါဘဲ။

fattyFebruary 17, 20111min2239
ကိုရင် ဘန်ကီမွန်းတို့ … ကိုရင်အိုဘားမားတို့ ….. ရေ .. မြန်မာပြည်အတွက် worry တွေများလွန်းလို့ …. ကြေငြာချက်တွေ ထုတ်ရတာ စာရွက်တွေလဲ ကုန်လှရောပေါ့ သတင်းသမားတွေလဲ … အာညောင်းရောပေါ့ … နေသာသလိုနေကြပါ .. လို့။ Don’t worry .. be happy

fattyFebruary 16, 20111min30217
အဝေးရောက်ရွှေမြန်မာများ ငွေလွှဲလိုကလွှဲနိုင်အောင် အချိန်မီ အကြောင်းကြားပေးပါတယ်။ အစိမ်းက ကောက်ဈေး … ၉၃ဝ ရွှေ အခေါက် … ၆၈၀၀၀ဝ + S$ …………. 680 ( အရောင်းမရှိပါ .. ပစ္စည်းပြတ်နေပါတယ်။)

fattyFebruary 14, 20111min49518
အနုပညာရှင်များလူမှုရေး ပရဟိတ တွေလုပ်လာကြတာတွေ့ရတော့ အတော့ကိုဝမ်းသာရပါတယ်။ လူငယ်တွေဖြစ်လို့လဲ ချီးကျူးစရာကောင်းပါတယ်။ ကျနော်တို့ခေတ်တုန်းကထက်သာကြပါတယ်။ အခုခေတ်လူငယ်တွေက ပိုပြီးအဓိပ္ပါယ်ရှိတာတွေ လုပ်လာကြတာတွေ့ရတယ်နော်။ တစုံတခုရဲ့လှုံ့ဆော်မှုတွေကြောင့် စိတ်နေစိတ်ထားတွေ ခံယူချက်တွေတိုးတက် လာတယ်လို့ထင်မိတယ်။ ရဲတိုက်က .. လေလွင့်လူငယ်များ ဖောင်ဒေးရှင်းတဲ့။ တော်လိုက်တာဗျာ။ စိတ်ိ်ကူးတွေကလည်းကောင်းလိုက်တာ။ ဒါပေမဲ့ သတင်းအနေနဲ့တော့ဖေါ်ပြခွင့်မရဘူး ဆိုလားဘဲ။ ဒီလိုဘဲ တဆင့်ခြင်း တက်ယူရမှာပေါ့လေ။ လူသိများလာရင်ပိုပိုပြီးလှုမဲ့သူတွေရှိလာကြမှာပါ။ ကိုအောင်ပုတို့ ကိုကြောင်ကြီးတို့လဲ လူငယ်တွေမဟုတ်လား ..။ စဥင်္းစားပြီး လုပ်ကြပါအုံးလို့။ ကျနော်တို့အားပေးမှာပါ။

fattyFebruary 14, 20111min2868
တနေ့ကမှ ကျနော် အိမ်ဘေးက ဆိုင်မှာထိုင်ပြီးမုန့်စားနေတုန်း လူတယောက်ရုတ်တရက်ဝင်လာပြီး ဝမ်းသာအားရနှုတ်ဆက်ပါတော့တယ်။ ကျနော် custom က ကိုသိန်းလွင်တို့အဖွဲ့ကလေတဲ့။ ရုတ်တရက်တော့နဲနဲကြောင်သွားတယ် သူပြောတဲ့နံမယ်ကမရင်းနှီးဘူး။ ဒါပေမဲ့သူ့ကို မြင်ဖူးသလိုလိုတော့ရှိတယ်ထင်လိုက်မိတယ်။ လူ့ဘဝသက်တမ်းတော်တော်ဖြတ်ကျော်ခဲ့ပြီ မြင်ဘူးသလိုလိုဖြစ်တာမဆန်းပါဘူး အဲဒါအားနည်းချက်ပါ။ သူကစကားတွေခရားရေလွှတ်တတွတ်တွတ်ပြောတော့တယ်။ ကျနော်တို့လဲ ဟိုရောက်ဒီရောက်တွေ ရောက်ကုန်တာပါဘဲဗျာတဲ့။ ဘယ်တုန်းကပြန်ရောက်လဲတဲ့ ကျနော်တို့လိုက်ပို့ကြတာလေတဲ့။ ကျနော်လဲအပြေးအလွှားစဉ်းစာတယ် ..။ ကိုသွားတာရောသူများသွားတာတွေလိုက်ပို့ ရတာရော ရောထွေးကုန်တယ်။ ကျနော့အမေတောင် ဆာကူရာမှာဘဲ အဆုပ်ကင်ဆာနဲ့ဆုံးသွားပြီတဲ့။ တရင်းတနှီးပုံစံနဲ့ဆိုလာပြန်တယ်။ ဒါပေမဲ့ custom မှာ မိသားစုအကြောင်း ပြောရလောက်အောင် ရင်းနှီးသူတွေထဲမှာ သူမပါတာကိုတော့သတိထားမိလိုက်တယ်။ အဆင်လေးဘာလေးပြေရင်သူ့ကိုနဲနဲပါးပါးကူညီပါအုံးတဲ့။ ကျနော်ထင့်ကနဲတော့ဖြစ်လိုက်ပြီ။ ဒါနဲ့ ကျနော်ကလည်း ကျနော်ကိုယ်တိုင် ဆီးချိုသွေးတိုးနဲ့မို့ အလုပ်မယ်မယ်ရရ မလုပ်ဖြစ်တာကြာပြီဗျလို့ အားနာနာနဲ့ နဲနဲငြီးပြလိုက်တယ်။ ဟာ .. ဆီးချိုရှိနေရင် METFOMAN DENK ျမှန်မှန်သောက်လေတဲ့ […]

fattyFebruary 14, 20111min2255

fattyFebruary 10, 20111min2177
မြန်မာကလူတွေ ဥပမာ ပင်တိုင်သမားတွေ ကိုပေါက်တို့လိုပေါ့ နေမကောင်းတဲ့နေ့ကလွဲပြီး နေ့တိုင်း အင်တာနက်ဆိုင်ထိုင်ဂေဇက်မှာ ရေးနေကြသူတွေက … တနေ့ ၁၀၀ဝ ကျော် လောက် ဆိုင်ကိုလှုနေကြရပါတယ်။ ဆိုပါတော့ ၃ လ လောက်ဆို ၁ သိန်းလောက် လှုပြီး ဖြစ်နေပါပြီ။ စဉ်းစားမိတာက .. ဒါ့ထက်အကျိုးရှိအောင် ဘယ်လိုများလုပ်ရပါ့မလဲလို့ ..။ နောက်ပြီး အဝေးရောက်မြန်မာများကို တခုလောက်တောင်းဆိုချင်ပါတယ်။ culture shock နဲ့ပါတ်သက်တဲ့ စာစုလေးများတဦးဦးက ရေးပေးပါလို့ …။

fattyFebruary 10, 20111min33515
မဟာရန်ကုန်မြို့ကြီးတွင် သေဆုံးမည့်သူများအတွက် သဂြိုလ်စားရိတ်များ နှစ်ဆ တက်သွားပြီဖြစ်ပါကြောင်းကြိုတင် အသိပေးအပ်ပါတယ်။ ယခင် လူကြီးတယောက် မီးရှို့ခ ၁၀၀ဝ ကျပ် ယခု ၂၀၀ဝ ကျပ်။ ယခင် ကလေးတယောက် မီးရှို့ခ ၅၀ဝ ကျပ် ယခု ၁၀၀ဝ ကျပ်ဖြစ်သွားပါတယ်။ ကိုကျော်သူတို့တော့ စားရိတ်များပိုမို အသုံးပြုရပါတော့မယ်။ လစာများပြင်ဆင်သတ်မှတ်ချက်နှင့်များပါတ်သက်နေမည်လား မသိနိုင်ပါ။ တမိသားစုလုံးသေဆုံးပါက discount ရှိနိုင်မည်လား။ နှစ်ကူး အထူးရက်များတွင် special sales များ ရှိမရှိမသိရသေးပါ။

fattyFebruary 8, 20111min48616
တခါတော့ အသိတယောက်ခေါ်တာနဲ့ အဘ ဘိုးမင်းခေါင် ဓါတ်စီးမည့်နေရာသို့ရောက်သွားပါတယ်။ အခန်းတွင်းမှာတော့ ဘုရားခန်းကြီးကြီးတခုရှေ့မှာ လှုဘွယ်ဝတ္ထုတွေစုံလင်လှတာတွေ့ရပါတယ်။ ထွက်ရပ်ပေါက် ရဟန်းတော်ကြီးများပုံ လူပုဂ္ဂိုလ်ပုံတို့ကိုလဲ စုံလင်စွာတွေ့ရပါတယ်။ ခဏကြာတော့ ဘိုးမင်းခေါင် ဓါတ်စီးသူဟာ အဘဝင်လာပြီဆိုပြီး အခန်းဒေါင့်မှာ ကျကျနန ခင်းထားတဲ့ထိုင်ခုံပေါ် တက်သွားပါတယ်။ ပြီးတော့လေသံ အမူအယာတွေပြောင်းသွားပါတယ် ..။ မျက်မျန်အမဲကြီးတတ်လိုက်ပါတယ်။ ပြီတော့ပရီတ်သပ် အားလုံးကို ဘုရားကတော့ခိုင်းပါတယ်။ ပြိးတော့ ဓါတ် ပိုင်းဆိုင်ရာတွေ ပညတ်ပိုင်းဆိုင်ရာ အလုပ်တွေလုပ်ပါတယ်။ အလုပ်လုပ်ပုံတွေတော့ အသးစိတ် မဖေါ်ပြလိုပါ။ ပရိတ်သပ်တွေထဲမှာ ကျနော်တွေ့တာတော့ ဒုဝန်ကြီးတယောက် အထူးကု ဆရာဝန်ကြီးနှစ်ယောက် တယောက်က အခု အာရှတော်ဝင်မှာထိုင်ပါတယ်။ နောက်အထူးကု ဆရာဝန်ကြိးတယောက်က မန္တလေးက လေယာဉ်နဲ့ လာရပါတယ်တဲ့။ နာမည်တွေပြောလို့တော့ မကောင်းဘူးပေါ့နော။ နောက်ပြီး စာနယ်ဇင်းက တယောက် ယနေ့နာမည်ရ ဂျာနယ်ပိုင်ရှင် […]

fattyFebruary 4, 20111min32811
မနေ့က စာရိုက်ရင်း အရေးပေါ်ထပြေးရသဖြင့် Save လုပ်ထားဘို့မှာထားခဲ့တာ ပို့စ်တင်ပြီးသားပါဖြစ်နေလို့ တိုးလိုတန်းလန်းနဲ့ တောင်းပန်ပါသည်ခင်ေျာ …။ နောက်ကျနော်ရောက်သွားတာက အများသိကြတဲ့ ET ဆီပါဘဲ။ အီးတီ ဆိုတဲ့အတိုင်း ရုပ်ကတော့ခပ်ဆိုးဆိုးပါ အရွယ်ကငယ်ပါသေးတယ် ၁ဝ ကျော် သက်လောက်ထင်တယ်။ သူ့ရဲ့ထူးခြားမှုကတော့ သူ့နားသွားထိုင်လိုက်တဲ့အခါ ကျနော့လက်ညှိုးနဲ့ လက်ခလယ်ထဲကို ဓါတ်လုံးလေး ညှပ်ခိုင်းထားပါတယ်။ ပြီးတော့ စာရွက်ပေါ်မှာ ဂဏန်း ရလုံး သူရွတ်တာကို ရေးခိုင်းပါတယ် အဲဒီဂဏန်းတွေကိုသူရွတ်နေတာက စဉ်းစားချိန် လုံးဝမယူပါဘူး။ ကျနော်လဲချရေးတာပေါ့။ ပြိးတော့မှသူကပြောပါတယ် အဲဒါ ရှင့်အိပ်ထဲမှာပါတဲ့ ပိုက်ဆံတရွက်ရဲ့ နံပါတ်ဘဲတဲ့ ဘယ်ပိုက်ဆံဆိုတာရှာကြည့်ပါတဲ့ ကျနော်လဲ ကြောင်တောင်တောင်တော့ဖြစ်သွားတယ် ရုတ်တရက်ဆိုတော့ .. ဟ .. ဟုတ်ပါ့မလားလို့ပေါ့။ ကျနော်တောင်ကိုယ့်အိပ်ထဲမှာဘာတန်တွေ ဘယ်လောက်တန်တွေပါတယ်ဆိုတာမသိပါဘူး ဒီအတိုင်းရှိတဲ့ပိုက်ဆံကောက်ထည့်လာတာပါ။ သူပြောတဲ့ဂဏန်းတွေရှာကြည့်တော့ တစ်ကျပ်တန် က […]