Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


fattyFebruary 3, 20111min2175
ကျနော် ဗေဒင်ကိုတော်တော်လေး လေးစားပါတယ်။ လောကမှာ အောင်မြင်နေသူတွေ အများစုဟာ ဗေဒင်မမေးဖြစ်ကြပါဘူး။ ကျဆုံးပြီ ဆိုတော့မှ ဗေဒင်ဆရာဆီကိုအပြေးလေးပြေးကြတာပါ။ ကျနော်ကတော့ ဝါသနာကိုကပါတော့လေ့လာပါတယ်။ လေ့လာတာက ပညာကိုလေ့လာတာမဟုတ်ပါဘူး ဗေဒင်ဆရာတွေဆီခဏခဏရောက်တာပါ။ အရင်က ကျနော့ပိုစ်တခုမှာ ရေးပြီးသားလို့ထင်ပါတယ် ဒါကြောင့် အတိုဘဲချုံးပါမယ် ..။ ကျနော့ကို ပါဒကြီးဘုရားထဲက ဆရာတယောက်က ခင်ဗျားကားတိုက်လိမ့်မယ်တဲ့ သတိကြီးကြီးထားပါတဲ့ ဟောလိုက်သဗျ။ ရန်ကုန်က ဆရာ၂ ဦးလောက်ကလဲ ဟောတယ်ဗျ ဒါနဲ့ နောက်ဆုံးတော့ ကိုယ်တိုင် မမောင်းရဘဲ သူများမောင်းတဲ့ကား စီးရင်းတိုက်ပါလေရော ကံကောင်းလို့မသေတာပေါ့ ကျနော့ခါးနောက်က ၂ လက်မလောက်အကွာမှာ တဘက်ကားက သံချွန်


fattyFebruary 3, 20111min3147
တနေ့က ပြင်ပ သတင်းဌာနကြီးတခုက မြန်မာပြည်တွင် အရွယ်မရောက်သေးသော ၁၄ ..၁၅ ၁၆ အရွယ်များ တယ်ခိုခန်းသို့ အလာများ နေကြောင်း ပြောသွားပါတယ်။ ပြည်တွင်းဂျာနယ်တခုကို ကိုးကားပြီး ပြောတယ်ထင်ပါရဲ့ ..။ စိတ်မကောင်းစရာပါဘဲ မိဘများအနေနဲ့ အတော်စိုးရိမ်စရာပါ ကိုယ့်သားကိုယ့်သမီးများကို အရင်ကထက် ပိုပြီး ဂရုစိုက်စေချင်ပါသဗျ။ ကျနော်တို့ငယ်ငယ် ကျောင်းသားဘဝက ကြုံတုန်းလေးတင်ပြပါရစေ။ ကျနော်တို့တုန်းက ရန်ကုန် ဝ/သ တက္ကသိုလ် မှာတက်နေစဉ် ကျနော်မှတ်မိသလောက်ကတော့ RIT ကျောင်းသားများ လက်မှတ်များလာရောင်းပါတယ်။ တကား ၁ဝ ကျပ်ပါ။ ဘယ်သွားကြည့်ရလဲ ဆိုတော့ အင်းစိန်လမ်းမကြီးဘေး ( ယခုတော့ တိကုမွေးဌာန လားမသိဘူး ) မှာ အဆောက်အဦ အပျက်ကြီးတခုရှိပါတယ်။ အဲဒီထိသွားရပါတယ်။ နောက်ပြီး .. မြို့ထဲ အနော်ရထာလမ်းတလျှောက် […]


fattyFebruary 3, 20111min2145
တနိုင်ငံလုံး အတိုင်းအတာနှင့် မသိရသော်လည်း ရန်ကုန်ရှိကျောင်းဆရာ ဆရာမ များအားလုံးသို့ ဗုဒ္ဓဘာသာ တောင်တန်းသာသနာပြု အသင်းဝင်ရန် ဖေါ်င်များပေးပို့ထားပြီး ဝင်ကြေးတဦးလျှင် ၂၅၀ဝ ကျပ် ကောက်ခံကြောင်းသိရသည်။ ဖေါင်များပေါ်တွင် မိမိဆန္ဒနှင့်မိမိ ဝင်ရောက်ခြင်းဖြစ်ကြောင်း စာသားပါရှိပြီး လက်မှတ်ရေးထိုးရမည်ဖြစ်သည်။ ယခင် မဆလ ပါတီဝင်မှ ရာထူးတိုးပေးခြင်းများ အခွင့်အရေးရခြင်းများရှိခဲ့သဖြင့် ယင်းအချိန်ကကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေကြရသည်။ ခြေလှမ်းသစ် တလှမ်းလှမ်းပြန်ပြီ။ ဘာသဘောလည်း မသိရသော်လည်း အများလုပ်သလို လိုက်လုပ်ကြရမည်ဖြစ်ပြီး ငြင်းဆန်ပါကလည်း ဘာဖြစ် မှာပါလိမ့် ဟု ဆရာ ဆရာမများ အကြပ်ရိုက်နေကြကြောင်း အထက်တန်းပြ ဆရာမ တဦးက ပြောပြသွားသည်။


fattyFebruary 1, 20111min3377
မ .. ကိုကျနော်သိပ်ချစ်ခဲ့ရသည်။ ကျနော်တို့နှစ်ယောက်မိဘတွေသဘောမတူသည့်ကြားကခိုးပြေးကြသည်။ မ .. ကိုချစ်မိနေပြီလို့ပြောပြီးပြီးချင်း … မ .. ရဲ့ လက်ကလေးကို ပထမဆုံး ကိုင်ခွင့်ရခဲ့ခြင်းပင်။ ကျနော့လက်တွေလည်းတုန်နေသည်။ ဆယ်ကျော်သက်အချစ်ကိုး …။ ကျနော့နှုတ်ခမ်းကို မ .. ရဲ့နှုတ်ခမ်းပေါ်သို့အရဲစွန့်ပြီးတင်လိုက်မိသောအခါ .. ထိတွေ့မှုအရသာ မဖေါ်ပြတတ်တော့ပါ ..။ နွေးနွေးလေး အိအိလေးပေါ့ ..။ *************************************************************** မင်းကော်ဖီဖျော်တာက စေတနာမပါသလိုဘဲ ….။ ကော်ဖီ အရသာလဲမထွက် .. နို့ဆီတွေများလွန်းတယ် ..။ ဒီမှာ ဟင်းအိုးကတဖက်လေ .. ကိုယ့်ဖာသာ ထဖျော်လိုက်ပါလား .. တကထဲ ..။ ######################################################### ွှီ့်အိပ်ပျော်နေရာက ဖြတ်ကနဲ လန့်နိုးတော့ မ .. ရဲ့လက်တဖက်က ကျနော့်နှခေါင်းပေါ်ရောက်နေတာတွေ့လိုက်ရသည်။ ကြက်သွန်နံ့ ဂျင်းနံ့ […]


fattyFebruary 1, 20111min6205
နေ့စဉ်နဲ့အမျှ ဆီးချိုသွေးချိုရောဂါသည်များ တိုးပွါးနေသည်ကိုတွေ့ရသည်။ ဆရာဝန်များထံတွင်လည်း တရက်တရက်လူနာက ၁၀ဝ ကျော်ရှိသည်။ လူနာတဦးချင်းစီကိုတော့ အသေးစိတ်ဆွေးနွေးမပေးနိုင်ပါ။ လူနာ အသစ်ဆိုလျှင် ဘာ ဘာ စား ဘာဘာရှောင် .. သောက်ဆေးပေးမည်။ တချို့ဆရာများကတေတာ့ ပိုမိုအသေးစိတ်ရေးထားသော စာရီက်ကလေးကို ပေးပါသည်။ ဖြစ်ခါစ (သို့) ဖြစ်ကြောင်းသိခါစ လူနာများအတွက် ဆရာဝန်ညွန်ကြားသည့်အတိုင်း ခဲယင်းစွာ လိုက်နာနေရမည်ဖြစ်ပါသည်။ ဒီနေရာမှာ ပြောချင်တာက ဆရာဝန်များအနေနှင့် လူနာစိတ်ဓါတ်ကျသွားမှာစိုးရျ်ထင်ပါသည်။ ထမင်းဝအောင်စားပါ။ အရည်ရွှမ်းတဲ့အသီး အချိုဓါတ်ပါတဲ့အသီး မစားပါနှင့် ( ယင်းအသီးများကို အမည်တတ်ကြည့်ပါက စားလို့ကောင်းသောအသီး ဟူသမျှ မတည့်တာကိုတွေ့ရသည်။ ) ဆရာဝန်များရှင်းပြရန်အချိန်မပေးနိုင်ရျ်ဖြစ်စေ လူနာစိတ်ဓါတ်ကျမှာစိုးရျ်ဖြစ်စေ ပြောလေ့မရှိသောအချက်တချို့နှင့် စားနိုင်သော အစားအစာအချို့ကို တင်ပြလိုက်ပါသည်။ ဆီးချိုသမား၏ ပထမဆုံးရင်ဆိုင်ရမည့်ဒုက္ခမှာ … ဗိုက်ဆာလာပြီဆိုလျှင် မိမိနှင့်တည့်သည့်အစာကိုရှာမတွေ့ချင်းပင်ဖြစ်သည်။ ဘာစားရမလဲ […]


fattyJanuary 26, 20111min50410
စမ်းချောင်းမြို့နယ်တွင်း ကိုးထပ်ကြီးဘုရားပုရဝုဏ်တွင် သံဃာအချို့ချဲဒိုင်ကိုင်နေကြသည်မှာကြာပြီ။ တလောက အလျှော်အစားပြဿနာဖြစ်သွား သဖြင့် သုံးလုံးထီ သိန်း ၃၀ဝ ပေါက်သူတဦးကို မလျှော်ဘဲထားရာက ထိုသူမှာ နေပြည်တော် ထိပေါက်မြောက်အောင်တိုင်ကြားလိုက်သည်။ ဒိုင်ကိုင်သူ သံဃာအားဖမ်းဆီးလိုက်ပြီး ထိုသံဃာမှ စမ်းချောင်းနယ်ထိမ်းများကိုမည်မျှပေးရသည်။ ခရိုင်ရဲသို့ မည်မျှပေးရသည် တို့ကိုအသေးစိတ် အတိအကျဖေါ်ထုတ်လိုက်သဖြင့် ပထမဆုံး စမ်းချောင်းရဲစခန်းမှ နယ်ထိန်းများကို တိုင်းရဲမှလာရောက်ဖမ်းဆီးပြီးစစ်ဆေးပါသည်။ ယခု စမ်းချောင်းရဲ စခန်းတွင်အပြောင်းအရွှေ့များဖြစ်ပေါ်မည်ဖြစ်ပြီး ချဲဒိုင် ဘောပွဲဒိုင် ဖဲဒိုင်များ တိမ်းရှောင် ကုန်ကြပြီဖြစ်သည်။


fattyJanuary 21, 20111min4867
ဆက်ပါဆိုလို့ဆက်တော့ရေးပါရစေအုံး ..။ ဟိုရောက်ဒီရောက်တော့ ဖြစ်နေလိမ့်မည်ထင်သည်။ သီးခံပြီးအစအဆုံးဖတ်ပြီးမှ ဝေဖန်ချင်သပဆို ဝေဖန်ကြစေလိုပါသည်။ ကျော်အောင်စံထားဆရာတော်နှင့် မဟာမြိုင်ဆရာတော်တို့ စတွေ့ကြပုံ ရေးပါအုံးမည်။ ဆရာတော်ကြီး အလောင်းတော်ကဿပဂူတော်ဖွင့်ရန်အဓိဌန်ဝင်နေစဉ် ……။ ၁၃၁၆ ခုတပိုတံလြဆန်း၃ ရက်၁၂ခွဲမှ နံနက် ၅နာရီခွဲအထိ ပုတီးစိတ် သုဂတော ၅ချက်ဂါထာ ၂၅ ပါတ်ရ၏။ ဗုဒ္ဓဟူးနေ့ဖြစ်ရျ် စိန္တာမုနိဂါထာကြီးရွတ်ပြီး ပုတီး ဆက်စိတ်ရာန့နက် ၆ နာရီမှ ၁ဝ နာရီအထိ ၂၄ ပါတ်ရပြန်၏ ခဏနားပြိးစားစရာထွက်ရှာရာ တောင်ကမ္ဘားယံထဲဆင်းကြည့်တော့ ငှက်ပျောတောကြီးတွေ့ရသည်။ ငှက်ပျောသီးရေဆေး ဘုရားဆွမ်းတော်ကပ် ကျန်သုံးလုံးစားလိုက်၏။ ကြာသာပတေးနေ့နံနက် ၃ နာရီခွဲတွင် ပုတီး ၃ ပတ်အရ နောက်က လူတွန်းလိုက်သလိုဖြစ်ပြီး ရှေ့စိုက်သွားသည်။ လှည့်ကြည့်ချင်သော်လည်း အဓိဌာန်စိပ်နေသောကြောင့် သီးခံနေရ၏ ကျွန်ပ်ထိုင်နေသောရေသနုပ်သင်းပိုင်ကပူပြင်းလာသည်။ ရေသနုပ်ဖြန့်ခင်းပြီး လှဲလျှက် […]


fattyJanuary 21, 20111min3193
ခေတ်ကြီးက … i pod i pad i phone … တရုပ်နဲ့ အမေရိကန် ကလည်း တယာက်နဲ့တယောက်အလွတ်မပေးရဲ …။ ကမ ္ဘာကြီးကလည်းချူချာ ..။ အဲဒီထဲကမှ ဂမီ္ဘရ ပညာတွေစိတ်ဝင်စားတယ်ဆိုလို့ … ဒီစာမျက်နှာမှာ မသင့်တော်ရင်တော့ခွင့်လွှတ်ကြပါ …။ ကျနော် ၉ တန်း တုန်းက ကံအားလျှော်စွာ ပုဂ္ဂလပညတ်ဓါတ်ကျမ်း ကြီးကိုဖတ်ခွင့်ရခဲ့ပါတယ် ..။ အဲဒီကစပြိးကျနော်လဲ စိတ်ဝင်စားလာပါတယ် ..။ လေ့လာတယ် ကိုယ်တိုင်စမ်းကြည့်တယ် ..။ အခုတော့ အများပြောကြတဲ့ ဘိုးဘိုးအောင် ဘိုးမင်းခေါင် အောင်မင်းခေါင် ( စင်္ကြာမင်းခေါင် ) တို့အကြောင်းလေးနဲနဲစရအောင် …။ သူတို့သမိုင်းတွေအရင်မရေးတော့ပါဘူး တချို့လဲသိပြီးသားတွေပါ။ သမိုင်းကသမိုင်းဘဲပေါ့။ ကျနော့ဆန္ဒက စူးစမ်းကြည့်ချင်တယ် အကိုးအကားရှာချင်တယ်။ ကုူိယ်တိုင်တွေ့ချင်တယ် […]


fattyJanuary 20, 20111min38810
ကျနော်မောင်ဖက်တီး မန်းလေးဂေဇက်မှာ စာမရေးဖြစ်တာအတော်ကြာသွားပါပြီ။ အကြောင်းကတော့ .. သူများတွေထားစရာမရှိ တဲ့အချိန်မှာ .. စားစရာရှာနေရလို့ပါဘဲ။ ဒီကြားထဲ မေးလ်များနဲ့ ပို့ပြီး ဦးဖက်တီး ဟိုအကြောင်းလေး ရေးပါအုံး .. ဒီအကြောင်းလေးရေးပါအုံးဆိုပြီး အားပေးကြတဲ့ သူတွေလဲရှိလို့ အားလဲနာမိပါရဲ့ …။ စာလေးဘာလေးရေးဖို့ကုန်ကြမ်းလေးလဲရှာရင်း … စားစရာလဲရှာရင်း ရွာရိုးကိုးပေါက်ပတ်လိုက်တာ ခရီးစားရိတ်သာ ၁ဝ သိန်းလောက်ပြုတ်သွားတယ် ဘာအကြံဉာဏ်မှမရခဲ့ပါဘူး …။ သွားတာကလည်းကြည့်အုံးလေ .. တပါတ်လောက် ကာရာအိုကေနဲ့ အနှိပ်ခန်း မှာဘဲအချိန်ကုန်ပြစ်လိုက်တယ်။ ကာရာအိုအေခန်းက တစ် Section ၅၀၀ဝ ကျပ်ကနေ ၉၀၀ဝ ကျပ်ထိယူသဗျ။ ဘီယာက ၅ ပုလင်းလောက်ကုန်တယ်။ ကိုသောက်ရတာကနဲနဲ ကောင်မလေးတွေ သောက်သွားတာကများနေတယ် ..။ ပြီးရင်သူတို့အတွက် ကြက်သားလုံးကြော် ကြက်သားသုတ်တဲ့ မှာသေးသဗျာ အဲလိုမှာမှ […]


fattyDecember 29, 20101min70124
နေရစ်တော့ ၂၀၁ဝ ရေ …။ ထင်ရှားတဲ့အဖြစ်အပျက် လေးတွေကလဲ တကယ့်အမှတ်တရတွေပါဘဲ …။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ်ခဲ့တယ်။ ရွေးကောက်ပွဲကျင့်ပသွားတယ် ..။ ဂီရီဆိုက်ကလုန်းကလဲဆော်သွားသေးတယ် ..။ မြန်မာတနိုင်ငံလုံး အပူဒဏ်ကို ကျောကော့အောင်ခံစားလိုက်ကြရတယ် ..။ နှစ်ကူး အတာမှာ အုံးဒိုင်းတွေဖြစ်ကုန်တယ်။ အဲဒီလမှာဘဲ ဆရာကြီး သာဂဒိုး ကွယ်လွန်ခဲ့ပြန်တယ် …။ အော်ဒီနှစ်ထဲမှာ ကြွေလွင့်သူတွေမနဲပါလား ……….။ CTO ခေါ် ဆရာချစ်သိန်းဦး လဲကွယ်လွန် ..။ အသက် ၈ဝ ဟာသ မင်းသားကြီး ဦးဂျော်လီဆွေ လဲ အနိစ္စရောက်ရရှာ ..။ မေ၁၆ ရက်က တခါ မင်းသားကြီး သုမောင် …. မေ ၁၂ ရက်က ဆရာကြီး ကမ္ဘောဇခင်လှိုင် ..။ ရာဇာဓိရာဇ် […]


fattyDecember 28, 20101min1771
တလောက သတင်း ကြားလိုက်တာက .. NLD ရဲ့ HIV ဝေဒနာရှင်တွေကို စောင့်ရှောက် ကူညီပေးနေတဲ့ မဖြူဖြူသင်း တို့ကို ကျန်းမာရေးဝန်ကြီးဌာနက ခေါ်ယူတွေ့ဆုံပြီး လိုအပ်တဲ့ အကူအညီများ ပေးဖို့ ကမ်းလှမ်းလာကြောင်း သိလိုက်ရပါတယ် ..။ အဆောက်အဦ တို့ ဘာတို့ပေါ့ ..။ ဒီသတင်းဟာ စစ်အစိုးရနဲ့ အတိုက်အခံတို့ကြား ပထမဆုံး ထူးခြားသတင်းပါ။ စာနာသင့်သူတွေကြားခံပြုပြီး တိုးတက်တဲ့ခြေလှမ်းလို့သတ်မှတ်ရင်ရမယ်ထင်ပါရဲ့။ အကွက်ဆင် အယောင်ပြတာလို့ တော့ သံသယ စိတ်နဲ့ မမြင်ချင်ပါ ..။ မဖြူဖြူသင်းတို့ဘက်က လူနာတွေဟာ ဆေးရုံ ဆေးခန်း လို့ပြောရင် မလာချင်ကြဘူး ကြောက်နေကြတယ်လို့ ပြောကြားခဲ့တယ် လို့လဲသိရပါတယ် ..။ နောက်ထပ်တိုးတက်မှု သတင်းထွက်မလာပါ ..။ သိချင်ပါတယ်။


fattyDecember 25, 20101min3102
ဒါရိုက်တာမောင်မျိုးမင်းတို့ရဲ့ ထာဝရနှင်းဆီ အငြိမ့် ပြီးကထဲက ညွှန်ကြားချက်တွေထွက်လာပါတယ်။ အငြိမ့်ပွဲ ကဖို့ပွဲမိန့်တောင်းရင် စီစစ်ရေးကို အရင်ကပြ ရမယ်ပြောပါတယ်။အဲဒီက ခွင့်ပြုတဲ့ ပျက်လုံးတွေကိုမှ အငြိမ့်မှာသုံးခွင့်ပြုမယ်လို့ဆိုပါတယ်။ မန ္တလေးက ပါပါလေးတို့ကတော့ အငြိမ့်အရသာ ပျက်စီးနိုင်ကြောင်း …။ ခွင့်ပြုချက်ရပြီးတဲ့ ပျက်လုံးတွေကို အလွတ်ကျက်ပြီးမှ စင်ပေါ်မှာ ပြန်ပျက်ရမယ်ဆိုရင် အငြိမ့် ပျက်လုံးခွင်ရဲ့ အရသာ ပျက်စီး သွားမယ် .. တကယ်တန်းက အငြိမ့်ဆိုတာ စင်ပေါ်မှာ ရုတ်တရက် ပေါ်လာတဲ့ ဟာသ ဉာဏ်နဲ့ ပျက်လုံးထုတ်မှသာ တကယ့်အရသာကို ခံစား နိုင်ကြမှာဖြစ်ကြောင်းလည်းပြောသွားပါတယ်။ အဲဒါမျိုးကို အငြိမ့်လောကမှာ ဘောက်လုံးလို့ခေါ်ပါတယ် ..။ .. အရင်ကလည်း ရိုးရာ သံချပ် တွေပျောက် ကွယ်ခဲပါပြီ။ ဒီတခါလဲ အငြိမ့်အနုပညာ တဖြေးဖြေးနဲ့ တိမ်ကောသွားနိုင်မဲ့ […]