fattyDecember 24, 20101min1210
ကျနော် တောင်ကြီးကောလိပ်က ပထမနှစ်ပြီးလို့ ရန်ကုန်တက္ကသိုလ်ပြောင်းလာတော့ အဆောင်ချက်ခြင်းမရလို့ အပြင်ဆောင်မှာနေရပါသေးတယ်။ ကျနော်နေတာက စွပ်ကျယ်စက်လမ်းထဲက အမေငြိမ်း ဆောင်မှာပါ။ ဆရာသော်တာဆွေအိမ်နဲ့ ကာတွန်းဆရာကြီး ဦးဖေသိန်း အိမ်ကြားမှာပေါ့။ ၆ မိုင်စွပ်ကျယ်စက်လမ်းထဲမှာ မိန်းကလေးဆောင်တွေ ယောကျာင်္းလေးဆောင်တွေ တရပ်ကွက်လုံးလိုလိုမို့ စီစီကားကားရှိတာပေါ့ဗျာ …။ ညနေဘက်ဆိုရင် လမ်းထိပ်ထွက်လိုက်ရင် အင်းယားကန်ရောက်ပြီလေ …။ ညနေဘက်လမ်းလျှောက်ရင်းအတွဲမရှိသေးတဲ့သူတွေကလည်း သူများအတွဲတွေ အားကျ၊ အတွဲရှိပြီးသားသူတွေကလဲ ကိုယ့်အတွဲနဲ့ကို ကန်ဘောင်ဘေးထိုင်ကြတာပေါ့ …။ ကန်ဘောင်ဒေါင့်က အကြော်ဆိုင်တွေမှာလဲပြည့်လို့ပေါ့ ..။ ကျနော်တို့တော့ ဘူးသီးကြော်ဆိုင် ထိုင်ကိုမထိုင်နိုင်ပါဘူး အမြဲဘိုင်ကျနေတဲ့ကောင်တွေထဲမှာ ကျနော်တို့လဲ အပါအဝင်ပေါ့ဗျာ …။ အပြင်ဆောင်မှာအဲတုန်းကနေကြသူတွေထဲမှာ ဆေးကျောင်းသား ကိုမြင့်မောင် ( ယခု ခွဲစိတ်အထူးကု ရန်ကုန်ဆေးရုံကြီး )၊ နောက် ကိုငွေလေး .. သူကတော့ မြန်မာ့အသံက […]


fattyDecember 24, 20101min1291
ဘယ်လိုမှပုံတင်မရလို့ပါ ……။ တံဆိပ်ခေါင်းရဲ့မူရင်းတန်ဖိုးကို ၆င်္ အပေါ်က .. င် လေးတင်ထားပါတယ်။ အဲလိုတံဆိပ်ခေါင်း ၄ လုံးတွဲရှိပါတယ်။ စိတ်ဝင်စားရင် ကျနော့ မေးလ် ကိုဆက်သွယ်ပါ။ G talk မှာ message ချန်ထားလဲရပါတယ်။ နိုင်ငံခြား တံ့ဆိပ်ခေါင်းက ဘရာဇီး ကတံဆိပ်ခေါင်းတွေရှိတယ် ၁၉၆ဝ ကျော် လောက်ကပါ။ တခြား မြန်မာန်ုင်ငံရဲ့ အထိမ်းအမှတ် တံဆိပ်ခေါင်းတွေလဲရှိပါတယ် …။ အသစ် တွေရော တံဆိပ်ထုပြီးသားတွေရောပါ ..။


fattyDecember 24, 20101min1040
ဘယ်လိုမှပုံတင်မရလို့ပါ ……။ တံဆိပ်ခေါင်းရဲ့မူရင်းတန်ဖိုးကို ၆င်္ အပေါ်က .. င် လေးတင်ထားပါတယ်။ အဲလိုတံဆိပ်ခေါင်း ၄ လုံးတွဲရှိပါတယ်။ စိတ်ဝင်စားရင် ကျနော့ မေးလ် ကိုဆက်သွယ်ပါ။ G talk မှာ message ချန်ထားလဲရပါတယ်။


fattyDecember 16, 20101min37930
အချစ်တံခါးကိုပိတ် …. ကိုယ့်စိတ်ကိုလည်းထိမ်းထားတယ် …။ မင်းကပြုံးလည်း ငါရုန်းထွက်မယ် …… မင်းကမုန်းလည်း ငါကပြုံးမယ် ……။ ငတုံးငအလို့ခေါ်ချင်ခေါ် …. ငါကတော့ပျော်ပျော်ဘဲ ………။ ” တော်ရာမှာနေမှ လော်မာရာမကျ” တဲ့ …… ငါ့ဘဝနဲ့ငါရျိစေတော့ …………….။ ကျေးဇူးပြုရျ် ဝိုင်းတော့မဗျင်းကြနဲ့နော် …ကဗျာခေါင်းစဉ်က လူပျိုကြီး …တဲ့


fattyDecember 15, 20101min1928
မှာပါရစေ ပြောပါရစေ ကိုယ်သေရင်မငိုနဲ့ ပါးစိုရုံရှိမှာပေါ့။ သပိတ်မသွတ်နဲ့ လွတ်ပြီးသားကျွတ်ပြီးသား။ ထမင်းမထုပ်နဲ့ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။ အိုးမခွဲနဲ့၊ အိုးမလို ဘာကိုမှကိုယ်မစွဲဘူး။ အပွင့်အခက်ယူမသွားနဲ့ ပြန်လိုက်ရမဲ့အစားမှုတ်ဘူး။ ရက်လည်၊ လလည်၊ နှစ်လည် ဘာကိုမှမလည်နဲ့ သံသရာကြီးမှာလည်ခဲ့သူ။ …… ကဲဒါကတော့ဆရာမိုးဟိန်းရဲ့ကဗျာပါ .. ခံစားကြည့်ကြပါ။


fattyDecember 15, 20101min1713
မဟေသီနဲ့ကွာခဲ့တာ နှစ် ၂ဝ ကျော်လောက်တောင်ရှိပါပြီ ..။ တနေ့ကမှ မဟေသီမဂ္ဂဇင်း ပြန်ဖတ်မိသည် ။ စာရေးဆရာ ရဲရင့်မှိုင်းရဲ့ စာပြတင်းသတင်းစကား ကဏ္ဍလေးကို နှစ်ခြိုက်မိတယ် …။ ထွက်သမျှ မဂ္ဂဇင်းတွေထဲက ဝတ္ထု ကဗျာ .. သူကြိုက်တာလေးတွေကို ခံစားပေးထားတယ်။ အောက်တိုဘာလထုတ် ရွှေအမြုတေ ထဲက ကလောင်သစ် နေမင်းဟိန်းရဲ့ လက်ရာလေးကို ခံစားပြထားတာကဒီလိုပါ …။ ဆူးမဲ့နှင်းဆီရဲ့လွမ်းတေးတပုဒ် …တဲ့ ..။ စာရေးဆရာက ဆူးမဲ့နှင်းဆီလို့ဆိုထားပေမဲ့ သူသတိထားမိသလောက် အဓိကဇာတ်ကောင်အေးသီဟာ ဆူးဖွဲ့နှင်းဆီလို့တောင်ဆိုနိုင်လောက်ပါရဲ့ …တဲ့။ လူတကာစုံတဲ့ ဘူတာရုံမှာ ခရီးသည်တွေ ညအိပ်ဖို့ဖျာရောင်းတဲ့ အလုပ်ကိုလုပ်ရပါတယ် တော်ရုံတန်ရုံမိန်းမနဲ့ဒီအလုပ်မလွယ်ပေဘူး … ဆူးတောင်မဲ့စွာနဲ့သိပ်ပျော့ပျောင်းနေရင် ခပ်ရမ်းရမ်းလူတွေရဲ့ဗိုလ်ကျတာခံရမှာသေချာပါတယ်။ တခါတလေကိုယ့်မှာရှိတဲ့အဆိပ် ဆူးကိုထောင်ပြထားမှ တန်ကာကျမှာဖြစ်ပါတယ် ..။ လုပ်ရတဲ့အလုပ်ကလည်း အကာလညဉ့်အခါမှာ။ယောကျာင်္းလုပ်သူကလဲ ဆိုက်ကား […]


fattyDecember 14, 20101min2257
ကျနော် post တခု တင်လိုက်တယ် … တက် သွားတယ် ဒါပေမဲ့ ကျနော်တို့ဆီကကနေ မမြင်ရသေးဘူး …။comment အရင်ရောက်လာတယ် မေးလ်ထဲကို …။ line delay ဖြစ်တာပါ ….။


fattyDecember 14, 20101min34116
တခါတုန်းက ပင်မ တက္ကသိုလ်ကြီး စည်ကားချိန်မှာ ကျောင်းသား ကျောင်းသူတွေ နဲ့လှည်းတန်း ကမာရွတ် ဆိုတာ အရမ်းကိုစီကားတဲ့နေရာလေးပါ ဦးချစ်လဘက်ရည်ဆိုင်ကလည်း ဆိုင်ခွဲရှိတယ်လေ ….။ လဘက်ရည်ဆိုင်ကနေ ထိုင်ပြီး ဖြတ်သွားဖြတ်လာ ကျောင်းသူလေးတွေကို ငေးခဲ့ရတာနှစ်ပေါင်းများစွာပါ ..။ အခုတော့ရောက်တုန်း အမှတ်တရ လှည်းတန်းမြင်ကွင်း လေးတွေ … ကြုံရိုက်ရိုက်ရတာမို့ သိပ်တော့မကောင်းဘူးပေါ့ ….။ ဓါတ်ပုံတွေ တင်လို့မရပါလား ….။ နောက်တခါမှကြိုးစားကြည့်အုံးမယ် ..။ internet ဆိုင်တွေကိုလဲ pressure ပေးထားတယ်လို့ ထင်ပါတယ်။ နားလည် သူများကြိုးစားကြည့်ကြပါအုံး …..။


fattyDecember 14, 20101min1260
မကောင်းပါဘူးဗျာ … အမေစု online သုံးမယ်ဆိုတာနဲ့ လန့်ဖြန့်ပြီး ဘာတွေ ပြင်ဆင်နေလဲ မသိဘူး …။ ဒါ စမ်းကြည့်တာ ..။


fattyDecember 10, 20101min1402
ကျောင်းသားဘဝကထဲက ရန်ကုန်တက္ကသိုလ် RC ထဲမှာ စတိုးဆိုင်တွေများထဲက တယ်လီဖုန်းရျိသောဆိုင်ကလေးမှာ လူတွေအုံးနေတာ သတိပြုမိသည်။ တယ်လီဖုန်းပြောဖို့တန်းစီစောင့်ကြရသည် ..။ မစောင့်နိုင်သူတွေ ကျောင်းဝင်းအပြင်ထွက်ပေတော့ အဝေးကြီးသွားရမယ် ..။ ပြောချင်တာက အဲဒီစတိုးဆိုင်လေးဟာ နှစ်အတော်ကြာအောင် ဈေးကွက်ကို အပိုင်စီးထားနိုင်ခဲ့တဲ့ အကြောင်းပါ ..။ ထိုစတိုးဆိုင်ကို တက္ကသိုလ်ရဲ့ ဆက်သွယ်ရေးဈေးကွက် ပထမဆုံးသူ first mover ဟုခေါ်ရမည်ပင် ..။ မီးပွိုင့်များတွင်ဂျာနယ်လက်ပွေ့ရောင်းသူ အနဲငယ်သာတွေ့ရသည် ..။တဦးနှစ်ဦးတုံးကတော့ လက်မလည်အောင်ရောင်းရသည်။ နောင်ရေင်းမယ့်သူတွေများလာတော့ ဝင်ငွေသိပ်မကောင်းတော့ ..။ ဂျာနယ်များတွင်လည်းကြည့်ပါ ..။စပေါ်ကာစက တာထွက်ဦးသူမှာ ဟန်လှသည်။ အလုအယက်ဝယ်ဖတ်ကြရသည်။ ဟော .. အခု ဂျာနယ်တွေမှိုှုလိုပေါက်လာတော့ … အလုပ်ဖြစ်သူလည်းရှိသည် မဖြစ်သူလည်းရှိသည်။ အကြံတူနောက်လူသာစမြဲဆိုသည်ကိုလည်း .. သတိပြုရမည့်အပြင် … ထိုဆိုရိုးစကားကို အတုယူဖို့လည်း သင့်သည် […]